ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်တဲ့။ ဟိုးငယ်ငယ်ကတည်းက တီဗွီကြော်ငြာ တွေထဲမှာတွေ့ဖူးခဲ့ကြပါတယ်။ ဆေးလိပ်ကကျန်းမာရေးကို ဘယ်လိုထိခိုက်စေမှာလဲ။ တစ်ခါတစ်လေမှတစ်လိပ် နှစ်လိပ်သောက်တာက ပြဿနာမရှိပေမယ့် နေ့စဉ်ရက်ဆက်ဆိုသလိုအများကြီးသောက်နေရင် ကျန်းမာရေးအ တွက်မကောင်းပါဘူး။ ရောဂါတွေရလာစေတယ်။
တချို့တွေက စတိုင်လုပ်ရင်းသောက်ရင်းနဲ့ စွဲသွားတတ်ကြတယ်။ တချို့တွေကထမင်းစားပြီး ခံတွင်းချဉ်လို့ သောက်ရင်းနဲ့စွဲလာတယ်။ တချို့ကအရက်ဖြတ်ချင်လို့၊ ကွမ်းဖြတ်ချင်လို့ဆိုပြီး အစားထိုးရာကစွဲသွားတတ်ကြ တယ်။ တစ်ခါတစ်လေဆို ဘာမှမပြတ်ဘဲသုံးခုလုံးလုပ်ဖြစ်သွားတတ်တယ်။ တချို့ကျောင်းသားလူငယ်တွေကျ တော့အခြားသူလုပ်တာတွေကိုမြင်ပြီး အတတ်ဆန်းချင်လို့လုပ်ရာကနေ စွဲသွားတတ်ကြတယ်။
ဆေးလိပ်သောက်တဲ့အခါ ခါးသက်သက်အရသာရှိတာကြောင့် ခံတွင်းချဉ်တာကိုတော့သက်သာစေတယ်။ အ ငွေ့ကိုမရှိုက်ဘူးလို့ ဘယ်လိုပဲပြောပြောဆေးလိပ်ငွေ့က အနည်းနဲ့အများတော့ရှုရှိုက်မိမှာပဲ။ ဆေးလိပ်ကြောင့် ဘာတွေဖြစ်မလဲပေါ့။ ဆေးလိပ်ငွေ့တွေရှုရှိုက်မိတာများတဲ့အခါ နှာခေါင်းထဲမှာရှိတဲ့ Cilia လို့ခေါ်တဲ့အမွှေးတွေ ပါးပါးလာတတ်တယ်။ ကြာလာတဲ့အခါ နှာမွှန်တာ၊ နှာစေးတာတွေမကြာခဏဆိုသလို ဖြစ်လာနိုင်တယ်။
ဆေးလိပ်သောက်တာဟာ ကြာလာတဲ့အခါအဆုတ်ကိုဒုက္ခပေးပါတယ်။ အဆုတ်မှာနာတာရှည် အဆုတ်ပွတာ တွေဖြစ်နိုင်တယ်။ အဆုတ်ကင်ဆာတွေဖြစ်နိုင်တယ်။ ရင်ကျပ်ရှိတဲ့သူတွေဆို ဆေးလိပ်ငွေ့ရတာနဲ့ကျပ်လာ တတ်တယ်။ ကိုယ်တိုင်သောက်မှမဟုတ်ပါဘူး။ အနီးအနားမှာဆေးလိပ်သောက်တဲ့သူရှိနေရင်လည်း ဆေးလိပ် ငွေ့တွေရှုနေရတာကြောင့်ဖြစ်နိုင်ပါတယ်။ ဆေးလိပ်ငွေ့တွေကြောင့် အောက်စီဂျင်ရှုရတာနည်းလာပြီး အမောမခံ နိုင်တာတွေပါဖြစ်လာတတ်တယ်။ ဆေးလိပ်အသောက်များတဲ့သူတွေမှာ အချိန်ကြာလာတာနဲ့ညဘက်တွေအိပ် တဲ့အခါဟောက်ခြင်းတွေ၊ အသက်ရှုခဏရပ်သွားခြင်းတွေပါ ဖြစ်နိုင်ပါတယ်။
ဆေးလိပ်ကသွေးကြောတွေပါ ကျဉ်းသွားစေတယ်။ သွေးကြောကျဉ်းတွေ၊ သွေးကြောပိတ်တာတွေပါဖြစ်စေပါ တယ်။ ဆေးလိပ်အရမ်းသောက်တတ်တဲ့သူတွေ ခြေထောက်တွေမှာသွေးကြောတွေပိတ်လို့ ဖြတ်ရတာမျိုးဖြစ် နိုင်တယ်။ နှလုံးသွေးကြောကျဉ်းတာတွေလည်း ဖြစ်စေတယ်။ သွေးကြောနံရံတွေမှာလည်း ဖိအားတွေများစေ လို့သွေးတိုးလည်းဖြစ်စေတတ်တယ်။
ဆေးလိပ်သောက်ခြင်းက အစာအိမ်ကိုလည်းထိခိုက်စေပါတယ်။ Pancreas လို့ခေါ်တဲ့မုန့်ချိုအိတ်ဟောင်းခြင်း တွေနဲ့ ကင်ဆာတွေကိုလည်းဖြစ်စေပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသားတွေမှာ အိမ်ထောင်ရေးသုခမပြည့် ဝတတ်ကြဘူး။ ပန်းသေပန်းညှိုးဖြစ်လွယ်တယ်။ အမောမခံနိုင်ဘူး။ ဆေးလိပ်ကြောင့်သုက်ပိုးမပြည့်မီတာလည်း ဖြစ်နိုင်တယ်။ ကလေးရဖို့နှောင့်နှေးကြန့်ကြာတတ်ပါတယ်။
ကိုယ်ဝန်သည်အမျိုးသမီးဆေးလိပ်သောက်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးနားမှာ ဆေးလိပ် သောက်မိတာပဲဖြစ်စေ၊ ကိုယ်ဝန်သည်ကဆေးလိပ်ငွေ့ကိုရှုရှိုက်မိတဲ့အခါတွေမှာ အမေရောကလေးပါကျန်းမာ ရေးထိခိုက်စေပါတယ်။ ကလေးမှာလည်း ကောင်းကောင်းမဖွံ့ဖြိုးတာတွေဖြစ်နိုင်ပါတယ်။
ဆေးလိပ်ငွေ့တွေရှုရပါများတဲ့အခါ ခေါင်းကိုက်ခြင်း၊ ခေါင်းမကြည်ခြင်းနဲ့ ပျို့အန်ချင်စိတ်များ၊ စိတ်ရှုပ်ထွေးမှုများ ကိုလည်းဖြစ်စေပါတယ်။
ဆေးလိပ်သောက်တာက မကောင်းပါဘူး။ ကိုယ်က တစ်ခါတစ်လေမှ တစ်လိပ်နှစ်လိပ်သောက်တာပဲဆိုပြီး ပစ် ထားလို့မရပါဘူး။ ကြာလာရင် စွဲသွားတတ်ပါတယ်။ ဖြတ်မယ်လို့ဆုံးဖြတ်ထားရင် စိတ်ကိုခိုင်ခိုင်ထားပြီးတုံးတိ ဖြတ်နိုင်ရင်ပိုပြတ်ပါတယ်။
Author: Dr. CST