fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဟိုနားကထိုး ဒီနားကကိုက်တဲ့ အကြောတက်ဝေဒနာ

873
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/03/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ဇီဝကတို႔တေတြသည္ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ ဇက္ေၾကာထိုး ခါးထိုးစသျဖင့္ ခံစားရဖူးၾကမွာပါ ။အဲ့ေတာ့ အေၾကာတက္တဲ့ေရာဂါဆိုတာ ဘာပါလဲလို႔စာဖတ္သူေတြအေနနဲ႔ သိခ်င္ၾကမွာေပါ့ ။

အေၾကာတက္ျခင္းဆိုသည္မွာ
အ႐ိုးအဆစ္မွာ ျပႆနာျဖစ္တာ မဟုတ္ဘူး ။အဓိက က ဇီဝကတို႔ရဲ႕ၾကြက္သားမွာ အ႐ြတ္ေတြမွာ နာတာ ျဖစ္တာ ။လူတိုင္းနီးပါးကေတာ့ ႂကြက္သားေတြနာဖူး ၾကမွာပဲ ။ဒါေပမယ့္ ႂကြက္သားေတြမွာ ဟိုနားကနာလိုက္ ၊ဒီနားက ကိုက္လိုက္နဲ႔ ၃လနဲ႔အထက္ ျဖစ္ေနတယ္ ၊အ႐ိုးအဆစ္ေရာင္ရမ္းေရာဂါနဲ႔ မတြဲရင္ အေၾကာတက္တဲ့ေရာဂါ ခံစားရေနၿပီလို႔ ေယဘူယ်အားျဖင့္ ေျပာႏိုင္တယ္ ။

ဘယ္သူေတြ ပိုျဖစ္လဲ ။ဘာေၾကာင့္ ျဖစ္တာလဲ ။
ငယ္႐ြယ္သူေတြမွာ အျဖစ္မ်ားတယ္ ။အမ်ားအားျဖင့္ အသက္ ၂၀ေက်ာ္ ၊၃၀၀န္းက်င္ေတြေပါ့ ။မိန္းကေလးေတြက ေယာက်ာၤးေလးေတြထက္ ေလးဆေလာက္ပိုျဖစ္တတ္တယ္ ။အထူးသျဖင့္ အလုပ္မ်ားၿပီး စိတ္ဖိအား Tension မ်ားတဲ့သူေတြ ၊အိပ္ေရးမဝတဲ့သူေတြ ၊တစ္ခါတစ္ေလက်ေတာ့ အလုပ္မမ်ားလည္း ေတာင္ေျမာက္စဥ္းစားတတ္သူေတြ ၊ကိုယ္လက္လႈပ္ရွားမႈနည္းသူေတြမွာ ပိုျဖစ္တတ္တယ္။အလုပ္မ်ားလို႔ စိတ္ဖိအားမ်ားလာရင္ ထြက္လာတဲ့ ဟိုမုန္းလ္ဓာတ္ေတြဟာ ႂကြက္သားေတြကို ေတာင့္တင္းေစတယ္ ။ဒါအျပင့္ အလုပ္ေတြဝန္ပိလို႔စိတ္ဖိအားမ်ားေတာ့ ညဘက္ေတြဆို ေကာင္းကင္း အိပ္မေပ်ာ္ေတာ့ ။ေကာင္းေကာင္း အိပ္မေပ်ာ္ေတာ့ ပုံမွန္ဆိုရင္ ညဘက္မွာ ေပ်ာ့ေပ်ာင္းေနတဲ့ ႂကြက္သားေတြဟာ သူ႔အလိုလို ေတာင့္တင္းေနေရာ ။အဲ့ဒီလို ႂကြက္သားေတြ ေတာင့္တင္း
ေတာ့ ညဘက္ဆို ခဏ ခဏႏိုး ။အိပ္မက္ေတြမက္ ။မိမိတို႔ကိုယ္တိုင္ သိခ်င္မွသိမယ္ ။စိတ္ကျဖစ္ေနတာ ။အဲ့ဒါနဲ႔ ခႏၶာကိုယ္က တစ္ခ်ိန္လုံးေတာင့္တင္းေနေရာ ။မနက္ အိပ္ရာလည္း ထေရာ ခႏၶာကိုယ္အႏွံ႔ ႂကြက္သားေတြက နာပါေလေရာ ။

အေၾကာတက္ေရာဂါရဲ႕ လကၡဏာမ်ား
ဘယ္ေနရာေတြ အေၾကာတက္တတ္သလဲဆိုရင္ ခႏၶာကိုယ္အေရွ႕ပိုင္းမွာ ဆိုရင္ လည္ပင္းေအာက္ေျခနား တစ္ဖက္တစ္ခ်က္စီ ၊ရင္ၫြန႔္႐ိုးအေပၚပိုင္းကပ္လ်က္ ေဘးတစ္ဖက္တစ္ခ်က္စီ ၊တံေတာင္ေကြးတဲ့နား ၊ဒူးဆစ္ေကြးတဲ့နားေတြမွာ ရွိတဲ့ ႂကြက္သားေတြ နာမယ္ ။ေနာက္ဘက္မွာဆိုရင္ ေခါင္းေနာက္ေက်ာဆံစနား တစ္ဖက္တစ္ခ်က္စီ ၊ပခုံးအလယ္နား တစ္ဖက္တစ္ခ်က္စီ ၊ခါး႐ိုးေအာက္ေျခ
တင္ပဆုံနား တစ္ဖက္တစ္ခ်က္စီ ၊ေပါင္ေဘး တစ္ဖက္တစ္ခ်က္စီမွာ ႂကြက္သားေတြကိုက္တတ္တယ္ ။ဒါေပမယ့္ တစ္ခါတစ္ေလက်ရင္ အဆစ္ေတြ ေလးခုထက္မက နာတတ္တယ္ ။အဆစ္ေရာင္ရမ္းျခင္းေတာ့ မရွိဘူး ။အစာအိမ္ျပႆနာေတြ (အစာမေၾက ရင္ျပည့္ရင္ကယ္ ျဖစ္သလို ၊အစာစားၿပီးတာနဲ႔ ဝမ္းသြားခ်င္သလို စတဲ့) နဲ႔လည္း တြဲေတြ႕ ရတတ္တယ္ ။

မိမိဘာသာ ဘာလုပ္ႏိုင္သလဲ ။
-သာမန္ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္ႏိုင္တယ္ ။
-ေရေႏြးအိတ္ ေရခဲဖတ္ စသျဖင့္ ကပ္ေပးႏိုင္တယ္ ။
-ေရခပ္ေႏြးေႏြးျဖင့္ ႂကြက္သားေတာင့္တင္းတာ သက္သာေအာင္ ခ်ိဳးေပးႏိုင္တယ္ ။
-ႂကြက္သားကိုက္ခဲျခင္း သက္သာေစတဲ့လိမ္းေဆးေတြ လိမ္းႏိုင္တယ္ ။
-အိပ္ေရးဝေအာင္ အိပ္ပါ ။
-စိတ္ဖိစီးမႈေလ်ာ့ပါ ။

ဘယ္အခ်ိန္မွာ မိမိ မိသားစုဆရာဝန္နဲ႔ ျပမလဲ ။
-အထက္ပါအတိုင္း လုပ္လ်က္သားနဲ႔ မသက္သာရင္
-ပိုဆိုးလာရင္
-အဆစ္ေတြနာ ၊ေရာင္ရမ္းလာရင္
-ႂကြက္သားေတြ ေရာင္ရမ္းလာရင္
မိမိ မိသားစုဆရာဝန္နဲ႔ တိုင္ပင္သင့္တယ္ ။

သင့္ဆရာဝန္က ဘာလုပ္ေပးမလဲ ။
-အ႐ိုးအဆစ္နာေရာဂါေတြ ၊ႂကြက္သားေရာင္တဲ့ေရာဂါေတြ အတြက္ ေသြးစစ္မယ္ ၊
ေရာင္ရမ္းဓာတ္ေတြ စစ္မယ္ ။လိုအပ္ရင္ ဓာတ္မွန္႐ိုက္ပါလိမ့္မယ္ ။
-ညဘက္အိပ္ေကာင္းေအာင္ ေဆးေပးမယ္ ။
-ႂကြက္သားေတာင့္တင္းတာ သက္သာတဲ့ေဆးေပးမယ္ ။
-အျပဳအမူဆိုင္ရာကုထုံး (Cognitive Behavioral Therapy) နဲ႔ ကုသေပးမယ္ ။

ေနာင္မျဖစ္ေအာင္ ဘယ္လိုႀကိဳတင္ ကာကြယ္မလဲ ။
-အဓိကက စိတ္ဖိစီးမႈ မရွိေအာင္ေနပါ ။
-ညဘက္ အိပ္ေပ်ာ္ေအာင္ အိပ္ေရးဝေအာင္ အိပ္ပါ ။
-ေခြၽးထြက္ေစမယ့္ ကိုယ္လက္လႈပ္ရွားမႈမ်ိဳးလုပ္ပါ ။
ဥပမာ -စက္ဘီးနင္းတာ ၊လမ္းေလွ်ာက္တာ စသျဖင့္ျပဳလုပ္ျခင္းျဖင့္ အေၾကာတက္ေဝဒနာမွ ကင္းေဝးႏိုင္ၾကပါေစ။

Author: ေခတ္သစ္ ဇီဝက

ဇီဝကတို့တတွေသည် တစ်ချိန်မဟုတ် တစ်ချိန် ဇက်ကြောထိုး ခါးထိုးစသဖြင့် ခံစားရဖူးကြမှာပါ ။အဲ့တော့ အကြောတက်တဲ့ရောဂါဆိုတာ ဘာပါလဲလို့စာဖတ်သူတွေအနေနဲ့ သိချင်ကြမှာပေါ့ ။

အကြောတက်ခြင်းဆိုသည်မှာ
အရိုးအဆစ်မှာ ပြဿနာဖြစ်တာ မဟုတ်ဘူး ။အဓိက က ဇီဝကတို့ရဲ့ကြွက်သားမှာ အရွတ်တွေမှာ နာတာ ဖြစ်တာ ။လူတိုင်းနီးပါးကတော့ ကြွက်သားတွေနာဖူး ကြမှာပဲ ။ဒါပေမယ့် ကြွက်သားတွေမှာ ဟိုနားကနာလိုက် ၊ဒီနားက ကိုက်လိုက်နဲ့ ၃လနဲ့အထက် ဖြစ်နေတယ် ၊အရိုးအဆစ်ရောင်ရမ်းရောဂါနဲ့ မတွဲရင် အကြောတက်တဲ့ရောဂါ ခံစားရနေပြီလို့ ယေဘူယျအားဖြင့် ပြောနိုင်တယ် ။ဘယ်သူတွေ ပိုဖြစ်လဲ ။ဘာကြောင့် ဖြစ်တာလဲ ။ငယ်ရွယ်သူတွေမှာ အဖြစ်များတယ် ။အများအားဖြင့် အသက် ၂၀
ကျော် ၊၃၀၀န်းကျင်တွေပေါ့ ။မိန်းကလေးတွေက ယောကျာၤးလေးတွေထက် လေးဆလောက်ပိုဖြစ်တတ်တယ် ။အထူးသဖြင့် အလုပ်များပြီး စိတ်ဖိအား Tension များတဲ့
သူတွေ ၊အိပ်ရေးမဝတဲ့သူတွေ ၊တစ်ခါတစ်လေကျတော့ အလုပ်မများလည်း တောင်မြောက်စဉ်းစားတတ်သူတွေ ၊ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေမှာ ပိုဖြစ်တတ်တယ်။
အလုပ်များလို့ စိတ်ဖိအားများလာရင် ထွက်လာတဲ့ ဟိုမုန်းလ်ဓာတ်တွေဟာ ကြွက်သားတွေကို တောင့်တင်းစေတယ် ။ဒါအပြင့် အလုပ်တွေဝန်ပိလို့စိတ်ဖိအားများတော့ ညဘက်တွေဆို ကောင်းကောင်း အိပ်မပျော်တော့ ။ကောင်းကောင်း အိပ်မပျော်တော့ ပုံမှန်ဆိုရင် ညဘက်မှာ ပျော့ပျောင်းနေတဲ့ ကြွက်သားတွေဟာ သူ့အလိုလို တောင့်တင်းနေရော ။အဲ့ဒီလို ကြွက်သားတွေ တောင့်တင်းတော့ ညဘက်ဆို ခဏ ခဏနိုး ။အိပ်မက်တွေမက် ။မိမိတို့ကိုယ်တိုင် သိချင်မှသိမယ် ။စိတ်ကဖြစ်နေတာ ။အဲ့ဒါနဲ့ ခန္ဓာကိုယ်က တစ်ချိန်လုံးတောင့်တင်းနေရော ။မနက် အိပ်ရာလည်း ထရော ခန္ဓာကိုယ်အနှံ့ ကြွက်သားတွေက နာပါလေရော ။

အကြောတက်ရောဂါရဲ့ လက္ခဏာများ
ဘယ်နေရာတွေ အကြောတက်တတ်သလဲဆိုရင် ခန္ဓာကိုယ်အရှေ့ပိုင်းမှာ ဆိုရင် လည်ပင်းအောက်ခြေနား တစ်ဖက်တစ်ချက်စီ ၊ရင်ညွန့်ရိုးအပေါ်ပိုင်း
ကပ်လျက် ဘေးတစ်ဖက်တစ်ချက်စီ ၊တံတောင်းကွေးတဲ့နား ၊ဒူးဆစ်ကွေးတဲ့နားတွေမှာ ရှိတဲ့ ကြွက်သားတွေ နာမယ် ။နောက်ဘက်မှာဆိုရင် ခေါင်းနောက်ကျော
ဆံစနား တစ်ဖက်တစ်ချက်စီ ၊ပခုံးအလယ်နား တစ်ဖက်တစ်ချက်စီ ၊ခါးရိုးအောက်ခြေတင်ပဆုံနား တစ်ဖက်တစ်ချက်စီ ၊ပေါင်ဘေး တစ်ဖက်တစ်ချက်စီမှာ ကြွက်သားတွေကိုက်တတ်တယ် ။ဒါပေမယ့် တစ်ခါတစ်လေကျရင် အဆစ်တွေ လေးခုထက်မက နာတတ်တယ် ။အဆစ်ရောင်ရမ်းခြင်းတော့ မရှိဘူး ။အစာအိမ်ပြဿနာတွေ (အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်သလို ၊အစာစားပြီးတာနဲ့ ဝမ်းသွားချင်သလို စတဲ့) နဲ့လည်း တွဲတွေ့ ရတတ်တယ် ။

မိမိဘာသာ ဘာလုပ်နိုင်သလဲ ။
-သာမန် အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်တယ် ။
-ရေနွေးအိတ် ရေခဲဖတ် စသဖြင့် ကပ်ပေးနိုင်တယ် ။
-ရေခပ်နွေးနွေးဖြင့် ကြွက်သားတောင့်တင်းတာ သက်သာအောင် ချိုးပေးနိုင်တယ် ။
-ကြွက်သားကိုက်ခဲခြင်း သက်သာစေတဲ့လိမ်းဆေးတွေ လိမ်းနိုင်တယ် ။
-အိပ်ရေးဝအောင် အိပ်ပါ ။
-စိတ်ဖိစီးမှုလျော့ပါ ။

ဘယ်အချိန်မှာ မိမိ မိသားစုဆရာဝန်နဲ့ ပြမလဲ ။
-အထက်ပါအတိုင်း လုပ်လျက်သားနဲ့ မသက်သာရင်
-ပိုဆိုးလာရင်
-အဆစ်တွေနာ ၊ရောင်ရမ်းလာရင်
-ကြွက်သားတွေ ရောင်ရမ်းလာရင်
မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်တယ် ။

သင့်ဆရာဝန်က ဘာလုပ်ပေးမလဲ ။
-အရိုးအဆစ်နာရောဂါတွေ ၊ကြွက်သားရောင်တဲ့ရောဂါတွေ အတွက် သွေးစစ်မယ် ၊
ရောင်ရမ်းဓာတ်တွေ စစ်မယ် ။လိုအပ်ရင် ဓာတ်မှန်ရိုက်ပါလိမ့်မယ် ။
-ညဘက်အိပ်ကောင်းအောင် ဆေးပေးမယ် ။
-ကြွက်သားတောင့်တင်းတာ သက်သာတဲ့ဆေးပေးမယ် ။
-အပြုအမူဆိုင်ရာကုထုံး (Cognitive Behavioral Therapy) နဲ့ ကုသပေးမယ် ။

နောင်မဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်မလဲ ။
-အဓိကက စိတ်ဖိစီးမှု မရှိအောင်နေပါ ။
-ညဘက် အိပ်ပျော်အောင် အိပ်ရေးဝအောင် အိပ်ပါ ။
-ချွေးထွက်စေမယ့် ကိုယ်လက်လှုပ်ရှားမှုမျိုးလုပ်ပါ ။
ဥပမာ -စက်ဘီးနင်းတာ ၊လမ်းလျှောက်တာ စသဖြင့်ပြုလုပ်ခြင်းဖြင့် အကြောတက်ဝေဒနာမှ ကင်းဝေးနိုင်ကြပါစေ။

 

Author: ခေတ်သစ် ဇီဝက

Previous Post

အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ထားရန် လိုအပ်

Next Post

အပျိုစစ် ၊မစစ် ဘယ်လိုသိ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
869
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပျိုစစ် ၊မစစ် ဘယ်လိုသိ

အမျိုးသားများတွင်ဖြစ်သော လိင်မှကူးစက်ရောဂါများ

သွေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.