နှာချေခြင်း
နှာချေခြင်းဟာ လူတော်တော်များများကို စိတ်ကသိကအောက်ဖြစ်စေတဲ့ အခြေအနေ ဝေဒနာ တစ်ခုဖြစ်တယ်။ သို့သော် အန္တရာယ်ရှိစေတတ်သော ကြီးမားတဲ့ ရောဂါတစ်ခုခုရဲ့ ရှေးပြေးလက္ခဏာရပ် တစ်ခုတော့မဟုတ်ပါ။
- ဘာကြောင့် နှာချေရတာလဲ?
– သင့်ရဲ့ နှာခေါင်း နှင့် လည်ပင်းအတွင်းရှိ နံရံအမှေးပါးလေးများကို အနှောက်အယှက် ဖြစ်စေသည့် အရာများနှင့် ရှူရှိုက်မိသည့်အခါ / ရှိနေသည့်အခါတွင် ဖြစ်ပေါ်လာသည့် လက္ခဏာတစ်ခု ဖြစ် တယ်။
– တစ်ခါတစ်ရံ ပတ်ဝန်းကျင်ရှိ အနံ့အသက်များ၊ ဖုန်မှုန့်များ၊ ဗိုင်းရပ်(စ်)ပိုးများ၊ ဘက်တီးရီး ယား ပိုးများဟာ လည်ပင်းနှင့် နှာခေါင်းအတွင်းရှိ အမှေးပါးလေးများကို အနှောက်အယှက် ဖြစ်စေခြင်း၊ ဓာတ်မတည့်မှုများ ဖြစ်စေခြင်းများ ဖြစ်စေပါတယ်။
– ထိုအခါ ခန္ဓာကိုယ်မှ ၎င်းအရာများကို ဖယ်ထုတ်သည့်အနေဖြင့် နှာချေခြင်းကို တုန့်ပြန် လုပ်ဆောင်ပေးပါတယ်။
– နှာချေခြင်းဟာ ထိန်းလို့မရတဲ့ ပြင်းထန်စွာ အသက်ရှူထုတ်ခြင်း ဖြစ်စဉ်တစ်ခု ဖြစ်တယ်။
နှာချေစေသော အရာများ
ဓာတ်မတည့်စေသော အရာများ (ပန်းဝတ်မှုံ/ မှို/ ဖုန်မှုန့်များ)
တစ်ချို့ ရှူဆေးများ
တုပ်ကွေးပိုးများ
အအေးမိ ပိုးများ
ဆေးဖြတ်သည့်အခါ
လေထု ခြောက်သွေ့ခြင်း
လေအေးရှူမိခြင်း
စပ်သောအစားအသောက်များ စားသည့်အခါ
အိမ်တွင်းကုထုံး
မိမိအား နှာချေစေသော အနံ့အသက် / အရာဝတ္ထုများကို ရှောင်ပါ။
တိရစ္ဆာန်များ မွေးထားလျှင် ဝေးဝေးနေပါ။ အမွှေးများကို ပုံမှန်ညှပ်ပေးပါ။ ဖြစ်နိုင်လျှင် အိမ်မွေး တိရစ္ဆာန်များအား မွေးခြင်း ရှောင်ပါ။
လေသန့်စင်စက် တပ်နိုင်ပါသည်။
တုပ်ကွေး / အအေးမိခြင်းကို ကုသမှုခံယူပါ။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကုသမှု ခံယူပါ။
ဆေးလိပ်ဖြတ်ပါ။
အနံ့ပြင်းပြင်း နှင့် အငွေ့များရှောင်ပါ။
Dr.Yin Yin Win
M.B.B.S (Ygn)
Dip.Med.Sc (Family Medicine)