အစာမကြေရင်ကယ်ခြင်း(Dyspepsia)
-မစာမကြေရင်ကယ်ခြင်းအခြေအနေကို လူတော်တော်များများခံစားဖူးကြပါလိမ့်မယ်။
-အတွေ့များတဲ့အခြေအနေတစ်ခုဖြစ်တယ်။
-၎င်းအခြေအနေကိုယ်တိုင်သည် ရောဂါတစ်ခုမဟုတ်သော်လည်း တစ်ခါတစ်ရံ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါကြီးတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေတတ်ပါတယ်။
-90ရာခိုင်နှုန်းကတော့ Functional dyspepsiaလို့ခေါ်တဲ့ ရောဂါအခံကြောင့်မဟုတ်သော မစိုးရိမ်ရသော အခြေအနေတစ်ခုသာဖြစ်လေ့ရှိပြီး အနေအထိုင် အစားအသောက်ဆင်ခြင်ဂရုစိုက်ခြင်း နှင့် သာမန်ဆေးဝါးများဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
Q.ဘယ်လိုလက္ခဏာတွေကို အစာမကြေရင်ကယ်နေတယ်လို့သတ်မှတ်မလဲ?
-ရင်ခေါင်းတောင့်နေခြင်
-ရင်ခေါင်းပူခြင်
-ပုံမှန်စားသည့်ပမာဏစားမဝင်ဘဲစားနေစဉ်ပြည့်အင့်လာခြင်
-ပုံမှန်စားနေသည့်ပမာဏသာစားသော်လည်း စားပြီးရင်ကယ်နေခြင်
-ပျို့ခြင်
-အန်ခြင်
-လေတက်ခြင်း
-ဗိုက်ကယ်ဗိုက်ပွနေခြင်း
Q.အစာမကြေရင်ကယ်ခြင်းနှင့်မှားနိုင်သောအန္တရာယ်ရှိသည့်အရေးပေါ်ရောဂါနှင့်လက္ခဏာ
-မှားနိုင်သည်မှာ Heart attack လို့ခေါ်တဲ့ နှလုံးဖောက်မောအောင့်တဲ့ရောဂါဖြစ်ပါတယ်။
-အထူးသဖြင့်ဆီးချိုရောဂါအခံရှိသူများတွင် နှလုံးဖောက်ခြင်းလက္ခဏာ အနေနှင့်သိသိသာသာပြလေ့မရှိပဲ အစာမကြေရင်ကယ်သော လက္ခဏာအနေနှင့်သာတွေ့ရတတ်ပါတယ်။
-အစာမကြေရင်ကယ်ခြင်းဟာ အရေးပေါ်အသက်အန္တရာယ်မဖြစ်တတ်သော်လည်း နှလုံးဖောက်ခြင်းဟာ အချိန်မှီကုသမှုမရလျှင်သေဆုံးနိုင်ပါတယ်။
-ထို့အတွက် အစာမကြေရင်ကယ်ခြင်းအနေအထားဟာ
အောက်ပါလက္ခဏာများနှင့်တွဲဖြစ်လျှင် အရေးကြီးပြီးအရေးပေါ်ဆေးရုံဆေးခန်းသွားရန်လိုပါတယ်။
1.ချွေးစေးပြန်ပြီးမောလျှင်
2.မေးရိုး၊လည်ပင်းနှင့်လက်အထိ ပြန့်နှံ့၍ကိုက်လာသောရင်ဖတ်အောင့်ခြင်းနှင့်တွဲလျှင်
3.လှုပ်ရှားလျှင် (သို့)စိတ်ပူပန်လျှင်ပို၍ဆိုးလာသောရင်ဖတ်အောင့်ခြင်း
Q.အစာမကြေရင်ကယ်ခြင်းဖြစ်စေသောအကြောင်းအရင်းများ
-အကြောင်းအရင်းများစွာရှိပါတယ်။
-ယေဘုယျအားဖြင့် အနေအထိုင်၊အစားအသောက်၊အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများနှင့် ဆေးဝါးများကြောင့် ဖြစ်လေ့ရှိပါတယ်။
A.အနေအထိုင်အစားအသောက်
-ပြည့်အင့်စွာစားသောက်ခြင်း
-မြန်မြန်စားသောက်ခြင်း
-ဆီများသောအစားအသောက်များ
-စပ်သောအစားအသောက်များ
-ကဖင်းပါသောအစားအသောက်များ
-ဂတ်စ်ပါသောအချိုရည်များ
-ချောကလတ်များ
-အရက်
-ဆေးလိပ်သောက်ခြင်း
-စိတ်ပူပန်မှုများခြင်း
B.အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ
-အစာအိမ်ရောင်ခြင်း
-အစာအိမ်နှင့် အူသိမ်အနာဖြစ်ခြင်း
-အစာအိမ်ပိုးရှိနေခြင်း
-အစာအိမ်ကင်ဆာ
-သဲခြေကျောက်တည်ခြင်း နှင့် သည်းခြေထုတ်ထားသူများ
-မုန့်ချိုအိတ်ရောင်ခြင်း
-အူလမ်းကြောင်းသွေးလုံလောက်စွာမရခြင်း
-ဝမ်းချုပ်ခြင်း
-Coeliac ရောဂါ
C.ဆေးဝါးများ
-ပိုးသတ်ဆေးများ
-အကိုက်အခဲပျောက်ဆေးများ
-သံဓာတ်အားဆေးများ
Q.နောက်ဆက်တွဲဆိုးကျိုးများ
-ရောဂါကြီးတစ်ခုခုရဲ့ရှေ့ပြေးလက္ခဏာမဟုတ်ခဲံလျှင် ဆိုးရဝါးသော နောက်ဆက်တွဲကျန်းမာရေးပြဿနာမဖြစ်စေနိုင်ပါ။
-သို့သော်ရောဂါကြီးတစ်ခုခုကြောင့်ဖြစ်ပေါ်ခံစားရခြင်းဖြစ်လျှင်တော့ မူလရောဂါရဲ့နောက်ဆက်တွဲဆိုကျိုးများကို ခံစားရမှာဖြစ်ပါတယ်။
Q.အစာမကြေရင်ကယ်ခြင်းဖြစ်စေသောအကြောင်းအရင်းကို ဘယ်လိုရှာလေ့ရှိသလဲ?
-ရောဂါရဇဝင်မေးမြန်းခြင်း
-စမ်းသပ်ခြင်း
-စစ်ဆေးခြင်း
*သွေးစစ်ခြင်း
*အစာအိမ်ပိုးရှာခြင်း
*မှန်ပြောင်းရိုက်ခြင်း
*ဓာတ်မှန်ရိုက်ခြင်း
*ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
*တယ်လီဗီးရှင်းဓာတ်မှန်ရိုက်ခြင်း
*မှန်ပြောင်းရိုက်ခြင်း
Q.ကုသခြင်း
1.အနေအထိုင်အစားအသောက်
-အစာမကြေဖြစ်စေသည့် အစားအသောက်ရှောင်ပါ။
-နည်းနည်းနှင့်ခဏခဏစားပါ။
-ကျန်းမာရေးနှင့်ညီညွတ်သောကိုယ်အလေးချိန်ထိန်းပါ။
-အရက်၊ဆေးလိပ်ရှောင်ပါ။
-လေ့ကျင့်ခန်းလုပ်ခြင်းဟာအစာကြေစေပါတယ်။
-စိတ်အပန်ပြေအောင်နေပါ။
(အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ရောဂဆော့ခြင်း၊တရားထိုင်ခြင်း)
-စိတ်ပူပန်မှုနည်းအောင်၊စိတ်ဖိစီးမှုနည်းအောင် နေပါ။
-အကိုက်အခဲပျောက်ဆေးများရှောင်ပါ။ဆရာဝန်ညွှန်ကြားချက်အတိုင်းသာသောက်ပါ။
2.ကုသသည့်ဆေးဝါးများ
-အစာအိမ်အက်စစ်လျှော့ဆေးများ
-အူလှုပ်ရှားမှုမြန်စေသောဆေးများ
-အစာအိမ်ပိုးသတ်ဆေး
-စိတ်ကျရောဂါသက်သာဆေးများ
-စိတ်ပူပန်မှုလျော့ချဆေးများ
3.အခြားကုသနည်း
-အစာချေအင်ဇိုင်းဆေးများ
-အပ်စိုက်ကုသခြင်း
-စိတ်ထားကျင်ကြံခြင်း
4.ရောဂါအခံကြောင့်ဆိုလျှင် ဖြစ်စေသောရောဂါကို ပါတွဲ၍ကုသခြင်း
Q.ဘယ်အချိန်ဆရာဝန်နှင့်ပြမလဲ?
-၂ပတ်ထက်ပို၍အစာမကြေခြင်းခံစားရလျှင်
-ကိုယ်အလေးချိန်ကျလာလျှင်
-ဆက်တိုက်အန်နေလျှင်
-သွေးအန်လျှင်
-ကတ္တရာစေးကဲ့သို့ မဲနေသောဝမ်းမျာသွားလျှင်
-အစာမျိုရပိုမိုခက်ခဲလာလျှင်
-ပင်ပန်းနွမ်းနယ်လျှင်
Dr.Yin Yin Win
M.B.,B.S (YGN)
Dip.Med.Sc(Family Medicine)