fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင်

2.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/07/2021
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ဝမ်းပျက်ဝမ်းလျှောခြင်းဟာ နိစ္စဓူ၀ အတွေ့များတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

သာမန်အပျော့စားအခြေအနေမှသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိဆိုးရွားနိုင်ပါတယ်။
ကမ္ဘာတစ်ဝန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ယေဘုယျအားဖြင့် တစ်နှစ်လျှင် နှစ်ဘီလီယံလောက်အထိဖြစ်ပေါ်ခံစားေနရပါတယ်။

၁.၉ သန်းကတော့ ငါးနှစ်အောက်ကလေး​တွေဖြစ်ပါတယ်။

အထူးသဖြင့်ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်သေဆုံးနေကြပါတယ်။

Zinc ဓာတ်၊ အူလမ်းကြောင်းအကျိုးပြုပိုးများ (Probiotics)၊ဓာတ်ဆားရည်၊ အစားအသောက်အနေအထိုင် ဆင်ခြင်ဂရုစိုက်ခြင်းဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်ကုသရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

ဘယ်လိုအခြေအနေမျိုးကို ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ သတ်မှတ်မလဲ

  • ဝမ်းပုံစံပျက်သည်အထိ အရမ်းခပ်ပျော့ပျော့ဖြစ်နေသောဝမ်းသွားလျှင်၊ ဝမ်းအရည်များသွားလျှင် ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။
  • ဝမ်းပုံစံအနေအထားမပျက်ဘဲမကြာခဏဝမ်းသွားခြင်းကိုတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ မသတ်မှတ်ပါ။
  • နို့စို့ကလေးငယ်များဟာ ရံဖန်ရံခါ ဝမ်းခပ်ပျော့ပျော့သွားလေ့ရှိပါတယ်။၎င်းအခြေအနေဟာ ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။
  • ၆ ပတ်ထက်ပိုသောဝမ်းလျှောခြင်းများကို ရက်ရှည်ဝမ်းလျှောခြင်းလို့သတ်မှတ်ပါတယ်။
  • အူလမ်းကြောင်းရောဂါများ၊ကိုယ်ခံအားကျခြင်း၊ရက်ရှည်ပိုးသတ်ဆေး​သောက်နေရခြင်း၊ဟော်မုန်းဆိုင်ရာရောဂါတချို့နှင့် ဓာတ်မတည့်ခြင်းဟာ ရက်ရှည်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။

ဘာကြောင့်ဖြစ်ရလဲ

  • အများစုကတော့ အူလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်တယ်။

၁။ ဗက်တီးရီးယားပိုးများ၊ဗိုင်းရပ်စ်ပိုးများ၊ကပ်ပါးပိုးများကြောင့်ဖြစ်တယ်။
*ဘ​က်တီးရီးယားပိုး-Salmonellaပိုး၊ Campylobacterပိုး၊ Shigellaပိုး ၊ E.coli ပိုး
*ဗိုင်းရပ်စ်ပိုး-Noro ဗိုင်းရပ်စ်
*ကပ်ပါးပိုး-Giadiaပိုး

၂။ အူလှုပ်ရှားမှုပုံမှန်မဟုတ်သောရောဂါ (Irritable Bowel Syndrome-IBS)

၃။ အူလမ်းကြောင်းရောင်စေသောရောဂါများ
(Crohn’s ရောဂါ၊Ulcerative colitis)

၄။ အူမကြီးရောင်သောရောဂါ

၅။ အူလမ်းကြောင်းအစာအာဟာရစုပ်ယူမှုပုံမှန်မဟုတ်သောရောဂါ (Celiacရောဂါ)

၆။ ရက်ရှည်ပိုးသတ်ဆေးသောက်နေရခြင်း

၇။ ဟော်မုန်းဆိုင်ရာရောဂါများ

၈။ ကင်ဆာရောဂါများ

၉။ နို့နှင့်ဓာတ်မတည့်ခြင် း(Lactose intolerence,Cow Milk protein allergy)

ကုသခြင်း

  • သာမန်ဝမ်းပျက်ဝမ်းလျှောခြင်းဟာ သဘာဝအတိုင်းပျောက်ကင်းနိုင်ပါတယ်။ အန်ခြင်းဟာ ၂ရက်အတွင်းရပ်သွားလေ့ရှိပြီး ဝမ်းလျှောခြင်းဟာ ၅ရက်မှတစ်ပတ်အတွင်းရပ်သွားလေ့ရှိပါတယ်။
  • ရက်ရှည်ဝမ်းလျှောခြင်းများကတော့ ဖြစ်စေသောအကြောင်းအရာပေါ်မူတည်ပြီးသေချာကုသရပါမယ်။ဆရာဝန်မှ လိုအပ်လျှင် သွေးစစ်ခြင်း၊ဝမ်းစစ်ခြင်း၊မှန်ပြောင်းကြည့်ခြင်းတို့လုပ်ရန်ညွှန်ကြားတာမျိုးရှိနိုင်ပါတယ်။

၁။ရေဓာတ်ဖြည့်ခြင်း

  • အဓိကအရေးအပါဆုံးကုသမှုဖြစ်တယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်လာလျှင် အသက်အန္တရာယ်ဖြစ်ခြင်းမှာ ရေဓာတ်ခန်းခြောက်ရာမှ ရှော့ဖြစ်ခြင်းနှင့် မျှခြေဓာတ်ပျက်၍နှလုံးရပ်ခြင်းဖြစ်ပါတယ်။
  • အရည်များများသောက်ရပါမယ်။
    (ရေ၊စွပ်ပြုတ်၊သဘာဝလတ်ဆတ်သောသစ်သီးဖျော်ရည်များသောက်နိုင်ပါတယ်။
  • ဓာတ်ဆားရည်(WHO ဖော်မြူလာ)သောက်နိုင်ပါတယ်။
  • ဝမ်းသွားလိုက်သည့်ပမာဏနှင့်ညီမျှအောင် ဖြည့်သောက်ပေးရပါမယ်။
  • ဝမ်းတစ်ကြိမ်သွားပြီးတိုင်းအရည်တစ်ခွက်ဖြည့်သောက်ရပါမယ်။
  • အစာမစားခင်ကြားထဲတွင် အရည်ကိုတတ်နိုင်သမျှ များများသောက်ပေးရပါမယ်။
  • ရေဓာတ်ဆုံးရှုံးမှုများလျှင် ဓာတ်ဆားရည်ချိတ်ဖို့လိုပါတယ်။(Dripချိတ်ခြင်း)
  • ရေဓာတ်ဆုံးရှုံးမှုများလျှင်
    *ရေငတ်ခြင်း၊ဆီးနည်းခြင်း၊သွေးပေါင်ကျခြင်း၊ခြေလက်အေးစက်ခြင်း၊မျက်တွင်းချိုင့်ခြင်း၊
    *ကလေးငယ်များတွင် ငယ်ထိပ်ချိုင့်ခြင်း၊မျက်ရည်မထွက်ခြင်း၊လျှာခြောက်ခြင်း
    များတွေ့နိုင်ပါတယ်။

၂။ အစားအသောက်

*ပိုတက်စီယမ်ဓာတ်ကြွယ်ဝသောအစားအသောက်များစားပါ။
(သဘာဝသစ်သီးဖျော်ရည်များ၊အာလူး၊ငှက်ပျောသီး၊အုန်းစိမ်းရေ)

*ဆားဓာတ်များသောအစားအစာနှင့် အရည်များသောက်ပေးပါ။
(စွပ်ပြုတ်များ၊အငန်အရသာပါသောမုန့်များ)

*အမျှင်ဓာတ်များသောအစားအသောက်များဟာဝမ်းပုံစံကိုပြန်ကောင်းစေပါတယ်။
(ဆန်၊ဂျုံ၊ Oat Meal၊ငှက်ပျောသီး)

*ရှောင်ရန်အစားအသောက်များ

  • အချိုဓာတ်များသောအစားအသောက်များ
  • နို့နှင့်နို့ထွက်ပစ္စည်းများ
  • ကဖင်းဓာတ်ပါသောအသားအသောက်များ
  • Gasပါသောအချိုရည်များ
  • အကြော်များ
  • ခရင်များ

၃။ အနေအထိုင်

*အစာမစားမီ နှင့် အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် သေချာဆေးပါ။
*ဝမ်းရပ်ပြီး၄၈နာရီမတိုင်ခင်အထိ အိမ်တွင်သာနေပါ။
*ဝမ်းလျှောဝမ်းပျက်နေလျှင် အစားအသောက်ပြင်ဆင်ချက်ပြုတ်ခြင်းရှောင်ပါ။
*အစားအသောက်များကို ယင်မနားအောင်ဖုံးအုပ်ထားပါ။
*အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ပါ။
*သောက်ရေ နှင့်သုံးရေသန့်ရှင်းအောင်ဂရုစိုက်ပါ။
*နို့တိုက်မိခင်များ မိခင်နို့ဆက်တိုက်လို့ရပါတယ်။

၄။ ဆေးဝါးများ

-ဝမ်းပိတ်ဆေးများ
(Eg.loperimide,Immodium,Bismuth)
(ကလေးငယ်များသောက်သုံးရန်မသင့်တော်ပါ။ဆီးချိုရောဂါရှိလျှင် ၊အဖျားရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်ပါ)

  • ပိုးသတ်ဆေးများ
    (ဗက်တီးရီးယားကြောင့်ဖြစ်လျှင်၊ခရီးသွားရာမှဝမ်းသွားခြင်းဖြစ်လျှင်)
  • Zinc
    (ဝမ်းသွားသည့်ရက်နှင့်အကြိမ်ရေကိုနည်းစေသည်။အူနံရံအမှေးပါးပြန်တက်လာအောင်ကူညီပေးပါတယ်။)
  • အူလမ်းကြောင်းအကျိုးပြုပိုးများ(Probiotics)
    (ပိုးသတ်ဆေးရက်ရှည်သောက်ရခြင်းကြောင့်ဖြစ်လျှင်၊ခရီးသွာခြင်ကြောင့်ဖြစ်သောဝမ်းလျှောခြင်း နှင့် ကလေးငယ်များဝမ်းလျှောခြင်း)

ဘယ်အချိန်ဆရာဝန်နှင့်ပြမလဲ

၁။ ရက်ရှည်ဝမ်းလျှောလျှင်

၂။ ၁နှစ်အောက်ကလေးငယ်များ
(၂၄ နာရီအတွင်းဝမ်း ၆ ကြိမ် (သို့) ၃ ကြိမ်အန်လျှင်)

၃။ ၁နှစ်အထက်ကလေးများ
(၂၄နာရီအတွင်း ၆ ကြိမ်ထက်ပိုသောဝမ်းလျှောခြင်း(သို့)အန်ခြင်းဝမ်းသွားခြင်းတွဲဖြစ်လျှင်)

၄။ အန္တရာယ်ရှိသောလက္ခဏာများတွေ့လျှင်

  • ဆက်တိုက်အန်လျှင်
  •  ဝမ်းမရပ်လျှင်
  • ရေဓာတ်ဆုံးရှုံးသောလက္ခဏာများခံစားရလျှင်
  • ကိုယ်အလေးချိန်သိသိသာသာကျလျှင်
  • ဝမ်းထဲပြည်တွေ့လျှင်
  • ဝမ်းထဲသွေးတွေ့လျှင်

ကာကွယ်ခြင်း

  • ကလေးအသက်၆လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ပါ။
  • လက်ကိုဆပ်ပြာဖြင့်သေချာဆေးပါ။
    (အထူးသဖြင့် အသာမစာခင်နှင့်အိမ်သာတက်ပြီးတိုင်း)
  • သောက်ရေ၊သုံးရေ သန့်ရှင်းအောင်ဂရုစိုက်ပါ။
    (ရေသန့် ၊ကျိုချက်ထားသောရေ၊ကလိုရင်းခတ်ထားသောရေကိုသာသောက်ပါ)
  • ယင်နားစာများရှောင်ပါ။
  • အမှိုက်နှင့်အညစ်အကြေးများသေချာစွန့်ပစ်ပါ။
  • ယင်လုံအိမ်သာသုံးပါ။
  • အစားအစာများကို ကျက်အောင်ချက်ပြုတ်စားသောက်ပါ။ပူအောင်ပြန်နွှေးပြီးမှစားပါ။ယင်မနားအောင်သေချာဖုန်းအုပ်ထားပါ။

Author: Dr.Yin Yin Win
M.B.,B.S(YGN)
Dip.Med.Sc(Family Medicine)

Previous Post

အမျိုးသားများ စောစီးစွာသတိထားသင့်တဲ့ ကင်ဆာလက္ခဏာများ

Next Post

နှာစေး နှာမွှန်ဖြစ်လျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
812

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
424

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှာစေး နှာမွှန်ဖြစ်လျှင်

ကိုဗစ်ကာကွယ်ဆေးထိုးလျှင် သတိပြုရမည့်အချက်များ

ကိုဗစ်လူနာကို အောက်ဆီဂျင်စနစ်တကျပေးနည်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.