fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးပေါင်ကျဆေးတွေ တကယ်လိုတာဟုတ်ရဲ့လား ..?

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/12/2020
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သွေးပေါင်ကျဆေးတွေ တကယ်လိုတာဟုတ်ရဲ့လား ….?

သွေးတိုးရောဂါဆိုတာ ကြောက်စရာကောင်းတာ…လေဖြတ်တတ်တာ….နှလုံးပျက်စီးစေနိုင်တာ…ကျောက်ကပ်ထိခိုက်စေနိုင်တာ… မျက်လုံးထိခိုက်စေနိုင်တာ.. လူတော်တော်များများသိကြပြီးသားဖြစ်ပါတယ်။

သွေးတိုးရင် မူးတတ်တယ်..ခေါင်းလေးတတ်တယ်..ဇက်ကြောတက်နိုင်တယ်ဆိုတဲ့ ဗဟုသုတလည်း တော်တော်များများမှာ ရှိကြပါတယ်။

ဒါပေမဲ့ လူတော်တော်များများ မှားနေတတ်ကြတဲ့ အယူအဆက ဘယ်အခြေအနေကို တကယ့်သွေးတိုးရောဂါလို့ ခေါ်တာလဲ သွေးကျဆေးတွေကို ဘယ်လိုသောက်ရမလဲ ဆိုတာပဲဖြစ်ပါတယ်။

တကယ့်သွေးတိုးရောဂါဆိုတာ ဘာလဲ ?

သွေးပေါင်ချိန် လို့ခေါ်ကြတဲ့ လူ့ခန္ဓာကိုယ်အတွင်းသွေးကြောတွေထဲက သွေးဖိအား တက်နိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။

ဥပမာ..စိတ်ညစ်စရာတစ်ခုခု စိတ်လှုပ်ရှားစရာ တစ်ခုခု ပေါ်လာလို့ဖြစ်စေ ၊ ထိတ်လန့်စရာတစ်ခုခုရှိလို့ဖြစ်စေ၊ အိပ်ရေးပျက်လို့ဖြစ်စေ၊ အစားတစ်ခုခုမှားလို့ဖြစ်စေ ၊ ဘာကြောင့်မဆို ခနတဖြုတ် သွေးပေါင်ချိန်တက်သွားတတ်ပါတယ်။

ယာယီ သွေးတက်တာပဲဖြစ်လို့ အနားယူလိုက်တဲ့အခါ ..ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ငြိမ်သွားတဲ့အခါ သွေးပေါင်ချိန်လည်း ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

အသိသာဆုံးဥပမာကတော့ ဆေးရုံဆေးခန်းတွေမှာ သွေးပေါင်ချိန်လိုက်ရင် စိတ်လှုပ်ရှားမှုနဲ့ ကြောက်စိတ်ကြောင့် ပုံမှန်ထက် သွေးပေါင်ချိန်ပိုတက်နေတတ်ပါတယ်။

ဒါကို White Coat hypertension လို့ခေါ်ပါတယ်။

ဒါကြောင့်လည်း Home Blood Pressure Monitoring လို့ခေါ်တဲ့ အိမ်မှာနေ့စဉ်ပုံမှန်ချိန်ထားတဲ့ သွေးပေါင်ချိန်က အရေးကြီးတာဖြစ်ပါတယ်။

ဒါကြောင့်ဆေးရုံဆေးခန်းတွေမှာလည်း သွေးပေါင်ကို လူနာရောက်ရောက်ချင်း တန်းချိန်တာမျိုး ၊ တစ်ခါတည်းချိန်ပြီး သွေးတိုးရောဂါလို့ ရောဂါနာမည်တန်းတပ်တာမျိုး..၊ သွေးကျဆေးတွေ တန်းသောက်ခိုင်းတာမျိုး မလုပ်ရပါဘူး။

၁၃၅/၈၅ ဝန်းကျင်လောက် အမြဲဖြစ်နေရင်တော့ စပြီး သတိထားသင့်ပါပြီ။

သွေးတိုးရောဂါ အစပျိုးနေပြီဖြစ်ပါတယ်။

တကယ့်သွေးတိုးရောဂါလို့ သတ်မှတ်မယ်ဆို အမြဲတမ်း..ဘယ်မှာချိန်ချိန် ဘယ်နှခါချိန်ချိန် ၊ တက်စာ စားစား/မစားစား…ဘာအကြောင်းပြချက်မှမရှိဘဲ သွေးပေါင်ချိန် ၁၄၀/၉၀ နဲ့ အထက်မှာ ရှိနေရပါမယ်။

ဘယ်သွေးကျဆေးသောက်ရမလဲ ??

မိမိရဲ့ အသက်အရွယ်၊ သွေးပေါင်ချိန်အနေအထားနဲ့ တခြားရောဂါတွေရှိမရှိပေါ်မူတည်ပြီး ဆရာဝန်ဆုံးဖြတ်ပါလိမ့်မယ်။

Antihypertensive လို့ခေါ်တဲ့ သွေးကျဆေးအုပ်စုဝင်ဆေးအမျိုးအစားကွဲတွေ အများကြီးရှိပါတယ်။

မိမိနဲ့ တကယ်သင့်တော်တဲ့ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်မဲ့ ဆေးကိုရွေးချယ်ညွှန်ကြားပေးဖို့က ဆရာဝန်ရဲ့တာဝန်ဖြစ်ပါတယ်။

သွေးညှိဆေးဆိုတာဘာလဲ ??

ဆေးဆိုင်တွေမှာ..ရပ်ကွက်ထဲမှာ…သွေးညှိဆေးလို့ ခေါ်နေကြတဲ့ ဆေးတွေအားလုံးကလည်း သွေးကျဆေးအုပ်စုဝင် သွေးကျဆေးတွေပါပဲ။

လူတွေမှာ သိပ်လွဲမှားနေတဲ့ အယူအဆတစ်ခုက သွေးညှိဆေးဆိုတဲ့ဆေးတွေကို သွေးတိုးရောဂါမရှိလည်း သောက်လို့ရတယ်..အန္တရာယ်ရှိလောက်တဲ့အထိ ထိုးမကျဘူး..လို့ ထင်နေကြပါတယ်။
အလွယ်တကူ ကိုယ့်သဘောနဲ့ကိုယ် ဝယ်သောက်နေတတ်ကြပါတယ်။

သွေးပေါင်မချိန်ကြည့်ဘဲနဲ့တောင် စိတ်ကြိုက်ဝယ်သောက်နေတာမျိုးတွေရှိတဲ့အတွက် အန္တရာယ်သိပ်များလှပါတယ်။

ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ် သွေးပေါင်ကျဆေးတွေအားလုံးက နှလုံးနဲ့ သွေးကြောတွေမှာ သက်ရောက်မှုတွေ ရှိတဲ့အတွက် တကယ်သွေးတိုးရောဂါမရှိသူတွေအတွက် အခန့်မသင့်ရင် အသက်အန္တရာယ်အထိတောင်ဖြစ်စေနိုင်ပါတယ်။

တခြားဘေးထွက်ဆိုးကျိုးတွေလည်း အများကြီးရှိတာမို့ ဆရာဝန်မညွှန်ကြားရင် လုံးဝမသောက်ပါနဲ့။

တကယ်သွေးတိုးရောဂါဖြစ်နေရင်ရော ??

ဒီလိုလူနာတွေမှာတော့ ဆရာဝန်ညွှန်ကြားတဲ့ သွေးပေါင်ကျဆေးနဲ့ တခြားလိုအပ်လို့ ညွှန်ကြားထားတဲ့ ဆေးတွေအားလုံးကို မပျက်မကွက် မှန်မှန်သောက်နေဖို့လိုပါတယ်။

သွေးပေါင်ချိန်မှန်လာပြီ ကျလာပြီဆိုရင်တောင် ဆေးမဖြတ်ဘဲ ပုံမှန်သောက်ရပါမယ်။

ရက်ချိန်းပုံမှန်ပြဖို့ လိုသလို ဆရာဝန်က အိမ်မှာသွေးပေါင်ချိန်ဖို့ ညွန်ကြားထားရင်လည်း လိုက်နာဖို့လိုပါတယ်။

ဆေးကြောင့်မူးလာတာ..သွေးပေါင်အရမ်းထိုးကျတာမျိုးဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ရပါမယ်။

သွေးတိုးရောဂါရှိရှိ /မရှိရှိ ကျန်းမာစေတဲ့ နေထိုင်မှုပုံစံနဲ့ နေထိုင်သွားဖို့ကတော့ ကျွန်တော်တို့ လူသားအားလုံးရဲ့ မွေးရာပါတာဝန်ပဲဖြစ်ပါတယ်..။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

(22.1.20)

Previous Post

အဝလွန်ခြင်းနှင့် စိတ်ကျရောဂါ 

Next Post

အသည်းရောဂါများအကြာင်းသိကောင်းစရာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
855
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းရောဂါများအကြာင်းသိကောင်းစရာများ

အရေပြားမှိုရောဂါ အမျိုးအစားများနှင့် ကုသခြင်းအကြောင်း

သံဓာတ်ချို့တဲ့ခြင်းအကြောင်းရင်းများနှင့် ကုသရန်နည်းလမ်းများ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.