fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

ဝမ်းပျက်ဝမ်းလျှောရောဂါ

*ဝမ်းပျက်ဝမ်းလျှောခြင်းဟာ နေ့တဓူဝမှာ အတွေ့များတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

သာမန်အပျော့စားအခြေအနေမှသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိဆိုးရွားနိုင်ပါတယ်။
ကမ္ဘာတစ်ဝှမ်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ယေဘုယျအားဖြင့် တစ်နှစ်လျှင် 2ဘီလီယံလောက်အထိဖြစ်ပေါ်ခံစားေနရပါတယ်။

1.9မီလီယံကတော့5နှစ်အောက်ကလေး​တွေဖြစ်ပါတယ်။

အထူးသဖြင့်ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်သေဆုံးနေကြပါတယ်။

Zinc ဓာတ်၊အူလမ်းကြောင်းအကျိုးပြုပိုးများ(probiotics)၊ဓာတ်ဆားရည်၊အစားအသောက်အနေအထိုင် ဆင်ခြင်ဂရုစိုက်ခြင်းဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်ကုသရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

Q.ဘယ်လိုအခြေအနေမျိုးကို ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ သတ်မှတ်မလဲ?

-ဝမ်းပုံစံပျက်သည်အထိ အရမ်းခပ်ပျော့ပျော့ဖြစ်နေသောဝမ်းသွားလျှင်၊ဝမ်းအရည်များသွားလျှင် ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။
-ဝမ်းပုံစံအနေအထားမပျက်ဘဲမကြာခဏဝမ်းသွားခြင်းကိုတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ မသတ်မှတ်ပါ။

-နို့စို့ကလေးငယ်များဟာ ရံဖန်ရံခါ ဝမ်းခပ်ပျော့ပျော့သွားလေ့ရှိပါတယ်။၎င်းအခြေအနေဟာ ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။

-6ပတ်ထက်ပိုသောဝမ်းလျှောခြင်းများကို ရက်ရှည်ဝမ်းလျှောခြင်းလို့သတ်မှတ်ပါတယ်။

-အူလမ်းကြောင်းရောဂါများ၊ကိုယ်ခံအားကျခြင်း၊ရက်ရှည်ပိုးသတ်ဆေး​သောက်နေရခြင်း၊ဟော်မုန်းဆိုင်ရာရောဂါတစ်ချို့နှင့် ဓာတ်မတည့်ခြင်းဟာ ရက်ရှည်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။

Q.ဖြစ်စေသောအကြောင်းအရင်းများ

-အများစုကတော့ အူလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်တယ်။

1.ဘတ်တီးရီးယားပိုးများ၊ဗိုင်းရပ်စ်ပိုးများ၊ကပ်ပါးပိုးများကြောင့်ဖြစ်တယ်။
*ဘ​က်တီးရီးယားပိုး-Salmonellaပိုး၊Campylobacterပိုး၊Shigellaပိုး ၊E.coliပိုး
*ဗိုင်းရပ်စ်ပိုး-Noro ဗိုင်းရပ်စ်
*ကပ္ပါးပိုး-Giadiaပိုး

2.အူလှုပ်ရှားမှုပုံမှန်မဟုတ်သောေရာဂါ(Irritable Bowel Syndrome-IBS)

3.အူလမ်းကြောင်းရောင်စေသောရောဂါများ
(Crohn’s ရောဂါ၊Ulcerative colitis)

4.အူမကြီးရောင်သောရောဂါ

5.အူလမ်းကြောင်းအစာအာဟာရစုပ်ယူမှုပုံမှန်မဟုတ်သောရောဂါ(Celiacရောဂါ)

6.ရက်ရှည်ပိုးသတ်ဆေးသောက်နေရခြင်း

7.ဟော်မုန်းဆိုင်ရာရောဂါများ

8.ကင်ဆာရောဂါများ

9.နို့နှင့်ဓာတ်မတည့်ခြင်း(Lactose intolerence,Cow Milk protein allergy)

Q.ကုသခြင်း

-သာမန်ဝမ်းပျက်ဝမ်းလျှောခြင်းဟာ သဘာဝအတိုင်းပျောက်ကင်းနိုင်ပါတယ်။အန်ခြင်ဟာ ၂ရက်အတွင်းရပ်သွားလေ့ရှိပြီး ဝမ်းလျှောခြင်းဟာ ၅ရက်မှတစ်ပတ်အတွင်းရပ်သွားလေ့ရှိပါတယ်။

-ရက်ရှည်ဝမ်းလျှောခြင်းများကတော့ ဖြစ်စေသောအကြောင်းအရာပေါ်မူတည်ပြီးသေချာကုသရပါမယ်။ဆရာဝန်မှ လိုအပ်လျှင် သွေးစစ်ခြင်း၊ဝမ်းစစ်ခြင်း၊မှန်ပြောင်းကြည့်ခြင်းတို့လုပ်ရန်ညွှန်ကြားတာမျိုးရှိနိုင်ပါတယ်။

1.ရေဓာတ်ဖြည့်ခြင်း

-အဓိကအရေးအပါဆုံးကုသမှုဖြစ်တယ်။ဝမ်းပျက်ဝမ်းလျှောဖြစ်လာလျှင် အသက်အန္တရာယ်ဖြစ်ခြင်းမှာ ရေဓာတ်ခန်းခြောက်ရာမှ ရှော့ဖြစ်ခြင်းနှင့် မျှခြေဓာတ်ပျက်၍နှလုံးရပ်ခြင်းဖြစ်ပါတယ်။

-အရည်များများသောက်ရပါမယ်။
(ရေ၊စွပ်ပြုတ်၊သဘာဝလတ်ဆတ်သောသစ်သီးဖျော်ရည်များသောက်နိုင်ပါတယ်။

-ဓာတ်ဆားရည်(WHO ဖော်မြူလာ)သောက်နိုင်ပါတယ်။

-ဝမ်းသွားလိုက်သည့်ပမာဏနှင့်ညီမျှအောင် ဖြည့်သောက်ပေးရပါမယ်။

-ဝမ်းတစ်ကြိမ်သွားပြီးတိုင်းအရည်တစ်ခွက်ဖြည့်သောက်ရပါမယ်။

-အစာမစားခင်ကြားထဲတွင် အရည်ကိုတတ်နိုင်သမျှ များများသောက်ပေးရပါမယ်။

-ရေဓာတ်ဆုံးရှုံးမှုများလျှင် ဓာတ်ဆားရည်ချိတ်ဖို့လိုပါတယ်။(Dripချိတ်ခြင်း)

-ရေဓာတ်ဆုံးရှုံးမှုများလျှင်
*ရေငတ်ခြင်း၊ဆီးနည်းခြင်း၊သွေးပေါင်ကျခြင်း၊ခြေလက်အေးစက်ခြင်း၊မျက်တွင်းချိုင့်ခြင်း၊
*ကလေးငယ်များတွင် ငယ်ထိပ်ချိုင့်ခြင်း၊မျက်ရည်မထွက်ခြင်း၊လျှာခြောက်ခြင်း
များတွေ့နိုင်ပါတယ်။

2.အစားအသောက်

*ပိုတက်စီယမ်ဓာတ်ကြွယ်ဝသောအစားအသောက်များစားပါ။
(သဘာဝသစ်သီးဖျော်ရည်များ၊အာလူး၊ငှက်ပျောသီး၊အုန်းစိမ်းရေ)

*ဆားဓာတ်များသောအစားအစာနှင့် အရည်များသောက်ပေးပါ။
(စွပ်ပြုတ်များ၊အငံအရသာပါသောမုန့်များ)

*အမျှင်ဓာတ်များသောအစားအသောက်များဟာဝမ်းပုံစံကိုပြန်ကောင်းစေပါတယ်။
(ဆန်၊ဂျုံ၊oat meal၊ငှက်ပျောသီး)

*ရှောင်ရန်အစားအသောက်များ
-အချိုဓာတ်များသောအစားအသောက်များ
-နို့နှင့်နို့ထွက်ပစ္စည်းများ
-ကဖင်းဓာတ်ပါသောအသားအသောက်များ
-Gasပါသောအချိုရည်များ
-အကြော်များ
-ခရင်များ

3.အနေအထိုင်

*အစာမစားမီ နှင့် အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် သေချာဆေးပါ။
*ဝမ်းရပ်ပြီး၄၈နာရီမတိုင်ခင်အထိ အိမ်တွင်သာနေပါ။
*ဝမ်းလျှောဝမ်းပျက်နေလျှင် အစားအသောက်ပြင်ဆင်ချက်ပြုတ်ခြင်းေရွာင္ပါ။
*အစားအသောက်များကို ယင်မနားအောင်ဖုံးအုပ်ထားပါ။
*အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ပါ။
*သောက်ရေ နှင့်သုံးရေသန့်ရှင်းအောင်ဂရုစိုက်ပါ။
*နို့တိုက်မိခင်များ မိခင်နို့ဆက်တိုက်လို့ရပါတယ်။

4.ဆေးဝါးများ

-ဝမ်းပိတ်ဆေးများ
(Eg.loperimide,Immodium,Bismuth)
(ကလေးငယ်များသောက်သုံးရန်မသင့်တော်ပါ။ဆီးချိုရောဂါရှိလျှင် ၊အဖျားရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်ပါ)

-ပိုးသတ်ဆေးများ
(ဘတ်တီးရီးယားကြောင့်ဖြစ်လျှင်၊ခရီးသွားရာမှဝမ်းသွားခြင်းဖြစ်လျင်)

-Zinc
(ဝမ်းသွားသည့်ရက်နှင့်အကြိမ်ေရကိုနည်းစေသည်။အူနံရံအမှေးပါးပြန်တက်လာအောင်ကူညီပေးပါတယ်။)

-အူလမ်းကြောင်းအကျိုးပြုပိုးများ(Probiotics)
(ပိုးသတ်ဆေးရက်ရှည်သောက်ရခြင်းကြောင့်ဖြစ်လျှင်၊ခရီးသွာခြင်ကြောင့်ဖြစ်သောဝမ်းလျှောခြင်း နှင့် ကလေးငယ်များဝမ်းလျှောခြင်း)

Q.ဘယ်အချိန်ဆရာဝန်နှင့်ပြမလဲ?

1.ရက်ရှည်ဝမ်းလျှောလျှင်

2.၁နှစ်အောက်ကလေးငယ်များ
(24နာရီအတွင်းဝမ်း6ကြိမ် (သို့)3ကြိမ်အန်လျှင်)

3.၁နှစ်အထက်ကလေးများ
(24နာရီအတွင်း 6ကြိမ်ထက်ပိုသောဝမ်းလျှောခြင်း(သို့)အန်ခြင်းဝမ်းသွားခြင်းတွဲဖြစ်လျင်)

4.အန္တရာယ်ရှိသောလက္ခဏာများတွေ့လျှင်
-ဆက်တိုက်အန်လျှင်
-ဝမ်းမရပ်လျှင်
-ရေဓာတ်ဆုံးရှုံးသောလက္ခဏာများခံစားရလျှင်
-ကိုယ်အလေးချိန်သိသိသာသာကျလျှင်
-ဝမ်းထဲပြည်တွေ့လျှင်
-ဝမ်းထဲသွေးတွေ့လျှင်

Q.ကာကွယ်ခြင်း

-ကလေးအသက်၆လအထိ မိခင်နို့တစ်မျိုးထဲသာတိုက်ပါ။
-လက်ကိုဆပ်ပြာဖြင့်သေချာဆေးပါ။
(အထူးသဖြင့် အသာမစာခင်နှင့်အိမ်သာတက်ပြီးတိုင်း)
-သောက်ရေ၊သုံးရေ သန့်ရှင်းအောင်ဂရုစိုက်ပါ။
(ရေသန့် ၊ကျိုချက်ထားသောရေ၊ကလိုရင်းခတ်ထားသောရေကိုသာသောက်ပါ)
-ယင်နားစာများရှောင်ပါ။
-အမှိုက်နှင့်အညစ်အကြေးများသေချာစွန့်ပစ်ပါ။
-ယင်လုံအိမ်သာသုံးပါ။
-အစားအစာများကို ကျက်အောင်ချက်ပြုတ်စားသောက်ပါ။ပူအောင်ပြန်နွှေးပြီးမှစားပါ။ယင်မနားအောင်သေချာဖုန်းအုပ်ထားပါ။

Dr.Yin Yin Win
M.B.,B.S(YGN)
Dip.Med.Sc(Family Medicine)

ဆက်စပ် ဆောင်းပါးများ