fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အအေးမိတာလား တုပ်ကွေးကွေးတာလား

103
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/07/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အခုလို ရာသီအကူးအပြောင်းကာလ မနက်အိပ်ရာအထမှာ ခေါင်းကိုက်နှာစေးနှာမွှန်တာ လည်ချောင်းနာတာတွေဖြစ်ပြီး ကိုယ်လက်တွေကိုက်ခဲကာ ဖျားချင်သလိုဖြစ်နေပါသလား။ ဟုတ်ကဲ့။ဒီလိုတွေဖြစ်နေတယ်ဆိုရင် သင်ဟာ ရိုးရိုးအအေးမိတာလည်းဖြစ်နိုင်သလို တုပ်ကွေးဖြစ်တာလည်းဖြစ်နိုင်ပါတယ်။

တချို့သူတွေအနေနဲ့ ရိုးရိုးအအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာကို အတူတူလို့ထင်တတ်ကြပါတယ်။ ရိုးရိုးအအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာနဲ့က ခပ်ဆင်ဆင်ထင်ရပေမယ့် သေချာပြောရမယ်ဆိုရင် ရောဂါလက္ခဏာတွေက ကွဲလွဲမှုရှိပြီး နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်ခြေကလည်း ကွာခြားပါတယ်။

ဒါကြောင့်  ရိုးရိုးအအေးမိတာ နဲ့ တုပ်ကွေးကွာခြားပုံ အကြောင်းကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။ ရိုးရိုးအအေးမိတာရော တုပ်ကွေးဖြစ်တာရောက အသက်ရှုလမ်းကြောင်းကတစ်ဆင့် ဝင်ရောက်ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တာပါ။

ရိုးရိုးအအေးမိတာကိုဖြစ်စေတာကတော့ Common Cold Viruses တွေဖြစ်ပြီး တုပ်ကွေးကိုဖြစ်စေတာကတော့ Influenza Viruses တွေဖြစ်ပါတယ်။ ရိုးရိုးအအေးမိတာကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးတွေကတော့ အမျိုးအစားတရာဝန်းကျင်လောက်ရှိပါတယ်။

တုပ်ကွေးဖြစ်စေတဲ့ Influenza Viruses တွေကတော့ အများအားဖြင့် Influenza A Virus, Influenza B Virus and Influenza C Virus ဆိုပြီး သုံးမျိုးရှိပါတယ်။

ရိုးရိုးအအေးမိတာဟာ နွေ၊မိုး၊ဆောင်း ဥတုသုံးပါးမရွေး အချိန်မရွေး ဖြစ်နိုင်ပြီး ဆောင်းတွင်းမှာအများဆုံးဖြစ်လေ့ရှိပါတယ်။

တုပ်ကွေးကတော့ အများအားဖြင့် အောက်တိုဘာလကနေ မေလ အတွင်းမှာ အဖြစ်များလေ့ရှိပါတယ်။

ရောဂါလက္ခဏာအနေနဲ့ပြောရရင်

ရိုးရိုးအအေးမိတာမှာ အဖျား(ကိုယ်ပူတာ)က အများအားဖြင့် မရှိတတ်ပါ။

တကယ်လို့ အဖျားရှိခဲ့ရင်တောင်မှ ၃၈ ဒီဂရီ စင်တီဂရိတ်အောက်လောက်ပဲရှိတတ်ပါတယ်။ကိုယ်အပူချိန်များတာ (အဖျားကြီးတာ)မဖြစ်တတ်ပါ။

နှာရည်ယို၊နှာမွှန်တာ၊ချောင်းဆိုးတာ၊လည်ချောင်းနာတာ တွေအဓိကဖြစ်ပြီး

ကြွက်သားနာကျင်ကိုက်ခဲတာ၊ခေါင်းကိုက်တာတွေကတော့ အသင့်တင့်လောက်ပဲဖြစ်ပါတယ်။

အများအားဖြင့် ၄ရက် ၅ရက်လောက်ပဲကြာတတ်ပြီး နောက်ဆက်တွဲဆိုးကျိုးကြီးကြီးမားမား မရှိတတ်ပါ။

တုပ်ကွေးဖြစ်တဲ့အခါမှာတော့ ခံစားရတဲ့ ရောဂါလက္ခဏာတွေဟာ ရိုရိုးအအေးမိတာထက်ပိုပြင်းထန်ပါတယ်။

တုပ်ကွေးဖြစ်ပြီဆိုရင် အများအားဖြင့် ဖျားလေ့ရှိပြီး ကိုယ်အပူချိန်(အဖျား)က ၃၈ ဒီဂရီ စင်တီဂရိတ်ကနေ ၄၁ ဒီဂရီ စင်တီဂရိတ်ကြားမှာ ရှိလေ့ရှိပါတယ်။အဖျားကြီး(ကိုယ်အပူချိန်)မြင့်လေ့ရှိပါတယ်။

နှာရည်ယို၊နှာမွှန်၊ချောင်းဆိုးတာ၊လည်ချောင်းနာတာမျိုးတွေက ရံဖန်ရံခါမှသာ ဖြစ်လေ့ရှိပါတယ်။

အဓိကအနေနဲ့ကတော့ ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ခေါင်းကိုက်တာတွေ ပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။

ဒါ့အပြင် လူကနုံးပြီးအားမရှိသလို နွမ်းနယ်နေကာ မလှုပ်ချင်မကိုင်ချင်တာမျိုး ခံစားရတတ်ပါတယ်။

တုပ်ကွေးရောဂါဟာ စနစ်တကျကုသမှုမခံယူရင် နောက်ဆက်တွဲအနေနဲ့ အဆုတ်ရောင်တာ(နမိုးနီးယားဖြစ်တာ)၊လေပြွန်ရောင်တာ၊ထိပ်ကပ်နာဖြစ်တာ၊နားပြည်ယိုတာ ကနေ နှလုံးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲရောဂါတွေပါဖြစ်လာနိုင်တဲ့အထိ နောက်ဆက်တွဲဆိုးကျိုးတွေများပါတယ်။

ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာ တုပ်ကွေးဖြစ်ရင် ဒီဆိုးကျိုးတွေဖြစ်နိုင်ခြေများပါတယ်။

ကုသမှုအနေနဲ့ကတော့ ရိုးရိုးအအေးမိတာရော၊တုပ်ကွေးရောက ဗိုင်းရပ်စ်ပိုးဝင်ရောက်ကူးစက်တာကြောင့်ဖြစ်တဲ့အတွက် ပဋိဇီဝဆေး(ပိုးသေဆေး)တွေသောက်လို့မပျောက်ပါ။ပဋိဇီဝဆေးတွေက ဘက်တီးရီးယားပိုးတွေကိုပဲ နိုင်တာပါ။

ဒါပေမယ့် ဖျားတာ၊ညောင်းတာ၊ခေါင်းကိုက်တာ၊လည်ချောင်းနာ၊နှာစေးချောင်းဆိုးတာတွေကိုသက်သာအောင်ကတော့ ပါရာစီတမောလိုအကိုက်အခဲပျောက်ဆေးတွေသောက်တာ၊စီထရီဆင်းလိုနှာစေးပျောက်ဆေးတွေသောက်တာ၊ငုံဆေးတွေငုံတာ တွေလုပ်နိုင်ပါတယ်။

အဓိကအနေနဲ့ကတော့ အအေးမိတာဖြစ်ဖြစ် တုပ်ကွေးဖြစ်တာဖြစ်ဖြစ် ဖြစ်ရင်ကောင်းကောင်းစား အရည်များများသောက်ပြီး ကောင်းကောင်းအနားယူဖို့ပါပဲ။

ဒီလိုတွေလုပ်လို့မှမသက်သာဘူး အသက်ရှုရကြပ်လာတယ်၊ရင်ဘတ်အောင့်တာ ရင်ဘတ်ထဲကသိကအောက်ဖြစ်တာ ပိုဆိုးလာတယ်၊ခဏခဏအန်တယ်တအားအန်တယ်၊ဇက်ခိုင်သလိုဖြစ်လာတယ်၊ရုတ်တရက်မူးခနဲမိုက်ခနဲဖြစ်တယ် စသဖြင့်ဖြစ်လာတယ်ဆိုရင်တော့နီးစပ်ရာဆေးရုံဆေးခန်းအမြန်ပြဖို့လိုပါတယ်။

ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေ၊ရောဂါအခံတခုခုရှိတဲ့သူတွေ ဆိုရင်တော့ အအေးမိတာဖြစ်ဖြစ် တုပ်ကွေးဖြစ်တာဖြစ်ဖြစ် စဖြစ်ကတည်းက ဆေးခန်းပြထားတာပိုကောင်းပါမယ်။

ရိုးရိုးအအေးမိခြင်း နဲ့ တုပ်ကွေးဖြစ်ခြင်း ဖြစ်နိုင်ခြေနဲအောင်

လူထူဖုန်ထူမီးခိုးထူတဲ့နေရာတွေကိုအတတ်နိုင်ဆုံးရှောင်ပါ။အပြင်ထွက်ရင်နှာခေါင်းစည်းတပ်ပါ။

အရည်များများသောက်ပါ။လက်ကိုမကြာခဏ ဆပ်ပြာနဲ့ရေသုံးပြီး သေချာဆေးပါ။

အိပ်ရေး၀၀အိပ်ပါ။

ဗီတာမင်စီအားဆေး တနေ့တလုံးသောက်ပါ။

Dr 528

Previous Post

ဖြည့်စွက်စာကျွေးတော့မယ်ဆိုရင်

Next Post

နာကျင်ကိုက်ခဲမှုတွေနဲ့ အဝေးကြီးဝေးစေဖို့ ပြင်ရမဲ့ အမှား ၇ ခု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
835
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နာကျင်ကိုက်ခဲမှုတွေနဲ့ အဝေးကြီးဝေးစေဖို့ ပြင်ရမဲ့ အမှား ၇ ခု

သုတ်ရည်နောက်ပြန်ထွက်ခြင်း

သင့်အသားအရေကို စိုပြေဝင်းပစေမည့် သဘာဝသစ်သီးဖျော်ရည်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.