အသက်ရှုစဉ် ကျောအောင့်ရင် ဘာဖြစ်နိုင်သလဲ
အသက်ရှုသွင်းလိုက်စဉ် ကျောအောင့်သော ခံစားမှုလက္ခဏာသည် ရောဂါကြီးတစ်ခုရဲ့သင်္ကေတပါ။ နာကျင်မှုသည် စူးရှမူတစ်ခုသာ ဖြစ်နိုင်သော်လည်း အဆုတ်ရောင်ရမ်းခြင်း သို့မဟုတ် အဆုတ်ကင်ဆာဖြစ်သည်အထိ ဖြစ်နိုင်ချေရှိပါတယ်။ အသက်ရှုစဉ် ခါးနာခြင်းအပြင် မောခြင်း၊ ရင်ဘတ်အောင့်ခြင်းများဖြစ်ပါက နှလုံးထိခိုက်ခြင်း၊ အဆုတ်သွေးကြောလေဝင်ခြင်း စသောအရေးပေါ်ကုသမှု ပြုလုပ်ရန် လိုအပ်ပါတယ်။
ဖြစ်နိုင်သောအကြောင်းရင်းများမှာ ………..
(1) ကျောရိုးစောင်းခြင်း
အသက်အရွယ်မျိုးစုံတွင် ဖြစ်နိုင်သော်လည်း အသက်ငယ်ရွယ်သူများတွင် အဖြစ်များပါတယ်။ ကျောရိုးသည် ကွေးပြီး အဆုတ်ပေါ်ဖိထားသောကြောင့် အသက်ရှုရခက်သည့် အဖြစ်ကို ခံစားရနိုင်ပါတယ်။ ကျောရိုးစောင်းခြင်းကြောင့် ခါးနာခြင်း၊ ခြေလက်ထုံကျင်အားနည်းခြင်း၊ မတ်တပ်ရပ်ရန် လမ်းလျောက်ရန်ခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်နိုင်ပါတယ်။
(2) နှလုံးထိခိုက်ခြင်း
နှလုံးသွေးကြောပိတ်ကာ နှလုံးထိခိုက်ပါက အသက်ရှုစဉ် ကျောအောင့်ခြင်းကို ခံစားရနိုင်ပါတယ်။ အသက်အန္တရာယ် ထိခိုက်နိုင်သောကြောင့် အရေးပေါ် ကုသမူခံယူရန် လိုအပ်ပါတယ်။ ရင်ဘတ်အောင့်ခြင်း၊ မောပန်ခြင်း၊ ပျို့အန်ခြင်းစသည်တို့ ခံစားရနိုင်ပါတယ်။အရေးပေါ်ကုသမှုခံယူရန် လိုအပ်ပါတယ်။
(3) ဝခြင်း
ကိုယ်အလေးချိန်များခြင်းကြောင့် အသက်ရှုသောအခါ ကြွက်သားများကျုံ့ဆန့်ရန်ခက်ခဲကာ၊ နာကျင်မှုဝေဒနာ ခံစားရနိုင်ပါတယ်။ ကိုယ်အလေးချိန်ထိန်းရန် လိုအပ်ပါတယ်။
(4) အဆုတ်ကင်ဆာ
အမေရိကန်ကင်ဆာဌာနအဆိုအရ အဆုတ်ကင်ဆာသည် စောပိုင်းကာလအတွင်း လက္ခဏာမပြတတ်ပါ။ အများအားဖြင့် အသက်ပြင်းပြင်းရှုစဉ် ချောင်းဆိုးခြင်းသည် ရင်ဘတ်အောင့်ခြင်းကို ပိုဆိုးစေပါတယ်။ အခြားနေရာများသို့ ကင်ဆာပြန့်နှံ့ပါက ကျောအောင့်ခြင်း၊တင်ပါးနာခြင်းများကို ခံစားရနိုင်ပါတယ်။ အဆုတ်ကင်ဆာသည် ကျောရိုးအာရုံကြောများဖိထားလေ့ရှိသောကြောင့် ခါးနာတတ်ပါတယ်။ ချောင်းဆိုးခြင်း၊ သွေးပါခြင်း၊ မောခြင်းအသက်ရှုရခက်ခြင်း၊ အသံဝင်ခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။
(5) ကျောရိုးအရှေ့ဘက်သို့ ကွေးခြင်း
ထိခိုက်ဒဏ်ရာရခြင်းနှင့် အသက်ကြီးသောကြောင့် ကျောရိုးအရှေ့ဘက် ကွေးနိုင်ပါတယ်။ခါးနာခြင်း၊ ရောင်ရမ်းခြင်းနှင့် ဟန်ချက်မညီခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။ ကုသမှုသည် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ခွဲစိတ်ကုသခြင်း စသည်ဖြင့်ပြုလုပ်သင့်ပါတယ်။
(6) အဆုတ်သွေးကြောပိတ်ခြင်း
အဆုတ်သွေးကြောပိတ်ခြင်းသည် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ အရေးပေါ် အမြန်ဆုံးကုသရန် လိုအပ်ပါတယ်။
(7) အဆုတ်အမြှေးပါးရောင်ခြင်း
အဆုတ်အမြှေးပါးရောင်ခြင်းသည် ပခုံးနှင့် နောက်ကျောအောင့်စေပါတယ်။ အသက်ရှုရ ခက်ခဲနိုင်ပါတယ်။ အဆုတ်အမြှေးပါးရောင်ခြင်း ဖြစ်စေသော အကြောင်းရင်းများ ပေါ်မူတည်၍ ကုသမှု ခံယူသင့်ပါတယ်။
(8) အဆုတ်ပွခြင်း
ပိုးဝင်ခြင်းကြောင့် အဆုတ်ပွလျင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ခံစားရနိုင်ပါတယ်။
ထို့ကြောင့် ချောင်းဆိုးစဉ် ကျောအောင့်ခြင်းသည် အလွန်အမင်းနာကျင်ပြီး နာတာရှည်ဖြစ်ပါက သေချာဆရာဝန်ပြပါ။ ခြေလက်ထုံကျင်မှုပါဖြစ်ပါက ပိုမိုအရေးကြီးပါတယ်။
Dr. Pyae Shin