အမျိုးသားတွေမှာလိင်မှ ကူးစက်ရောဂါပြဿနာတွေက ဆီးပြွန်မှအရည်ဆင်းခြင်း၊ လိင်ပတ်ဝန်းကျင် တွင်ယားယံခြင်း၊ အင်ပြင်ထွက်ခြင်း၊ လိင်တံပတ်လည်တွင် အနာပေါက်ခြင်း၊ လိင်အင်္ဂါဘေးတွင်အကျိတ်ထွက် ခြင်း၊ စအိုတွင်ယောင်ရမ်းခြင်းဆိုပြီး ရှိပါတယ်။
မေး – ဆီးလမ်းကြောင်းမှ အရည်ထွက်ခြင်းအကြောင်းရှင်းပြပေးပါ။
ဖြေ – ဆီးလမ်းကြောင်းမှ အရည်ထွက်တဲ့အဓိကရောဂါက ဂနိုလို့ခေါ်တဲ့ဆီးပူညောင်းကျရောဂါနဲ့ Chlamydia ရောဂါဖြစ်ပါတယ်။ တခြားရောဂါတွေဖြစ်တဲ့ Trichomonas, Herpes Virus ရောဂါနဲ့ Mycoplasma ဆိုပြီးတော့ ရှိပါတယ်။ ဂနိုရောဂါဆိုလျှင်ထိတွေ့ဆက်ဆံပြီး တစ်ရက်ကြာလျှင်ရောဂါလက္ခဏာ စတင်ပြသပြီး Chlamydia ရောဂါကတစ်ပတ်ကနေ လေးပတ်ကြာမှရောဂါ လက္ခဏာပြသပါတယ်။ လက္ခဏာကဂနိုရောဂါလောက်တော့ မပြင်းထန်ပါဘူး။
ရောဂါဝေဒနာခံစားရတာရယ် လိင်ဆက်ဆံမှုရှိခဲ့တယ်ဆိုတာကိုကြည့် ခြင်းဖြင့်ဒီရောဂါဖြစ်နေတယ်ဆိုတာ သိ နိုင်သလို ဆီးပြွန်ကထွက်တဲ့အရည်ကိုယူပြီး အရောင်တင်ကာအနုကြည့်မိုက်ခရိုစကုပ်နဲ့ ရှာဖွေတွေ့ရှိနိုင်ပါ တယ်။ ရောဂါပိုးမွေးပြီးတော့လည်း သိနိုင်ပါတယ်။ Nucleic Acid Amplification နည်းနှင့် Chlamydia ရဲ့ DNA ကိုရှာခြင်းဖြင့်လည်း ရောဂါရှိ/မရှိ သိနိုင်ပါတယ်။
မေး – လိင်ပတ်လည်တွင် ယားယံခြင်းနှင့်အပိန့်ထွက်ခြင်းရောဂါအကြောင်းရှင်းပြပေးပါ။
ဖြေ – ရုတ်တရက်ဖြစ်တတ်သလို၊ နာတာရှည်လည်းဖြစ်တတ်ပါတယ်။ ရောဂါပိုးကြောင့်ဖြစ်တတ်သလို ရောဂါပိုး ကြောင့်မဟုတ်ဘဲနဲ့လည်း ဖြစ်တတ်ပါတယ်။ ဆီးပြွန်ယောင်ခြင်းရောဂါ၊ မှိုရောဂါ၊ သန်းတွယ်ရောဂါ၊ ဝဲနှင်းခူ (သို့) Psoriasis ရောဂါ၊ Herpes ရောဂါနှင့်တခြားရောဂါတွေက ယားယံမှုကိုဖြစ်စေပါတယ်။
ခုခံအားကျဆင်းရောဂါ၊ ဆီးချိုရောဂါ၊ ပြင်းထန်သောပိုးသတ်ဆေးသုံးစွဲခြင်း၊ စတီးရွိုက်ဆေးဝါးသုံးစွဲခြင်းကြောင့် မှိုရောဂါစွဲကပ်တတ်ပါတယ်။ လိင်တံထိပ်ဖုံးရှည်ပြီး ညပ်နေတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုညံ့ဖျင်းတာတွေက မှိုပို ပြီးစွဲကပ်စေပါတယ်။
မေး – လိင်တံတွင် အနာဖြစ်ခြင်းအကြောင်း ရှင်းပြပေးပါ။
ဖြေ – လိင်တံအနာဖြစ်ရတဲ့အကြောင်းမှာ အဖြစ်များဆုံးက Herpes ဗိုက်ရပ်စ် ရောဂါဖြစ်ပါတယ်။ လိင်တံထိပ်ဖူး လိင်တံမြောင်းနဲ့ လိင်တံရိုးတံတွေမှာနာကျင်သော အနာများဖြစ်ပေါ်လာပါတယ်။ တခြားအနာဖြစ်စေတဲ့ ရောဂါ တွေက ဆစ်ဖလစ်ရောဂါအနာ ရှန်ကာဆိုလျှင် နာကျင်မှုမရှိခြင်း၊ တစ်ခုတည်းအဖြစ်ရှိနေခြင်း၊ မာနေခြင်းဖြစ် တတ်ပြီးစအိုဝတွင်လည်း ဖြစ်တတ်ပြီးသူကတော့ နာကျင်ပါတယ်။ အနုကြည့်မှန်ဘီလူးနဲ့ကြည့်ခြင်း၊ VDRL Test ဖြင့်စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။
ရေယုန်၊ ထိခိုက်ဒဏ်ရာမှပိုးဝင်ခြင်း၊ Chancroid၊ Lymphogranuloma Venereum၊ ဆာလဖာဆေးမတည့်ခြင်း နှင့် ကင်ဆာကြောင့်လည်းအနာဖြစ်တတ်ပါသေးတယ်။
မေး – လိင်တံအကျိတ်အကြောင်း ရှင်းပြပေးပါ။
ဖြေ – အတွေ့အများဆုံးက လိင်တံကြွက်နို့ဖြစ်ပြီး လိင်ဆက်ဆံရာတွင်ထိခိုက်ပွတ်တိုက်မှုများတဲ့ နေရာဖြစ်တဲ့ အောက်မေးသိုင်းကြိုးနဲ့ လိင်တံထိပ်ဖူးအရင်းနားတွင် ဖြစ်တတ်ပါတယ်။ ဆီးသွားရာလမ်းကြောင်းဝ၊ လိင်တံအ ရင်းပိုင်းနဲ့လိင်တံဝန်ရိုးတိုင်တွေမှာလည်း ဖြစ်တတ်ပါတယ်။
မေး – စအိုတွင်းရောင်ရောဂါ အကြောင်းရှင်းပြပေးပါ။
ဖြေ – လိင်တူဆက်ဆံတဲ့အတွက်ကြောင့် ဖြစ်ရပါတယ်။ ဂနိုရောဂါ၊ Chlamydia၊ Herpes နှင့် ဆစ်ဖလစ်ရောဂါ ပိုးတွေကြောင့်ဖြစ်ရပါတယ်။ စအိုနံရံမှာပြည်အချွဲနှင့် နီရဲနေကာထိခိုက်လျှင် သွေးထွက်တတ်ပါတယ်။ လက္ခ ဏာအနေနဲ့ကြည့်လျှင် အရိအချွဲထွက်ခြင်း၊ စအိုမှ သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ စအိုညှစ်လိုက်လျှင်နာကျင်ခြင်း စတဲ့လက္ခဏာတွေပြတတ်ပါတယ်။
Author: အေးကမ္ဘာဒေါက်တာချစ် (Vol – 8 / No – 10) Healthcare Journal