အပြုံးလေးတွေ ဖြူစင်ဝင်းလက်နေစေဖို့
ဟိုရက်ကမှ သူငယ်ချင်းတွေဆုံတုန်း ရီစရာတွေပြောတော့မှ သူငယ်ချင်းထဲက သွားဆရာဝန်တစ်ယောက်ရဲ့ သွားလေးတွေ အရမ်းလှလို့ မေးကြည့်မိတယ်..
– “ဆရာရဲရေ.. ဆရာရဲကတော့နော် Dentist လို့မပြောရဘူးသွားလေးတွေဖြူဖွေးနေတာပဲ treatment တွေယူထားတာလားဆရာရေ..”
– “မဟုတ်ရပါဘူးဗျာ ငါကသွားဆရာဝန်သာလုပ်သာ သဘာဝနည်းနဲ့သွားဖြူတာကိုပဲ ပိုအားပေးတာ။ ပိုက်ဆံတတ်နိုင်ရင်တော့ Treatment ယူတာကောင်းပေမဲ့လည်း သဘာဝနည်းကိုတော့ ငါကပိုအားပေးတယ်..”
– “ငါတို့ကိုလည်းပြောပြဦးလေဘာတွေလုပ်ရမှာတုန်း??”
– ” ငါကတော့တစ်ပါတ်တစ်ခါတော့ ဒီနည်းလေးတွေလုပ်တယ် နင်တို့မိန်းကလေးတွေ မျက်နှာပေါင်းတင်သလို့ပေါ့.. ငါလည်းအမြဲသွားကို ပေါင်းတင်တယ်ဟီးဟီး..
– ပထမဆုံးနည်းက ဆနွင်း၂ဆနဲ့ အုန်းဆီတစ်ဆကိုရော၊ ပြီးတော့ သွားမှာပွတ်ပေး၊ ၂ မိနစ်လောက်ဝါထိန်နေလို့တော့ လန့်မသွားနဲ့နော်.. ဆနွင်းအစွမ်းကအံ့မခန်းဗျ၊ ပြီးရင်သွားတိုက်တံနဲ့ပြန်တိုက်ရုံပဲ။
– နောက်တစ်နည်းကတော့ ခုနွေရာသီမှာ ပေါပေါသီသီရတဲ့ strawberry ဗျာ၊ စတော်ဘယ်ရီမှာပါတဲ့ phyto flavonoids က သွားကို ဖြူဖွေးစေတယ်၊ ချေးညော်ကင်းစေတယ်လေ.. strawberry လေးကိုချေပြီး သွားကိုပွတ်ပေးထားရုံပဲ၊ ၁၀မိနစ်လောက်ုကာမှ ပလုတ်ကျင်းရုံပါပဲ..
– နောက်ဆုံးနည်းကတော့ ငှက်ပျောသီးအခွံ၊ ငှက်ပျောသီးခွံနဲ့ သွားကိုပွတ်ပေးရမှာ.. ငှက်ပျောခွံမှာပါတဲ့ အဖန်ဓာတ်က သွားကို ဖြူဖွေးစေတယ်လေ.. ပိုက်ပိုက်လည်းသက်သာတာပေါ့..
အမှန်တော့ သွားကျန်းမာရေးကို အမြဲဒီလိုလေး လွယ်လွယ်ကူကူသက်သက်သာသာနဲ့ ထိန်းသိမ်းရင်အကောင်းဆုံးပဲ..”
– “ဟုတ်ပါပြီဆရာရဲရေ.. ငါတို့လည်း နင့်နည်းလမ်းတွေ လိုက်လုပ်ရင် နင့်ဆီလာပြစရာမလိုတော့ဘူးပေါ့နော်..ဟဲဟဲ..”
– ” အေး ငါ့လျှို့ဝှက်နည်းတွေပြောပြမိတာ ငါတော့ထမင်းငတ်တော့မယ်”
ကဲအားလုံးပဲ သွားဆေးခန်းသွားစရာမလိုပဲ သွားလေးတွေ ဖြူဖွေးနေအောင် ဒီနည်းလမ်းလေးတွေလိုက်လုပ်ကြတာပေါ့နော်.. အပြုံးလေးတွေ ဖြူစင်ဝင်းလက်နေစေဖို့လေနော်..
Scarlette (ဆေး၁)