“ဘီ”ပိုး နဲ့ ” စီ”ပိုး ဘယ်ဟာဆိုးလဲ
အသည်းရောင်အသားဝါ ဘီပိုးနှင့်စီပိုး ဘာကွာခြားချက်ရှိသလဲ? ဘယ်ပိုးကပိုဆိုးလဲ? ဆိုသောမေးခွန်းများသည် Ondr’ မှာ မေးလေ့ရှိပါတယ်။ အသည်းရောင်ခြင်းသည် ဗိုင်းရပ်စ်ပိုးတမျိုးမျိုးကြောင့် ရောင် တတ်ပါတယ်။ အသည်းရောင်ဖြစ်စေသော ပိုးအမျိုးမျိုးရှိပါတယ်။
အသည်းရောင်ခြင်းဖြစ်စေသော အဓိကပိုးအမျိုးအစားမှာ A; B နှင့် C တို့ဖြစ်ပါတယ်။ အသည်းရောင် A ပိုးသည် ရက်တိုပိုးကူးစက်မှုကို ဖြစ်စေသော်လည်း အသည်းရောင်ပိုး B နှင့် C သည် နာတာရှည်ကူးစက်မှုကို ဖြစ်စေပါတယ်။ လူတစ်ယောက်သည် တပြိုင်နက် အသည်းရောင် B ပိုးနှင့် C ပိုး ကူးစက်မူ ရှိနေနိုင်ပါတယ်။ B မှC သို့ပြောင်းလဲခြင်း မဟုတ်ပါ။
(1) အသည်းရောင် B ပိုးနှင့် C ပိုး ဘာတွေကွာခြားချက်ရှိသလဲ?
အသည်းရောင် B နှင့် C သည် အသည်းကို ကူးစက်တိုက်ခိုက်ချင်းတူသဖြင့် တူညီသော ရောဂါလက္ခဏာများ ရှိနေနိုင်ပါတယ်။ အထင်ရှားဆုံး မတူညီသောအချက်မှာ အသည်းရောင်အသားဝါ B သည် ကိုယ်ခန္ဓာမှထွက်သော အရည်အားလုံးမှတဆင့် ကူးစက်သော်လည်း C ပိုးသည် သွေးမှတဆင့်သာလျှင် ကူးစက်နိုင်ပါတယ်။ အချို့လူအများစုသည် အသည်းရောင်ပိုးကူးစက်မှု ခံရသော်လည်း မည်သည့်လက္ခဏာမှ မပြသောကြောင့် ကူးစက်မူခံရသည်ကို မသိရှိဘဲ ဖြစ်နေတတ်ပါတယ်။
(2) အသည်းရောင်အသားဝါ Bပိုး
B ပိုးကူးစက်ခံရပြီး ပထမ ၆ လအတွင်း တုပ်ကွေးကဲ့သို့ ဖျားနာမှုရှိတတ်ပါတယ်။ သွေးမှတဆင့် ကူးစက်နိုင်သော်လည်း အခြားသောကိုယ်မှ ထွက်သော အရည်များကြောင့် ကူးစက်မှုပိုမိုနိုင်ပါတယ်။ မိခင်မှတဆင့် ရင်သွေးဆီသို့ ကလေးမွေးဖွားစဉ် ကူးစက်နိုင်ပါတယ်။ B ပိုးသည် ပထမ ၆ လအတွင်း သူ့အလိုလိုပျောက်နိုင်ချေရှိပြီး ဆက်လက်ရှိပါက နာတာရှည်ကူးစက်မှု အသွင်ဖြစ်သွားပါတယ်။ CDC ရဲ့ ထုတ်ပြန်ချက်အရ B ပိုးရှိသော လူငယ်များသည် နာတာရှည်အဖြစ် ရပ်တည်ရန် အဖြစ်များပါတယ်။ ကူးစက်မှုသည် မီးဖွားစဉ်၊ လိင်ဆက်ဆံခြင်းနှင့် ဆေးထိုးအပ်၊ သွားပွတ်တံ မျှဝေသုံးစွဲခြင်းကြောင့် အဖြစ်များပါတယ်။
(3) အသည်းရောင်အသားဝါ C ပိုး
အသည်းရောင်အသားဝါ C ပိုးကူးစက်မှု အများစုသည် နာတာရှည် အသည်းရောင်ရောဂါဖြစ်စေပါတယ်။ သို့သော် ၅၀% သော ကူးစက်ခံရသူများသည် မိမိတွင်ပိုးရှိမှန်း မသိကြပါ။ သွေးသွင်းခြင်းနှင့် ကိုယ်အင်္ဂါ အစားထိုးကုသမှု စသည်တို့ကြောင့် ကူးစက်ခံရတတ်ပါတယ်။
(4) လက္ခဏာများ
အသည်းရောင်အသားဝါ C ပိုးနှင့် B ပိုးကြောင့်ဖြစ်သော လက္ခဏာများသည် တူညီသောအချက်များဖြစ်စေပါတယ်။ လက္ခဏာများမှာ
– ဆီးဝါခြင်း
– ဖျား၊ ပျို့အန်
– အသားဝါ
– အားအင်ကုန်ခမ်းခြင်း စသည်တို့ ဖြစ်ပါတယ်။
အသည်းရောင်အသားဝါ B ပိုးကူးစက်ခံရသူ ၂၅% သည် နာတာရှည်အသည်း ထိခိုက်ခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်စေပါတယ်။ အသည်းရောင်အသားဝါ C ပိုးကူးစက်ခံရသူ ၂၀% သည် အသည်းခြောက်ခြင်း ဖြစ်စေပါပြီး အသည်းကင်ဆာဖြစ်ကာအသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။
(5) အသည်းကင်ဆာ ဖြစ်ပွားမူ
အသည်းကင်ဆာ ဖြစ်ပွားမႈတွင် ၅၀-၆၀% သည် အသည်းရောင် C ပိုးကြောင့်ဖြစ်ပြီး ၁၀ – ၁၅ သည် B ပိုးကြောင့် ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် အသည်းရောင် C ပိုးသည် B ထက်ကင်ဆာဖြစ်ရန် အခွင့်အလမ်း ပိုများပါတယ်။
(6) ကုသမႈနည်းလမ်းများ
ယခုအချိန်တွင် အသည်းရောင်အသားဝါ B နှင့် C သည် ပိုးကောင်ရေနှင့် လူတစ်ဦးချင်းစီအခြေအနေပေါ် မူတည်ရျ် ကုသမႈ သေချာခံယူလျှင် ပျောက်ကင်းနိုင်ပါတယ်။ စောစီးစွာ သိရှိလိုက်နာကုသရန် လိုအပ်ပါတယ်။
(7) ကာကွယ်ခြင်း
အသည်းရောင်အသားဝါ B ပိုးသည် ကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်သော်လည်း C ပိုးအတွက်မူ ကာကွယ်ဆေးမရှိသေးပါ။ ယခုအခါ B ပိုးကာကွယ်ဆေးကို မွေးစမှစတင်၍ ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးပါတယ်။ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း၊ တတ်တူးထိုးခြင်း၊ သွားပွတ်တံနှင့် မုတ်ဆိတ်ရိတ်ဒါး မျှဝေခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ။ အသည်းရောင် C ပိုးသည် B ထက် နာတာရှည်ကူးစက်မူ ဖြစ်စေနိုင်ပြီး ကာကွယ်ဆေးလည်း မပေါ်ပေါက်သေးပါ။
Dr. ပြည့်ရှင်း