ချွေးပေါက်ကျယ်နေပြီလား
ချွေးပေါက်ကျယ်ခြင်းကြောင့် အဆင်မပြေ အသားရည် မလှတာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် အမျိုးသမီး များဟာ အမျိုးသားများထက်ပိုပြီး ဂရုစိုက်ရပါတယ် ။ ချွေးပေါက်ကျယ်ပြီး အညစ်အကြေးတွေး ပိတ်ရင် ဝက်ခြံပေါက်လာပြီး အသားရည် မလှနိုင်တော့ပါဘူး ။
အဲလို မဖြစ်အောင် အသားရည်ကို သေချာ ထိန်းသိမ်းရအောင်နော် ။ အသားအရေထိန်းချုပ်မှုမှာ မျက်နှာကို သန့်စင်တာက ပထမအဆင့်ဖြစ်ပြီး ဒုတိယအဆင့်ကတော့ တိုနာလိမ်းတာပဲဖြစ်ပါတယ်။ တိုနာကို မျက်နှာသန့်စင်ပြီးချိန်နဲ့ အစိုဓာတ် ခရင်မ်မလိမ်းခင်အချိန်မှာလိမ်းသင့်ပြီးအသားအရေထဲကိုစိမ့်ဝင်ရောက်ရှိစေနိုင်ပါတယ်။
မျက်နှာသန့်စင်ပြီး လိမ်းတဲ့တိုနာရည်ဟာ အရေပြားရဲ့ သဘာ၀ pH ဓာတ်ကို ထိန်းပေးပါတယ်။ အရေပြားရဲ့ pH ဓာတ်က ၄ ဒသမ ၅ (4.5) ရှိနေမှ ပုံမှန်ရှိ နေတာပါ။ တစ်ချို့သန့်စင်ဆေးတွေကြောင့် အရေပြားရဲ့ pH က ၁၄ အထိရောက်သွားနိုင်တဲ့အတွက် pH မျှခြေ ပျက်ပြယ်သွားပြီး အသားအရေခြောက်သွေ့တာနဲ့. မာတင်းတာတို့ဖြစ်တတ်ပါတယ်။
တိုနာရည် (Toner) ဟာ အသားအရေကိုအစိုဓာတ်ပြန်ဖြည့်ပေးပြီးအသားအရေစိုပြည်နူးညံ့ချောမွေ့စေပါတယ်။ တိုနာလိမ်းတာကြောင့် အသားအရေနူးညံ့တာ၊ အရေးအကြောင်းပါးပါးကို လျော့ပါးစေတာ၊ ရောင်ရမ်းမှုလျော့နည်းတာ၊ အဆီနဲ့ အညစ်အကြေးတွေကင်းစင်တာနဲ့ မျက်နှာပေါ်က မိတ်ကပ် အကြွင်းအကျန်တွေ ကင်းရှင်းတာစတဲ့ ကောင်းကျိုးတွေ ရရှိတတ်ပါတယ်။
ချွေးပေါက်ထဲက အဆိပ်အတောက်တွေကို ကင်းစေပြီး ချွေးပေါက်ကို ကျဉ်းစေပါတယ်။ မျက်နှာသစ်ပြီး တိုနာရည်ကို ဂွမ်းစဆွတ်လိမ်းတာကြောင့် မျက်နှာပေါ်က အဆီတွေကို ကင်းစင်စေတဲ့အတွက် ဝက်ခြံမပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
တိုနာက အသားအရေကို ရေဓာတ်ပြည့်ဝစေပါတယ်။ တိုနာကြောင့် အသားအရေစိုပြည်စေဖို့ အယ်လ်ကိုဟော မပါဝင်တဲ့ အမျိုးအစားကို ရွေးချယ်ပါ။ အဆီတုန်း၊ အမွှေးနံ့၊ မန်သော် စတာတွေပါရင်လည်း အသားအရေကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတာကြောင့် ရှောင်ပါ။ တိုနာလိမ်းတဲ့အခါ ဝါဂွမ်းစကို တိုနာရည်ဆွတ်ပြီးမျက်နှာနဲ့ လည်ပင်းအနှံ့ သုတ်လိမ်းပါ။
နူးညံ့တဲ့ မျက်ဝန်းတစ်ဝိုက်ကို ရှောင်ရပါမယ်။ ချွေးပေါက်ကျယ်ပြီး ဆဲလ်သေတွေကျန်တာများနေရင် အသားရည်က မွဲခြောက်ခြောက်ဖြစ်မယ်။ မိတ်ကပ်သေချာ မဖျက်ရင်၊ အသက်မကြီးခင် အရွယ်မလွန်ခင် အရေပြားက အိုမင်းလာပါလိမ့်နော်။ အရေပြားကို ဂရုစိုက်ကြပါလို့။
Dr.Z