fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခေါင်းကိုက်ခြင်းရဲ့အကြောင်းရင်းကို သေချာစွာစစ်ဆေးပါ

355
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/04/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

စိတ္တင္းက်ပ္မႈေၾကာင့္ ေခါင္းကိုက္ျခင္းနဲ႔ေခါင္း႐ိုးလႈိဏ္ေခါင္းနာေၾကာင့္ကိုက္ျခင္း (sinus headache) တို႔မတူၾကပါ။ အမ်ားအားျဖင့္ စိတ္ပင္ပန္းမႈ၊ စိတ္ဖိစီးတင္းက်ပ္မႈေၾကာင့္ ေခါင္းကိုက္တတ္ပါသည္။ နာတာရွည္ ေခါင္း႐ိုးတြင္းလႈိဏ္ေခါင္းကိုက္ျပႆနာေတြေၾကာင့္ ျဖစ္တဲ့ေခါင္းကိုက္ျခင္း ၉၀ ရာခိုင္ႏႈန္းဟာတကယ္ေတာ့ စိတ္တင္းက်ပ္နာက်င္မႈေၾကာင့္ ျဖစ္ပါတယ္။ ေခါင္း႐ိုးလႈိဏ္ေခါင္းနာေၾကာင့္အမွန္တကယ္ျဖစ္တဲ့ေခါင္းကိုက္ ျခင္းဟာမၾကာခဏမျဖစ္ပါ။

၎တို႔ကိုနာတဲ့ေနရာေပၚလိုက္ၿပီး ခြဲျခးႏိုင္ပါတယ္။ စိတ္တင္းက်ပ္မႈေၾကာင့္ျဖစ္တဲ့ ေခါင္းကိုက္ျခင္းဟာ ဦးေခါင္းႏွစ္ဖက္စလုံးမွာ သက္ေရာက္ၿပီး တစ္ခါတစ္ရံဦးေခါင္းကို တင္းေနေအာင္ပတ္ထားတဲ့ႀကိဳးျပားလို နာ က်င္မႈကဝိုင္းပတ္ေနတယ္။ အဲဒါေၾကာင့္ နဖူး၊ နားထင္နဲ႔ ဦးေခါင္းေနာက္ဘက္ေတြမွာ နာက်င္တယ္။ ေခါင္း႐ိုး ကိုက္ေခါင္းနာေၾကာင့္ ေခါင္းကိုက္ျခင္းက်ေတာ့ မ်က္ေစ့ေတြရဲ႕အေပၚနဲ႔ ေအာက္နားမွာနာက်င္ၿပီး နားထင္၊ မ်က္ခုံးနဲ႔ပါးအထိ ပ်ံ႕ႏွံ႔သြားကာႏွာေခါင္းပတ္လည္မွာ စြဲစြဲၿမဲၿမဲကိုက္သလိုခံစားရတယ္။

နာက်င္မႈရဲ႕သဘာဝကို စဥ္းစားၾကည့္ပါ။ စိတ္တင္းက်ပ္မႈေၾကာင့္ ေခါင္းကိုက္ျခင္းရဲ႕တစ္မူထူးျခားတဲ့ သြင္ျပင္လကၡဏာက တစ္သမတ္ထဲျဖစ္ၿပီး ၿငီးေငြ႕စရာေကာင္းတယ္။ ေခါင္း႐ိုးလႈိဏ္ေခါင္းနာေၾကာင့္ေခါင္းကိုက္ ျခင္းဟာ ဖိအားကဲ့သို႔နာက်င္ၿပီးေရွ႕သို႔၊ ေအာက္သို႔ကုန္းလိုက္ျခင္းက ပိုမိုဆိုးဝါးေစတယ္။ နာတဲ့ေနရာဟာလြန္ စြာအထိမခံႏိုင္ေပ။

စိတ္တင္းက်ပ္မႈေၾကာင့္ျဖစ္ေသာ ေခါင္းကိုက္ျခင္းဟာ ေမာပန္းျခင္းကလြဲရင္အျခားလကၡဏာမ်ားနဲ႔အ တူပါခဲပါတယ္။ ေခါင္း႐ိုးလႈိဏ္ေခါင္းနာေၾကာင့္ ေခါင္းကိုက္ျခင္းမွာေခါင္းအေအးမိျခင္းနဲ႔ ႏွာရည္ယိုျခင္းဒါမွမ ဟုတ္ႏွာပိတ္ျခင္းျဖစ္လာၿပီး တစ္ခါတစ္ရံအဖ်ားလည္းရွိလာတတ္ပါတယ္။ စိတ္တင္းက်ပ္ျခင္းေၾကာင့္ေခါင္း ကိုက္ျခင္းဟာ စိတ္ဖိစီးမႈ၊ ေမာပန္းျခင္း၊ နာတာရွည္စိတ္က်ျခင္း၊ ကိုယ္ခႏၶာအေနထားမေကာင္းျခင္း ဒါမွမ ဟုတ္အံႀကိတ္ျခင္းတို႔ေၾကာင့္ ျဖစ္ေလ့ရွိတယ္။ ေခါင္း႐ိုးလႈိဏ္ေခါင္းနာေၾကာင့္ ေခါင္းကိုက္ျခင္းဟာအထူးသျဖင့္ ႏွာေခါင္းေပါက္နဲ႔ဆက္ေနတဲ့ ဦးေခါင္းခြံထဲရွိ ေလလမ္းေၾကာင္းပိတ္ေနျခင္း၊ ထိုအေခါင္းေပါက္ေတြမွာကူးစက္ ေရာဂါနဲ႔ဓာတ္မတည့္မႈေၾကာင့္ ထိုအေခါင္းေပါက္တြင္ ႁပြတ္သိပ္ပိတ္ဆို႔မႈတို႔ေၾကာင့္ျဖစ္တယ္။

ေခါင္းကိုက္ျခင္းႏွစ္မ်ိဳးစလုံးတို႔အတြက္ ကုသနည္းသည္အလြန္ကြဲျပားျခားနားေသာေၾကာင့္ ၎တို႔ကို မွန္ကန္စြာစစ္ေဆးၿပီး ခြဲျခားဖို႔အေရးႀကီးပါတယ္။ စိတ္တင္းက်ပ္ျခင္းေၾကာင့္ေခါင္းကိုက္ျခင္းကို အကိုက္အခဲ ေပ်ာက္ေဆး (အက္စပရင္၊ ပါတာစီတေမာ) တို႔ျဖင့္သက္သာေအာင္ကုသႏိုင္တယ္။ နာတာရွည္ေခါင္းကိုက္ ျခင္းကိုစိတ္ၿငိမ္ေဆးနဲ႔သက္ေတာင့္သက္သာ ျဖစ္ေစတဲ့နည္းမ်ားျဖင့္ကုသႏိုင္တယ္။
ေခါင္း႐ိုးလႈိဏ္ေခါင္းနာေၾကာင့္ ေခါင္းကိုက္ျခင္းအတြက္ကုသနည္းသည္ ျဖစ္သည့္အေၾကာင္းရင္းေပၚ မူတည္ပါတယ္။ လႈိဏ္ေခါင္းေရာဂါကူးစက္ျခင္းသည္ ပဋၬိဇီဝေဆးေတြလိုအပ္ၿပီး ပိတ္ဆို႔မႈကိုႏွာေခါင္းပြင့္ေဆး (Nasal decongestant) ျဖင့္ရႏိုင္ကာ၊ ဓာတ္မတည့္မႈေၾကာင့္ျဖစ္လွ်င္ ဓာတ္မတည့္လို႔ျဖစ္ေသာေရာဂါကုေဆး (anti-histamine) ျဖင့္ကုသႏိုင္သည္။

Author: ႏွင္းေအးေဝ (Vol-8 / No-10) Healthcare Journal

(Unicode)

စိတ်တင်းကျပ်မှုကြောင့် ခေါင်းကိုက်ခြင်းနဲ့ခေါင်းရိုးလှိုဏ်ခေါင်းနာကြောင့်ကိုက်ခြင်း (sinus headache) တို့မတူကြပါ။ အများအားဖြင့် စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးတင်းကျပ်မှုကြောင့် ခေါင်းကိုက်တတ်ပါသည်။ နာတာရှည် ခေါင်းရိုးတွင်းလှိုဏ်ခေါင်းကိုက်ပြဿနာတွေကြောင့် ဖြစ်တဲ့ခေါင်းကိုက်ခြင်း ၉၀ ရာခိုင်နှုန်းဟာတကယ်တော့ စိတ်တင်းကျပ်နာကျင်မှုကြောင့် ဖြစ်ပါတယ်။ ခေါင်းရိုးလှိုဏ်ခေါင်းနာကြောင့်အမှန်တကယ်ဖြစ်တဲ့ခေါင်းကိုက် ခြင်းဟာမကြာခဏမဖြစ်ပါ။

၎င်းတို့ကိုနာတဲ့နေရာပေါ်လိုက်ပြီး ခွဲခြးနိုင်ပါတယ်။ စိတ်တင်းကျပ်မှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းဟာ ဦးခေါင်းနှစ်ဖက်စလုံးမှာ သက်ရောက်ပြီး တစ်ခါတစ်ရံဦးခေါင်းကို တင်းနေအောင်ပတ်ထားတဲ့ကြိုးပြားလို နာ ကျင်မှုကဝိုင်းပတ်နေတယ်။ အဲဒါကြောင့် နဖူး၊ နားထင်နဲ့ ဦးခေါင်းနောက်ဘက်တွေမှာ နာကျင်တယ်။ ခေါင်းရိုး ကိုက်ခေါင်းနာကြောင့် ခေါင်းကိုက်ခြင်းကျတော့ မျက်စေ့တွေရဲ့အပေါ်နဲ့ အောက်နားမှာနာကျင်ပြီး နားထင်၊ မျက်ခုံးနဲ့ပါးအထိ ပျံ့နှံ့သွားကာနှာခေါင်းပတ်လည်မှာ စွဲစွဲမြဲမြဲကိုက်သလိုခံစားရတယ်။

နာကျင်မှုရဲ့သဘာဝကို စဉ်းစားကြည့်ပါ။ စိတ်တင်းကျပ်မှုကြောင့် ခေါင်းကိုက်ခြင်းရဲ့တစ်မူထူးခြားတဲ့ သွင်ပြင်လက္ခဏာက တစ်သမတ်ထဲဖြစ်ပြီး ငြီးငွေ့စရာကောင်းတယ်။ ခေါင်းရိုးလှိုဏ်ခေါင်းနာကြောင့်ခေါင်းကိုက် ခြင်းဟာ ဖိအားကဲ့သို့နာကျင်ပြီးရှေ့သို့၊ အောက်သို့ကုန်းလိုက်ခြင်းက ပိုမိုဆိုးဝါးစေတယ်။ နာတဲ့နေရာဟာလွန် စွာအထိမခံနိုင်ပေ။

စိတ်တင်းကျပ်မှုကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဟာ မောပန်းခြင်းကလွဲရင်အခြားလက္ခဏာများနဲ့အ တူပါခဲပါတယ်။ ခေါင်းရိုးလှိုဏ်ခေါင်းနာကြောင့် ခေါင်းကိုက်ခြင်းမှာခေါင်းအအေးမိခြင်းနဲ့ နှာရည်ယိုခြင်းဒါမှမ ဟုတ်နှာပိတ်ခြင်းဖြစ်လာပြီး တစ်ခါတစ်ရံအဖျားလည်းရှိလာတတ်ပါတယ်။ စိတ်တင်းကျပ်ခြင်းကြောင့်ခေါင်း ကိုက်ခြင်းဟာ စိတ်ဖိစီးမှု၊ မောပန်းခြင်း၊ နာတာရှည်စိတ်ကျခြင်း၊ ကိုယ်ခန္ဓာအနေထားမကောင်းခြင်း ဒါမှမ ဟုတ်အံကြိတ်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတယ်။ ခေါင်းရိုးလှိုဏ်ခေါင်းနာကြောင့် ခေါင်းကိုက်ခြင်းဟာအထူးသဖြင့် နှာခေါင်းပေါက်နဲ့ဆက်နေတဲ့ ဦးခေါင်းခွံထဲရှိ လေလမ်းကြောင်းပိတ်နေခြင်း၊ ထိုအခေါင်းပေါက်တွေမှာကူးစက် ရောဂါနဲ့ဓာတ်မတည့်မှုကြောင့် ထိုအခေါင်းပေါက်တွင် ပြွတ်သိပ်ပိတ်ဆို့မှုတို့ကြောင့်ဖြစ်တယ်။

ခေါင်းကိုက်ခြင်းနှစ်မျိုးစလုံးတို့အတွက် ကုသနည်းသည်အလွန်ကွဲပြားခြားနားသောကြောင့် ၎င်းတို့ကို မှန်ကန်စွာစစ်ဆေးပြီး ခွဲခြားဖို့အရေးကြီးပါတယ်။ စိတ်တင်းကျပ်ခြင်းကြောင့်ခေါင်းကိုက်ခြင်းကို အကိုက်အခဲ ပျောက်ဆေး (အက်စပရင်၊ ပါတာစီတမော) တို့ဖြင့်သက်သာအောင်ကုသနိုင်တယ်။ နာတာရှည်ခေါင်းကိုက် ခြင်းကိုစိတ်ငြိမ်ဆေးနဲ့သက်တောင့်သက်သာ ဖြစ်စေတဲ့နည်းများဖြင့်ကုသနိုင်တယ်။
ခေါင်းရိုးလှိုဏ်ခေါင်းနာကြောင့် ခေါင်းကိုက်ခြင်းအတွက်ကုသနည်းသည် ဖြစ်သည့်အကြောင်းရင်းပေါ် မူတည်ပါတယ်။ လှိုဏ်ခေါင်းရောဂါကူးစက်ခြင်းသည် ပဋ္ဋိဇီဝဆေးတွေလိုအပ်ပြီး ပိတ်ဆို့မှုကိုနှာခေါင်းပွင့်ဆေး (Nasal decongestant) ဖြင့်ရနိုင်ကာ၊ ဓာတ်မတည့်မှုကြောင့်ဖြစ်လျှင် ဓာတ်မတည့်လို့ဖြစ်သောရောဂါကုဆေး (anti-histamine) ဖြင့်ကုသနိုင်သည်။

Author: နှင်းအေးဝေ (Vol-8 / No-10) Healthcare Journal

Previous Post

ကင်ဆာဖြစ်စေသော အစားအစာများကိုရှောင်ကြဉ်ကြ

Next Post

လူပျိုပေါက်၊ အပျိုပေါက်နှင့်အဝလွန်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူပျိုပေါက်၊ အပျိုပေါက်နှင့်အဝလွန်ခြင်း

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၃) သားအိမ်တွင်း ပစ္စည်းထည့်ခြင်း (ဟိုမုန်းလ်ပါဝင် ပစ္စည်းထည့်ခြင်း)

နေ့စဉ်ကြုံတွေ့နေရသည့် ခရမ်းလွန်ရောင်ခြည်အကြောင်း သိကောင်းစရာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.