fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လေဖြတ်နိုင်ချေလက္ခဏာ (၆) ချက်

139
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/04/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ေလျဖတ္ျခင္းဟာ ကမာၻေပၚမွာလူေသဆုံးမႈ ဒုတိယအမ်ားဆုံးေရာဂါျဖစ္တယ္။ ေလျဖတ္မယ့္ေရွ႕ေျပး အလားအလာမ်ားကို သိထားရင္ ေလမျဖတ္ေအာင္ ႀကိဳတင္ကာကြယ္ႏိုင္မွာပဲျဖစ္တယ္။ ေသြးတိုးေရာဂါဆိုတာ ဘယ္သို႔ေသာအေျခအေန၊ က်ားမ မေ႐ြးအေပၚေသြး ၁၄၀ နဲ႔အထက္ ေအာက္ေသြး ၉၀ မီလီမီတာ မာက်ဴရီႏွင့္ အထက္ကိုေသြးတိုးလို႔ သတ္မွတ္တယ္။

ေလျဖတ္မႈပုံစံႏွစ္မ်ိဳး ရွိတယ္။ ပထမတစ္မ်ိဳးက ဦးေႏွာက္ေသြးေၾကာထဲ ေသြးခဲမ်ားစုပိတ္ကာေသြးစီး ဆင္းမႈနည္းသြားျခင္း (သို႔) လုံးဝရပ္သြားလို႔ဦးေႏွာက္လုပ္ငန္းအခ်ိဳ႕ ရပ္ဆိုင္းကာ ေလျဖတ္ျခင္းျဖစ္တယ္။ ေနာက္တစ္မ်ိဳးက ဦးေႏွာက္ေသြးေၾကာေပါက္ကာ ဦးေႏွာက္အျခားအစိတ္အပိုင္းမ်ားကို မသြားေရာက္ေတာ့တာ ပဲ၊ ခႏၶာလုပ္ငန္းရပ္ဆိုင္းသြားျခင္းျဖစ္တယ္။

(၁) ျမင္ကြင္းႏွစ္ထပ္ျဖစ္ရင္ – မ်က္လုံးတစ္ဖက္ကေကာင္းၿပီး ေနာက္တစ္ဖက္ကျမင္ကြင္းႏွစ္ထပ္ျဖစ္ရင္ ေ၀ဝါး ေနၿပီဆိုရင္ ေလျဖတ္ႏိုင္ေခ် ေရွ႕ေျပးလကၡဏာျဖစ္တယ္။ အလုပ္ပင္ပန္း႐ုံ၊ စာတအားဖတ္႐ုံနဲ႔ျမင္ကြင္းႏွစ္ထပ္ ျဖစ္လာရင္ ေလျဖတ္ႏိုင္ေခ်ျဖစ္လာတယ္။ ဦးေႏွာက္ေသြးေၾကာထဲက ေသြးခဲစုပိတ္ကာ ေသြးစီးဆင္းမႈနည္းၿပီ ဆိုရင္မ်က္လုံးေသြးေၾကာမ်ားကို ေအာက္စီဂ်င္အေရာက္နည္းလို႔ အျမင္မ်ားေ၀ဝါးကာအျမင္ႏွစ္ထပ္ျဖစ္ကာ ေ၀ဝါးျခင္းျဖစ္တယ္။

(၂) လက္ေတြပုံမွန္ထက္ ၾကာၾကာထုံေနျခင္း – အိပ္ေနတုန္းဖိထားမိလို႔လက္မ်ား၊ ေျခမ်ားထုံရင္လႈပ္မရတာမ်ိဳးထိလိုက္မွန္းမသိ၊အာ႐ုံေလ်ာ့ပါးလာတယ္။ ခဏေနရင္ပုံမွန္ ျဖစ္သြားတယ္။ ေတာ္ၾကာျပန္ထုံလာတယ္။ ေလ ျဖတ္ေတာ့မယ့္ ေရွ႕ေျပးလကၡဏာပဲျဖစ္ပါတယ္။ ဦးေႏွာက္အေနာက္ဘက္ျခမ္းကေန စီးဝင္တဲ့ေသြးေၾကာမ်ား ေသြးခဲပိတ္ျခင္းမ်ိဳး၊ ေသြးယိုျခင္းမ်ားကိုျဖစ္ပြားရင္ လက္ႏွင့္ေျခမ်ားထုံလာတတ္ပါတယ္။

(၃) ေျပာမယ့္စကားပါးစပ္ဖ်ားေရာက္မွ ေမ့သြားျခင္း – ေျပာမယ့္စကားပါးစပ္နားေရာက္မွ ေမ့တာမ်ိဳးမၾကာခဏ ႀကဳံရရင္ ဦးေႏွာက္အတြင္းေသြးအေရာက္နည္းၿပီး ေသြးေၾကာပိတ္ကာေသြးစီးဆင္းမႈ   ေလ်ာ့နည္းလာလို႔မွတ္ ဉာဏ္ကိုအေထာက္အကူေပးတဲ့ ဦးေႏွာက္ဆဲလ္မ်ားကို ေသြးအေရာက္နည္းကာေျပာမယ့္စကား ေမ့သြားတတ္ ပါတယ္။ ကြၽမ္းက်င္တဲ့ဆရာဝန္နဲ႔ ျပဖို႔လိုအပ္မွာျဖစ္ၿပီး ေသြးတိုးရွိေၾကာင္းေျပာရမယ္။

(၄) ယိုင္တိယိုင္တိုင္ျဖစ္ျခင္း -လမ္းေလွ်ာက္ရင္းမူးလို႔ျဖစ္ကာယိုင္တိယိုင္တိုင္ျဖစ္ရင္ ေလျဖတ္ႏိုင္တယ္။ဦးေႏွာက္အပိုင္းေသြးေရာက္နည္းျခင္းေၾကာင့္ ဦးေႏွာက္အလုပ္ုလုပ္ႏိုင္စြမ္းနည္းကာယိုင္နဲ႔ျခင္း  ျဖစ္တယ္။ ဦး ေႏွာက္ေသြးရရွိမႈရပ္ျခင္း မျဖစ္ခင္မိသားစုဆရာဝန္နဲ႔ ျပသမႈရယူသင့္ပါတယ္။

(၅) စကားေျပာလွ်င္ လွ်ာလိပ္ၿပီးဗလုံးဗေထြးထြက္ျခင္း – အကိုက္အခဲေပ်ာက္ေဆးမ်ား ေသာက္ၿပီးရင္ေဘး ထြက္ဆိုးက်ိဳးအျဖစ္ လွ်ာလိပ္ၿပီးစကားလုံးေထြးတတ္တယ္။ ဘာေဆးမွမေသာက္ဘဲ လုံး     ေထြးေနရင္ ေလျဖတ္ မယ့္အႏၲရာယ္ရွိတယ္။ ေသြးေၾကာပိတ္ျခင္း(သို႔) ေသြးယိုျခင္းေၾကာင့္ဦးေႏွာက္အတြင္း ေသြးစီးဆင္းမႈနည္းကာစကားေျပာဆိုမႈထိန္းခ်ဳပ္တဲ့ဦးေႏွာက္ အပိုင္းစြမ္းရည္က်လာျခင္း   ျဖစ္တယ္။

(၆) ေခါင္းမၾကာခဏကိုက္ျခင္း – ဦးေႏွာက္ထဲမွာ မာဂ်ရင္းမ်ားေနရင္ေခါင္းကိုက္တာထုံးစံပဲ ျဖစ္တယ္။မာဂ်ရင္းမမ်ားဘဲကိုက္ေနရင္ ေလျဖတ္ႏိုင္ေခ်မ်ားတယ္။မာဂ်ရင္းမ်ားလို႔ ေခါင္းတစ္ျခမ္းနဲ႔ဦးေႏွာက္ထဲေသြးမ ေလာက္လို႔ ေခါင္းကိုက္တာနဲ႔ဆင္တူတယ္။ မိသားစုဆရာဝန္ႏွင့္ျပသင့္တယ္။ ဦးေႏွာက္ေသြးေၾကာမ်ားထဲ ေသြး ခဲမ်ားအနည္အႏွစ္မ်ား စုပုံလာျခင္းေၾကာင့္ေသြးေၾကာပိတ္ကာ ဦးေႏွာက္ထဲေသြးလွည့္ပတ္မႈေႏွးကာ ေလျဖတ္ ႏိုင္တယ္။

Author: ေဒါက္တာလြင္သန႔္ (Vol-8 / No-10) Healthcare Journal

(Unicode)

လေဖြတ်ခြင်းဟာ ကမ္ဘာပေါ်မှာလူသေဆုံးမှု ဒုတိယအများဆုံးရောဂါဖြစ်တယ်။ လေဖြတ်မယ့်ရှေ့ပြေး အလားအလာများကို သိထားရင် လေမဖြတ်အောင် ကြိုတင်ကာကွယ်နိုင်မှာပဲဖြစ်တယ်။ သွေးတိုးရောဂါဆိုတာ ဘယ်သို့သောအခြေအနေ၊ ကျားမ မရွေးအပေါ်သွေး ၁၄၀ နဲ့အထက် အောက်သွေး ၉၀ မီလီမီတာ မာကျူရီနှင့် အထက်ကိုသွေးတိုးလို့ သတ်မှတ်တယ်။

လေဖြတ်မှုပုံစံနှစ်မျိုး ရှိတယ်။ ပထမတစ်မျိုးက ဦးနှောက်သွေးကြောထဲ သွေးခဲများစုပိတ်ကာသွေးစီး ဆင်းမှုနည်းသွားခြင်း (သို့) လုံးဝရပ်သွားလို့ဦးနှောက်လုပ်ငန်းအချို့ ရပ်ဆိုင်းကာ လေဖြတ်ခြင်းဖြစ်တယ်။ နောက်တစ်မျိုးက ဦးနှောက်သွေးကြောပေါက်ကာ ဦးနှောက်အခြားအစိတ်အပိုင်းများကို မသွားရောက်တော့တာ ပဲ၊ ခန္ဓာလုပ်ငန်းရပ်ဆိုင်းသွားခြင်းဖြစ်တယ်။

(၁) မြင်ကွင်းနှစ်ထပ်ဖြစ်ရင် – မျက်လုံးတစ်ဖက်ကကောင်းပြီး နောက်တစ်ဖက်ကမြင်ကွင်းနှစ်ထပ်ဖြစ်ရင် ဝေဝါး နေပြီဆိုရင် လေဖြတ်နိုင်ချေ ရှေ့ပြေးလက္ခဏာဖြစ်တယ်။ အလုပ်ပင်ပန်းရုံ၊ စာတအားဖတ်ရုံနဲ့မြင်ကွင်းနှစ်ထပ် ဖြစ်လာရင် လေဖြတ်နိုင်ချေဖြစ်လာတယ်။ ဦးနှောက်သွေးကြောထဲက သွေးခဲစုပိတ်ကာ သွေးစီးဆင်းမှုနည်းပြီ ဆိုရင်မျက်လုံးသွေးကြောများကို အောက်စီဂျင်အရောက်နည်းလို့ အမြင်များဝေဝါးကာအမြင်နှစ်ထပ်ဖြစ်ကာ ဝေဝါးခြင်းဖြစ်တယ်။

(၂) လက်တွေပုံမှန်ထက် ကြာကြာထုံနေခြင်း – အိပ်နေတုန်းဖိထားမိလို့လက်များ၊ ခြေများထုံရင်လှုပ်မရတာမျိုးထိလိုက်မှန်းမသိ၊အာရုံလျော့ပါးလာတယ်။ ခဏနေရင်ပုံမှန် ဖြစ်သွားတယ်။ တော်ကြာပြန်ထုံလာတယ်။ လေ ဖြတ်တော့မယ့် ရှေ့ပြေးလက္ခဏာပဲဖြစ်ပါတယ်။ ဦးနှောက်အနောက်ဘက်ခြမ်းကနေ စီးဝင်တဲ့သွေးကြောများ သွေးခဲပိတ်ခြင်းမျိုး၊ သွေးယိုခြင်းများကိုဖြစ်ပွားရင် လက်နှင့်ခြေများထုံလာတတ်ပါတယ်။

(၃) ပြောမယ့်စကားပါးစပ်ဖျားရောက်မှ မေ့သွားခြင်း – ပြောမယ့်စကားပါးစပ်နားရောက်မှ မေ့တာမျိုးမကြာခဏ ကြုံရရင် ဦးနှောက်အတွင်းသွေးအရောက်နည်းပြီး သွေးကြောပိတ်ကာသွေးစီးဆင်းမှု   လျော့နည်းလာလို့မှတ် ဉာဏ်ကိုအထောက်အကူပေးတဲ့ ဦးနှောက်ဆဲလ်များကို သွေးအရောက်နည်းကာပြောမယ့်စကား မေ့သွားတတ် ပါတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြဖို့လိုအပ်မှာဖြစ်ပြီး သွေးတိုးရှိကြောင်းပြောရမယ်။

(၄) ယိုင်တိယိုင်တိုင်ဖြစ်ခြင်း -လမ်းလျှောက်ရင်းမူးလို့ဖြစ်ကာယိုင်တိယိုင်တိုင်ဖြစ်ရင် လေဖြတ်နိုင်တယ်။ဦးနှောက်အပိုင်းသွေးရောက်နည်းခြင်းကြောင့် ဦးနှောက်အလုပ်ုလုပ်နိုင်စွမ်းနည်းကာယိုင်နဲ့ခြင်း  ဖြစ်တယ်။ ဦး နှောက်သွေးရရှိမှုရပ်ခြင်း မဖြစ်ခင်မိသားစုဆရာဝန်နဲ့ ပြသမှုရယူသင့်ပါတယ်။

(၅) စကားပြောလျှင် လျှာလိပ်ပြီးဗလုံးဗထွေးထွက်ခြင်း – အကိုက်အခဲပျောက်ဆေးများ သောက်ပြီးရင်ဘေး ထွက်ဆိုးကျိုးအဖြစ် လျှာလိပ်ပြီးစကားလုံးထွေးတတ်တယ်။ ဘာဆေးမှမသောက်ဘဲ လုံး     ထွေးနေရင် လေဖြတ် မယ့်အန္တရာယ်ရှိတယ်။ သွေးကြောပိတ်ခြင်း(သို့) သွေးယိုခြင်းကြောင့်ဦးနှောက်အတွင်း သွေးစီးဆင်းမှုနည်းကာစကားပြောဆိုမှုထိန်းချုပ်တဲ့ဦးနှောက် အပိုင်းစွမ်းရည်ကျလာခြင်း   ဖြစ်တယ်။

(၆) ခေါင်းမကြာခဏကိုက်ခြင်း – ဦးနှောက်ထဲမှာ မာဂျရင်းများနေရင်ခေါင်းကိုက်တာထုံးစံပဲ ဖြစ်တယ်။မာဂျရင်းမများဘဲကိုက်နေရင် လေဖြတ်နိုင်ချေများတယ်။မာဂျရင်းများလို့ ခေါင်းတစ်ခြမ်းနဲ့ဦးနှောက်ထဲသွေးမ လောက်လို့ ခေါင်းကိုက်တာနဲ့ဆင်တူတယ်။ မိသားစုဆရာဝန်နှင့်ပြသင့်တယ်။ ဦးနှောက်သွေးကြောများထဲ သွေး ခဲများအနည်အနှစ်များ စုပုံလာခြင်းကြောင့်သွေးကြောပိတ်ကာ ဦးနှောက်ထဲသွေးလှည့်ပတ်မှုနှေးကာ လေဖြတ် နိုင်တယ်။

Author: ဒေါက်တာလွင်သန့် (Vol-8 / No-10) Healthcare Journal

Previous Post

ပါးပေါက်နာ

Next Post

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၂) သားအိမ်တွင်း ပစ္စည်းထည့်ခြင်း (ကော့ပါးပါဝင် ပစ္စည်းထည့်ခြင်း)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
871
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
849
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၂) သားအိမ်တွင်း ပစ္စည်းထည့်ခြင်း (ကော့ပါးပါဝင် ပစ္စည်းထည့်ခြင်း)

ဥုံ ဖွဆေး......

ဆစ်ဖလစ်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.