ကြက်ညှာချောင်းဆိုး
ကြက်ညှာချောင်းဆိုးရောဂါဟာ အရမ်းကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်တယ်။
ကလေးငယ်များတွင် အများဆုံး ဖြစ်လေ့ရှိသော ရောဂါဖြစ်တယ်။ သို့သော် အသက်အရွယ် မရွေး ဖြစ်နိုင်ပါတယ်။
၁ နှစ်အောက် ကလေးများတွင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
ရောဂါလက္ခဏာများ
ပိုးကူးစက်ခံရပြီး ၁၀ ရက်ကျော်အထိ လက္ခဏာ မပြတတ်ပါ။
အစပိုင်းမှာ သာမန်အအေးမိ ၊ တုပ်ကွေး လက္ခဏာများသာ ခံစားရနိုင်ပါတယ်။ (ဥပမာ – နှာစေးခြင်း၊နှာခေါင်းပိတ်ခြင်း၊ မျက်လုံးနီခြင်း၊ မျက်ရည်ပူကျခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း
သို့သော် ၎င်းလက္ခဏာများ ၁ ပတ် ၂ ပတ် ထက် ကျော်လာသောအခါ လက္ခဏာများ ပိုမို ပြင်း ထန်လာပါတယ်။
အသက်ရှူလမ်းကြောင်းတွင် ချွဲပြစ်ပြစ်များ စုလာခြင်းကြောင့် ဆက်တိုက်ဆိုးရွားစွာ ချောင်းဆိုး လာပါမယ်။
တစ်ခါတစ်ရံ အန်သည်အထိ (မျက်နှာပြာလာ၊ နီလာသည်အထိ၊ အလွန်မောပန်းသွားသည်အထိ ဟု ဆိုသော အသက်ရှူသွင်းသံ မြည်သည်အထိ ပြင်းထန်စွာ ချောင်းဆိုးနိုင်ပါတယ်။
၃ လ နီးပါးကြာအောင် ချောင်းဆိုးနိုင်ပါတယ်။
မွေးကင်းစ ကလေးငယ်များဆိုလျှင် ချောင်းဆိုးမည့်အစား အသက်ရှူရ ခက်ခဲသည့် လက္ခဏာများ၊ အသက်ရှူခဏရပ်သည့် လက္ခဏာများ ပြသနိုင်ပါတယ်။
ဖြစ်စေသော အကြောင်းအရင်း
Bordella Perturis လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တယ်။
ရောဂါပိုးရှိနေသူ နှာချေ ၊ ချောင်းဆိုးရာတွင် ထွက်လာသော အမှုန်များတွင် ၎င်းပိုးများ များစွာ ပါနေပါတယ်။
ထိုအမှုန်များ ရှိနေသည့် လေကို ရှူမိရာမှ ၁ ထိ အမှုများ ကပ်နေသည့် အရာဝတ္ထုများကို ကိုင်တွယ်ထိတွေ့မိရာမှ ကူးစက်နိုင်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးများ
အများအားဖြင့် – နံရိုးကျိုးခြင်း
အူကျခြင်း
မျက်လုံးတွင် သွေးကြောပေါက်ခြင်း
၆ လအောက်ကလေးငယ်များ – နမိုးနီးယား အဆုပ်ရောင်ရောဂါဖြစ်ခြင်း
အသက်ရှှုနှေးခြင်း၊ ရပ်သွားခြင်း
ရေဓာတ်ဆုံးရှုံးခြင်း
တက်ခြင်း
ဦးနှောက်ထိခိုက်ခြင်း
မွေးကင်းစကလေးငယ်များ နှင့် လမ်းလျှောက်တတ်ခါစ ကလေးငယ်များသည် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရနိုင်မှု ပိုများသည်။
လေအောက်ကလေးငယ်များ အသက်အန္တရာယ် ရှိနိုင်သည်။
ထို့ကြောင့် ဆေးရုံတွင် ကုသမှုခံယူရနှုန်း ပိုများလေ့ရှိသည်။
ကာကွယ်ခြင်း
ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ကာကွယ်ဆေးကို သတ်မှတ်ထားသည့် အကြိမ်ရေပြည့်အောင် ထိုးခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ၅ မျိုးစပ် ကာကွယ်ဆေးတွင် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးပါ ပါတယ်။
အသက် ၂ လ တွင် တစ်ကြိမ် ၊ ၄ လတွင် တစ်ကြိမ် ၊ ၆ လတွင် တစ်ကြိမ် (၃) ကြိမ် ပြည့်အောင် ထိုးရပါမယ်။
အခြားအနေနှင့် ၁။ လက်ဆေးပါ။
၂။ အနားယူပါ။
၃။ နှာစေး၊ ချောင်းဆိုးလျှင် အုပ်၍ / ကာ၍ ဆိုးပါ။
၄။ လေဝင် လေထွက်ကောင်းသော နေရာတွင် နေပါ။
၅။ လူနေထူထပ်သော နေရာများ ရှောင်ပါ။
Dr.Yin Yin Win
M.B.B.S (Ygn)
Dip.Med.Sc (Family Medicine)