fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အူရောင်ငန်းဖျားလား တိုက်ဖွိုက်လား

675
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/04/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အူရောင်ငန်းဖျားလား တိုက်ဖွိုက်လား

တနေ့ ဒေါက်တာသီဟတစ်ယောက် ဆေးခန်းမှာရှိနေတုန်း ဘေးအိမ်က ကိုမျိုးရောက်လာပြီး

“ဆရာ အားလားဗျ စကားပြောချင်လို့”

“ဟုတ်ကဲ့ဗျာ၊ ကျွန်တော်လည်းမေးချင်တာလေးရှိလို့ဗျ ”

“ဟုတ်ကဲ့ မေးပါဗျ ”

“ဒီလိုပါ၊ရွာက ကျွန်တော့်ညီဝမ်းကွဲလေးပါ၊အသက် (15)နှစ်ဘဲရှိသေးတယ်၊ဖျားတာဆရာ၊ ဘာစားစားအန်တယ်၊နောက်ပိုင်း ဝမ်းပါပျက်နေလို့၊အစကတော့ ဆေးမြီးတိုပေါ့ဗျာ၊ဆေးရုံ ဆေးခန်းက ဝေးတယ်ဗျ ၊ မသက်သာလို့နောက်ဆုံးမြို့ဆေးရုံပြေးလိုက်ရတော့ အူရောင်ငန်းဖျားတဲ့၊အဲ့ဒါဘာလဲဆရာ”

“ဝမ်းပျက်ဝမ်းလျှောရောဂါတစ်မျိုးပေါ့ဗျာ”

“သြော်ဟုတ်ကဲ့ဆရာ၊ ကျွန်တော်လည်း အူရောင်တာတော့ စဉ်းစားလို့ရသေးတယ်၊ငန်းဖျားဆိုတာကဘာမှန်းမသိလို့ဆရာရေ”

“ဒါကတော့အခေါ်အဝေါ်တစ်မျိုးပေါ့ဗျာ”

“ဟုတ်ကဲ့ ဆရာ၊ဒါကတိုက်ဖွိုက်နဲ့ရောတူလားဆရာ”

“ကျွန်တော်ရှင်းပြမယ်ဗျ ၊အူရောင်ငန်းဖျားဆိုတာက ဘက်တီးရီးယားပိုးလေးတွေကြောင့်ဖြစ်တာဗျ ၊အကောင်လေးတွေကတော့မတူကြဘူး၊တိုက်ဖွိုက်ပိုးလည်းဖြစ်နိူင်တယ်၊ပါရာတိုက်ဖွိုက်ပိုးလည်း ဖြစ်နိူင်တယ် ၊ဖြစ်တဲ့အကောင်ကိုမူတည်ပြီး ခေါ်လိုက်တာပါ၊တိုက်ဖွိုက်ပိုးကြောင့်ဖြစ်တာကတော့ ပိုများတာပေါ့ဗျာ၊ဘာပိုးကြောင့်ဖြစ်ဖြစ် ခြုံခေါ်လိုက်တော့ အူရောင်ငန်းဖျား ရောဂါပေါ့ဗျာ”

“သြော် ဟုတ်ကဲ့ပါဆရာ၊ ကျွန်တော်ခုမှဘဲ သဘောပေါက်တော့တယ်၊ဒီရောဂါအကြောင်းဗဟုသုတ အဖြစ် နည်းနည်းလောက်ပြောပြပေးပါလားဗျာ၊ကျွန်တော်ရွာကလူတွေကို ပြန်ပြောပြချင်လို့ပါ”

“ဟုတ်ကဲ့ပါ၊ဒီရောဂါဖြစ်တာက တကိုယ်ရေသန့်ရှင်းရေးနဲ့လည်းဆိုင်တယ်ဗျ ၊အစာသန့်၊ရေသန့်၊လက်သန့်၊အိမ်သာသန့်ရင်တော့ဖြစ်ဖို့နည်းတယ်ဗျ ၊အဓိကကတော့ မသန့်ရှင်းတဲ့အစာစားမိတာ၊ရေသောက်မိတာ၊ညစ်ပတ်တာတွေကိုင်ပြီး လက်မဆေးဘဲ အစားစားတာ၊ယင်နားစာတွေစားမိတာ စတာတွေနဲ့လည်းဆိုင်တယ်ဗျ ”

“ဟုတ်ကဲ့ဆရာ”

“ရောဂါပိုးဝင်ဝင်ချင်းတော့ မဖြစ်တတ်ဘူး။ (3)ရက်ကနေ (2)ရက်လောက်အတွင်းတော့ ရောဂါလက္ခဏာ စခံစားရတတ်တယ်ဗျ ၊ဖျားမယ်ဗျာ၊အပူလည်းကြီးကြီးမယ်၊ကိုယ်လက်တွေနုန်းတာညောင်းတာ ဖြစ်နိူင်တယ်၊ချောင်းလည်းဆိုးနိူင်တယ်ဗျ ၊စားတာတွေလည်းပြန်အန်နိူင်တယ်၊ဖြစ်စမှာ ဝမ်းချု ပ်တတ်တယ်ဗျ ၊နောက်မှဝမ်းပျက်မှာ၊”

“ဟုတ်ကဲ့ ဆရာ”

“တချို့ကျ တော့ ဒါနဲ့မပြီးဘူးဗျ ၊အနီစက်လည်းထွက်နိူင်တယ်၊ဦးနှောက်အမြှေးပါးယောင်တာတွေလည်း ဖြစ်နိူင်တယ်၊သတိလစ်တာ၊ကယောင်ကတမ်းပြောတာပါဖြစ်မယ်၊ကျောက်ကပ်ယောင်တာ၊နှလုံးကြွက်သားယောင်တာတွေလည်း ဖြစ်နိူင်တယ်ဗျ ”

“အဲ့လောက်ထိဆိုးလားဆရာ”

“တချို့ပေါ့ဗျာ၊သေချာမကုဖြစ်ရင်ပိုဖြစ်နိူင်တယ်ဗျ ”

“ဒီရောဂါက စစ်ကြည့်လို့ရောရလားဗျ ”

“ရပါတယ်၊ရောဂါလက္ခဏာအရ ဒါလို့ထင်လာရင် သွေးစစ်တာလုပ်လို့ရတယ်ဗျ ၊အစပိုင်းရက်တွေမှာစစ်လို့ရတယ်၊နောက်ပိုင်းတွေမှာ ဆီးနဲ့ဝမ်း ပိုးမွေးတာလည်းလုပ်လို့ရတယ်ဗျ ၊လိုအပ်မယ်ထင်တာတွေလည်းဆက်စစ်ရတာပေါ့၊”

“ဟုတ်ကဲ့ပါဆရာ၊ဒီရောဂါကကုလို့လွယ်လားဆရာ”

“ကုလို့ရပါတယ်၊သေချာဖိဖိစီးစီးကုဖို့လိုတယ်ဗျ ၊အန်တာဝမ်းပျက်တာတွေကြောင့်ရေဓာတ်ဆုံးရှုံးနိူင်တာလည်းရှိနိူင်တယ်၊အဲ့ဒါမျိုးဆို ရေဓာတ်ပြန်ဖြည့်ရတာပေါ့၊ပါးစပ်ကပေးမလား၊အကြောကသွင်းမလား၊ကတော့လူနာပေါ်မူတည်တယ်ဗျ ”

“ဟုတ်ကဲ့ ဆရာ”

“ရောဂါပိုးအတွက်လည်း သင့်တော်တဲ့ပိုးသတ်ဆေးသောက်ရတယ်၊သူ့ဆေးကို dose နဲ့ရက်ပြည့်အောင်တော့သောက်ဖို့လိုတယ်ဗျ ၊သက်သာလို့ဆေးမသောက်ဘဲရပ်လိုက်ရင် နောက်ဆက်တွဲတွေပိုဖြစ်နိူင်တယ်ဗျ ”

“ဟုတ်ကဲ့ ဆရာ”

“အဓိက ကတော့ ဆေးရုံဆေးခန်းပြပြီး သေချာကုပေါ့ဗျာ”

“ဟုတ်ကဲ့ ဆရာ”

“အရေးကြီးဆုံးကတော့ တကိုယ်ရေသန့်ရှင်းရေးဗျ ၊သန့်လေးသန့်သေချာလုပ်ရင်တော့ ရောဂါဖြစ်ပွားတာကိုလျော့နည်းအောင် ထိန်းလို့ရတယ်ဗျ ၊ထပ်မဖြစ်အောင် ထိန်းလို့ရတယ်ဗျ ၊အစာသန့်ဖို့လိုတယ်၊ယင်နားစာမဖြစ်ရဘူး၊သေချာချက်ပြုတ်ရမယ်၊အုပ်ဆောင်းအုပ်ထားရမယ်၊ရေလည်းသန့်ရမယ်၊လိုရင်ကျို ချက်သောက်ရမယ်၊လက်လည်းသန့်ရမယ်၊ဆပ်ပြာနဲ့သေချာဆေးရမယ်၊အစားမကိုင်ခင်မပြင်ဆင်ခင်၊ညစ်ပတ်တာတွေကိုင်ပြီးရင်၊အိမ်သာတတ်ပြီးရင်၊အိမ်သာလည်းသပ်ရပ်ရမယ်၊ယင်မအုံစေရဘူး၊အနံ့လုံရမယ်၊တံခါးနဲ့အမိုးလည်းရှိရမယ်၊အဖုံးလည်းရှိရမယ်ဗျ ”

“ဟုတ်ကဲ့ ဆရာ”

“ဒါတွေ သေချာလိုက်နာရင် ရောဂါကိုကောင်းကောင်းကာကွယ်နိူင်တယ်ဗျ ”

“ဟုတ်ကဲ့ပါဆရာရေ၊ကျေးဇူးတင်တယ်ဗျာ၊ကျွန်တော်ရွာကလူတွေသွားပြောလိုက်အုန်းမယ်ဗျ ၊ခွင့်ပြု ပါဦးဗျာ”

“ဟုတ်ကဲ့ပါ”

တတ်တတ်ကြွကြွပြန်ထွက်သွားတဲ့ကိုမျိုးကိုကြည့်ရင်း တကိုယ်ရည်သန့်ရှင်းရေးရဲ့ အရေးပါပုံကိုလည်း စဉ်းစားလိုက်မိပါတယ်”

Author: Dr. CST

Previous Post

မင်္ဂလာမောင်မယ် စကားဝိုင်း (ဝမ်းချုပ်ခြင်းနှင့်ဓာတ်စာ)

Next Post

ကာလသားရောဂါမဖြစ်စေရန်ကာကွယ်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
869
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကာလသားရောဂါမဖြစ်စေရန်ကာကွယ်ပါ

အတွေးရောဂါ

နှလုံးသွေးကြောပိတ်ဆို့မှုနဲ့ နှလုံးကြွက်သားစွမ်းဆောင်နိုင်မှုကို တိုင်းတာပေးမယ့်စက် (Myocardial Perfusion Scan) ကို အာရှတော်ဝင်ဆေးရုံမှာ တပ်ဆင်ဖို့ရှိ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.