မမတို့ ညီမလေးတို့ ကိုကိုတို့ မောင်လေးတို့ရေ.. အိမ်တွင်းဆေးစွမ်းကောင်းလေးတွေနဲ့ စိတ်ညစ်စရာကောင်းတဲ့ ဝက်ခြံတွေ ဝက်ခြံအမာရွတ်တွေကို ကုကြရအောင်နော်။
၁) ပျားရည်၊ သံပုယိုရည် မျက်နှာပေါင်းတင် Mask
– ဘက်တီးရီးယားပိုးကို သေစေနိုင်တဲ့ ပျားရည်ရယ် သံပုယိုရည် အနည်းငယ်ကို ရောပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချပေးပါ။
၂) ပန်းသီးရှာလကာရည်
– ပန်းသီးရှာလကာရည် တစ်ဆနှင့် သောက်ရေသန့် သုံးဆကို ရောပြီး တိုနာလိမ်းသော ဝါဂွမ်းကို စိမ်ကာ မျက်နှာပေါ် ၁၀ မိနစ်ခန့် ကပ်ပေးနိုင်ပါတယ်။ ပြီးတော့ ရေဆေးချပါရှင်။
၃) လက်ဖက်စိမ်းရည်
– လက်ဖက်စိမ်းရည်ကို တိုနာ ဝါဂွမ်းလေးနဲ့စိမ်ပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့်ကပ်ပေးနိုင်သလို တိုနာအစားထိုးလည်း နေ့စဉ်သုံးပေးနိုင်ပါတယ်။ ရေပြန်ဆေးချစရာ မလိုပါဘူးမော်။
၄) ငှက်ပျောသီး မျက်နှာပေါင်းတင် Mask
– သီးမွှေးငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတာမို့ ယောင်ယမ်းတာတွေကို သက်သာစေပါတယ်။ သီးမွှေးငှက်ပျောသီးကို ပျားရည်နဲ့ ရောမွှေပြီး မျက်နှာပေါ် ၁၀ မိနစ်ခန့် လိမ်းပြီး ရေဆေးချပေးပါ။
၅) အုန်းရည်
– တိုနာလိမ်းတဲ့ဝါဂွမ်းနဲ့ အုန်းရည်ကိုစိမ်ပြီး ၁၀ မိနစ်ခန့်ကပ်ပေးနိုင်သလို တိုနာအစားထိုးလည်းသုံးပေးနိုင်ပါတယ်။ ရေပြန်ဆေးချရန်မလိုပါဘူးနော်။
>>> ဝက်ခြံ အမာရွတ်နဲ့ ဆဲလ်အသေဖယ်ရှားဖို့ Scrub လုပ်နည်းကတော့ …
– ပျားရည်၊ သံပုယိုရည်၊ သံလွင်ဆီ၊ သကြားညိုတို့ကို ရောပြီး မျက်နှာကို စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ ပွတ်ပြီး ရေဆေးချပေးပါ။ ဆဲလ်သေကင်းရှင်းတဲ့ နုနယ်လန်းဆန်းတဲ့ အသားအရည်လေး ရမှာပါ။
>>> ဝက်ခြံအမာရွတ်နဲ့ အသားအရည် မညီတာတွေအတွက်
– အာလူးပါ။ ပါးပါးလေးလှီးပြီး ကပ်ပေးနိုင်သလို အာလူးအရည်ကျိတ်ထားတဲ့ အနှစ်ကို ဝက်ခြံအမာရွတ်တွေပေါ် လိမ်းပေးထားနိုင်ပါတယ်။
>>> အသားအရေကို ရေဓာတ်ပြည့်ဝစေဖို့ကတော့
– ရှားစောင်းလက်ပတ်ပင်က လတ်လတ်ဆတ်ဆတ် အနှစ်ကို သော်လည်းကောင်း၊ ရှားစောင်းလက်ပတ်ဂျယ်လ် သော်လည်းကောင်း၊ ဝါး၊ ကြာပန်း စတာတွေကနေ ထုတ်ထားတဲ့ Soothing gel ကိုသော်လည်းကောင်း လိမ်းပေးနိုင်ပါတယ်။ ဝက်ခြံသမားတွေအတွက် အဆီမပြန်ဘဲ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ သဘာဝလက်ဆောင်မွန်ပါ။
>>> ဇင့်ဓာတ်နဲ့ ငါးကြီးဆီ
– ဒါကတော့ လိမ်းဖို့ မဟုတ်ဘူး။ မှီဝဲဖို့ပါ။ ယောင်ယမ်းတာတွေကို ကာကွယ်ပေးနိုင်တဲ့ ဇင့်ဓာတ်ကြွယ်ဝသော အသီးအနှံနဲ့ အားဆေးတွေကို မှီဝဲပေးပါ။ omega 3 fatty acid ကြွယ်ဝတဲ့ ငါးကြီးဆီကလည်း ဝက်ခြံအတွက် ဆေးစွမ်းတစ်လက်ပါပဲနော်။
နောက်ဆုံး အနေနဲ့ ဝက်ခြံသမားတွေ အသားအရည်ထိန်းသိမ်းပစ္စည်းတွေ ဝယ်ယူရင် salicylic acid, tea tree oil, green tea စတာတွေကို အခြေခံပြီးထုတ်လုပ်ထားတာတွေကို ရွေးချယ်ပါလို့ အကြံပေးပါရစေနော်။
ဝက်ခြံလေးကင်းပြီး တူတူလှကြရအောင်..
Scarlette(ဆေး၁)