ကြီးမှဝက်သက်ပေါက်ရင် အန္တရာယ်ရှိလား
ကြီးမှဝက်သက်ပေါက်တယ်ဆိုတာ ရယ်စရာလား?တကယ်တော့ ဒီစကားလေးက ဝက်သက်ရောဂါနဲ့မဆိုင်ဘဲ အသက်ကြီးမှ အိမ်ထောင်ကျတာကို စကားအထာနဲ့ပြောတာပါ။ဝက်သက်ရောဂါသည် ကလေးငယ်များတွင်သာရေတိုရောဂါအနေဖြင့်ရောဂါ ဖြစ်လေ့ရှိပေမယ့်အသက်ကြီးမှဖြစ်သူများအတွက်မူ အသက်ရှုလမ်းကြောင်းဆိုင်ရာနှင့်အာရုံကြောပြဿနာများခံစားရနိုင်ပါတယ်။ထို့ကြောင့်ဝက်သက်သည် အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။
ဝက်သက်ဆိုတာဘာလဲ?
– ဝက်သက်ရောဂါသည် အလွန်ကူးစက်လွယ် ပြန့်နှံလွယ်သောရောဂါ ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပါတယ်
-အဆိုပါဗိုင်းရပ်စ်ပိုးကို ရောဂါရှိသူ ချောင်းဆိုး။နှာချေခြင်းနှင့်စကားပြောခြင်းမှတဆင့်လေထဲကနေကူးစက်နိုင်ပါတယ်
-ရောဂါရှိသူနှင့်တစ်ခန်းထဲနေရုံနှင့်ကူးစက်နိုင်ပါတယ်။
-ရောဂါပိုးသည် မျက်နှာပြင်ပေါ်တွင်နာရီများစွာနေနိုင်သောကြောင့်ရောဂါရှိသူရဲ့အသုံးအဆောင်မျှဝေသုံးစွဲခြင်းကြောင့်လည်းကူးစက်နိုင်ပါတယ်။
-ဝက်သက်သည် ကလေးသေနူန်းမြင့်မားစေသောရောဂါဖြစ်ပါတယ်။
-WHOရဲ့2014ထုတ်ပြန်ချက်အရ 114900ဦးထိအသက်ဆုံးရှုံးခဲ့ပါတယ်။
-2011ခုနှစိတွင် အမေရိကန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များမှတဆင့်ကူးစက်ပြန့်ပွားခြင်းဖြစ်ခဲ့ပါတယ်။ဥရောပနိုင်ငံများတွင် ဝက်သက်ပေါက်မူများပြားသောကြောင့် ခရီးမသွားမီ ဝက်သက်ကာကွယ်ဆေးထိုးရန် အကြံပြုထားပါတယ်။
-ကာကွယ်ဆေးထိုးနှံထားမူမရှိကူးစက်ခံခဲ့ရလျှင် ၇၂နာရီအတွင်းထိုးနှံခဲ့ပါကကာကွယ်မူပေးပါတယ်။
လက္ခဏာများ
ဝက်သက်ရောဂါသည် ကာကွယ်ဆေးမထိုးထားသောကလေးငယ်များတွင်ဖြစ်ပွားလေ့ရှ်ပါတယ်။
ဝက်သက်လက္ခဏာများမှာ
-အဖျားကြီးခြင်း။
-တကိုယ်လုံးအနီကွက်များဖြစ်ခြင်း။
-နှာရည်ယိုခြင်း။မျက်စိပူခြင်း။လည်ချောင်းနာခြင်း။
-ချောင်းဆိုးခြင်း။
-ဝမ်းလျောခြင်းနှင့်နားကိုက်ခြင်း တို့ဖြစ်ပါတယ်။ဝက်သက်ကူးစက်ပြီးလက္ခဏာပေါ်ရန်ပျမ်းမျှ ၁၀ရက်မှ၁၂ရက်ခန့်ကြာတတ်ပါတယ်။သို့သော်အဖျားသည်အနည်းဆုံး၇ရက်အများဆုံး၂၁ရက်ထိဖြစ်နိုင်ပါတယ်။
ရှာဖွေမူ
ဝက်သက်ရောဂါသည် ရောဂါရှာဖွေမူသည် လက္ခဏာဖြင့်သာရောဂါကိုသာဆုံးဖြတ်နိုင်ပါတယ်။အခြားသောတိကျသောစမ်းသပ်ရှာဖွေမူမရှိပါ။
ကုသမူ
ဝက်သက်ရောဂါဖစ်လာလျှင် ပိုးကိုသေစေနိုင်သောဆေးမရှိပါ။အကောင်းဆုံးကုသမူသည် ပြန်လည်နာလန်ထကျန်းမာစေရန်နှင့် နောက်ဆက်တွဲဆိုးကျိုးမဝင်စေရန်ကာကွယ်မူပေးခြင်းသာပြုလုပ်နိုင်ပါတယ်။အရည်များများသောက်ပြီးအနားယူရန်အရေးကြီးပါတယ်။အသက်၅နှစ်အောက်နှင့်အသက်၂၀ကျောိသူများတွငိ ဖြစ်လျှင်ရောဂါအခြေအနေပိုဆိုးစေပါတယ်။
-နားထဲကူးစက်ခြင်း
-ဝမ်းလျောခြင်း
-အဆုတ်ပွခြင်း
-ဦးနှောက်အမြှေးပါးရောင်ကာ နားမကြားခြင်းနှင့်ဦးနှောက်ထိခိုက်ခြင်းစသောနောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်ပါတယ်။
ကာကွယ်ခြင်း
ဝက်သက်ရောဂါပြန့်ပွားမူ ထိန်းချုပ်နိုင်ရန်အကောင်းဆုံးမှာ ကာကွယ်ဆေးထိုးခြင်းဖြစ်ပါတယ်။ဆိုူးကျိုးလည်းနည်းပါတယ်။ကလေးငယ်များတွင် ၅မျိုးစပ်အနေဖြင့်၂လ။၄လ။၆လ တွင်ထိုးနှံပေးပါတယ်။ကာကွယ်မူသည်၉၇%ပေးပါတယ်။ကာကွယ်ဆေးသည် ကိုယ်ဝန်ဆောင်နှင့်ကိုယ်ခံအားနည်းသူများနှင့်။ဓာတ်မတည့်မူရှိသူများ မထိုူးသင့်ပါ။ကာကွယ်ဆေးထိုးလျှင် Autismဖြစ်နိုင်သည်ဟု ယူဆရျ်မထိုးကြပါ။များစွာသောလေ့လာချက်များအရ ဆက်စပ်မူမရှိသည်ကိုတွေ့ရှိရပါတယ်။Vitamin A ချို့တဲ့ခြင်ူသည်လည်း ပိုးကူးစက်ရန်အခွင့်များပါတယ်။