fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အိပ်မရအောင် ဆိုးတဲ့ချောင်း

1.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/05/2019
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အိပ်မရအောင် ဆိုးတဲ့ချောင်း

ရာသီဥတုကား အလွန်ပူအိုက်လှသလို ညည အိပ်ပျော်ရန်လည်း အလွန်ပင် ခက်လှသည်။ ဒီထက်ဆိုးသည်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရင်း ရုတ်တရက် ထ၍ ဆိုးလိုက်သော ချောင်းကြောင့် တညလုံး ပြန်အိပ်မရတော့ခြင်းများ ဖြစ်ပွားရခြင်းပင် ဖြစ်သည်။

အချို့သော တတ်နိုင်သူများအနေနှင့် ပူအိုက်ချိန်များတွင် အဲကွန်းများ ပန်ကာများ ဖွင့်ထားသဖြင့် အေးမြမှုကို ခံစားရနိုင်မည် ဖြစ်သော်လည်း တညလုံး ချောင်းဆိုးနေလျှင်တော့ မည်သို့မျှ ကောင်းကောင်းအိပ်ပျော်နိုင်မည် မဟုတ်တော့။

သာမန်အားဖြင့် ဆောင်းတွင်းပိုင်းများနှင့် မိုးဦးကျကာလများတွင် ချောင်းဆိုးခြင်း ပြဿနာ အများဆုံး ဖြစ်ပွားနိုင်ပြီး ယခုကဲ့သို့ ရာသီကိုလိုက်၍ ချောင်းဆိုးခြင်းများတွင် ချွဲသလိပ်ထွက်၍ ချောင်းဆိုးခြင်းမျိုးထက် ချွဲသလိပ်မထွက်ပဲ လည်ချောင်းယား၍ ဆိုးသည့် ချောင်းခြောက်ဆိုးခြင်းမျိုးကို အများဆုံးတွေ့ရှိရသည်။

စဖြစ်စတွင် သာမန် ချောင်းဆိုးခြင်းသာဖြစ်၍ နေရထိုင်ရ အဆင်မပြေခြင်းမျှသာ ခံစားရနိုင်သော်လည်း ချောင်းဆိုးချိန် ကြာလာသည်နှင့်အမျှ လည်ပင်းနာခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် အသံဝင်လာခြင်း၊ မျက်စိများ နီလာခြင်းစသည့် နောက်ဆက်တွဲများကိုပါ ခံစားလာရ တတ်သည်။

ချောင်းခြောက်ဆိုးခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းအရင်းများ

ချောင်းခြောက်ဆိုးခြင်းကို ဖြစ်ပွားစေနိုင်သော အကြောင်းအရင်း များစွာရှိပြီး အသက်အရွယ်၊ ကိုယ်ခံအားနှင့် ပတ်ဝန်းကျင်အနေအထားပေါ် မူတည်၍ တဦးနှင့်တဦး မတူညီနိုင်ကြပေ။

သာမန်အားဖြင့် အဖြစ်များစေသော အကြောင်းအရင်းများအနေနှင့်

၁။ အမှုန်အမွှားများအသက်ရှုလမ်းကြောင်းအတွင်းဝင်ခြင်း

နွေရာသီသည် ပူအိုက်လှသကဲ့သို့ လေထုအတွင်းတွင်လည်း ဖုန်မှုန်များ၊ သစ်ပင်/ ပန်းပွင့်တို့မှ ထွက်သော ဝတ်မှုန်များပါဝင်မှု အလွန်ပင် မြင့်မားလှသည်။ အထူးသဖြင့် ကျေးလတ်ဒေသများတွင် စိုက်ပျိုးလေ့ရှိကြသည့် ပဲမှုန်များ၊ စပါးအမှုန်များ လေထု အတွင်းပါဝင်မှု အလွန်မြင်မားလှသည်။

အဆိုပါအမှုန်များ အသက်ရှုလမ်းကြောင်း အတွင်း ဝင်ခြင်းကြောင့် ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် လက္ခဏာများအပြင် ဓာတ်မတည့်ခြင်း ဖြစ်တတ်သူများတွင် အခြားသော ပြင်းထန်သည့် ဓာတ်မတည့် ခြင်းကြောင့်ဖြစ်ရသည့် လက္ခဏာများလည်း ခံစားလာရ တတ်သည်။

နှစ်စဉ်နှစ်တိုင်း နွေအကုန်မိုးအကူး မိုးဦးကျရာသီတွင် နှာစေး၊ ချောင်းဆိုးဖြစ်တတ်သူများ အနေနှင့် မိမိနှင့် သင့်တော်မည့် ဆောင်ရန်/ရှောင်ရန်များကို နီးစပ်ရာ ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ကာ လိုအပ်သော ဆေးဝါးများကို ဆောင်ထားရန်လိုသည်။

၂။ ပတ်ဝန်းကျင်အရာဝတ္ထုများနှင့် ဓာတ်မတည့်ခြင်း

သင့်ပတ်ဝန်းကျင်နှင့် အခန်းအတွင်း ရှိနေသည့်ပစ္စည်းများ (ဥပမာ – အိမ်နံရံကို ဆေးအသစ်သုတ်ခြင်း၊ အိပ်ယာခင်းအသစ်ပြောင်းလိုက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်၏ အမွှေးများ၊ အိပ်ခန်းအတွင်းရှိဖုန်မှုန့်များ၊ လုပ်ငန်းခွင်မှထွက်လာသော အမှုန်အမွှားများ စသည်တို့) နှင့် ဓာတ်မတည့်လျှင် နှာချေ၊ ချောင်းဆိုးခြင်း ဖြစ်စေနိုင်သည်။

ကျန်းမာနေပြီး ရုတ်တရက် ချောင်းဆိုခြင်း ဖြစ်လာ သူများအနေနှင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် လတ်တလောပြောင်းလဲသွားသော အခြေအနေနှင့် မိမိ ဓာတ်မတည့်ခြင်း ဖြစ်နေနိုင်သည်ဟု အကြမ်းအားဖြင့် မှတ်ယူနိုင်ပြီး အိမ်အတွင်း သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ တိရိစ္ဆာန်များနှင့် ဝေးဝေးနေခြင်း၊ လုပ်ငန်းခွင်တွင် အမှုန်၊ အမွှားများ ကာကွယ်ပေးသည့် မျက်နှာဖုံးများ ဝတ်ဆင်ခြင်း စသည်တို့ ပြုလုပ် ပေးသင့်သလို ခံစားရသော ဝေဒနာကိုလိုက်၍ လိုအပ်သော ကုသမှုကိုလည်း ခံယူ သင့်သည်။

၃။ မီးခိုးမှုန်၊ ဓာတ်ငွေ့များကြောင့်ဖြစ်သော ဓာတ်မတည့်ခြင်း

ရာသီဥတုက ပူလောင်လှသလို မှတ်၊ ခြင်စသည်တို့ကလည်း ပေါလှသဖြင့် ည အိပ်ယာတွင် ခြင်ထောင်ဖြင့် မအိပ်တတ်ကြ သူများအနေနှင့် ခြင်ကိုက်ခြင်းမှ သက်သာစေရန် ခြင်ဆေးခွေ၊ ခြင်ဆေးဘူးများ အသုံးပြုတတ်ကြသည်။

အဆိုပါ ဓာတ်ငွေ့များ၊ အနံ့များနှင့် မီးစက်၊ မော်တော်ကား စသည်တို့မှထွက်သော မီးခိုးများ ကြောင့်လည်း ချောင်းဆိုးခြင်း ဖြစ်စေနိုင်သလို ချောင်းဆိုး နေသူများတွင်လည်း ပို၍ ဆိုးလာစေနိုင်သဖြင့် နှာစေး၊ ချောင်းဆိုး ဖြစ်နေသူများတွင် မိမိနှင့် သင်တော်မည့် ပုံစံကို ရွေးချယ်၍ ရှောင်ကျဉ်သင့်သည်။

၄။ ခြောက်သွေ့သော လေကို ရှုရှိုက်နေရခြင်း

ပန်ကာကို အချိန်ကြာမြင့်စွာ ဖွင့်ထားသူများနှင့် အဲကွန်းခန်းများအတွင်း တနေ့လုံး အလုပ်လုပ်နေရသူများ / အိပ်စက်သူများအနေနှင့် ခြောက်သွေ့သောလေကိုသာ ရှုရှိုက်နေရသဖြင့် အသက်ရှုလမ်းကြောင်း ခြောက်သွေ့ခြင်းမှသည် အာခေါင်များ ခြောက်သွေ့လာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပွားလာနိုင်သည်။

သို့ဖြစ်၍ အဲကွန်းအမြဲ ဖွင့်ထားတတ်သူများအနေနှင့် အခန်းအတွင်း လေထုစိုထိုင်းစကို ထိန်းညှိပေးသော ပစ္စည်းများ အသုံးပြုပေးခြင်းဖြင့် ချောင်းဆိုးခြင်းမှ သက်သာစေ နိုင်မည် ဖြစ်သလို ခြောက်သွေ့သော လေထုကြောင့် ဖြစ်လာတတ်သော အခြေအနေ များဖြစ်သည့် မျက်စိနာခြင်း၊ မျက်စိယားခြင်းများမှလည်း သက်သာစေနိုင်မည်ဖြစ်သည်။

၅။ အစာမကျေခြင်း၊ လေချဉ်တက်ခြင်း

ညအိပ်ခါနီးမှ အစားစားတတ်သူများနှင့် အစားစားရာတွင် ပမာဏ အများအပြား စားသုံးတတ်သူများတွင် အစာမကျေခြင်းနှင့် အိပ်ချိန်များတွင် လေချဉ်တက်ခြင်းများ ဖြစ်ပွားနိုင်ပြီး အစာအိမ်မှ အက်ဆစ်များ ဆန်၍တက်ခြင်းကြောင့် အစာပြွန်နှင့် လေပြွန်များ ရောင်ရမ်းခြင်းနှင့်အတူ ချောင်းဆိုးခြင်းနှင့် အသံဝင်ခြင်းများ ဖြစ်ပွားလာနိုင်သည်။

အစားများများစားပြီးနောက်ပိုင်း ချောင်းဆိုးတတ်သူများ၊ ညအိပ်ယာဝင်ချိန်မှ ချောင်းဆိုးတတ်သူများအနေနှင့် အစာကို ကျေညတ်အောင် ဝါး၍စားခြင်း၊ ဖြည်းဖြည်း စားခြင်းများ ပြုလုပ်ပေးသင့်ပြီး ညအိပ်ခါနီးမှ အစာစားခြင်းမျိုးကို ဂရုပြု ရှောင်ကျဉ် သင့်သည်။

၆။ လတ်တလော နာမကျန်းဖြစ်ထားခြင်း

တုတ်ကွေးဖြစ်ခြင်း၊ ဖျားနာခြင်း၊ မျက်စိနာခြင်း၊ နှာစေးနှာပိတ်ခြင်း စသည့်ဖြင့် လက္ခဏာများ ခံစားနေရပြီး အကြောင်းအမျိုးမျိုးကြောင့် လတ်တလော နာမကျန်း ဖြစ်နေသူများတွင် ဖျားနေစဉ်တွင် ချောင်းဆိုး၊ နှာချေခြင်းများ ခံစားရတတ်သလို ဖြစ်ပွားစေသော ဗိုင်းရပ်ပိုး အမျိုးအစားကိုလိုက်၍ အဖျားပျောက်ပြီး နောက်ပိုင်းမှ ဖြစ်သော လည်ချောင်းယား၍ ချောင်းခြောက်ဆိုးခြင်း ပြဿနာလည်း ခံစားရနိုင်သည်။

ချောင်းခြောက်ဆိုးခြင်းပြဿနာ ခံစားနေရလျှင်

မည်သည့်အကြောင်းကြောင့်ဖြစ်သော ချောင်းဆိုးခြင်း ပြဿနာကို ခံစားရသည် ဖြစ်စေ အလွန်ပင် နေရခက်လှပြီး အချိန်ကြာလာသည်နှင့်အမျှ လည်ချောင်းများ နာလာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုရ အဆင်မပြေခြင်းနှင့် တနေ့တာ လုပ်ငန်း ဆောင်တာများ မလုပ်နိုင်တော့သည်အထိ ဖြစ်လာခြင်းများ ဖြစ်ပွားလာနိုင်သည့် အတွက် မည်သူမဆို အမြန်ဆုံး သက်သာပျောက်ကင်းလိုကြသည်။

သာမန်အားဖြင့် အထက်ဖော်ပြပါ ဖြစ်ပွား စေနိုင်သော အကြောင်းအရင်းကို ဖယ်ရှားလိုက်ခြင်းဖြင့် တပတ်မှ ဆယ်ရက်ခန့်အတွင်း သက်သာပျောက်ကင်းသွားနိုင်သော်လည်း မသက်သာ သေးသူ၊ အမြန်သက်သာလိုသူများအနေနှင့် အောက်ဖော်ပြပါ နည်းလမ်းများကို ဂရုပြု လိုက်နာဆောင်ရွက်ကြခြင်းဖြင့် သက်သာစေနိုင်မည်ဖြစ်သည်။

၁။ ရေနွေးငွေ့ရှုပါ

ရေနွေးပူပူအား ခွက်အတွင်းထည့်၍ ရေနွေးငွေ့ကိုရှုခြင်းနှင့် ပရုတ်ဆီ၊ ယူကလစ်ဆီ စသည့်တို့ကို ရေနွေးပူပူထဲထည့်၍ ထွက်လာသော အငွေ့ကိုကုန်သည်အထိ ရှုရှိုက် ပေးခြင်းဖြင့် ချောင်းဆိုးခြင်း သက်သာစေနိုင်သည်။ တနေ့လျှင်နှစ်ကြိမ်ခန့် ပြုလုပ်ပေး သင့်သည်။

၂။ ဆားရည်ဖြင့် ပလုပ်ကျင်းပေးပါ

ရေနွေးကြက်သီးနွေးခန့်အတွင်း ဆားအနည်းငယ်ထည့်၍ ပလုပ်ကျင်းပေးခြင်းနှင့် ပလုပ်ကျင်းဆေးရည်များ အသုံးပြု၍ တနေ့လျှင် သုံးကြိမ်ခန့် ပလုပ်ကျင်းပေးခြင်းဖြင့် လည်ချောင်းယား၍ဆိုးသော ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းကို သက်သာစေ နိုင်သည်။

၃။ ကောင်းကောင်းအနားယူပါ

ချွေးထွက်ခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် စိတ်ဖိစီးမှုများခြင်းများကြောင့်လည်း ချောင်းဆိုးခြင်းကို ပိုဆိုးလာစေနိုင်သည့်အတွက် အားလပ်ချိန်ရွေးချယ်၍ စိတ်ရော ကိုယ်ပါ အနားယူပေးသင့်သည်။

၄။ ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်ငွေ့များကြောင့် ချောင်းဆိုးခြင်းကို ပိုဆိုးလာစေနိုင်သည့်အတွက် ဆေးလိပ် သောက်တတ်သူများ ဆေးလိပ်ဖြတ်သင့်သလို မသောက်တတ်သူများအနေနှင့်လည်း လူနေထူထပ်သော နေရာများနှင့် ဆေးလိပ်ငွေ့များကို တတ်နိုင်သမျှ ရှောင်ကျဉ်ကြရန် လိုသည်။

၅။ ရေများများသောက်ပါ

ရေဓာတ်ပြည့်ဝနေစေရန်နှင့် အာခြောက်ခြင်းမှ သက်သာစေရန်အတွက် ရေများများ သောက်ပေးသင့်သည်။ သို့ရာတွင် အေးလွန်းသောရေ(ရေခဲရေများ)၊ ဖျော်ရည်များ၊ အချိုရည်များ သောက်သုံးခြင်းကိုမူ ချောင်းဆိုးနေစဉ်ကာလအတွင်း အထူးဂရုပြု ရှောင်ကျဉ်သင့်သည်။

၆။ ခံတွင်းရှင်းစေသည့် ငုံဆေးများ ငုံပေးပါ

ငုံဆေးများ ငုံပေးခြင်းဖြင့် အာခေါင်ခြောက်သွေ့ခြင်းမှ သက်သာစေနိုင်သလို အချို့ ပိုးသတ်ဆေးပါသော ငုံဆေးများကြောင့် ပိုးမွှားများကိုလည်း သေစေနိုင်သဖြင့် လည်ချောင်းယား၍ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းကို သက်သာစေနိုင်သည်။

၇။ မသက်သာလျှင် ဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှု ခံယူပါ

အထက်ပါ နည်းလမ်းများလုပ်ဆောင်သော်လည်း နှစ်ရက်အတွင်း သိသိသာသာ သက်သာခြင်းမရှိလျှင်၊ ပိုဆိုးလာလျှင်(သို့မဟုတ်) အလုပ်အကိုင် ပျက်လောက်သည် အထိ ချောင်းဆိုးခြင်း ဖြစ်နေသူများနှင့် အခြားသော အနေရခက်သည့် လက္ခဏာများ ခံစား နေရလျှင် နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သော ကုသမှုကို အမြန်ဆုံး ခံယူ သင့်သည်။

ချောင်းဆိုးခြင်း ပြဿနာကင်းဝေးစွာဖြင့် တညတာကို ကောင်းမွန်စွာ အိပ်စက်နိုင် ကြပါစေ။

Dr. Tint Tal

Previous Post

ဒူးနာရင် ဒါတွေမလုပ်နဲ့ ဒါတွေလုပ်

Next Post

ယောက်ျားပီသစေမယ့် အစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ယောက်ျားပီသစေမယ့် အစားအစာများ

ခြေထောက်ထဲက မြောင်းတွေပိတ်တဲ့အခါ

ပုံစံမမှန်တဲ့ နို့သီးခေါင်းဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.