ဝမ်းကိုက်တယ်ဆိုတာ ဝမ်းလဲလျှောတယ်။ ဗိုက်ထဲကလည်းရစ်ပြီး နာတာကိုဆိုလိုတာပါ။ အဓိကကမ သန့်ရှင်းတဲ့အစားအသောက်တွေ စားမိတဲ့အခါအဖြစ်များပါတယ်။ အထူးသဖြင့် လမ်းဘေးအစားအစာတွေကပို အဖြစ်များပါတယ်။ လမ်းဘေးတွင်ရောင်းချသော ဈေးသည်ကသန့်သန့်ရှင်းရှင်း ပြင်ဆင်ရောင်းချပေမယ့်လည်း အပြင်လောကဖြစ်တဲ့အတွက် ဖုန်ပေါင်းသောင်းခြောက်ထောင်ပိုးမွှားတွေဟာ လေထဲလွင့်ပျံ့နေကြပါတယ်။ ကိုယ်ကတော့မသိ စားကောင်းကောင်းနဲ့စားနေတာပါ။ လေထုထဲက ပိုးတွေကျရောက်နေတာတော့မသိပါ။ ဒီ ကြားထဲဘေးက ဆိုင်ကယ်၊ ကားဖြတ်မောင်သွားရင် ပိုဆိုးပါတယ်။
ဝမ်းကိုက်ပိုးဟာ လူတစ်ဦးကနေတစ်ဦးကိုသူ့ရဲ့ ဥတွေကတစ်ဆင့်ကူးစက်နိုင်ပါတယ်။ ဝမ်းကိုက်ပိုးဟာ အပူပိုင်းဒေသတွေမှာ သေဆုံးမှုနဲ့နာမကျန်းဖြစ်မှုကို ဖြစ်စေသောကပ်ပါးပိုးတစ်ခုပါပဲ။ ဝမ်းကိုက်ပိုးဟာဝမ်းလျှော ပြီးဝမ်းကိုက်မှု ဖြစ်စေတတ်သလိုအသည်းတွင်လည်း ပြည်တည်တတ်ပါတယ်။ ဝမ်းကိုက်ပိုးဟာ ဥကတစ်ဆင့် ကူးစက်တာဖြစ်တဲ့အတွက် ဥတွေဟာရေ၊ သေချာချက်ပြုတ်မထားသော အစားအသောက်တွင်ရှိနေတတ်ပါ တယ်။ ထိုရေ၊ အစားအသောက်ကိုစားသုံးမိတဲ့အခါ လူ့ခန္ဓာကိုယ်ထဲရောက်ကာ ဝမ်းကိုက်ခြင်းဖြစ်လို့ဒုက္ခပေးပါ တယ်။ ထို့အပြင် ထိုပိုးရှိသူလူ၏ မစင်ထဲတွင်လည်းဥတွေပါလာတတ်ပါသည်။ ထိုမစင်မှတစ်ဆင့် အခြားသူကို ကူးစက်သွားနိုင်ပါသည်။ ရောဂါပိုးဟာ ရေ၊ အစားအသောက်မှအပြင် ပါးစပ်၊ စအိုဖြင့် ကာမဆက်ယှက်ရင် တောင်ကူးစက်နိုင်ပါသည်။ ဥတွေဟာ ခန္ဓာကိုယ်ရဲ့အူလမ်းကြောင်းထဲ ရောက်တဲ့အခါအူမကြီးနံရံမှာ တွယ်ကပ် ကာအကောင်ပေါက်ကြပါတယ်။ ပြီးလျှင်အူနံရံတွင် အနာဖြစ်စေပါတယ်။ ထို့အပြင် အူမကြီးတွင်အလုံးဖြစ်စေပါ တယ်။ ထိုအခါအူမကြီး ကင်ဆာနဲ့မှားတတ်ပါတယ်။
ဝမ်းကိုက်ပိုးကြောင့် အူတွင်အနာဖြစ်သောအခါ သွေးထွက်စေတတ်ပါတယ်။ အူနံရံပေါက်တာတော့ရှား ပါတယ်။ ဝမ်းကိုက်ပိုးဟာအူတွင်းဒုက္ခပေးရုံမက သွေးပြန်ကြောမှတစ်ဆင့် အသည်းထဲရောက်တတ်ပါတယ်။ ပိုး သည်ပွှားများမှုလျှင်မြန်ကာ အသည်းကိုဖျက်ဆီးတတ်ပါတယ်။ ထိုအခါ ပြည်တည်ခြင်းဖြစ်လာပါတယ်။ ထိုအ သည်းတွင်ဖြစ်လာသော ပြည်အရောင်သည်အစပိုင်းမှာ ပန်းရောင်ရှိပြီးနောက်ပိုင်းတွင် အညိုရောင်၊ ချောက လက်ရောင်ဖြစ်သွားပါသည်။ ပိုးအရေပြားတွင် ဒုက္ခပေးမှုကတော့ ရှားပါတယ်။
ဝမ်းကိုက်ပိုးအတော်များများကတော့ လက္ခဏာသိပ်မပြတတ်ပါဘူး။ ပိုးဟာခန္ဓာကိုယ်တွင် စရောက် တာကနေပထမဆုံးလက္ခဏာပြသမှု အချိန်ဟာနှစ်ပတ်ကနေ နှစ်တွေအထိကြာတတ်ပါတယ်။ ပိုးဟာခန္ဓာကိုယ် ထဲအကြာကြီးရှိလာမှသာ ဗိုက်နာခြင်း၊ ဝမ်းသည်တစ်နေ့ကို နှစ်ကြိမ်နဲ့အထက်သွားပါတယ်။ ဝမ်းဟာလည်းနံပြီး သွေးတို့၊ အချွဲတို့ပါလာတတ်ပါတယ်။ ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက်ဖြစ်တတ်ပါတယ်။ ဝမ်းနာခြင်းဟာအထူးသ ဖြင့်ညာဖက်ဝမ်းဗိုက်အောင့်နားကပါ။ ထိုအခါ အူအတက်ရောင်တာနဲ့မှားတတ်ပါတယ်။
ဝမ်းကိုက်ပိုးဟာအသည်းကို ရောက်လေ့ရှိပါတယ်။ အသည်းတွင်ပြည်တည်လျှင် အသည်းရဲ့ညာဘက် အခြမ်းတွင်ဖြစ်လေ့ရှိတယ်။ ကိုယ်အပူချိန်ဟာ ပူလိုက်၊ ကျလိုက်ဖြစ်မယ်။ ချွေးပြန်မယ်၊ ချောင်းဆိုးမယ်၊ ညာ ဘက်ပခုံးနာမယ်။ တကယ်လို့ ပြည်ကကြီးလျှင်အပေါ်သို့ ဖောက်ကာအဆုတ်ဆီရောက်နိုင်ပါတယ်။
ဝမ်းကိုက်ပိုးရှိမရှိသိဖို့ကတော့ စမ်းစစ်ကြည့်ရပါမယ်။ အသည်းကိုအာထရာဆောင်းရိုက်လို့ပြည်တွေ့ရင် အရည်ဖောက်ပြီးစစ်ကြည့်နိုင်ပါတယ်။ အူမကြီးမှန်ပြောင်းကြည့်လျှင် အူမကြီးတွင်အနာတွေ့ရတတ်ပါတယ်။ အ သည်းထဲကပြည်ကို ဖောက်ကြည့်လျှင်အညိုရောင် ချောကလက်ရည်တွေ့ရပြီး ထိုအရည်ထဲပိုးတွေ့ဖို့ကရှားပါ တယ်။ အူလမ်းကြောင်းတွင်ဝမ်းကိုက်ခြင်းနဲ့ အသည်းဝမ်းကိုက်ခြင်းကို အစောပိုင်းတွင်ပိုးသတ်ဆေးဖြင့် ကုသ လျှင်မြန်မြန်သက်သာပါတယ်။ တကယ်လို့အသည်းတွင် ပြည်တည်နေတာကကြီးနေမယ်။ ဖောက်တော့မယ်ဆို ရင်တော့ ဖောက်ထုတ်ပစ်ဖို့လိုပါတယ်။ လိုအပ်လျှင် ထပ်လုပ်ဖို့လိုတတ်ပါတယ်။ တကယ်လို့ အသည်းကပြည် တွေကအဆုတ်ကိုအုပ်ထားသော အမြှေးပါး၊ နှလုံးကိုအုပ်ထားသောအမြှေးပါး၊ ဒါမှမဟုတ် ဝမ်းဗိုက်ခေါင်းထဲ ရောက်လျှင်တော့ ချက်ချင်းဖောက်ထုတ်ခြင်း (သို့) ခွဲစိပ်ပြီးဖောက်ထုတ်ဖို့လိုအပ်ပါတယ်။ တကယ်လို့အရည် တွေကအရည်ကြည်နဲနဲပဲဆို ဖောက်ထုတ်စရာမလိုဘဲ သက်သာသွားတတ်ပါတယ်။
ဝမ်းကိုက်ခြင်းမဖြစ်အောင် ကာကွယ်ဖို့ကတော့သန့်ရှင်းရေးက အဓိကပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးအ ထူးသဖြင့်အိမ်သာမှဆင်းလာလျှင်၊ အစားအသောက်မစားခင် မချက်ပြုတ်ခင်သေချာလက်ဆေးကြောဖို့လိုအပ် ပါတယ်။ ထို့အပြင် အစားအသောက်ကိုသေချာပြင်ဆင်ချက်ပြုတ်ခြင်း၊ အသီးအရွက်တွေကိုသေချာဆေးကြော ခြင်းလုပ်ပါ။ အစိမ်းမစားပါနဲ့။ ရေကိုရေစစ်နဲ့သေချာစွာစစ်သောက်ပါ။ ကြိုချက်သောက်လျှင် ဝမ်းကိုက်ပိုးမကူး စက်၊ မဖြစ်ပွားနိုင်ပါ။
Author: ဒေါက်တာဇွဲကောင်းချစ် (Vol-8 / No-11) Healthcare Journal