fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဘယ်လိုအပူလောင် ဒဏ်ရာမျိုးက စိုးရိမ်ရသလဲ

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/06/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

 

အပူလောင်တယ်ဆိုရင် ကျွန်တော်တို့ဆီကအများစုအနေနဲ့က ဆီပူ၊ ရေနွေးပူလောင်တာ၊ မီးပူလောင်တာတွေကိုပဲ အသိများကြပါတယ်။

တကယ်တော့ အပူလောင်ဒဏ်ရာဟာ ဆီပူ၊ ရေနွေးပူ၊ မီး နဲ့ထိတွေ့မိတာတွေကြောင့် ဖြစ်တာအပြင် လျှပ်စစ်ဓါတ်လိုက်ခံရတာ၊ မိုးကြိုးပစ်ခံရတာတာ၊ ဓါတုပစ္စည်းတွေ (ဥပမာ – အက်စစ် သို့မဟုတ် အယ်လ်ကာလီ ) နဲ့ ထိမိတာ၊ ဓါတ်ရောင်ခြည်နဲ့ ထိမိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အပူလောင်ခြင်းဖြစ်တဲ့အခါမှာ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး စိုးရိမ်ရမရ ပြောမရပါဘူး။

ဆိုလိုတာက ရေနွေးပူလောင် ဒဏ်ရာမို့လို့ မစိုးရိမ်ရဘူး။ မီးလောင်ဒဏ်ရာမို့ စိုးရိမ်ရတယ်
တန်းပြောမရပါဘူး။

အပူလောင်ဒဏ်ရာတခုရတဲ့အခါ စိုးရိမ်ရမရ အောက်ပါအချက်တွေပေါ် မူတည်ပြီး အကြမ်းအားဖြင့် သတ်မှတ်ပါတယ်။

၁။ ဒဏ်ရာရတဲ့သူရဲ့ အသက်

အသက်ငယ်လွန်း၊ ကြီးလွန်းတာဆိုရင် စိုးရိမ်ရနိုင်ပါတယ်။ (ဥပမာ – အသက် ၃ နှစ်အောက်ကလေးငယ်တွေနဲ့ အသက် ၆၀ ကျော်လူကြီးတွေပါ)

၂။ ဒဏ်ရာရတဲ့သူမှာ ရောဂါအခံတွေရှိမရှိ

အပူလောင်ဒဏ်ရာရတဲ့သူမှာ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးနဲ့ ကျောက်ကပ်ရောဂါတွေရှိရင် စိုးရိမ်ရနိုင်ပါတယ်။

၃။ ဒဏ်ရာရတဲ့နေရာ

အပူလောင်ဒဏ်ရာဟာ မျက်နှာ၊ လည်ပင်း၊ လက်ဖဝါး၊ ခြေဖဝါး၊ လိင်အင်္ဂါ လိုမျိုးနေရာတွေမှာ ဖြစ်တယ်ဆိုရင် စိုးရိမ်ရနိုင်ပါတယ်။

၄။ ဒဏ်ရာရတဲ့ပမာဏ

အပူလောင်ဒဏ်ရာပမာဏဟာ ခန္ဓာကိုယ်ရဲ့ လေးပုံတပုံခန့်ရှိရင် သို့မဟုတ် ခြေလက်လုံးပတ်တခုလုံးဖြစ်ရင် စိုးရိမ်ရပါတယ်။

၅။ အပူလောင်ဒဏ်ရာအပြင် တခြားတွဲဖက်ဒဏ်ရာတွေပါ ရှိမရှိ

အပူလောင်တဲ့အခါ အပူလောင်ဒဏ်ရာအပြင် ခေါင်းခိုက်မိတာ၊ ခြေလက်ထိခိုက်မိတာ၊ ရင်ဘတ်ပိုင်းထိခိုက်မိတာ စတဲ့တွဲဖက်ဒဏ်ရာတွေပါ ရနိုင်ပါတယ်။ အဲ့လိုမျိုး တွဲဖက်ဒဏ်ရာတွေပါရှိရင် စိုးရိမ်ရနိုင်ပါတယ်။

၆။ ဒဏ်ရာပြင်းထန်မှု အဆင့်

အပူလောင်ဒဏ်ရာမှာ ပထမအဆင့် (First degree burn)၊ ဒုတိယအဆင့် (Second degree burn)၊ တတိယအဆင့် (Third degree burn) ဆိုပြီး အကြမ်းအားဖြင့် ဒဏ်ရာပြင်းထန်မှုကို အဆင့် ၃ ဆင့်ခွဲထားပါတယ်။

ပထမအဆင့် အပူလောင်ဒဏ်ရာကတော့ ဖြစ်တဲ့နေရာမှာ အရေပြားဟာ အနည်းငယ် နီရဲတာလောက်ပဲဖြစ်ပြီး နာကျင်မှုအနေနဲ့လည်း အနည်းငယ်ပဲရှိပါတယ်။ အရေပြားအပေါ်ယံလွှာ ငါးလွှာရှိတဲ့အနက် အပေါ်ဆုံးလွှာလောက်ပဲ ထိတာပါ။ မစိုးရိမ်ရပါ။

ဒုတိယအဆင့် အပူလောင်ဒဏ်ရာကတော့ ဖြစ်တဲ့နေရာမှာ အရည်ကြည်ဖုထတာ၊ တအားနီရဲပြီး ရောင်ရမ်းနေတာ၊ ထူအမ်းအမ်းဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

အရေပြားအပေါ်ယံလွှာ ငါးလွှာရှိတဲ့အနက် ဒုတိယအလွှာ၊ တတိယအလွှာ၊ စတုတ္ထအလွှာတွေထိ ထိခိုက်နိုင်ပါတယ်။

အနည်းငယ်စိုးရိမ်ရတာလည်း ဖြစ်နိုင်သလို အသင့်တင့်စိုးရိမ်ရတာလည်း ဖြစ်နိုင်ပါတယ်။

တတိယအဆင့် အပူလောင်ဒဏ်ရာကတော့ အရေပြားအလွှာတွေအားလုံးကို ထိခိုက်တဲ့အတွက် ဖြစ်တဲ့နေရာမှာ အရေပြားကွာကျပြီး အဖြူရောင်အတွင်းသားပေါ်နေပါမယ်။

တတိယအဆင့်အပူလောင်ဒဏ်ရာက စိုးရိမ်ရပါတယ်။

ဒါ့အပြင် ဓါတုပစ္စည်းနဲ့ ထိမိတာ၊ ဓါတ်လိုက်တာတွေကြောင့်ရတဲ့ အပူလောင်ဒဏ်ရာတွေဆိုပါက ဒီ ၆ ချက်ထဲကပြောထားတဲ့ စိုးရိမ်ရတဲ့ အခြေအနေတွေမရှိခဲ့ရင်တောင် ဆေးရုံပြဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ တချို့ ဓါတုပစ္စည်းနဲ့ ထိမိတာ၊ ဓါတ်လိုက်တာတွေက အပေါ်အရေပြားမှာ ကြီးကြီးမားမားဒဏ်ရာမရှိတတ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်းကို စိမ့်ဝင်ထိခိုက်တတ်တာမျိုးကို ဖြစ်စေတတ်လို့ပါ။

အပူလောင်ဒဏ်ရာရတဲ့အခါ

– ဒဏ်ရာရတဲ့သူက အသက်မငယ်လွန်း၊မကြီးလွန်း

– ရောဂါအခံကြီးကြီးမားမားလည်းမရှိ

– မျက်နှာ၊ လည်ပင်း၊ လက်ဖဝါး၊ ခြေဖဝါး၊ လိင်အင်္ဂါ လိုမျိုးနေရာတွေမှာဖြစ်တာလည်းမဟုတ်

– ဒဏ်ရာရတဲ့ ပမာဏကလည်းနည်း

– တွဲဖက်ဒဏ်ရာလည်းမရှိ

ဒဏ်ရာပြင်းထန်မှုအနေနဲ့ကလည်း ပထမအဆင့်လောက်ပဲ ရှိတယ်ဆိုရင်တော့ ဆေးရုံဆေးခန်းပြစရာမလိုဘဲ အိမ်မှာပဲ ကုသလို့ရနိုင်ပါတယ်။

ဦးစွာ အပူလောင်ဒဏ်ရာ ရေအေးနဲ့ ၅ မိနစ် ၁၀ မိနစ်ခန့်လောင်းပါ။

ရေပိုက်ခေါင်းရှိရင် ရေပိုက်ခေါင်းဖွင့်ထားပြီး အဲ့အောက်မှာ အပူလောင်ဒဏ်ရာရတဲ့ နေရာကို ၅ မိနစ် ၁၀ မိနစ်ခန့် ထားပါ။

ဒါမှမဟုတ် ရေအေးစွတ်ထားတဲ့ တဘက်သန့်နဲ့ ၅ မိနစ် ၁၀ မိနစ်ခန့်အုပ်ထားပေးပါ။

ဘယ်လိုပဲလုပ်လုပ် တခုသတိထားရမှာက ရေခဲရေနဲ့ မလုပ်ဖို့ပါ။ ရေခဲရေသုံးရင် အရမ်းပူရာကနေ အရမ်းအေးခြင်းကို ဖြစ်စေတဲ့အတွက် အရေပြားပျက်စီးမှု ပိုများသွားစေနိုင်ပါတယ်။

ရိုးရိုးရေပဲသုံးပါ။

ရေဆေးပြီးနောက် အပူလောင်ဒဏ်ရာကို ပတ်တီးဖြတ်စ (gauze) လေးနဲ့ ချောင်ချောင်လေး ၂၄ နာရီခန့် အုပ်ထားပါ။

၂၄ နာရီပြည့်ရင် မီးလောင်ဒဏ်ရာကို ဆပ်ပြာအပျော့စားနဲ့ ရေနဲ့သေချာဆေးကာ ဘီတာဒိုင်းထည့်တာ၊ ပိုးသတ်ဆေးပါတဲ့ အရေပြားလိမ်းဆေးလိမ်းတာတွေ လုပ်နိုင်ပါတယ်။

အစိုဓါတ်ကိုထိန်းဖို့အတွက် အစိုဓါတ်ထိန်းခရမ် တခုခုလိမ်းတာ သို့မဟုတ် ရှားစောင်းလက်ပတ်ကို ရေသေချာဆေးကာ အတွင်းသားကို ယူအုံတာတွေ လုပ်နိုင်ပါတယ်။

အပူလောင်နာပေါ် ရေခဲအုံတာ၊ ထောပတ်အုံတာ၊ သွားတိုက်ဆေးအုံတာတွေ မပြုလုပ်သင့်ပါ။

မီးလောင်ဒဏ်ရာ ဒုတိယအဆင့် အရည်ကြည်ဖုထတာပါဖြစ်ခဲ့ရင် အရည်ကြည်ဖုလေးတွေကို ဖောက်မပစ်ပါနဲ့။ ခိုက်မိပြီးပေါက်သွားတာမျိုးလည်း မဖြစ်အောင် အတတ်နိုင်ဆုံး ဂရုစိုက်ပါ။

တကယ်လို့ အကြောင်းကြောင်းကြောင့် ပေါက်သွားခဲ့ရင် ဆပ်ပြာအပျော့စားနဲ့ ရေနဲ့ ညင်သာစွာဆေးပေးပြီး ပိုးသတ်ဆေးပါအရေပြားလိမ်းဆေး (ဥပမာ Bioplaceton) တခုခုလိမ်းပေးပါ။

နာကျင်မှုကိုသက်သာစေရန် Ibuprofen ဆေးကို အစာစားပြီး မနက် ၁ ည ၁ သောက်နိုင်ပါတယ်။

အရည်ကြည်ဖုကပိုကြီးလာရင်၊ အနာမှာပြည်တည်လာရင်၊ အနာရောင်ရမ်းလာရင်တော့ ဆေးခန်းဆေးရုံ ပြဖို့လိုပါမယ်။

Dr 528

Previous Post

ရင်သားပြုပြင်တော့မယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအရင်းများ

Next Post

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

တင်ပဆုံခွက်နေရာမှာ နာတဲ့အခါ

အမျိုးသားသားကြောဖြတ်ခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.