အအေးမိရောဂါဟာ ရောဂါဖြစ်စေတဲ့ ရောဂါပိုးအမျိုးမျိုးကြောင့် ဖြစ်တယ်။ ရောဂါလက္ခဏာများမှာ နှာချေခြင်း၊ အာခေါင်ယားခြင်း၊ ခေါင်းအုံခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်းတို့ဖြစ်ပြီး အိပ်ရာထဲလဲနေတတ်တယ်။ လူတိုင်းတစ်နှစ်ကို ၄ကြိမ်မှ ၁၀ကြိမ်လောက် ခံစားရတတ်တယ်။ ရောဂါဖြစ်စေသော အနေအထိုင်နှင့် ရောဂါ ကူးစက်ခံရတဲ့ အခြေအနေတွေရှိတယ်။ အအေးမိရာမှ ဆိုးရွားလျှင် နမိုးနီးယားရောဂါ ဖြစ်တယ်။
(၁) ရီနိုဗိုင်းရပ် ကြောင့်ဖြစ်တဲ့ အအေးမိရောဂါဟာ မြန်မာပြည်တွင် အအေးပိုတဲ့ ဆောင်းရာသီမှာဖြစ်တယ်။ လူကြီးများမှာ တွေ့ရခဲပြီး ကလေးများမှာ တွေ့ရတတ်တယ်။ ခုနစ်ရက်ကြာ ခံစားရတယ်။
(၂) ကိုရိုနာဗိုင်းရပ် ဟာ အလွန်အေးတဲ့ ဆောင်းရာသီ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာ ဖြစ်တယ်။ နှာချေရာက လူများကူးစက်ခံရတယ်။ ဤရောဂါပိုးကြောင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်တော့တယ်။
(၃) အဒီနိုဗိုင်းရပ် ဤရောဂါဟာ ဆောင်းရာသီ၌ သလိပ်ပျစ်ချွဲချွဲနှင့် လည်ချောင်းတစ်ခုလုံး နာစေတယ်။ မျက်လုံးများနီရဲနေတယ်။ ဤရောဂါပိုးဟာ အအေးမိဝေဒနာ ၁၀ရာခိုင်နှုန်း ဖြစ်ပွားစေတယ်။
(၄) အထီနိုဗိုင်းရပ် ဟာ နွေရာသီ၌ ဒုက္ခပေးတတ်တယ်။ ပိုလီယိုရောဂါပိုး ထပ်ဆင့်ရတတ်တယ်။
(၅) အာအက်စ်ဘီနှင့် ပါရာတုပ်ကွေးဟာ အလွန်ကူးစက်လွယ်တဲ့ တုပ်ကွေး ရောဂါကိုဖြစ်စေတယ်။ အအေးမိတာနဲ့ ငါးရာခိုင်နှုန်းဖြစ်စေတယ်။
(၆) တုပ်ကွေးအအေးမိရောဂါဟာ ၁၀ရာခိုင်နှုန်းမှာ တုပ်ကွေးဗိုင်းရပ် ကြောင့်ဖြစ်တယ်။ တုပ်ကွေးရဲ့ ထူးခြားတဲ့စွမ်းအားက မကြာခဏ အသွင်ပြောင်းတယ်။ ၁၉၂၀ခုနှစ် ကမ္ဘာ့တုပ်ကွေးကပ်ကြောင့် လူသန်း ၂၀ကျော် သေကြေခဲ့ဖူးတယ်။ ကြက်ငှက်များ၊ ဝက်များ၌ ဖြစ်ပွားကာ လူများသို့ ကူးစက် သေဆုံး၏။
(၇) လယ်သမားများတွင်ဖြစ်စေသော ကောက်ရိုးမှိုကြောင့် အဆုတ်၌ ဒုက္ခပေးကာ နှာချေအအေးမိဝေဒနာ ခံစားစေတယ်။ အလေ့အထ အအေးမိဝေဒနာဖြစ်ခြင်းမှာ ရောဂါတစ်မျိုးမျိုးက နှာခေါင်းနှင့် လည်ချောင်း ကို လာဆွ၍ ဖြစ်တယ်။ ရောဂါဖြစ်တော့ ရောဂါပိုးအမျိုးအစား ကွာခြားသော်လည်း ရောဂါလက္ခဏာဟာအတူတူပင် ဖြစ်တယ်။ အေနှင့်ဘီသွေး အမျိုးအစားက အအေးမိ ရောဂါပို၍ ဖြစ်ပွားလွယ်တယ်။
အသက်လေးနှစ်အောက်မှာ ယောကျ်ားလေးများက မိန်းကလေးများထက် ပို၍ ဖြစ်တတ်တယ်။ မိန်းကလေးများ အအေးမိတဲ့အခါ နှာချေရင် ခေါင်းကိုက်တယ်။ ယောကျ်ား များက တစ်ပြိုင်တည်းခံစားရတယ်။ ကိုယ်လက်ကိုက်ခဲလျှင် ပါရာစီတမောတစ်ကြိမ် တစ်ပြား၊ တစ်နေ့သုံးကြိမ် သောက်ပေးနိုင်တယ်။ နှာရည်ယိုရင် တစ်ရာခိုင်နှုန်း အပီဒရင် (နစနိမညျ) ပါတဲ့ ဆေးရည်ဖြင့် အစက်ချပေးနိုင်တယ်။ လည်ချောင်းနာရင် ဆေးကုမ္ပဏီ အများစုကရောင်းတဲ့ လည်ချောင်းနာသက်သာဆေးငုံဆေးများ ငုံ နိုင်တယ်။ အအေးမိဆေးပြား (ဃသိူ ွှဘေ) ကို သောက်နိုင်သလို ဘာမီတွန် သောက်နိုင် တယ်။ အာခေါင်ကို ဆား၊ ရေနွေးထည့်(ဆားရေဖြင့်) ငုံပေးပြီး လည်ချောင်းကို ဆေးကြော ပေးရမယ်။ ရေများများသောက်ပါ။ ဗီတာမင်စီ ကြယ်ဝသော ရှောက်၊ သံပရာ၊ သစ်သီးဖျော်ရည်များ သောက် နိုင်တယ်။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ကီဝီသီးစားသုံးနိုင်တယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်နှင့် ဂေါ်ဖီထုပ်စားပေးနိုင်တယ်။ ကူးစက်ရောဂါ ခုခံနိုင်တဲ့ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်သုပ် စားသုံးသင့်တယ်။ သစ်သီးဖျော်ရည်နှင့် သံပရာ၊ ပျားရည်၊ ဖျော်ရည်၊ ဟင်းသီးဟင်းရွက်သုပ် စားသောက်နိုင်ပါတယ်။ ဗီတာမင်စီပါတဲ့ အစားအစာများဟာ အအေးမိခြင်းနှင့် တုပ်ကွေးကို သက်သာရုံသာမက ကူးစက်ဝင်ရောက်မယ့် အခြေအနေက ကာကွယ်နိုင်လို့ ယင်းအစားအစာများ များများ စားပေးသင့်ပါတယ်။
Author – ဒေါက်တာလွင်သန့်