fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ပိန်သူတွေ ဝစေဖို့၊ပျိုမဒီတွေလှစေဖို့

242
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/04/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဒီနေ့ ဂျုတီချိန်မရှိသည်မို့ ဈေးဝယ်ထွက်ဖို့ shooping centre ကို ထွက်လာခဲ့သည်။

“ဆရာ” ဟုခေါ်သံကြားလိုက်တော့ လှည့်ကြည့်မိလိုက်သည်။

“ဆရာ၊ ကျွန်တော့်ကိုမှတ်မိလား”

“ဟာ!ကိုစိုးသူပါလား”

ထို့နောက် သူ၏ဘေးမှာအတူရှိနေသော မိန်းကလေးအား သတိထားမိလိုက်သည်။

“သြော်၊ဆရာနဲ့မိတ်ဆက်ပေးရမယ်။သူ့နာမည်ကမနှင်းဆီခင်တဲ့၊ကျွန်တော့်ချစ်သူပါ”

“ဟုတ်ကဲ့ပါ၊ဆရာတွေ့ရတာ ဝမ်းသာပါတယ်၊အစ်ကိုနဲ့ဆရာက State ကျောင်းတုန်းကကျောင်းနေဖက်သူငယ်ချင်းတွေလို့ပြောတယ်”

“ဟုတ်ပါတယ်၊တက္ကသိုလ်တက်ကြပြီးနောက်ပိုင်းတော့ မတွေ့ဖြစ်ကြတော့ပါဘူး”

“ဟုတ်ပါ့ဗျာ၊ကျွန်တော်ဖြင့် ဆရာ့ကို မှတ်မိအောင် မနည်းကြိုးစားလိုက်ရတယ်”

‘ကောင်းပါပြီဗျာ။ဒါနဲ့ကိုစိုးသူပိန်သွားတယ်နော်၊အရင်ကအခုလိုမပိန်ဘူး”

“ဟုတ်တယ်ဗျ၊ကျွန်တော်လဲတတ်နိုင်သမျှစားတာပဲ။ဝိတ်ကတက်မလာဘူးဗျ၊ရောဂါလဲမရှိ လူကအကောင်းကြီးဗျာ၊ကျွန်တော်ကို နေပုံထိုင်ပုံ lifestyle လေး ညွန်းပေးပါဦးဗျာ”

“ကောင်းပါပြီဗျာ၊ကဲ မတွေ့တာလည်းကြာတော့ အေးအေးဆေးဆေး စကားပြောကြရအောင်ကော်ဖီဆိုင်သွားရတာပေါ့ဗျာ”

“အဲ့ဒါအကောင်းဆုံးပေါ့ဗျာ”

ဒီလိုနဲ့ နေရာထိုင်ခင်း ကောင်းမွန်ပြီးတိတ်ဆိတ်ငြိမ်သက်တဲ့ကော်ဖီဆိုင်ကောင်းကောင်းကို ကျွန်တော်တို့ရောက်သွားကြတယ်။ငယ်ရွယ်တုန်းကအကြောင်းတွေ၊ဟာသတွေ  ပြောကြရင်းနဲ့ကျွန်တော်တို့ကြားမှာ ရှိတဲ့ရင်းနှီးမှုက ပြန်အသက်ဝင်လာခဲ့တယ်။

“ဒါနဲ့ဆရာ၊ကျွန်တော်တို့ ကျန်းမာရေးအကြောင်းလေး ပြောကြရအောင်ဗျာ၊ ဘယ်လိုစားစားမဝဘူးဖြစ်နေတယ်”

“ကိုစိုးသူက ဘာတွေကိုဘယ်လိုများစားလို့ပါလိမ့်”

“ကျွန်တော်မနက်အိပ်ရာထပြီးရင်လမ်းလျောက်တယ် ပြေးတယ်၊အိမ်ပြန်ရောက်ရင်နွားနို့ပူပူလေးတစ်ခွက်၊ကြက်ဥကြော်(၁)လုံးနဲ့ပေါင်မုန့်မီးကင်စားတယ်။တစ်ခါတစ်လေတော့လည်း ထမင်းနဲ့အကြော်တို့ ဟင်းကျန်တစ်ခုခုနွေးစားတာပေါ့ဗျာ။
နေ့လည်စာကတော့ အိမ်ကပေးတဲ့ထမင်းချိုင့်ဖြစ်ဖြစ်၊ထမင်းချိုင့်မပါတဲ့အခါလည်း ရုံးနားကထမင်းဆိုင်မှာ စားရတာပေါ့ဗျာ။အဲ၊ညနေကျတော့လည်း Gym သွားတယ်၊ညစာကို ထမင်းပဲစားဖြစ်တယ်၊  တစ်ခါတစ်လေတော့လည်း ခေါက်ဆွဲစားတယ်ဗျ”

“ကိုစိုးသူ အသီးအရွက်စားရဲ့လားဗျ၊ ပြောတဲ့ထဲမကြားမိလို့”

“စားပါတယ်ဗျ၊ ကျွန်တော်စားသင့်သလောက်စားပါတယ်”

“ဒီလိုဗျ၊ကိုစိုးသူရ ၊ထိုက်သင့်သလောက်စားတယ်ဆိုပေမဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ ညီမျှအောင်စားရသေးတယ်။ဒါ့အပြင် Carbohydrate(ကစီဓာတ်)၊Protein(အသားဓာတ်)နဲ့ Fat(အဆီဓာတ်)တွေကိုလည်း အချိုးကျကျ စားရတယ်ဗျ”

“အချိုးကျကျ၊ဟုတ်လားဆရာရယ်၊ ဘယ်လိုများလဲ လင်းစမ်းပါဦး။”

“ဒီလိုဗျ၊လူတစ်ယောက်ကို ပိန်တယ်၊ပုံမှန်အလေးချိန်ရှိတယ်၊ဝတယ်၊အဝလွန်ပြီးခွဲခြားရာမှာ BMI ဆိုတဲ့တိုင်းတာချက်နဲ့ သတ်မှတ်တယ်၊ဥပမာ ကိုစိုးသူရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကိုပြောပြပါ။”
“အရပ်က ၅ပေ၈လက်မ၊ ပေါင်ချိန်က ၁၂၇ ပါ”

“တွက်ကြည့်လိုက်တော့ BMI ၁၇.၂ ပဲရတယ် underweight ပိန်တဲ့အမျိုးအစားထဲပါနေတယ်”

“ဟုတ်လား၊ကျွန်တော်စားပုံစားနည်းမမှန်လို့လား”

“ဟုတ်တယ်ဗျ၊ပြင်သင့်တာလေးပြင်ရမယ်။ဝချင်တဲ့သူက ဒီလိုစားလို့အဆင်မပြေဘူး ၊သူကသုံးနာရီခြားတစ်ခါ စားရမယ်၊စားတဲ့အခါလည်းကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစာတွေ အသားပေးစားရမယ်၊ဥပမာ ထမင်း၊ခေါက်ဆွဲ၊ဂျုံနဲ့ပြုလုပ်တဲ့စားစရာတွေ၊ ပေါင်မုန့် ၊ခေါက်ဆွဲ ၊အာလူး၊ကန်စွန်းဥ၊cereal၊ပြောင်းဖူး၊ကွေကာစတာတွေ စားသုံးရမယ်၊စားတဲ့အခါလည်း ကိုစိုးသူ ခုစားနေတဲ့ပမာဏထက် ၂ဆကျော် ပိုစားပေးရမယ်။များများစား၊ခဏခဏစားရတယ်၊အဓိက ထမင်းနဲ့ဟင်းကိုလည်း ပုံမှန်စားနေကြထက် ထပ်တိုးစားဖို့လိုတယ်။ဥပမာ ပုံမှန်စားနေကြ ၃နပ်ဆိုရင် ၄ နပ်တိုးစားဖို့လိုတယ်။ရုံးမှာကော်ဖီသောက်ချိန်တွေမှာလည်း စောစောကပြောတဲ့ ကာဘိုဟိုက်ဒရိတ်ထဲကအဆင်ပြေတာတွေ ထည့်စားပေးရတယ်”

“ဟာ ဆရာ!ဒီလောက်ကြီးကျွန်တော်စားနိုင်ပါ့မလား။”

“တဖြည်းဖြည်းတိုးစားရမှာပေါ့ဗျာ၊နောက်တော့ ကျင့်သားရသွားရင် စားနိုင်လာမှာပါ။”

“အဲ့ဒီလောက်စားတာအဆီတွေလဲတက်လာမှာပေါ့၊အဆီတော့မတက်ချင်ပါဘူး၊ဟဲဟဲ muscle body လေးတော့ဖြစ်ချင်သား”

“အဆီကတော့ သူ့အတိုင်းအတာနဲ့သူ တက်လာမှာပေါ့၊နောက်မှ အဆီပဲချပြီး ကြွက်သားကျန်စေတယ့် လေ့ကျင့်ခန်းတွေ လုပ်လို့ရတယ်၊နောက်ပြီး Gym မှာ training ကိုလည်းပြောင်းပစ်ရမယ်”

“ဘယ်လိုပြောင်းရမှာလဲဗျ၊ပြောစမ်းပါဦး။”

“Training မှာ cardio လို့ခေါ်တဲ့လေ့ကျင့်ခန်းကို လျော့လုပ်ရမယ်၊တပါတ်မှာ ၃ရက်ပဲလုပ်ပြီး ကျန်တဲ့ရက်တွေမှာ ကြွတ်သားလေ့ကျင့်ခန်းတွေအသားပေး လုပ်ရမယ်။ ကြွက်သားလေ့ကျင့်ခန်းလုပ်ရာမှာ အလေးများများနဲ့အကြိမ်ရေနည်းနည်းလုပ်ရမယ်။ ကိုယ်နိုင်တဲ့အလေးကနေစမရမှာပေါ့ မဟုတ်ရင်အရွတ်တွေ၊အရိုးတွေမှာ ဒဏ်ဖြစ်နိုင်တယ်။ စိတ်ရှည်ပြီး သေချာသင်ပေးတယ့်Trainer ကောင်း   ကောင်းတစ်ယောက်နဲ့တိုင်ပင်ရမှာပေါ့ဗျာ။ နောက်ပြီးမှတ်တမ်းလုပ်ရမယ်ဗျ။ဒါမှတိုးတက်မှုကိုသေချာသိနိုင်မှာ။

“ကြွက်သားတက်ချင်ရင် ပရိုတိန်းများများစားရမယ်ဆိုဟုတ်လားဆရာ”

“မှန်တာပေါ့၊training အပြီးမှာ ပျက်စီးပြိုကွဲသွားတဲ့ကြွက်သားမျှင်တွေကို ပြန်ဖြည့်ဖို့ ဥအမျိုးမျိုး၊နွားနို့၊နို့ထွက်ပစ္စည်း၊ကြက်သား၊အမဲစား၊ဆိတ်သား၊ငါး၊နောက်ပြီး သားသတ်လွတ်ဖြစ်တဲ့ ပဲနို့၊ပဲအမျိုးမျိုးစတာတွေကို စားရမယ်။နောက်ပြီး fat(အဆီဓာတ်)ကိုလည်းစားရမယ်။ အဆီစားတဲ့နေရာမှာ ပြည့်ဝဆီ(saturated fat)နဲ့မပြည့်ဝဆီ(unsaturated fat) ဆိုပြီးရှိတယ်။ ပြည့်ဝဆီတွေကိုရှောင်ရမယ်။ဥပမာ ချိစ်၊ဝက်ဆီ၊ကြက်ဆီ၊အမဲဆီ စတဲ့တိရစ္ဆာန်အဆီတွေ၊ မသန့်ရှင်းတဲ့ပဲဆီ၊နှမ်းဆီ၊အုန်းဆီတွေ၊နှစ်ပြန်ကြော်ဆီတွေနဲ့အစားအစာတွေရှောင်စားရတယ်။ ကောင်းမွန်ပြီးအရည်အသွေးစိတ်ချရတဲ့ ပဲဆီ၊နှမ်းဆီ၊သံလွင်ဆီ၊အုန်းဆီ နောက်ပြီးအစေ့အစံ ဥပမာ ဗာဒံစေ့၊မြေပဲစေ့၊သစ်ကြားစေ့၊နှမ်းစေ့၊နေကြာစေ့စတာတွေ စားပေးရတယ်။ဒီလိုစားတာက နေ့တဓူဝလှုပ်ရှားသွားလာဖို့ energy ရတယ်  ပိုပြီးလှုပ်ရှားသွားလာရတဲ့သူတွေဆို ပိုစားပေးရတယ်၊enery အဝင်အထွက်ညှိယူရင်ကိုစိုးသူလိုချင်တဲ့ bodyမျိုးရပြီပေါ့ဗျာ။”

“ဟာ၊ဆရာပြောမှပဲကျွန်တော်စားသောက်ပုံမှားနေမှန်းသိတော့တယ်။”

“ကျန်သေးတယ်ဗျ၊နေထိုင်ပုံကလည်း လိုအပ်သေးတယ်။ပြောရရင်လက်ကိုင်ဖုန်းပေါ့ဗျာ။လက်ကိုင်ဖုန်းကပေါပေါသီသီရလာတော့ လက်ကိုင်ဖုန်းသုံးရင်းနဲ့အိပ်ရမဲ့အချိန်မအိပ်နိုင်၊အိပ်ရာဝင်နောက်ကျ၊မနက်အလုပ်စောစောသွားရတော့အိပ်ချိန်တွေမလုံမလောက် ဖြစ်လာရော။လူတစ်ယောက်ကတစ်နေ့ကို(၆)နာရီအနည်းဆုံးအိပ်သင့်တယ်။နောက်ပြီး ည (၁၁)နာရီထက် နောက်မကျပဲ အိပ်သင့်တယ်။   နောက်ပြီး ဆေးလိပ်၊အရက်၊မူးယစ်ဆေးဝါးစတာတွေ ရှောင်ရမယ်။ ပင်ပန်းတဲ့ရက်တွေ၊ ချွေးထွက်များတဲ့ ရက်တွေမှာ ဓါတ်ဆားရေသောက်တာ၊အားဆေးမှီဝဲတာတို့ လုပ်ဆောင်ရမယ်။

“ဆရာ၊junk foods လို့ခေါ်တဲ့ ဘာဂါတို့၊အာလူးကြော်တို့၊အချိုရည်တို့ကရော ဘယ်လိုသက်ရောက်မှုရှိလဲ”

“ဒီအစားအစာတွေကို လျော့စားစေချင်တယ်ဗျ။သူတို့က သွေးတွင်းကမကောင်းတဲ့အဆီကိုတက်ပြီး လူကိုထိုင်းမှိုင်းစေတယ်၊ဝစေတယ်။ရေရည်စားသုံးရင် သွေးတိုး၊နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချို ၊ကင်ဆာနဲ့အူလမ်းကြောင်းရောဂါတွေ ဖြစ်နိုင်တယ်”

“မပြောဘူးလား၊ကိုကို စားသောက်နေထိုင်ပုံလိုအပ်နေပါတယ်လို့ နှင်းပြောတာမယုံဘူး။ ဆရာ၊ဟိုလေ၊သမီးကနဲနဲဝနေတာ။ပြီးတော့တချို့နေရာကအဆီပိုတွေ မရှိချင်ဘူး။ကူညီပေးပါဦးနော်။”

ဟုတ်တယ်ဆရာရေ၊ကျွန်တော်ကပိန်သူကဝ၊တခြားစီဖြစ်နေကြတာ။”

“ကောင်းပါပြီဗျာ၊ပြောပြပေးရမှာပေါ့။ဝတဲ့သူတွေကတော့ carbohydrate(ကစီဓာတ်)ကို တတ်နိုင်သမျှ လျှော့စားရမယ်၊မစားပဲဝိတ်လျော့တာတော့ ဆရာလုံးဝအားမပေးဘူး။ဘာလို့လဲဆိုတော့ vitamin  တွေ၊သတ္တုဓါတ်တွေ ၊နေတဓူဝလိုအပ်တဲ့ energy တွေမရတဲ့အခါမှာ အသားအရည်ခြောက်တာ မစိုမပြေဖြစ်တာ ပင်ပန်းလွယ်မောလွယ်တာ နောက်စိတ်ထိခိုက်စရာတွေနဲ့အရမ်းပင်ပန်းတဲ့နေတွေမှာ မူးလဲတဲ့အထိ ဖြစ်တတ်လို့ပါ။”

“ဟုတ်လား၊သမီးကဘာမှမစား ထမင်းစားလဲတစ်ဇွန်းလောက်ပဲစားပြီး ဝိတ်လျော့နေတာမှားနေပြီပဲ”

“မှန်ပါတယ်၊ဝိတ်ကျပေမဲ့ ဒီအပြုအမူကဘေးထွက်ဆိုးကျိုးရှိတယ်။အကောင်းဆုံးကတော့ အစားကိုပုံမှန်စားတာထက်လျော့စားပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်တယ်။ လေ့ကျင့်ခန်းမှာလဲ cardio ဘက်ကို ဦးစားပေးလုပ်ရတယ်။တစ်ပတ်ကို cardio  (၅)ရက် ကစားသင့်တယ်။နောက်ပြီး HIIT,ZUMBA စတဲ့လေ့ကျင့်ခန်းတွေကို Gym က trainer တွေနဲ့တိုင်ပင်ပြီး ကစားလို့ရတယ်။  ပရိုတင်းဓါတ်ကိုပိုစားပေးရတယ်။ပရိုတင်းဓါတ်ပိုစားရင် ဗိုက်ဆာတာကိုလျော့စေပြီးတင်းတိမ်စေတယ်။အဆီကတော့ရှေ့ကပြောသလိုပဲ မကောင်းတဲ့ဆီရှောင်ပြီး၊ကောင်းတဲ့ဆီကိုသင့်တင့်မျှတရုံစားပေးရတယ်။ဝတဲ့သူတွေက အချိုတွေ junk foods တွေကို ရှောင်စားရမယ်။နောက်ပြီးအသီးအရွက်တွေပိုစားရမယ်။ညစာကို ညရှစ်နာရီ နောက်ပိုင်း သို့မဟုတ် အိပ်ခါနီးတစ်နာရီ အလိုမစားသင့်တော့ဘူး။ည၁၁ နာရီထက်လဲ နောက်ကျပြီး မအိပ်သင့်ဘူး။အခုလိုလိုက်နာလေ့ကျင်ရင်တော့ မနှင်းဆီလိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားရလာမှာပါ”
“ဆရာ သမီးက gym မသွားအားတော့ အိမ်မှာတင်လေ့ကျင့်ခန်းလုပ်လို့ အဆင်ပြေမလား”

“အချို့လေ့ကျင့်ခန်းတွေတော့ အဆင်ပြေမှာပါ။
ဒါပေမယ့် နည်းစနစ်မှန်မှန်လေ့ကျင့်မှ ထိရောက်မှာဖြစ်တဲ့အတွက် တတ်သိနားလည်သူဆီမှ မေးပြီးမှကစားပါ၊youtube ကနေလည်းလေ့လာလို့ရပါတယ်။ နောက်မှအလေးတုံးဝယ် အိမ်မှာလေ့ကျင့်ပါ။”

“ဆရာ ကျွန်တော်အားဆေးသုံးဖို့လိုသေးလား”

“လိုအပ်ပါတယ်၊အားဆေးတွေကလည်းအမျိုးမျိုးရှိတာမို့ ကိုစိုးသူနဲသင့်တော်တာ ကျွန်တော်ညွန်းပေးလိုက်ပါ့မယ်”
“ဆရာ အဆီကျဆေးသောက်ဖို့လိုအပ်သလား ဘေးထွက်ဆိုးကျိုးကရောဟင်။”

“အဆီကျဆေးအမျိုးမျိုးရှိပါတယ်။ထုတ်လုပ်တဲ့နိုင်ငံနဲ့အရည်အသွေးကိုကြည့်သင့်ပါတယ်။FDA ထောက်ခံချက်မရထားရင်တော့ ရှောင်တာကောင်းပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ သူ့ဆေးနဲ့ သူရှိပါတယ်။ ဆေးတစ်မျိုးနဲ့တစ်မျိုးမတူကြပါဘူး။သောက်မယ်ဆိုရင် ဆရာဝန်တစ်ယောက်ဆီမှာ ဆေးစစ်မှုခံယူပြီးမှ သောက်တာ ကောင်းပါတယ်”

“ဒါနဲ့၊ကျွန်တော်ကြားဘူးတာက တချို့ရောဂါတွေက လူကိုပိန်စေတယ်ဆို၊ဟုတ်လား ဆရာ။”

“မှန်ပါတယ်၊ဗိုက်ထဲမှာသန်ကောင်တွေရှိရင်၊လည်ပင်းကြီးရောဂါ၊အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါတွေ ဥပမာအစာအိမ်ယောင်တာ၊ အူမကြီးကင်ဆာ၊ အူကအစာစုပ်မယူနိုင်တဲ့ရောဂါ၊ နောက်ပြီး နာတာရှည်ဖျားနာတွေမှာ၊ ကင်ဆာရောဂါတွေမှာဖြစ်တတ်ပါတယ်။ ရောဂါကိုကုသပြီးပြန်နလန်ထအောင် ဆေးတွေအစားအသောက်တွေနဲ့ပြန်ပျိုးထောင်ရပါတယ်။ အဲလိုရောဂါတွေမဖြစ်အောင်လည်း မိမိမှာရှိတဲ့ကျန်းမာရေးဗဟုသုတနဲ့ရှောင်ရှားတတ်ရပါတယ်။ တချို့ကျတော့လည်း မျိုးရိုးကပိန်ရင် ကိုယ်ပါ လိုက်ပိန်တတ်တယ်ဗျ”

“ကျေးဇူးတင်ပါတယ် ဆရာရယ် သမီးတို့ဒီနေ့တွေဖြစ်တာ အရမ်းကံကောင်းတာပဲ”

“ဟုတ်ပါ့ဗျာ ။မဟုတ်ရင်စမ်းတဝါးဝါးဖြစ်ပြီးမှားယွင်းတဲ့အယူအဆတွေနဲ့လိုရာခရီးမရောက်နိုင်ဘူး ဖြစ်တော့မှာ။”

“ကျေးဇူးပါဗျာ၊ဆရာ့ဆီကနေ ကျန်းမာရေးနဲ့ပက်သတ်ပြီးအသိပညာအများကြီးရလိုက်တယ်၊ နောင်လည်းကျန်းမာရေးနဲ့ပက်သတ်တာဆို ကူညီပေးပါဦးဆရာ”

“ကောင်းပါပြီဗျာ၊ကျွန်တော်လဲကူညီပေးရမှာပေါ့။ကဲ၊ကိုစိုးသူတို့နှစ်ယောက် ခုလောက်ဆို fitness couple goal ကိုရောက်ဖို့လမ်းတစ်ဝက်ကျိုးသွားပြီ၊ကျန်တစ်ဝက်ကိုဇွဲမလျော့ပဲ ယုံကြည်ချက်ရှိရှိ     ဆက်လျှောက်လှမ်းဖို့ပဲလိုတော့တယ်”

“ဟုတ်ကဲ့ပါဗျာ၊ကျေးဇူးတင်ပါတယ်……ကဲ၊မနှင်းဆီ အစ်ကိုတို့ လမ်းတစ်ဝက်ပဲလိုတော့တယ်နော် ဘယ်လိုလဲ”

“အော်…ကိုကိုရယ် ကျန်တဲ့လမ်းတစ်ဝက်ကို တူတူတွဲပြီးလျှောက်လှမ်းလိုက်မှာပေါ့လို့”

“ဟား ဟား ဟား ဟား”

ဒီလိုနဲ့ ကျွန်တော်တို့ကော်ဖီဝိုင်းလေးက ရယ်မောသံများနဲ့ စိုပြေသွားခဲ့ပါလေတော့သည်။

Author: ရေခဲ(ဆေးမန်း)

Previous Post

သတိလက်လွတ်မထားသင့်တဲ့ဒီရောဂါ

Next Post

စပ်ဆေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
553
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
812

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စပ်ဆေး

ပါးပေါက်နာ

လေဖြတ်နိုင်ချေလက္ခဏာ (၆) ချက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.