ကိုယ်ပူခြင်းအကြောင်းတစေ့စောင်း
လူတစ်ယောက်ရဲ့ ပုံမှန်ခန္ဓာကိုယ် အပူချိန်ဟာ 36 – 37℃ (98- 100℉) ဖြစ်ပါတယ်။
ဒီထက်ပိုတက်လာလျှင် ကိုယ်ပူတယ်လို့ သတ်မှတ်ပါတယ်။
အတွေ့များတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
အဖျားတက်လာလျှင် ချမ်းစိမ့်လာတယ်ဆိုတဲ့ ခံစားမှုမျိုးကို ဖြစ်စေပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ အမြဲတသတ်မှတ်တည်း ရှိနေတာတော့ မဟုတ်ပါ။
အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ခြင်း၊ နေ့နှင့်ညပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။
ည ၆ နာရီ ဝန်းကျင်တွင် အမြင့်ဆုံးဖြစ်ပြီး မနက် 3:00 AM တွင် အနိမ့်ဆုံး ဖြစ်သည်။
အဖျားတိုင်းခြင်းနှင့် ကိုယ်ပူခြင်း သတ်မှတ်ချက်
(1) ပါးစပ်မှတိုင်းလျှင် – 37.7 °C နှင့်အထက်
– 99.9 °C နှင့်အထက်
(2) ချိုင်း၊ နားမှ တိုင်းလျှင် – 37.2 °C နှင့်အထက်
– 99 °C နှင့်အထက်
(3) စအိုမှတိုင်းလျှင် – 37.2 °C နှင့်အထက်
– 99 °C နှင့်အထက်
ဘာကြောင့်ကိုယ်ပူရတာလဲ?
– ကိုယ်ပူတတ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ရဲ့ရောဂါပိုးကို တိုက်ထုတ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
– ကိုယ်အပူချိန်တက်ခြင်းဟာ ပိုးကိုတိုက်ထုတ်ရာတွင် အထောက်အပံ့ပေးပါတယ်။
– သို့သော် အပူချိန်အရမ်းများလျှင် ဆိုးရွားသော အနေအထားများကို ဖြစ်စေပါတယ်။
– အပူချိန်ကျစေသော ဆေးများရှိပါတယ်။ ကိုယ်ပူကျဆေးလို့ ခေါ်ပါတယ်။ ကိုယ်ပူခြင်းဟာ မအီမသာ ဖြစ်မှုကို ပြင်းထန်စွာ ခံစားရစေတယ်ဆိုလျှင် ကိုယ်ပူကျ ဆေးသောက်နိုင်ပါတယ်။
ကိုယ်ပူလာလျှင်ဘာတွေဖြစ်နိုင်လဲ?
– ချမ်းစိမ့်လာမယ်။
– ချမ်းတုန်လာမယ်။
– အစားအသောက် ပျက်မယ်။
– ရေဓာတ်ခန်းခြောက်မယ်။
– နာကြဉ်မှု ခံနိုင်ရည် လျော့လာမယ်။
– မအီမသာ ဖြစ်မယ်။
– ခေါင်းလေးပြီး အိပ်ချင်မယ်။
– အာရုံစိုက်၍ မရဖြစ်မယ်။
– အားပြတ် နုန်းခွေမယ်။
– ချွေးပြန်မယ်။
ပြင်းထန်စွာ အပူတက်လျှင် – တက်ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ သတိမေ့ခြင်း၊
ဂျီကျခြင်း ဖြစ်နိုင်ပါတယ် ။
အဖျားအတိမ်အနက်
ခပ်ငွေ့ငွေ့အဖျားပမာဏ – 38-1-39℃ သို့မဟုတ် 100.5 – 102.1℉
အလယ်အလတ်အဖျားပမာဏ – 39.1 – 4.0℃ သို့မဟုတ် 102.2 – 104.0℉
အဖျားကြီးခြင်း၊ပြင်းထန်အဖျား – 40.1 – 41.1℃ သို့မဟုတ် 104.1 – 106.0℉
တရားလွန်ဖျားခြင်း – 41.1 ℃ အထက် သို့မဟုတ် 106.0℉ အထက်
ရက်တိုဖျားခြင်း – ၇ ရက် အောက် အဖျား
ရက်ရှည် ဖျားခြင်း – ၁၄ ရက် အထက် အဖျား
ကိုယ်ပူစေသော အကြောင်းရင်းများ n]
ပိုးဝင်ခြင်း
အပူရှပ်ခြင်း
အဆစ်ယောင်ရောဂါရှိခြင်း
ဆေးအချို့
နေပူလောင်ခြင်း
ရေဓါတ်ဆုံးရှုံးခြင်း
ဆီလီကိုစစ်ရောဂါ
စိတ်ကြွဆေးသုံးခြင်း
အရက်ဖြတ်ခြင်း
ကိုယ်ပူကျအောင် ဘယ်လိုလုပ်မလဲ?
ခပ်ငွေ့ငွေ့ဖျားခြင်းများကို ကုသရန် မလိုပါ။
ကိုယ်ပူစေသော ရောဂါကို ကုသရပါမယ်။
ရေဓါတ်မဆုံးရှုံးရအောင် အရည်များများသောက်ပါ။
အဖျားအရမ်းကြီးလျှင် ရေချိုးချခြင်း၊ ရေပတ်တိုက်ခြင်း လုပ်နိုင်သည်။
အေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာတွင် နေပါ။
ချမ်းတုန်ခြင်းမရှိလျှင် စောင်ထူထူခြုံခြင်း၊ အနွေးထည်များ ထူထပ်စွာ ဝတ်ဆင်ခြင်း ရှောင်ပါ။
အနားယူပါ။
အဖျားကြီးလျှင် ၊ မအီမသာ ဖြစ်ခြင်းဆိုးလျှင် ကိုယ်ပူကျဆေးသောက်နိုင်ပါသည်။
၆ လ အောက်ကလေးများကို Ibuprufen အဖျားကျဆေး မတိုက်သင့်ပါ။
ကလေးငယ်များအား Asprin မတိုက်သင့်ပါ။
ထင်မြင် ယူဆချက်တိုင်းအတွက် ဆရာဝန် နှင့် ဆွေးနွေးပါ။
ဘယ်အချိန် ဆရာဝန်နှင့် ပြသင့်သလဲ?
အဖျားရက်ရှည်လျှင်
အဖျားကြီးလျှင်
ဇာတ်ထောင့်လျှင်
အနီစက်ထွက်လျှင်
မောကြပ်လျှင်
ဆီးနည်းသွားလျှင်
ကယောင်ကတမ်းပြောလျှင်
အန်လျှင်
Dr.Yin Yin Win
M.B.B.S (Ygn)
Dip.Med.Sc (Family Medicine)