မျက်နှာအလှကို ပြုပြင်ပေးတဲ့ အဆီထိုးခြင်းနည်းပညာ
ဂုဏ်တွေထဲမှာ အရွယ်တင်နုပျိုခြင်းဆိုတဲ့ ဂုဏ်ကလည်း အမျိုးသမီးတိုင်းနီးပါး လိုချင်ကြမဲ့ဂုဏ်တစ်ခုဆိုတာကလည်း ငြင်းလို့ရမယ် မထင်ပါဘူးနော်။
နုပျိုအောင် anti aging skincare တွေသုံးကြတယ်၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ စားကြတယ်၊ နုပျိုမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ကြတာပါပဲ။
ဟိုရက်က အမတစ်ယောက်နဲ့တွေ့တော့
– “ညီမလေးရယ်အမကလေ.. မျက်နှာလေးဖောင်းချင်တာ.. ပါးနှစ်ဖက်ကလဲ မညီတော့၊ နောက်မျက်တွင်းအောက်ကလဲ ညိုတာမဟုတ်ပဲ အသားမပြည့် အချိုင့်လိုက်နဲ့ ကိုယ့်ဘာကို confidence ကိုမရှိဘူး.. မှန်ကြည့်တိုင်း အိုဇာနေလို့စိတ်ညစ်တယ်”
– “ဟုတ်တယ်အမ.. အသက်ရွယ်ရလာတာနဲ့ လိမ်လို့မရတဲ့ ဇရာထဲမှ ာမျက်လုံးအောက်က အိုက်တွဲလာတာတွေ၊ အရေးအကြောင်းနဲ့ ငယ်ငယ်တုန်းကလို ပါးမို့မို့လေး မရှိတော့တာတွေက ထိပ်ဆုံးကပဲအမရေ..
ဘယ်လောက်ပဲ ကောင်းလှပါတယ်ဆိုတဲ့ skincare တွေသုံးသုံး ဒီလိုမျက်လုံးတို့ပါးတို့က volume
လျော့လာတာတွေကိုတော့ ပျောက်အောင် မပံ့ပိုးပေးနိုင်ဘူးလေနော်
ဒါပေမဲ့ အနာသိဆေးရှိလေနော်..
ခုအလှပရေးရာဆေးခန်းတွေမှ ာဒီလိုပြဿနာတွေအတွက် ဖြေရှင်းပေးနေတဲ့ နောက်ဆုံးပေါ် နည်းလမ်းရှိတယ်အမ..
အဲ့ဒါကတော့ အဆီထိုးခြင်းနည်းပညာတဲ့”
– “အဆီထိုးတာ???..”
– “ဟုတ်တယ်..အဆီထိုးခြင်း (lipo injection)၊ အဆီအစားထိုးထည့်ခြင်း ( lipo grafting၊lipo transfer) ၊ အဆီဖြင့်မျက်နှာတင်းရင်းစေခြင်း ( fat lifting ) စသည်ဖြင့်အမျိုးမျိုးခေါ်ကြတယ်အမ
အဆီထိုးခြင်းဆိုတာပြင်ပကအဆီတွေမဟုတ်ဘူး.. ကိုယ့်ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ခါး၊ တင်ပါး အဲ့လိုနေရာတွေက အဆီတွေကို liposuction လို့ခေါ်တဲ့ နည်းပညာနဲ့ စုပ်ထုပ်ပြီး မျက်နှာမှာ volume လိုနေတဲ့နေရာတွေကို ထိုးပေးတာအမ..”
-“ဟယ် အဲ့လိုထိုးတော့ အန္တရာယ်မရှိဘူးလား ညီမလေးရဲ့??”
– “ကိုယ့်ခန္ဓာကိုယ်ထဲက ပစ္စည်းပဲကို.. တခြား foreign body တွေထက် အများကြီး စိတ်ချရတာပေါ့။ နောက်သူက ခဏခဏထပ်လုပ်စရာမလိုပဲ long lasting ဖြစ်တယ်လေ”
– “ခွဲခန်းတွေ ဘာတွေ ဝင်ရမှာလား?? အမက ဓားအရမ်းကြောက်တာနော်..”
– “minor procedure ပဲမို့ ဓားအပ်ကြောက်တဲ့သူတွေအတွက် ပိုအဆင်ပြေတာလေ.. ခဏခဏလဲလုပ်စရာမလို တစ်ကြိမ်ထဲနဲ့လည်း ပြီးတယ်.. အစားရှောင်ရတာ၊ အလုပ်အကိုင်ပျက်တာမျိုးလဲမရှိဘူးလေ..”
– “လုပ်ပြီးပြီးချင်းရော သိသာလား??”
– “တခြား procedure တွေလို လုပ်ပြီးပြီးခြင်းမှာ အရမ်းတင်းရင်းနေတာ၊ result ရဖို့ အချိန်စောင့်ရတာမျိုးမရှိဘူးတော့ ပြောတယ်အမ.. လုပ်ပြီးတာနဲ့ သဘာဝကျကျနုနယ်တဲ့ result ကိုတန်းပြီးရစေတယ်တဲ့”
-“ကျေးဇူးပါ ညီမလေးရေ.. အမတို့လို သဘာဝနည်းနဲ့ ပြင်လို့မရတဲ့ အလှပအတွက် အခက်ခဲကြုံနေတဲ့သူတွေအတွက် ဒီလိုနည်းလမ်းတွေရှိတာ အရမ်းအဆင်ပြေတာပဲ..”
ကဲဒါဆို foreign body တွေ၊ ဓာတုပစ္စည်းတွေ ကိုယ့်မျက်နှာမှာအဝင်မခံနိုင်လို့ အလှအပအတွက် ပြုပြင်ထိန်းသိမ်းတဲ့ procedure တွေလဲလုပ်ချင်တယ်။ လုပ်လဲမလုပ်ရဲတဲ့ သူတွေအတွက် ဒီ fat transfer နည်းပညာက အရမ်းအဆင်ပြေစေမှာဖြစ်လို့ လက်တို့လိုက်ရပါတယ်နော်..
Scarlette (ဆေး၁)