fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

စိတ်ဒုက္ခတော်တော်ပေးနိုင်တဲ့အရေပြားရောဂါတွေ

215
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/03/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

Alopecia areata ခေါ် ကွက်ပြီးဆံပင်ကျွတ်ခြင်း – ၂)

ပြီးခဲ့တဲ့ဆောင်းပါးမှာ နေရာကွက်ပြီးကျွတ်တဲ့ ဆံပင်ကျွတ်ခြင်း (Alopecia areata) ဖြစ်စေတဲ့အ ကြောင်းအရင်း ဖြစ်ပွားပုံစတာတွေကို ပြောပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျန်နေသေးတဲ့နေရာကွက်ပြီး ကျွတ်တဲ့ဆံပင် ကျွတ်တာနဲ့ သက်ဆိုင်တာလေးတွေကို ဆက်ပြောပြချင်ပါတယ်။ နေရာကွက်ပြီးဖြစ်တဲ့ ဆံပင် ကျွတ်တာနဲ့ရော ပြီးမှားနိုင်တဲ့ အခြေအနေတွေဆိုရင် ဒက်ပေါက်ပြီးဆံပင်ကျွတ်တာ၊ ကိုယ့်ဟာကိုယ်နှုတ် နှုတ်နေတဲ့အတွက် ဆံပင်ကျွတ်တာတွေဟာ ထိပ်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် နေရာကွက်ပြီးဖြစ်တဲ့ ဆံပင်ကျွတ် တာလို့ရောဂါ အမည်မ တပ်ခင်မှာ တခြားဖြစ်နိုင်ချေရှိတဲ့ အခြေအနေတွေမဟုတ်ကြောင်း ဦးစွာသေချာ စစ်ရမှာဖြစ်ပါတယ်။ ရောဂါမှန် အောင်သိမှ ထိရောက်တဲ့ကုသမှုပေးနိုင်မှာပါ။

နေရာကွက်ပြီးကျွတ်တဲ့ ဆံပင်ကျွတ်ခြင်းဆိုတာ သေချာပြီဆိုရင် ဘယ်လောက်ပြင်းထန်တဲ့ ဆံပင် ကျွတ်နေတာမျိုးလဲဆိုတာကို ဆက်ပြီးကြည့်ကြရမှာပါ။ ဆံပင်ကျွတ်နေတာဘယ်လောက်ကြာနေပြီလဲ၊ ဆံပင် ကျွတ်တဲ့အကွက်တွေဟာ ကျယ်လာနေသလား၊ များလာနေသလား၊ ဘယ်နေရာမှာအဓိကကျွတ်နေသလဲ စ တာတွေကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ လက်သည်း၊ ခြေသည်း ပြောင်းလဲမှုတွေနဲ့ရော ဆက်စပ်နေသ လားဆိုတာလဲကြည့်ကြရမှာပါ။

နေရာကွက်ပြီးကျွတ်တဲ့ ဆံပင်ကျွတ်တာမှာ ဆံပင်ရဲ့အမြစ်နေရာလေးတွေဟာ ပျက်စီးမသွားကြပါဘူး။ ဒါကြောင့်မို့လို့ဆံပင်ပြန်ပေါက်နိုင်တာ နှစ်ပေါင်းများစွာ ဒါမှမဟုတ် တစ်သက်လုံးကျန်ရှိနေသေးတယ်လို့ ဆိုနိုင် ပါတယ်။ တချို့လူနာတွေမှာဆိုရင် ဆံပင်ကျွတ်တဲ့အကွက်တွေဟာ အကြာကြီးနေမှတစ်ခါအသစ်ထပ်ဖြစ်တာ မျိုးလဲ တွေ့ရတတ်ပါတယ်။ တချို့တွေမှာ ဆံပင်ပြန်ပေါက်တဲ့အကွက်က ပြန်ပေါက်နေချိန်မှာ ဆံပင်ကျွတ်တဲ့အ ကွက်အသစ်တွေ ထပ်ဖြစ်နေတာမျိုးလဲ တွေ့ရတတ်ပါတယ်။ အနည်းစုသောလူနာတွေမှာတော့ ဦးခေါင်း၊ တစ်ခု လုံးကဆံပင်တွေ၊ ဒီထက်ပိုပြီး တစ်ကိုယ်လုံးက အမွှေးအမျှင်တွေကျွတ်ကုန်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အဲဒီလိုအ များကြီး ကျွတ်ကုန်ရင်တော့ သူ့ဟာသူပြန်ပေါက်ဖို့ဆိုတာတော်တော် ခက်ခဲပါလိမ့်မယ်။

နေရာကွက်ပြီးဖြစ်တဲ့ ဆံပင်ကျွတ်တာဟာ သုံးပုံတစ်ပုံကနေ တစ်ဝက်လောက်အထိသောသူတွေမှာ တစ်နှစ်အတွင်း ဆံပင်ပြန်ပေါက်ကြတယ်လို့ ဆိုပါတယ်။ အဲဒီတစ်နှစ်အတွင်းမှာတော့ ကျွတ်လိုက်ပေါက်လိုက်နဲ့ ဖြစ်နေတာမျိုး၊ တစ်ခါတည်းအပြီး ပြန်ပေါက်တာမျိုးတော့ မဟုတ်ဘူးလို့ဆိုကြပါတယ်။ အနည်းစုကတော့တစ် ခေါင်းလုံး ဒါမှမဟုတ်တစ်ကိုယ်လုံးကဆံပင်၊ အမွှေးတွေကျွတ်ကုန်တတ်ကြပြီး အဲဒီလူတွေမှာတော့ ၁၀ ရာခိုင် နှုန်းလောက်ပဲဆံပင်၊ အမွှေးပြန်ပေါက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဂျပန်မှာပြုုလုပ်တဲ့ သုတေသနတစ်ခုမှာ တော့ ဆံပင်ကျွတ်တဲ့အကွက်နည်းတဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တစ်နှစ်အတွင်းသူ့ဟာသူဆံပင်ပြန် ပေါက်ကြတာကို တွေ့ရတယ်လို့ဆိုပါတယ်။ ကလေးတွေမှာဖြစ်တဲ့ နေရာကွက်ပြီး ဆံပင်ကျွတ်တာဟာသူ့ဘာ သာသူဆံပင်ပြန်ပေါက်တဲ့ အခွင့်အလမ်းပိုနည်းတယ်လို့လဲ ဆိုကြပါတယ်။ အနောက်ဖက်ဆံစပ်မှာဖြစ်တဲ့ ဆံပင် ကျွတ်တဲ့အကွက်တွေဟာလည်း သူ့ဟာသူဆံပင်ပြန်ပေါက်ဖို့ ပိုခက်ခဲပါတယ်။ အရေပြားတုံ့ပြန်မှုများနေတဲ့အ ခြေအနေနဲ့တွဲပြီး ဖြစ်တဲ့ နေရာကွက်ဆံပင်ကျွတ်ခြင်းမှာလည်း ဆံပင်ပြန်ပေါက်နိုင်ချေဟာ ပုံမှန်ထက်နည်း တယ်လို့ဆိုကြပါတယ်။

နေရာကွက်ပြီးဖြစ်တဲ့ဆံပင်ကျွတ်ခြင်းမှာ ရောဂါသေချာလို့ လုပ်နိုင်တဲ့ဓာတ်ခွဲစမ်းသပ်မှုလေးတွေကို ဆက်ပြီးပြောပြချင်ပါတယ်။ နေရာကွက်ပြီးဖြစ်တဲ့ ဆံပင်ကျွတ်တာဟာအများစုမှာတော့ အရေပြားဆရာဝန်တွေ ကကြည့်တာနဲ့တင် ရောဂါသေချာတတ်တာမို့ အထူးအထွေဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဖို့မလိုတတ်ကြပါဘူး။ နေရာကွက်ပြီးဖြစ်တဲ့ဆံပင်ကျွတ်တာလို့ ပြောဖို့မသေချာတဲ့အခြေအနေတွေမှာတော့ အသားစယူကြည့်တာလဲ လုပ်နိုင်ပါတယ်။ ဒီအသားစစစ်ဆေးတာမှာတော့ ဆံပင်နဲ့အရေပြားအသားစ စစ်ဆေးမှုအတွေ့အကြုံရှိတဲ့ ရော ဂါဗေဒအသားစ စစ်ဆေးတဲ့ဆရာဝန်တွေကြည့်မှ တချို့သာဖြစ်ခါစလူနာတွေအတွက် ရောဂါသတ်မှတ်ဖို့အ ထောက်အကူဖြစ်မှာပါ။ တခြားပြုလုပ်နိုင်တဲ့ စမ်းသပ်စစ်ဆေးမှုတွေဆိုရင်တော့ အရေပြားကို ခြစ်ပြီးပိုးမွေး ကြည့်တာကို ဒက်ပေါက်ပြီး ဆံပင်ကျွတ်တာမျိုးရဲ့ ခွဲခြားဖို့သုံးနိုင်ပါတယ်။ အရေပြားလေးဘက်နာကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာနဲ့ ခွဲခြားဖို့ အရေပြားလေးဘက်နာရောဂါအတွက် စစ်ဆေးတဲ့သွေးစစ်တာတွေလဲ ကြည့်နိုင်ပါ တယ်။ ကာလသားရောဂါတစ်မျိုးဖြစ်တဲ့ ဆစ်ဖလစ်ကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာနဲ့ခွဲခြားဖို့ ကာလသားရောဂါ သွေးစစ်ကြည့်နိုင်ပါတယ်။ ဒီအသားစယူကာ သွေးစစ်တာတွေဟာ နေရာကွက်ပြီးဆံပင်ကျွတ်နေတဲ့သူတိုင်းအ တွက် လုပ်ဖို့လိုအပ်နေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ရောဂါအမည်တပ်ဖို့ မသေချာတဲ့အခြေအနေတွေမှာ သေချာအောင်စစ်ဆေးသင့်တယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။

နေရာကွက်ပြီးဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းအကြောင်းအတော်လေး ပြောခဲ့ပြီးပါပြီ။ အခုတော့ နောက်ဆုံးအ ပိုင်းအနေနဲ့ ကုသမှုတွေရဲ့အကြောင်းကိုထပ်ပြောပြချင်ပါတယ်။ နေရာကွက်ပြီးဆံပင်ကျွတ်တဲ့ အခြေအနေမှာ အသုံးပြုနိုင်တဲ့ ကုထုံးတွေရှိပါတယ်။ ဒါပေမယ့်ဘယ်ကုထုံးကျမှရောဂါကို လုံးဝပျောက်စေတယ်လို့ တစ်ထစ်ချမ ပြောနိုင်ပါဘူး။ ပြီးတော့ကုထုံးရဲ့ထိရောက်မှုဟာ ဆံပင်ကျွတ်ခြင်းရဲ့ ပြင်းထန်မှုအပေါ်လည်း မူတည်နေသေးပြီး အရမ်းပြင်းထန်တဲ့ဆံပင်ကျွတ်တာကို ဘယ်လိုမှထိထိရောက်ရောက်ကုသမှု မပေးနိုင်တာမျိုးလဲ ရှိနိုင်ပါသေး တယ်။ ကုထုံးတွေထဲကတချို့ကုထုံးတွေမှာတော့ ထိရောက်မှုအတွက်ပြုလုပ်ထားတဲ့ သုတေသနတွေနဲ့ ရေရှည် လေ့လာထားတာတွေရှိပါတယ်။ ဒါကြောင့် နေရာကွက်ပြီးဖြစ်တဲ့ ဆံပင်ကျွတ်တာကိုကုသရာမှာ အရေးကြီးဆုံး အချက်ကတော့လူနာ ဒါမှမဟုတ် လူနာရဲ့မိသားစု၊ ဆွေမျိုးသားချင်းတွေကို ရောဂါအကြောင်းဖြစ်နိုင်ချေ၊ ကုသ နိုင်ချေစတာတွေကို သေသေချာချာရှင်းပြထားဖို့ဖြစ်ပါတယ်။ တချို့လူနာတွေအတွက်တော့ နေရာကွက်ပြီးဖြစ် တဲ့ဆံပင်ကျွတ်တာဟာ စိတ်ဒုက္ခတော်တော်ပေးနိုင်တဲ့ အရေပြားအခြေအနေတစ်ခုဖြစ်တာကြောင့် လူနာရဲ့စိတ် ခံစားမှုကို ကိုယ်ချင်းစာပြီးရောဂါရဲ့ အကြောင်းကုသနိုင်တဲ့ကုထုံးတွေရဲ့ အကြောင်းဖြစ်လာနိုင်တဲ့ရလဒ်စတာ တွေကိုသူနားလည်သဘောပေါက်လာအောင် လက်ခံနိုင်လာအောင်စိတ်ရှည်ရှည်နဲ့ ပြောပြကြရမှာပါ။ တစ်ခါ တစ်လေမှာလူနာချင်းပြောပြတဲ့ မျှဝေတဲ့ရောဂါအကြောင်း ကုသမှုစတာတွေထက် ထိရောက်မှုရှိနိုင်တဲ့ အချက် ကိုလည်းမမေ့မလျော့သင့်ဘဲဖြစ်နိုင်ရင် ခံစားရတာတူတဲ့သူတွေကိုစုပြီး အတွေ့အကြုံဖလှယ်တာ၊ ခံစားမှုမျှေ၀ တာကိုပြုလုပ်နိုင်အောင် လုပ်ပေးကြရမှာပါ။

နေရာကွက်ပြီးဆံပင်ကျွတ်တဲ့အခြေအနေမှာ ပထမဆုံးပြောပြနိုင်တာကတော့ ဘာမှအထူးအထွေကုသ မနေဘဲ စောင့်ကြည့်နေနိုင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့အထက်မှာ ပြောပြခဲ့သလိုပဲအရမ်းမကြာသေးတဲ့ (တစ် နှစ်မပြည့်သေး) အကွက်နည်းနည်းပဲ ဖြစ်ပြီးတန့်နေတဲ့ နေရာကွက်ပြီးဆံပင်ကျွတ်နေတာတွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်ဟာသူ့ဟာသူ ဆံပင်ပြန်ပေါက်လာနိုင်တာပိုလို့ဖြစ်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့အတွက် ဆံပင်ကျွတ် သွားတာကနေ သုံးလလောက်တော့စောင့်ရနိုင်ပါတယ်။ ဒါကြောင့် ဒီသဘာဝသဘောတရားကို နားလည် အောင်ရှင်းပြလိုက်ဖို့က အဲဒီလိုလူတွေအတွက် အဓိကဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆံပင်တုစွပ်ထားဖို့ ဖြစ်ပါတယ်။ ဘယ်လိုဆံပင်ကျွတ်နေတာမျိုးပဲဖြစ်ပါစေ ဆံပင်တုစွပ်ထားလိုက်ရင်အခြားသူတွေ သတိထားမိမှာ မဟုတ်တော့ပါ။ ရေရှည်ဖြစ်နေတဲ့ အများကြီးဖြစ်နေတဲ့နေရာကွက်ပြီး ဆံပင်ကျွတ်တဲ့အခြေအနေတွေမှာတော့ သူ့ဟာသူဆံပင်ပြန်ပေါက်လာဖို့ရာ အခွင့်အလမ်းနည်းပါတယ်။ ဒီလိုအခြေအနေမှာကုသမယ်ဆိုရင်လဲ ဆံပင် ပြန်ပေါက်လာဖို့သေချာတဲ့အကြောင်း ရှင်းရှင်းလင်းလင်းသိထားနိုင်အောင် ရှင်းပြရမှာဖြစ်ပါတယ်။ စိတ်ဒုက္ခပေး နိုင်တဲ့အရေပြားအခြေအနေကို ကုသရာမှာအဓိကကျတာကတော့ ကုသရင်ဘယ်လောက်အထိ ကောင်းလာ နိုင်သလဲဆိုတာ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်လောက်အထိမျှော်လင့်ချက်ထားနိုင်သလဲဆိုတာတွေကို အရင်ဆုံးရှင်းပြဖို့ဖြစ်ပါတယ်။

နေရာကွက်ပြီးဆံပင်ကျွတ်တဲ့ အခြေအနေမှာစဦးအသုံးများတဲ့ ကုထုံးတွေအကြောင်းကို ထပ်ပြောပြပါ ဦးမယ်။ အကွက်နည်းနည်းပဲဖြစ်တဲ့ နေရာကွက်ပြီးဆံပင်ကျွတ်တာမှာ စတီးရွီုက်လိမ်းဆေးတွေလိမ်းရုံနဲ့ ဆံပင် ပြန်ပေါက်နိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ နှစ်လသုံးလလောက်လိမ်ရတာမျိုးလဲရှိပါတယ်။ အတိုင်းအဆနဲ့ သင့်တော်ရုံသာလိမ်းရမှာပါ။ အများကြီး လိမ်းနေရင်တော့စတီးရွိုက်လိမ်းဆေးနဲ့ ဘေးထွက်ဆိုးကျိုးတွေရနိုင်ပါ တယ်။ စတီးရွိုက်လိမ်ဆေးတွေဟာ တစ်ခေါင်းလုံးဒါမှမဟုတ် တစ်ကိုယ်လုံးအမွှေးအမျှင်ဆံပင်ကျွှတ်တဲ့အခါမှာ တော့ ဆံပင်၊ အမွေးအမျှင်ပြန်ပေါက်စေနိုင်မှာမဟုတ်ပါဘူး။ နေရာကွက်ပြီးဆံပင်ကျွတ်တဲ့ အခြေအနေမှာ နောက်ထပ်ထိရောက်တဲ့ကုသမှုတစ်ခုကတော့ ဆံပင်ကျွတ်နေတဲ့နေရာကို စတီးရွိုက်ထိုးထားပါ။ အပ်သေး သေးလေးဒါမှမဟုတ် အပ်မပါတဲ့အရေပြားအပေါ်ယံလွှာထဲ ထိုးသွင်းကိရိယာနဲ့ စတီးရွိုက်ထိုးဆေးတစ်မျိုးကို အရေပြားအတွင်းထဲ ထိုးသွင်းရတာပါ။ အပ်သေးသေးလေးနဲ့ ထိုးရတာဖြစ်ပြီးနေရာတစ်နေရာစီ ထိုးရတာမျိုး ဖြစ်တာမို့ အပ်ချက်ရေအများကြီးထိုးရတာမျိုးပါ။ ထိုးဆေးများသွားရင် ပြင်းအားများသွားရင်တော့ ဆေးထိုး လိုက်တဲ့နေရာက အရေပြားဟာ နည်းနည်းချိုင့်သွားတတ်ပါတယ်။ သတိထားပြီးအသုံးပြုကြရမှာပါ။ ဒီထိုးဆေး ဟာထပ်ပြီးဆံပင်ကျွတ်နိုင်တာကိုတော့ မတားဆီးနိုင်ပါဘူး။ ဆက်စပ်ပြီးဆံပင်ကျွတ်နိုင်တဲ့ အခြေအနေ၊ တစ် ခေါင်းလုံးဆံပင်ကျွတ်တဲ့အခြေအနေ စတာတွေမှာတော့ ထိုးဆေးထိုးတာဟာသိပ်ပြီးသင့်လျော်တဲ့ ကုသမှုမ ဟုတ်ပါဘူး။ Minoxidil လိုလိမ်းဆေးတွေလိမ်းပြီး ကုသတာလဲလုပ်နိုင်ပါတယ်။ ဆံပင်ကျွတ်တဲ့နေရာကျယ်ပြီး ထပ်ထပ်ကျွတ်နေတဲ့ အခြေအနေမှာတော့ စတီးရွိုက်သောက်ဆေးတွေကို သုံးကြည့်နိုင်ပါတယ်။ တချို့လူနာ တွေမှာဆံပင်ပြန်ပေါက်လာတာတွေ့ရတယ်လို့ ဆိုပါတယ်။ တချို့မှာတော့ ကျွတ်သွားတဲ့ဆံပင်အားလုံး ပြန်မ ပေါက်ဘဲတချို့တဝက်ပဲ ပြန်ပေါက်တာတွေ့ရတယ်လို့လဲ ဆိုပါတယ်။ စတီးရွိုက်သောက်ဆေးတွေဟာ ဘေး ထွက်ဆိုးကျိုးတွေရှိတာမို့လို့ အရမ်းကာရောမသောက်သင့်ဆုံးဆေးတွေထဲမှာ ထိပ်ဆုံးကပါဝင်နေတာမို့လိုအပ် မှဆရာဝန်ညွှန်ကြားမှသောက်သုံးသင့်တဲ့ ဆေးတွေဖြစ်ကြောင်း အထူးပြုလိုပါတယ်။ နေရာကွက်ပြီးဆံပင်ကျွတ် တာမှာ နောက်ထပ်သုံးနိုင်တဲ့ကုထုံးကတော့ ကိုယ်ခံအားစနစ်ကိုပြောင်းစေနိုင်တဲ့ လိမ်းဆေးတွေလိမ်းတာပဲဖြစ် ပါတယ်။ တစ်နည်းအားဖြင့်တော့ အရေပြားမှာဓာတ်မတည့်မှုဖြစ်အောင် ဖန်တီးတဲ့လိမ်းဆေးတွေလိမ်းတာဖြစ် ပါတယ်။ အရေပြားဓာတ်မတည့်မှုအသေးစားလေးတွေ ဖန်တီးဖို့ DNCB (Dinitrochlorobenzene) , DPCP (Diphenylcyclopropenone) စတဲ့လိမ်းဆေးတွေကို အသုံးပြုတာပါ။

လူနာတစ်ဝက်ကျော်မှာတော့ အနည်းနဲ့အများဆံပင်ပြန်ပေါက်ကြတယ်လို့ ဆိုပါတယ်။ ဒီကုထုံးဟာ ဘေးထွက်ဆိုးကျိုးမရှိဘူးလားလို့ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ကုထုံးမဟုတ်ဘူးလို့ ပြောရမှာပါ။ နောက်ထပ်အသုံးပြုနိုင်တာကတော့ Phototherapy ခေါ်တဲ့အလင်းကုထုံးပါ။ ခရမ်းလွန်ရောင်ခြည်ပြသပြီးကု သတာဖြစ်ပါတယ်။ ဒီနေရာမှာထပ်ပြီးပြောလိုတာကတော့ ဆံပင်တွေစွပ်တာပဲဖြစ်ပါတယ်။ ဆံပင်တုစွပ်တာ ဟာကရိကထများနိုင်ပေမယ့် တခြားဘေးထွက်ဆိုးကျိုးတော့ ဆိုးဆိုးရွားရွားမရှိနိုင်တာပါ။ မျက်ခုံးမွှေးကျွတ်နေ တဲ့သူတွေမှာတော့ ဆေးမှင်ကြောင်ထိုးပြီး ဖုံးအုပ်ထားလို့ရနိုင်ပါတယ်။ ဒါတွေကတော့ နေရာကွက်ပြီးဖြစ်တဲ့ ဆံ ပင်ကျွတ်တာမှာအသုံးပြုနေကြတဲ့ အသုံးပြုနိုင်တဲ့ ကုသမှုလေးတွေပါ။ ဘယ်ကုသမှုနဲ့ ရာခိုင်နှုန်းကြည့်ပြန် ကောင်းနိုင်သလဲလို့မေးရင်တော့ အတိအကျဖြေဖို့မလွယ်လှပါဘူး။ ကုသမှုတစ်ခုအဆင်ပြေရင် နောက်တစ်ခု ပြောင်းပြီးကုသကြည့်မှာမျိုးဖြစ်ပါတယ်။ နေရာကွက်ပြီးဆံပင်ကျွတ်တာအများစုဟာ ဆံပင်ပြန်ပေါက်ကျတာများ ပေမယ့် လူနည်းစုမှာတော့ပြန်မပေါက်တာ ပိုမိုပြီးကျွတ်လာတာစတာတွေလဲ တွေ့ရနိုင်တာပါ။ နေရာကွက်ပြီးဆံ ပင်ကျွတ်တာဟာ စိတ်ဒုက္ခတော်တော်ပေးနိုင်တာမျိုးမို့လို့ ဖြစ်လာပြီဆိုရင်ဘာတွေမျှော်လင့်ထားသင့်သလဲ၊ ဘယ်လိုကုသနိုင်သလဲဆိုတာတွေကို သဘောပေါက်နိုင်အောင်ပြောပြခဲ့တာပါ။ နေရာကွက်ပြီးဆံပင်ကျွတ်တာ ကြောင့်ဖြစ်နိုင်တဲ့စိတ်ဒုက္ခတွေ တတ်နိုင်သမျှနည်းကြပါစေလို့။

Author:ဒေါက်တာကေ (အရေပြား) Vol-8 / No-9 Healthcare Journal

Previous Post

သင်္ကြန်ကာလအတွင်း အပူလျှပ်လူနာတွေအတွက် အရေးပေါ်ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီး ပြင်ဆင်ထား

Next Post

အထက်လှန်၊ အောက်လျှော

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
871
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
849
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အထက်လှန်၊ အောက်လျှော

ဆေးရုံ

အိုမင်းလာသော မျက်စိ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.