လက်သည်းပြဿနာများ
တစ်ခါတစ်လေမှာ လက်သည်းတွေဟာပုံမှန်မဟုတ်တတ်တာကို သတိထားမိတဲ့အခါ ကိုယ့်ကိုယ်ကိုဘာရောဂါ ဖြစ်နေပြီလဲဆိုပြီးစိုးရိမ်တတ်ကြတယ်။ လက်သည်းအရောင်မတူတာလား၊ ချိုင့်နေတာလား၊ ပုံမှန်မဟုတ်တာ တွေလားဆိုပြီး ဖြစ်တတ်ကြတယ်။
လက်သည်းမှာဖြစ်တတ်တာလေးတွေ ပြောပြချင်ပါတယ်။ လက်သည်းတွေခွက်ပြီး ချိုင့်ဝင်နေတတ်ပါတယ်။ လက်သည်းတစ်ခုလုံးဖြစ်တာပါ။ ဒါကိုတွေ့တဲ့အခါ သံဓာတ်အားနည်းတာကို စဉ်းစားပါတယ်။ အစာအာဟာရ ကောင်းကောင်းမစားဖြစ်တဲ့အခါလည်း တွေ့နိုင်ပါတယ်။
လက်သည်းတွေက တင်းပုတ်ပုံစံဖြစ်နေရင်တော့ ကိုယ်ခန္ဓာမှာကြီးကြီးမားမား ဘာရောဂါရှိမလဲဆိုတာဆက်ရှာ ဖို့လိုမယ်။ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေ၊ အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေ၊ သွေးရောဂါတွေ၊ နှလုံးရောဂါ တွေ၊ ကျောက်ကပ်ရောဂါတွေ၊ ကင်ဆာရောဂါတွေရှာရပါမယ်။
လက်သည်းမှာအောက်ခံအသားကနေ ကွာနေတတ်တာလဲရှိတယ်။ လက်သည်းပိုးလို့လဲ ပြောတတ်ကြတယ်။ မှို ရောဂါကြောင့်ဖြစ်တယ်။ Psoriasis တွေမှာလည်းတွေ့နိုင်ပါတယ်။ တချို့ကျတော့ အချိန်အားတိုင်းလက်သည်း ကိုက်လို့လက်သည်းတွေတိုတာ၊ ပုံမမှန်တာလည်းရှိတယ်။ လက်သည်းအရောင်မညီတာလည်း ရှိပါတယ်။
လက်သည်းတွေဖြူလွန်းနေတာ။ တချို့လည်းမွေးရာပါဖြစ်နိုင်တယ်။ တခြားရောဂါကြီးတွေမှာလည်း တွေ့နိုင် တယ်။ အသည်းခြောက်တဲ့သူတွေ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ Albumin နည်းတဲ့အခါမှာဖြစ်တတ် တယ်။
အရမ်းဖြူလွန်းတဲ့အခါ လက်သည်းရဲ့ထိပ်အစွန်းပိုင်းတွေနဲ့ အရောင်ကွာလာပြီး အဖြူနဲ့အညိုရောင်နှစ် မျိုးစပ်ပုံစံလည်း ဖြစ်နိုင်တယ်။
လက်သည်းတွေဝါနေတာလည်း ရှိတယ်။ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေမှာ တွေ့ရတတ်တယ်။ ပြန်ရေဂ လင်းပိတ်လို့ ခြေတွေလက်တွေယောင်နေတာလည်းတွေ့နိုင်တယ်။ လက်သည်းတွေပြာနေတာဆိုရင်တော့ အောက်စီဂျင်ကောင်းကောင်းမရတဲ့ရောဂါတွေမှာ ဖြစ်နိုင်တယ်။ အဆုတ်ရောဂါနဲ့လည်းဆိုင်တယ်။ နှလုံးရောဂါ နဲ့လည်းဆိုင်တယ်။ သွေးကြောတွေနဲ့လည်းဆိုင်တယ်။ သွေးထဲက ဟေမိုဂလိုဘင်နည်းတဲ့ရောဂါတွေနဲ့လည်း ဆိုင်တယ်။
လက်သည်းတွေမည်းတာလည်းရှိတယ်။ တချို့ဆေးတွေသောက်ထားရင်ဖြစ်တတ်တယ်။ လက်သည်းတွေမည်း တာမှလက်သည်းတစ်ခုလုံးမည်းတာ မဟုတ်ဘဲ ဒေါင်လိုက်အမည်းစင်းတွေလဲဖြစ်တတ်တယ်။ ပုံမှန်ရှိတတ်တာ ကစိတ်လှုပ်ရှားတတ်တဲ့သူတွေဖြစ်တယ်။ တချို့လည်း အလိုလိုဖြစ်လာတယ်။ ဒါပေမယ့် အမည်းစင်းကကြီးလာ တာတို့၊ လူကိုယ်တိုင်လည်းတစ်ခုခုခံစားနေရတာတို့ ဆိုရင်အရေပြားကင်ဆာအတွက်လည်း စစ်ထားသင့် တယ်။
လက်သည်းမှာကန့်လန့်ဖြတ်လိုင်းတွေလည်း ရှိတတ်တယ်။ လက်သည်းမှာအဖြူကန့်လန့်ဖြတ် တစ်ကြောင်းပဲရှိ တတ်တယ်။ ချိုင့်နေတာမျိုးတွေ မရှိတာလည်းရှိတတ်တယ်။ ထိခိုက်မိတဲ့အခါလည်း ဖြစ်နိုင်တယ်။ Arsenic အာဆင်းနစ်များရင်၊ Carbon monoxide များရင်၊ ကျောက်ကပ်ရောဂါတွေမှာ တွေ့ရတတ်ပါတယ်။
ကန့်လန်ဖြတ်ကိုမှ နှစ်ကြောင်းတွေ့ရပြီး လက်သည်းလည်းမချိုင့်ဘူးဆိုတာလည်း ရှိတတ်တယ်။ Albumin နည်း တဲ့ရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ၊ Vitamin B နည်းတဲ့အခါတွေမှာလည်း ဖြစ်နိုင်တယ်။ လက်သည်းမှာ ကန့်လန့်အစင်းဖြစ်ပြီးချိုင့်နေတာလည်း ရှိတယ်။ ခိုက်မိတဲ့အခါ၊ တချို့ရောဂါပိုးတွေကြောင့်၊ ကင်ဆာဆေးတွေ သွင်းတာတွေကြောင့်၊ အမြင့်တက်ရတဲ့သူတွေ၊ ရေငုပ်ရတဲ့သူတွေ ဖြစ်တတ်ပါတယ်။
လက်သည်းမှာဒေါင်လိုက်အနီရောင်လိုင်းတွေရှိရင် နှလုံးရောဂါတစ်မျိုးကြောင့်လား၊ သွေးကြောတွေပိတ်တာ ကြောင့်လား၊ အလုပ်လုပ်ရင်းခိုက်မိလို့ သွေးခြေဥတာလားဆိုတာပြန်ကြည့်ရပါတယ်။ တချို့သွေးကြောတွေ ရောင်တတ်တဲ့ရောဂါတွေမှာ လက်သည်းအခြေတွေရောင်ရဲပြီး နာတာလည်းဖြစ်တတ်ပါတယ်။
လက်သည်းတင်မကဘဲ တခြားခံစားရတာတွေရှိရင် သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်ပြသဖို့လိုပါတယ်။
Author – Dr. CST