ဒိုင်ယာရီရေးမှတ်ခြင်းသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုကူညီပေးနိုင်
ဒိုင်ယာရီရေးမှတ်ခြင်းသည် ကောင်းသောအလေ့အကျင့်တစ်ခုဖြစ်ပြီး ခေါင်းတစ်ခြမ်းကိုက်သည်ကို ခံစားရပါက ရေးမှတ်ထားခြင်းသည် အကူအညီပေးနိုင်ကြောင်း သုတေသနများအရသိရသည်။ ဖြစ်ပွားသည့်အချိန်၊ စား လိုက်သည့်အစားအစာ၊ အပြုအမူ၊ အသောက်အစားစသည်ဖြစ်ပွားစေသည့် အကြောင်းအရာများကို သတိပြု မှတ်သားထားသင့်ပါသည်။ ထိုအကြောင်းအရာများကို မှတ်သားထားခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဆိုး ဝါးစေနိုင်သောအကြောင်းအရာများကို သိရှိစေနိုင်ရန် ကူညီပေးနိုင်ပါသည်။
လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ်နိုင်
သုတေသနများအရ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ် နိုင်ကြောင်းသိရသည်။ လေ့ကျင့်ခန်း ဥပမာ အပြေး၊ လမ်းလျှောက်၊ ယောကလေ့ကျင့်ခန်းကိုမိနစ်လေးဆယ်ခန့် တစ်ပတ်လျှင်သုံးကြိမ်ပြုုလုပ်ပေးပါက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို လျော့ကျစေနိုင်သည်။ သုတေသနပညာရှင် များ၏အဆိုအရ လေ့ကျင့်ခန်းပြုလုပ်ရာမှ ချွေးထွက်ရှိခြင်းသည် စိတ်ဖိစီးမှုဟော်မုန်းကိုလျော့ကျစေပြီး ခေါင်း ကိုက်ခြင်းကို လျှော့ချပေးနိုင်ကြောင်းသိရသည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် အမျိုးသမီးရာသီဓမ္မတာဆက်နွယ်နေ
အမျိုးသမီးများ၏ လစဉ်ရာသီဓမ္မတာကိုထိန်းချုပ်ပေးသော ဟော်မုန်းများသည်ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ဆက်နွယ်နေကြောင်းသိရသည်။ အမျိုးသမီးအများစုသည် ရာသီဓမ္မတာလာစဉ် ကိုယ်ဝန်ရှိစဉ်တွင်ခေါင်းတစ် ခြမ်းကိုက်ခြင်းကို ခံစားရလေ့ရှိကြသည်။ ထို့အပြင် သန္ဓေတားဆေးသောက်ဆေးများသည် ခေါင်းတစ်ခြမ်းကိုက် ခြင်း၏အကြိမ်အရေအတွက်နှင့် ပြင်းထန်မှုကိုသက်ရောက်စေနိုင်ပါသည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေသည့်ဆေးဝါးများသည် ခေါင်းကိုက်ခြင်းကိုပိုဆိုးစေနိုင်
အကိုက်အခဲသက်သာစေသည့် ဆေးဝါးများကိုတစ်ပတ်လျှင် ငါးကြိမ်သောက်သုံးပါက ခေါင်းကိုက်ခြင်းကိုပိုဆိုး စေနိုင်ကြောင်းသုတေသနများအရ သိရသည်။ ဆေးသောက်လိုက်သည့်အခါတွင် ခဏတာအတွင်းခေါင်းကိုက် ခြင်းကိုသက်သာသွားစေနိုင်သည်ဖြစ်သော်လည်း အမှန်တကယ်တွင်မူ ရက်သတ္တပတ်ပေါင်းများစွာသောက်သုံး ပြီးဆေးကိုရပ်တန့်လိုက်သည့်အချိန်တွင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရနိုင်ခြေများကြောင်းသိရသည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကြိုတင်ခန့်မှန်းနိုင်
လူအများစုသည် ခေါင်းတစ်ခြမ်းကိုက်ခြင်း၏ သတိပေးလက္ခဏာများကိုကြိုတင်ခံစားဖူးကြသည်။ အစားအစာ အလွန်အကျွံစားခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်းနှင့် ထိန်းချုပ်လို့မရအောင်သမ်းခြင်းများကို ကြုံတွေ့ရနိုင်ပါသည်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရသူ ငါးယောက်လျှင် တစ်ယောက်မှာကြိုတင်ပြီး aura ဟုခေါ်သောကြိုတင် လက္ခဏာအငွေ့အသက်ကို ခံစားဖူးကြသည်။ ၎င်းလက္ခဏာများတွင် အလင်းရောင်ပြိုးပြိုးပျက်ပျက်မြင်ခြင်း၊ အ လင်းရောင်စူးစူးများမခံနိုင်ခြင်း၊ ခြေလက်ထုံကျဉ်ခြင်းစသည်တို့ ခံစားရလေ့ရှိသည်။
စိတ်ကျကုသဆေးများသည် စိတ်အခြေအနေကိုကောင်းမွန်စေနိုင်
စိတ်ကျကုသဆေးများသည် စိတ်ကျရောဂါမခံစားရလျှင်တောင်မှ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်နိုင်ခြေကို လျှော့ ချပေးနိုင်ပါသည်။ အခြားဆေးဝါးများသည်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်။ အတက် ရောဂါကုသဆေး၊ သွေးတိုးကျကုသဆေးအချို့သည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကုသရာတွင် အသုံးပြုနိုင် ကြောင်းသုတေသနအချို့အရ သိရသည်။ တတ်ကျွမ်းနားလည်သော ဆရာဝန်တစ်ဦးဦး၏ ညွှန်ကြားချက်ဖြင့် သာသောက်သုံးသင့်ပါသည်။
ခေါင်းကိုက်ခြင်းမခံစားရဘဲ ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါရှိနေနိုင်
အကယ်လို့ aura ကဲ့သို့သောကြိုတင်လက္ခဏာအငွေ့အသက်များ ရှိသော်လည်းခေါင်းထိုးထိုးကိုက်ခြင်းမရှိလျှင် တောင်မှ ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါရှိနေနိုင်သည်။ အခြားလက္ခဏာများဖြစ်သော ပျို့အန်ခြင်း၊ ဝမ်းချုပ် ခြင်းစသည့်လက္ခဏာများသည် ရှိနေနိုင်သည်။ သုတေသနပညာရှင်အချို့၏ အဆိုအရ မရှင်းပြနိုင်သေးသောအ ခြားလက္ခဏာများဖြစ်ကြသည့် အဖျားရှိခြင်း၊ ခေါင်းမူးခြင်းများရှိတတ်သည့် ခေါင်းမကိုက်ဘဲ ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာများလည်း ရှိကြောင်းသိရသည်။
အစားအစာများနှင့်ဆက်နွယ်နေ
အစားအစာအများစုသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်ပြီး အဓိကအားဖြင့် အစားအစာသုံးမျိုးရှိသည်။ ပထမတစ်မျိုးမှာ နိုက်ထရိတ်ပါဝင်သော ဟော့ဒေါ့အသားများဖြစ်ကြသည်။ ဒုတိယတစ်မျိုးမှာ တိုင်ရာမင်းပါဝင် သောချိစ့်၊ ငါးကြပ်ကင်များဖြစ်ကြပြီး နောက်ဆုံးတစ်မျိုးမှာ မိုနိုဆိုဒီယမ်ဂလူတမိတ်ပါဝင်သော ဟင်းခတ်အမွေး အကြိုင်များ၊ စွပ်ပြုတ်များနှင့်အသင့်စားအမြန်စား အစားအစာများဖြစ်ကြသည်။ ၎င်းအစားအစာများကို ရှောင် ကြဉ်ပေးခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကုသခြင်း
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့် လက္ခဏာများကိုသက်သာစေရန်အခြေအနေကို ထိန်းချုပ်နိုင်ရန်ကုသနိုင်ပါသည်။ အများအားဖြင့် နည်းလမ်းနှစ်မျိုးရှိပြီး လက္ခဏာများကိုအမြန်ဆုံးသက်သာစေ နိုင်သောဆေးများအသုံးပြုခြင်းနှင့် လူနေမှုဘဝပုံစံနှင့် အစားအသောက်များကိုပြောင်းလဲပေးခြင်းတို့ဖြစ်ကြ သည်။
နောက်ဆုံးပေါ်ကုသနည်းလမ်းများ
သုတေသနပညာရှင်များသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပျောက်ကင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေနေကြ ဆဲဖြစ်သည်။ ယခုနောက်ဆုံးသုတေသနပညာများအရ FDA အသိအမှတ်ပြု Botox ထိုးဆေးအသုံးပြုပြီး ကုသ နိုင်ကြောင်းသိရသည်။ ထို့အပြင် လည်ပင်း၊ ခေါင်းနဲ့ ကျောရိုးများကိုညင်သာစွာ နှိပ်နယ်ပေးခြင်းနည်းလမ်းကို လည်းတွေ့ရှိထားသည်။
Author: ဒေါက်တာချမ်းမြေ့ Vol-8 / No-9 Healthcare Journal