(Zawgyi)
“ငါတို႔ ဘယ္ဆိုင္မွာသြားစားၾကမလဲ”
ၾကည္ျပာတစ္ေယာက္ သူငယ္ခ်င္းမ်ားကိုလွမ္းေမးလိုက္သည္။ တစ္ေန႔ခင္းလုံး က်ဴရွင္တက္လာရသည္မွာလူေတြလည္းပင္ပန္းဗိုက္ေတြလည္းဆာလွၿပီ။ သူငယ္ခ်င္း ၄ ေယာက္ စေနတနဂၤေႏြအား လပ္ရက္မ်ားတြင္ English စကားေျပာသင္တန္းသို႔ တက္ေရာက္ေနျခင္းျဖစ္သည္။ ငယ္ငယ္ကတည္းကတြဲလာခဲ့ၾကေသာသူငယ္ခ်င္းမ်ားေက်ာင္းၿပီးသြားလို႔ အလုပ္ကိုယ္ဆီရွိေနတာေတာင္ ေတြ႕ခ်င္ ၾကလြန္း၍ အားလပ္ရက္တြင္ အိမ္မွာမနားပဲသင္တန္းလာတက္ေနၾကျခင္းျဖစ္သည္။ ၾကည္ျပာကသူတို႔ သူငယ္ခ်င္း ၄ ေယာက္ထဲတြင္ အစားအေသာက္ အမက္ဆုံး။ ဘယ္ဆိုင္တြင္ ဘာဟင္းေလးကေကာင္းသည္။
ဘယ္ဆိုင္တြင္ ဘယ္အစားအစာာေလးကေကာင္းသည္ဆိုတာကိုအကုန္သိသည္။ သိေအာင္လည္းအၿမဲဲႀကိဳးစားေနပုံရသည္။စံပယ္ကေတာ့ အလုပ္ခြင္မဝင္ေသးပဲmaster ဆက္တက္ေနသူျဖစ္သည္။ စေနတနဂၤေႏြေန႔မ်ားတြင္ ေက်ာင္းသားမ်ားအား guide သင္ၿပီးဝင္ေငြရွာေနသည္။ ခြာညိဳကေတာ့အလွသိပ္ႀကိဳက္သည္။သူ႔ကိုယ္သူလည္းအၿမဲလွလွပပေနသည္။ သူ႔ကို ၾကည့္ရသည္မွ အၿမဲသန႔္ရွင္း ေက်ာ့ေမာ့ေနသည္။ အစားအေသာက္ကိုလည္းဂ႐ုတစိုက္စားသည္။ နီလာကေတာ့ သူတို႔အဖြဲ႕ထဲတြင္ အေအးဆုံး။
တစ္ေနကုန္ေနလို႔မွ စကားတစ္ခြန္းမွ ဝင္မေျပာတတ္သူ။
“ဒီအစီအစဥ္ေကာင္းတယ္။ ဒီေန႔ေတာ့ တစ္ခုခုစားၿပီးမွ ျပန္မယ္”
အၿမဲၿမဲလိုလိုေနာက္သင္တန္းတစ္ခုရွိေသးသည္ဟုဆိုကာအျမန္ျပန္တတ္ေသာစံပယ္ကေထာက္ခံသည္။
“ငါက weight ခ်ေနတာ။ လိုက္ေတာ့ လိုက္ခဲ့မယ္။ စကားေလးဘာေလးေျပာလို႔ရေအာင္။ အစားေတာ့ အမ်ားႀကီးမစားေတာ့ဘူး”ခြာညိဳ က ဝင္ေျပာသည္။ သူကလည္းအစားဆိုလွ်င္ အဝအၿပဲစားတတ္သူမဟုတ္။
“ငါကBuffet သြားစားခ်င္တာ။ နင္တို႔ေတြလိုက္မစားခ်င္ဘူးလားဟင္။ အသစ္ဖြင့္တဲ့ဆိုင္ေလးတစ္ဆိုင္ ေၾကျငာထားတာငါေတြ႕ထားတယ္။ ဆိုင္ဖြင့္ပြဲအထိန္းအမွတ္နဲ႔ ၅၀ % Discount ေတာင္ ခ်ထားတယ္။ အဲဒါေလးသြားစားၾကမလားလို႔ေလ။”
ၾကည္ျပာတစ္ေယာက္ သူငယ္ခ်င္းမ်ားကိုသြားစားဖို႔ အေဖာ္ညႇိလိုက္သည္။ ေဈးသက္သာသည္ဟုေျပာၿပီးဆြဲေဆာင္လိုက္သည္။
“မေန႔ညက online မွာေတြ႕လိုက္တယ္။ ငါလည္း စိတ္ဝင္စားေနတာ။ သြားစားၾကမလာ။ Hop Pop ေတြေရာ sushi ေတြေရာအမ်ိဳးစုံပဲေနာ္။ ”စံပယ္က ၾကည္ျပာစကားကိုအျပည့္အဝေထာက္ခံသည္။
“ငါက weight ခ်ေနတာ။ ဒီလိုမ်ိဳးBuffetေတြ သြားစားလို႔မျဖစ္ဖူးလို႔။ နင္တို႔ ၂ ေယာက္ စားခ်င္ရင္ ေနာက္မွ သတ္သတ္ ခ်ိန္းၿပီးသြားစားၾက။ ငါက Buffet ေတာ့ သြားမစားဘူး။”ခြာညိဳကအေၾကာက္အကန္ျငင္းသည္။
ၾကည္ျပာတစ္ေယာက္ ခြာညိဳကိုမ်က္ေစာင္းထိုးရင္း
“တစ္ခါတစ္ေလစားတာပဲကိုခြာညိဳရယ္။ တစ္ရက္ေလာက္နဲ႔မသိသာပါဘူး။”
“တစ္ရက္လည္းတစ္ရက္ပဲ ၾကည္ျပာ။ ဒီေန႔ေတာ့ တျခားဆိုင္ေ႐ြးလိုက္ပါ။ငါတစ္ကယ္ အမ်ားႀကီးမစားခ်င္လို႔ပါ”စံပယ္ျငင္းေသာေၾကာင့္ ၾကည္ျပာတစ္ေယာက္ မ်က္ႏွာႀကီးညိဳလာသည္။ စံပယ္ကအေျခအေနအရပ္ရပ္ကို ဝင္ထိန္းလိုက္သည္။
“ဒီနားက Hop Pot ဆိုင္ေလးမွာပဲသြားစားၾကတာေပါ့။ ၾကည္ျပာလည္းစိတ္ႀကိဳက္ စား။ ခြာညိဳလည္းစားႏိုင္သေလာက္ပဲစား။ ဟုတ္ၿပီလား”
စံပယ္ေျပာတာကိုတစ္ခြန္းမွ ဝင္မေျပာေသာ နီလာကေထာက္ခံသည္။
“ဟုတ္တယ္ ၾကည္ျပာစံပယ္ေျပာသလိုဒီနားက Hop Pot ဆိုင္ေလးမွာပဲသြားစားၾကတာေပါ့။ ငါလည္း Buffet မစားခ်င္ဘူး။”
“နင္တို႔အားလုံးကဘာလို႔ Buffet ဘာလို႔မစားခ်င္ၾကတာလဲ။ အခုဟာက Discount လည္းခ်ေနတယ္။ အရမ္းတန္တယ္ေလ။ နင္တို႔ဘာလို႔မစားခ်င္ၾကတာလဲ” ၾကည္ျပာတစ္ေယာက္ အထူးအဆန္းအေနႏွင့္ျပန္ေမးလိုက္သည္။
“ဝမွာ ဆိုးလို႔”
သူငယ္ခ်င္း ၃ ေယာက္ တစ္ၿပိဳင္နက္ ေျပာလိုက္သည္။
“အမယ္ေလးေတာ္ ဝမွာဆိုးလို႔တဲ့။ တစ္ခါတစ္ေလစားတာကိုပဲ” ၾကည္ျပာကမေက်နပ္ႏိုင္ေသး။
သူငယ္ခ်င္း ၄ ေယာက္ Hop Pot ဆိုင္သို႔ ခ်ီတက္လာခဲ့သည္။ ဆိုင္ထဲေရာက္ေတာ့ စံပယ္က
“နင္ႀကိဳက္သေလာက္စားေနာ္ ငါတို႔အားလုံးမွ်ခံမွာပါ။ ဘာမွ အားမနာနဲ႔။”
“အေအးတစ္ခြက္ ေရသန႔္ဗူး ၁ ဗူး”စံပယ္က ၾကည္ျပာအတြက္ အေအးမွာေပးၿပီးေရသန႔္ဗူးတစ္ဗူးပဲမွာလိုက္သည္။
“နင္တို႔ကအေအးမေသာက္ၾကဖူးလား”
“အေအးေသာက္ရင္ ဝတယ္။ အစာစားၿပီးအေအးမေသာက္ပါဘူး။ နင္ေသာက္ခ်င္ရင္ေတာ့ ေသာက္ ငါတို႔ ၃ ေယာက္ ကေတာ့ ေရပဲေသာက္ေတာ့မွာ”ခြာညိဳတစ္ေယာက္ ျပန္ရွင္းျပေတာ့
“နင္တို႔ ၃ ေယာက္ ဒီေန႔ဘာျဖစ္ေနၾကတာလဲ။ ငါ့ကိုမ်ားကန႔္လန႔္တိုက္ေနၾကသလား” ၾကည္ျပာတစ္ေယာက္ စိတ္တိုလာ၍ ေအာ္ေမးလိုက္သည္။
“ဟဲ့ နင္ကလည္းငါတို႔ကနင့္ကိုဘာကိစၥ ကန႔္လန႔္တိုက္ရမွာလဲ။ ငါတို႔ဘာသာအေအးမေသာက္ခ်င္လို႔ ေရမွာေသာက္တာဘာမွားလို႔လဲ။ အေအးေသာက္ရင္ sugar ေတြ အမ်ားႀကီးပါတယ္။ Sugar ေတြကလူကို ဝေစတယ္။ ဒါေၾကာင့္ ငါတို႔ကမေသာက္တာေလ။ နင္ေသာက္ခ်င္ရင္ေသာက္ပါ။ ငါတို႔ကနင့္ကိုမတားျမစ္ပါဘူး”စံပယ္က ဝင္ေရာက္ ေတာင္းပန္ရင္းရွင္းျပသည္။ “ငါကေတာ့ Hop Pot လည္း အဝစားမယ္။ အေအးလည္းေသာက္မယ္” “ေသာက္လည္းေသာက္ပါ။ စားလည္းစားပါ မမဘုရားရယ္”ခြာညိဳတစ္ေယာက္ လက္အုပ္ေလးခ်ီၿပီး ၾကည္ျပာကိုလွမ္းေျပာလိုက္သည္။ ေခါင္းေလး ေတာင္ ငုံထားလိုက္သည္။ သူငယ္ခ်င္း ၃ ေယာက္ ခြာညိဳကို ၾကည့္၍ ရီေနလိုက္ၾကသည္။ သူငယ္ခ်င္းေတြၾကားထဲတြင္ရွိေနေသာတင္းမာမႈမ်ားကေပ်ာက္ကြယ္သြားေလသည္။ “နင္တို႔ ပုစြန္ေကာ္ပ်ံ႔ ေၾကာ္ေလးမစားၾကဘူးလား။ ”ေရွ႕တြင္ရွိေသာေကာ္ပ်ံေၾကာ္ေလးကိုဘယ္သူမွမႏႈိက္၍ ေမးလိုက္ျခင္းျဖစ္သည္။ “ငါတစ္ခုစားတယ္ေလ”နီလာကသူစားေၾကာင္းျပန္ေျပာသည္။နီလာတစ္ေယာက္ ပထမဆုံးအႀကိမ္ ဝင္ေျပာလိုက္သည္။ “weight ခ်ေနတဲ့ အခ်ိန္မို႔လို႔ ငါကေၾကာ္ထားတဲ့ အစားအစာေတြမွန္သမွ် မစားဘူး” ခြာညိဳက ျပန္ရွင္းျပသည္။ ၾကည္ျပာကဘာမွ မေျပာပဲမ်က္ေစာင္းခ်ည္းခဏခဏထိုးေနသည္။ ေတာ္ေသးတာေပါ့။ ၾကည္ျပာသာနဂါးဆိုလွ်င္ သူတို႔ ၃ ေယာက္ ျပာျဖစ္ေနတာ ၾကာေနေလာက္ၿပီ။ “ငါမသိလို႔ေမးစမ္းပါရေစဦး။ weight ခ်ေနတဲ့ နင္တို႔ေတြ ဘာေတြ စားၿပီးဘာေတြ မစားၾကတာလဲေျပာၾကစမ္းပါဦ။ ”
ၾကည္ျပာတစ္ေယာက္ ခြာညိဳကိုလွမ္းေမးသည္။ “ငါတို႔အသက္ေတြလည္းမငယ္ေတာ့ဘူး။ ငယ္ငယ္တုန္းကလိုမ်ိဳးစားခ်င္တာစားလို႔မရေတာ့ဘူး။ စားလိုက္တာနဲ႔ အဆီကတက္လာၿပီ။ ဒါေၾကာင့္ အစားကိုထိန္းစားရတယ္။ ဗိုက္ျပည့္ၿပီးတင္းကားေနေအာင္ ငါတို႔အ႐ြယ္ေတြမွာမစားသင့္ေတာ့ဘူး။ ေတာ္႐ုံပဲေကာင္းတယ္။ Buffet လိုဆိုင္မ်ိဳးဆိုရင္ weight ခ်ေနတဲ့သူေတြ မစားသင့္တဲ့ဆိုင္မ်ိဳးပဲ။ Buffet လို႔ေျပာရင္လူေတြက အဝအၿပဲစားၾကတယ္။ငါတို႔ကေတာ့ ဗိုက္လည္း ျပည့္႐ုံပဲစားတယ္။ စားတဲ့အခါမွာလည္းဆီမ်ားတဲ့အစာေတြကိုတတ္ႏိုင္သေလာက္ေရွာင္တယ္။ ေၾကာ္ထားတာေတြဆိုရင္လုံးဝမစားဘူး။
အမ်ားအားျဖင့္ ဆီနည္းတဲ့ အစားအစာ၊ ျပဳတ္ထားတဲ့အစားအစာကိုပဲအမ်ားဆုံးစားတယ္။ အိမ္မွဆိုရင္ေတာ့ အ႐ြက္ေၾကာ္ေတြ စားတာမ်ားတယ္။ ဒီလိုမ်ိဳးညဖက္ဆိုရင္ အသီးအႏွံပဲစားေတာ့တယ္။” “နင္တို႔စားႏိုင္လား” ၾကည္ျပာတစ္ေယာက္ အံေၾသာ္တႀကီးေမးလိုက္သည္။ “စားႏိုင္လို႔ ငါတို႔စားေနတာၾကာၿပီေလ။
ဒီလိုမ်ိဳးခႏၶာကိုယ္ကို ထိန္းထားတာဒီလိုအစားအေသာက္ေလးေတြကိုမစားပဲေနလို႔ေပါ့။” “အားကစားမလုပ္ပဲအစားေလ်ာ့ေနၾကတယ္။” ၾကည္ျပာကပန္းကန္ထဲမွဝက္သားတုန္းေလးကို ပါးစပ္ထဲထည့္ ရင္းေျပာလိုက္သည္။ “ငါတို႔ကိုလည္း ၾကည့္ဦးေလမနက္အေစာႀကီး႐ုံးသြား။ ႐ုံးကျပန္ေရာက္ရင္ ၆ နာရီေက်ာ္ေနၿပီ။ တစ္ေနကုန္ပင္ပန္းထားတာေရာ Bus ကားတိုးစီးထားရတာေၾကာင့္ Gym လည္းသြားမကစားခ်င္ေတာ့ပါဘူး။ ဒါေၾကာင့္ အစားအေသာက္ေလးထိန္းထားလိုက္တယ္။ ေန႔လည္ေန႔ခင္းဆိုရင္လည္း႐ုံးမွာထမင္းစားၿပီးရင္လမ္းခဏခဏေလ်ာက္ေပးတယ္။ ဗိုက္မပူေအာင္လို႔ေပါ့” ခြာညိဳတစ္ေယာက္ သူ႔အယူအဆမ်ားကို ၾကည္ျပာနားလည္ေအာင္ရွင္းျပေနသည္။
ၾကည္ျပာတစ္ေယာက္ အိုးထဲကိုဇြန္းႏွင့္ေမြရင္း “နင္တို႔လိုမ်ိဳးေလးငါလည္းပိန္ေတာ့ ပိန္ခ်င္သား။ ဒါေပမဲ့ ငါကဗိုက္ပဲအၿမဲဆာေနတာခက္တယ္။ Gym လည္းသြားကစားဖို႔အခ်ိန္မေပးႏိုင္ဘူး။ အားက်ပါတယ္ဟာနင္တို႔ကို။ ဒီလိုမ်ိဳးအစားေတြေရွာႏိုင္တာကိုလည္းခ်ီးက်ဴးပါတယ္” “ႀကိဳးစားၾကည့္ေပါ့ သူငယ္ခ်င္းရာ”စံပယ္တစ္ေယာက္ ၾကည္ျပာကိုအားေပးလိုက္သည္။ “ ေအးငါနက္ျဖန္ကစၿပီးႀကိဳးစားၾကည့္မယ္” လို႔ ၾကည္ျပာတစ္ေယာက္ သူငယ္ခ်င္းမ်ားကိုေျပာၿပီးအိုးထဲက ေနာက္ဆုံးဝက္သားဖတ္ေလးကို ဆယ္ၿပီးပန္းကန္ထဲသို႔ ထည့္လိုက္ေလသည္။ က်န္သူငယ္ခ်င္းမ်ားကအခ်င္းခ်င္းမ်က္စပစ္ကာ ၿပဳံးစစႏွင့္။ စေနညေနခင္းေလးကားသာသာယာယာ။ ေလေလးလည္းတျဖဴးျဖဴးတိုက္ခတ္လို႔ ၾကည္ျပာတို႔ ဝိုင္းမွ ရီသံမ်ားကေလထဲတြင္ တလြင့္လြင့္။
Author: Dr.AMS
(Unicode)
“ငါတို့ ဘယ်ဆိုင်မှာသွားစားကြမလဲ”
ကြည်ပြာတစ်ယောက် သူငယ်ချင်းများကိုလှမ်းမေးလိုက်သည်။ တစ်နေ့ခင်းလုံး ကျူရှင်တက်လာရသည်မှာလူတွေလည်းပင်ပန်းဗိုက်တွေလည်းဆာလှပြီ။ သူငယ်ချင်း ၄ ယောက် စနေတနင်္ဂနွေအား လပ်ရက်များတွင် English စကားပြောသင်တန်းသို့ တက်ရောက်နေခြင်းဖြစ်သည်။ ငယ်ငယ်ကတည်းကတွဲလာခဲ့ကြသောသူငယ်ချင်းများကျောင်းပြီးသွားလို့ အလုပ်ကိုယ်ဆီရှိနေတာတောင် တွေ့ချင် ကြလွန်း၍ အားလပ်ရက်တွင် အိမ်မှာမနားပဲသင်တန်းလာတက်နေကြခြင်းဖြစ်သည်။ ကြည်ပြာကသူတို့ သူငယ်ချင်း ၄ ယောက်ထဲတွင် အစားအသောက် အမက်ဆုံး။ ဘယ်ဆိုင်တွင် ဘာဟင်းလေးကကောင်းသည်။
ဘယ်ဆိုင်တွင် ဘယ်အစားအစာာလေးကကောင်းသည်ဆိုတာကိုအကုန်သိသည်။ သိအောင်လည်းအမြဲကြိုးစားနေပုံရသည်။စံပယ်ကတော့ အလုပ်ခွင်မဝင်သေးပဲmaster ဆက်တက်နေသူဖြစ်သည်။ စနေတနင်္ဂနွေနေ့များတွင် ကျောင်းသားများအား guide သင်ပြီးဝင်ငွေရှာနေသည်။ ခွာညိုကတော့အလှသိပ်ကြိုက်သည်။သူ့ကိုယ်သူလည်းအမြဲလှလှပပနေသည်။ သူ့ကို ကြည့်ရသည်မှ အမြဲသန့်ရှင်း ကျော့မော့နေသည်။ အစားအသောက်ကိုလည်းဂရုတစိုက်စားသည်။ နီလာကတော့ သူတို့အဖွဲ့ထဲတွင် အအေးဆုံး။
တစ်နေကုန်နေလို့မှ စကားတစ်ခွန်းမှ ဝင်မပြောတတ်သူ။
“ဒီအစီအစဉ်ကောင်းတယ်။ ဒီနေ့တော့ တစ်ခုခုစားပြီးမှ ပြန်မယ်”
အမြဲမြဲလိုလိုနောက်သင်တန်းတစ်ခုရှိသေးသည်ဟုဆိုကာအမြန်ပြန်တတ်သောစံပယ်ကထောက်ခံသည်။
“ငါက weight ချနေတာ။ လိုက်တော့ လိုက်ခဲ့မယ်။ စကားလေးဘာလေးပြောလို့ရအောင်။ အစားတော့ အများကြီးမစားတော့ဘူး”ခွာညို က ဝင်ပြောသည်။ သူကလည်းအစားဆိုလျှင် အဝအပြဲစားတတ်သူမဟုတ်။
“ငါကBuffet သွားစားချင်တာ။ နင်တို့တွေလိုက်မစားချင်ဘူးလားဟင်။ အသစ်ဖွင့်တဲ့ဆိုင်လေးတစ်ဆိုင် ကြေငြာထားတာငါတွေ့ထားတယ်။ ဆိုင်ဖွင့်ပွဲအထိန်းအမှတ်နဲ့ ၅၀ % Discount တောင် ချထားတယ်။ အဲဒါလေးသွားစားကြမလားလို့လေ။”
ကြည်ပြာတစ်ယောက် သူငယ်ချင်းများကိုသွားစားဖို့ အဖော်ညှိလိုက်သည်။ ဈေးသက်သာသည်ဟုပြောပြီးဆွဲဆောင်လိုက်သည်။
“မနေ့ညက online မှာတွေ့လိုက်တယ်။ ငါလည်း စိတ်ဝင်စားနေတာ။ သွားစားကြမလာ။ Hop Pop တွေရော sushi တွေရောအမျိုးစုံပဲနော်။ ”စံပယ်က ကြည်ပြာစကားကိုအပြည့်အဝထောက်ခံသည်။
“ငါက weight ချနေတာ။ ဒီလိုမျိုးBuffetတွေ သွားစားလို့မဖြစ်ဖူးလို့။ နင်တို့ ၂ ယောက် စားချင်ရင် နောက်မှ သတ်သတ် ချိန်းပြီးသွားစားကြ။ ငါက Buffet တော့ သွားမစားဘူး။”ခွာညိုကအကြောက်အကန်ငြင်းသည်။
ကြည်ပြာတစ်ယောက် ခွာညိုကိုမျက်စောင်းထိုးရင်း
“တစ်ခါတစ်လေစားတာပဲကိုခွာညိုရယ်။ တစ်ရက်လောက်နဲ့မသိသာပါဘူး။”
“တစ်ရက်လည်းတစ်ရက်ပဲ ကြည်ပြာ။ ဒီနေ့တော့ တခြားဆိုင်ရွေးလိုက်ပါ။ငါတစ်ကယ် အများကြီးမစားချင်လို့ပါ”စံပယ်ငြင်းသောကြောင့် ကြည်ပြာတစ်ယောက် မျက်နှာကြီးညိုလာသည်။ စံပယ်ကအခြေအနေအရပ်ရပ်ကို ဝင်ထိန်းလိုက်သည်။
“ဒီနားက Hop Pot ဆိုင်လေးမှာပဲသွားစားကြတာပေါ့။ ကြည်ပြာလည်းစိတ်ကြိုက် စား။ ခွာညိုလည်းစားနိုင်သလောက်ပဲစား။ ဟုတ်ပြီလား”
စံပယ်ပြောတာကိုတစ်ခွန်းမှ ဝင်မပြောသော နီလာကထောက်ခံသည်။
“ဟုတ်တယ် ကြည်ပြာစံပယ်ပြောသလိုဒီနားက Hop Pot ဆိုင်လေးမှာပဲသွားစားကြတာပေါ့။ ငါလည်း Buffet မစားချင်ဘူး။”
“နင်တို့အားလုံးကဘာလို့ Buffet ဘာလို့မစားချင်ကြတာလဲ။ အခုဟာက Discount လည်းချနေတယ်။ အရမ်းတန်တယ်လေ။ နင်တို့ဘာလို့မစားချင်ကြတာလဲ” ကြည်ပြာတစ်ယောက် အထူးအဆန်းအနေနှင့်ပြန်မေးလိုက်သည်။
“ဝမှာ ဆိုးလို့”
သူငယ်ချင်း ၃ ယောက် တစ်ပြိုင်နက် ပြောလိုက်သည်။
“အမယ်လေးတော် ဝမှာဆိုးလို့တဲ့။ တစ်ခါတစ်လေစားတာကိုပဲ” ကြည်ပြာကမကျေနပ်နိုင်သေး။
သူငယ်ချင်း ၄ ယောက် Hop Pot ဆိုင်သို့ ချီတက်လာခဲ့သည်။ ဆိုင်ထဲရောက်တော့ စံပယ်က
“နင်ကြိုက်သလောက်စားနော် ငါတို့အားလုံးမျှခံမှာပါ။ ဘာမှ အားမနာနဲ့။”
“အအေးတစ်ခွက် ရေသန့်ဗူး ၁ ဗူး”စံပယ်က ကြည်ပြာအတွက် အအေးမှာပေးပြီးရေသန့်ဗူးတစ်ဗူးပဲမှာလိုက်သည်။
“နင်တို့ကအအေးမသောက်ကြဖူးလား”
“အအေးသောက်ရင် ဝတယ်။ အစာစားပြီးအအေးမသောက်ပါဘူး။ နင်သောက်ချင်ရင်တော့ သောက် ငါတို့ ၃ ယောက် ကတော့ ရေပဲသောက်တော့မှာ”ခွာညိုတစ်ယောက် ပြန်ရှင်းပြတော့
“နင်တို့ ၃ ယောက် ဒီနေ့ဘာဖြစ်နေကြတာလဲ။ ငါ့ကိုများကန့်လန့်တိုက်နေကြသလား” ကြည်ပြာတစ်ယောက် စိတ်တိုလာ၍ အော်မေးလိုက်သည်။
“ဟဲ့ နင်ကလည်းငါတို့ကနင့်ကိုဘာကိစ္စ ကန့်လန့်တိုက်ရမှာလဲ။ ငါတို့ဘာသာအအေးမသောက်ချင်လို့ ရေမှာသောက်တာဘာမှားလို့လဲ။ အအေးသောက်ရင် sugar တွေ အများကြီးပါတယ်။ Sugar တွေကလူကို ဝစေတယ်။ ဒါကြောင့် ငါတို့ကမသောက်တာလေ။ နင်သောက်ချင်ရင်သောက်ပါ။ ငါတို့ကနင့်ကိုမတားမြစ်ပါဘူး”စံပယ်က ဝင်ရောက် တောင်းပန်ရင်းရှင်းပြသည်။ “ငါကတော့ Hop Pot လည်း အဝစားမယ်။ အအေးလည်းသောက်မယ်” “သောက်လည်းသောက်ပါ။ စားလည်းစားပါ မမဘုရားရယ်”ခွာညိုတစ်ယောက် လက်အုပ်လေးချီပြီး ကြည်ပြာကိုလှမ်းပြောလိုက်သည်။ ခေါင်းလေး တောင် ငုံထားလိုက်သည်။ သူငယ်ချင်း ၃ ယောက် ခွာညိုကို ကြည့်၍ ရီနေလိုက်ကြသည်။ သူငယ်ချင်းတွေကြားထဲတွင်ရှိနေသောတင်းမာမှုများကပျောက်ကွယ်သွားလေသည်။ “နင်တို့ ပုစွန်ကော်ပျံ့ ကြော်လေးမစားကြဘူးလား။ ”ရှေ့တွင်ရှိသောကော်ပျံကြော်လေးကိုဘယ်သူမှမနှိုက်၍ မေးလိုက်ခြင်းဖြစ်သည်။ “ငါတစ်ခုစားတယ်လေ”နီလာကသူစားကြောင်းပြန်ပြောသည်။နီလာတစ်ယောက် ပထမဆုံးအကြိမ် ဝင်ပြောလိုက်သည်။ “weight ချနေတဲ့ အချိန်မို့လို့ ငါကကြော်ထားတဲ့ အစားအစာတွေမှန်သမျှ မစားဘူး” ခွာညိုက ပြန်ရှင်းပြသည်။ ကြည်ပြာကဘာမှ မပြောပဲမျက်စောင်းချည်းခဏခဏထိုးနေသည်။ တော်သေးတာပေါ့။ ကြည်ပြာသာနဂါးဆိုလျှင် သူတို့ ၃ ယောက် ပြာဖြစ်နေတာ ကြာနေလောက်ပြီ။ “ငါမသိလို့မေးစမ်းပါရစေဦး။ weight ချနေတဲ့ နင်တို့တွေ ဘာတွေ စားပြီးဘာတွေ မစားကြတာလဲပြောကြစမ်းပါဦ။ ”
ကြည်ပြာတစ်ယောက် ခွာညိုကိုလှမ်းမေးသည်။ “ငါတို့အသက်တွေလည်းမငယ်တော့ဘူး။ ငယ်ငယ်တုန်းကလိုမျိုးစားချင်တာစားလို့မရတော့ဘူး။ စားလိုက်တာနဲ့ အဆီကတက်လာပြီ။ ဒါကြောင့် အစားကိုထိန်းစားရတယ်။ ဗိုက်ပြည့်ပြီးတင်းကားနေအောင် ငါတို့အရွယ်တွေမှာမစားသင့်တော့ဘူး။ တော်ရုံပဲကောင်းတယ်။ Buffet လိုဆိုင်မျိုးဆိုရင် weight ချနေတဲ့သူတွေ မစားသင့်တဲ့ဆိုင်မျိုးပဲ။ Buffet လို့ပြောရင်လူတွေက အဝအပြဲစားကြတယ်။ငါတို့ကတော့ ဗိုက်လည်း ပြည့်ရုံပဲစားတယ်။ စားတဲ့အခါမှာလည်းဆီများတဲ့အစာတွေကိုတတ်နိုင်သလောက်ရှောင်တယ်။ ကြော်ထားတာတွေဆိုရင်လုံးဝမစားဘူး။
အများအားဖြင့် ဆီနည်းတဲ့ အစားအစာ၊ ပြုတ်ထားတဲ့အစားအစာကိုပဲအများဆုံးစားတယ်။ အိမ်မှဆိုရင်တော့ အရွက်ကြော်တွေ စားတာများတယ်။ ဒီလိုမျိုးညဖက်ဆိုရင် အသီးအနှံပဲစားတော့တယ်။” “နင်တို့စားနိုင်လား” ကြည်ပြာတစ်ယောက် အံသြော်တကြီးမေးလိုက်သည်။ “စားနိုင်လို့ ငါတို့စားနေတာကြာပြီလေ။
ဒီလိုမျိုးခန္ဓာကိုယ်ကို ထိန်းထားတာဒီလိုအစားအသောက်လေးတွေကိုမစားပဲနေလို့ပေါ့။” “အားကစားမလုပ်ပဲအစားလျော့နေကြတယ်။” ကြည်ပြာကပန်းကန်ထဲမှဝက်သားတုန်းလေးကို ပါးစပ်ထဲထည့် ရင်းပြောလိုက်သည်။ “ငါတို့ကိုလည်း ကြည့်ဦးလေမနက်အစောကြီးရုံးသွား။ ရုံးကပြန်ရောက်ရင် ၆ နာရီကျော်နေပြီ။ တစ်နေကုန်ပင်ပန်းထားတာရော Bus ကားတိုးစီးထားရတာကြောင့် Gym လည်းသွားမကစားချင်တော့ပါဘူး။ ဒါကြောင့် အစားအသောက်လေးထိန်းထားလိုက်တယ်။ နေ့လည်နေ့ခင်းဆိုရင်လည်းရုံးမှာထမင်းစားပြီးရင်လမ်းခဏခဏလျောက်ပေးတယ်။ ဗိုက်မပူအောင်လို့ပေါ့” ခွာညိုတစ်ယောက် သူ့အယူအဆများကို ကြည်ပြာနားလည်အောင်ရှင်းပြနေသည်။
ကြည်ပြာတစ်ယောက် အိုးထဲကိုဇွန်းနှင့်မွေရင်း “နင်တို့လိုမျိုးလေးငါလည်းပိန်တော့ ပိန်ချင်သား။ ဒါပေမဲ့ ငါကဗိုက်ပဲအမြဲဆာနေတာခက်တယ်။ Gym လည်းသွားကစားဖို့အချိန်မပေးနိုင်ဘူး။ အားကျပါတယ်ဟာနင်တို့ကို။ ဒီလိုမျိုးအစားတွေရှောနိုင်တာကိုလည်းချီးကျူးပါတယ်” “ကြိုးစားကြည့်ပေါ့ သူငယ်ချင်းရာ”စံပယ်တစ်ယောက် ကြည်ပြာကိုအားပေးလိုက်သည်။ “ အေးငါနက်ဖြန်ကစပြီးကြိုးစားကြည့်မယ်” လို့ ကြည်ပြာတစ်ယောက် သူငယ်ချင်းများကိုပြောပြီးအိုးထဲက နောက်ဆုံးဝက်သားဖတ်လေးကို ဆယ်ပြီးပန်းကန်ထဲသို့ ထည့်လိုက်လေသည်။ ကျန်သူငယ်ချင်းများကအချင်းချင်းမျက်စပစ်ကာ ပြုံးစစနှင့်။ စနေညနေခင်းလေးကားသာသာယာယာ။ လေလေးလည်းတဖြူးဖြူးတိုက်ခတ်လို့ ကြည်ပြာတို့ ဝိုင်းမှ ရီသံများကလေထဲတွင် တလွင့်လွင့်။
Author: Dr.AMS