အသားအရေလှပပြီး ကျန်းမာစေရန်ကြောင့် သစ်သီးနှင့်သစ်သီးဖျော်ရည်များကို စားသောက်သင့်ပါ သည်။ သစ်သီးများတွင် ဗီတာမင်စီပေါများစွာပါဝင်သောကြောင့် အသားအရေထိန်းသိမ်းမှုအတွက် အကောင်း ဆုံးဖြစ်ပါသည်။ ထို့ကြောင့် အသားအရေလှပပြီး အသားအရေပြဿနာများ လျော့ပါးသက်သာစေရန် သစ်သီး များကိုမျက်နှာ ပေါင်းတင်နည်းအဖြစ် အသုံးပြုနိုင်ပါသည်။
သခွားသီး
သခွားသီးတွင် မျက်နှာအသားအရေကိုအေးမြစေသော အာနိသင်ရှိပါသည်။ ထို့အပြင် ဝက်ခြံ၊ အရေ ပြားအနာနှင့် ရောင်ရမ်းဖုများကိုသက်သာစေပါသည်။ သခွားသီးဖြင့် မျက်နှာပေါင်းတင်နိုင်ပါသည်။ သခွားသီး ကိုခပ်ပါးပါးလှီးပြီး ဂျုံမှုန့်နှင့်ရောမွှေကာ မျက်နှာပြင်ပေါ်တွင်လိမ်းပေးရပါမည်။ မိနစ် ၂၀ အကြာတွင်ရေနှင့်ဆေး ကြောခြင်းဖြင့် အသားအရေကျန်းမာလှပစေပါသည်။
သင်္ဘောသီး
သင်္ဘောသီးသည်အသားအရေ သန့်စင်စေသောသဘာဝပစ္စည်းတစ်မျိုးဖြစ်ပါသည်။ အရေပြားပြဿနာ ကင်းဝေးစေပြီး ဝက်ခြံကင်းစေပါသည်။ သင်္ဘောသီးဖြင့်မျက်နှာပေါင်းတင်နည်းမှာ သင်္ဘောသီးကိုပါးပါးလှီးပြီး ပျားရည်၊ ဂျုံမှုန့်စသည်တို့ဖြင့် ရောမွှေပြီးခြောက်သွေ့သော အရေပြားပေါ်တွင်လိမ်းပေးရပါမည်။ ရေနှင့်စင်ကြယ် အောင်ဆေးကြောခြင်းဖြင့် အသားအရေသန့်စင်ပြီးချောမွေ့လှပစေပါသည်။
ပန်းသီး
ပန်းသီးတွင် ဗီတာမင်၊ ပက်တင်နှင့်တန်နင်ပေါများစွာ ပါဝင်သည်။ ပန်းသီးကိုအရေပြားချွေးပေါက်ထိန်း ဆေးအဖြစ်အသုံးပြုနိုင်ပါသည်။ ပန်းသီးသည် အရေအကြောင်းများကိုလျော့ပါး သက်သာစေပါသည်။ ပန်းသီး ဖြင့်မျက်နှာပေါင်းတင်နည်းမှာ ပန်းသီးကိုကြေညက်အောင်ကြိတ်ခြေပြီး ဂလစ်ဆလင်းအလှဆီနှင့်ရောမွှေကာ မျက်နှာပြင်အနှံ့လိမ်းပေးရပါမည်။ ၁၅ မိနစ်ခန့်ထားပြီးရေအေးနှင့်ဆေးကြောလိုက်ပါက အရေပြားတင်းရင်းပြီး ချောမွေ့သွားစေပါသည်။
လိမ္မော်သီး
လိမ္မော်သီးသည် မျက်နှာအသားအရေကိုကြည်လင်စေသော အကောင်းဆုံးအသီးဖြစ်ပါသည်။ လိမ္မော် သီးဖြင့်မျက်နှာပေါင်းတင်နည်းမှာ လိမ္မော်ရည်ထမင်းစားဇွန်း ၅ ဇွန်း၊ ဂျုံမှုန့် ၂ ဇွန်းနဲ့ ကြက်ဥ (သို့) ဘဲဥအကာ တစ်လုံးတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးရပါမည်။ မိနစ် ၂၀ ခန့်ကြာလျှင်ရေဖြင့် စင်ကြယ်အောင်ဆေး ကြောရပါမည်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးသည် သဘာဝချေးချွတ်ဆေးတစ်မျိုးဖြစ်ပါသည်။ အရေပြားပေါ်တွင်ရှိသောအမာရွတ်များ၊ အမည်းကွက်များကို ပျောက်ကင်းစေပါသည်။ အသားအရေအရောင်ကိုလင်းလက်စေပါသည်။ ခရမ်းချဉ်သီးဖြင့် မျက်နှာပေါင်းတင်နည်းမှာ ခရမ်းချဉ်သီးကိုပါးပါးလှီးပြီး မျက်နှာပေါ်တွင်ကပ်ထားနိုင်ပါသည်။ အချိန်ကြာမြင့်စွာမ တင်ထားသင့်ပါ။ သို့ရာတွင် အသားအရေခြောက်သွေ့သူများတွင် မသုံးသင့်ပါ။
အကြံပြုချက်
အသားအရေကျန်းမာလှပစေရန်အတွက် သစ်သီးများဖြင့်ပေါင်းတင်နိုင်ပါသည်။ ငွေကြေးကုန်ကျမှုလဲ မများပါ။ အလွယ်တကူလဲရရှိနိုင်ပါသည်။ ထို့ကြောင့်အထက်ပါအသီးများဖြင့် ပေါင်းတင်သင့်ကြောင်းအကြံပြု အပ်ပါသည်။
Author: ဒေါက်တာမင်းသူရိန် (vol – 8 / no -8) Healthcare Journal