fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

မိခင်တွေ ကွဲကွဲပြားပြား သိသင့်တဲ့ Prebiotics နဲ့ Probiotics ခြားနားပုံ

71
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/06/2020
in ကျန်းမာစေသော အစားအစာ, အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

ယေဘုယျအားဖြင့်တော့ Prebiotic နဲ့ Probiotics တွေဟာ အစာအိမ် နှင့် အူလမ်းကြောင်း ကျန်းမာေ ရးအတွက် အားဖြစ်စေတဲ့ ကောင်းမွန်စေတဲ့ ဖြည့်စွက်စာတွေ ဖြစ်ပါတယ်။ Prebiotics တွေ ဟာ Probiotic တွေရဲ့ အစာအာဟာရဓာတ်ဖြစ်ပြီး Probiotics တွေကတော့ အူလမ်းကြောင်း အကျိုးပြု ဇီဝ ဘက်တီး ရီးယား ပိုးလေးတွေ ဖြစ်တယ်။
Prebiotics နဲ့ Probiotic တွေရဲ့ ကွဲပြားခြားနားချက်လေးများကို ဖတ်ကြည့်ကြရအောင်နော်။

Prebiotics ဆိုတာ?

Prebiotics တွေဆိုတာ လူ့ခန္ဓာကိုယ်က မခြေဖျက်နိုင်တဲ့အမျှင်ဓါတ်တစ်မျိုး ဖြစ်ပါတယ်။
Prebiotic တွေပိုမိုရှင်သန်ပွားများရန်အတွက် အထောက်အပံ့ပေးတဲ့ Prebiotic တွေရဲ့အစာအာ ဟာရ တစ်မျိုးဖြစ်တယ်။
Prebiotics တွေကို အမျှင်ဓါတ်ကြွယ်ဝသော အစားအစာများဖြစ်တဲ့ အသီးအနှံ၊ အရွက်များနှင့် အစေ့ အစံများမှ ရရှိနိုင်ပါတယ်။
Prebiotic အမျှင်ဓါတ်များဟာ လူတွေရဲ့ အစာအိမ်နှင့် အူလမ်းကြောင်းသို့ရောက်ရှိလာသည့်အခါ လူတွေရဲ့ အစာအိမ်နှင့်အူလမ်းကြောင်းသို့ရောက်ရှိလာသည့်အခါ လူတွေရဲ့ အစာခြေစနစ်မှ မချေဖျက်နိုင်တဲ့အတွက် အူတွင်းရှိ Probiotic လေးများက စားသောက်ချေဖြတ်ပါတယ်။
၎င်းကဲ့သို့ စားသောက်ခြေဖျက်ခြင်းဟာ Probiotic ဇီဝပိုးလေးများကို ပိုမိုပွားများ ရှင်သန်စေပါတယ်။
ထိုနည်းအားဖြင့် သွယ်ဝိုက်သော နည်းလည်းဖြင့် အစာခြေစနစ်ကို အားကောင်းစေပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။

Prebiotic ကြွယ်ဝသော အစားအစာများ

  • ပဲအမျိုး
  • ကြက်သွန်ဖြူ
  • ကညွတ်
  • မုယောဂျုံ (Oats)
  • ကြက်သွန်နီ
  • မိခင်နို့
  • ငှက်ပျောသီး
  • ဘယ်ရီသီးများ

Prebiotic အကျိုးကျေးဇူးများ

  • ကယ်စီယမ်ဓာတ် စုပ်ယူမှုကို ကောင်းစေခြင်း
  • ကစီဓာတ်ခြေဖျက်မှုကို လျှင်မြန်စေခြင်း
  • Probiotic ဇီဝပိုးလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို ဖြစ်စေခြင်းဖြင့် အစာခြေစနစ်ကို အားကောင်းစေ ပြီး အစာအိမ်နှင့် အူလမ်းကြောင်းအတွက် အကျိုးရှိစေခြင်းProbiotics ဆိုတာ?
    Probiotics တွေဆိုတာ အူလမ်းကြောင်း အကျိုးပြုဇီဝဘတ်တီးရီးယားပိုးလေးတွေဖြစ်ပါတယ်။Probiotic ဇီဝပိုးလေးတွေဟာ အစာအိမ်နှင့် အူလမ်းကြောင်းအတွက် အန္တရာယ်ဖြစ်စေတဲ့ ဘတ်တီး ရီးယား နှင့်မှိုများရဲ့ အန္တရာယ်မှကာကွယ်ပေးပြီး  အစာခြေဖျက်မှုစနစ်ကို ကောင်းမွန်စေပါတယ်။

Probiotics တွေကိုတော့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ အစားအစာတွေမှာ အများဆုံးရ နိုင်ပါတယ်။

Probiotic ကြွယ်ဝသော အစားအစာများ

  • ဒိန်ချဉ်
  • Kefir (ကေစာ / နို့ချဉ်တစ်မျိုး)
  • ကင်ချီနှင့် ရှမ်းချဉ်များ
  • သဘာဝဒိန်ခဲ (Raw Cheese)
  • မီဆို (ဂျပန်ရိုးရာအချဉ်ဖောက်ထားသော အစားအစာတစ်မျိုး)
  • Natto (အချဉ်ဖောက်ထားသည့် ပဲပိစပ်)
  • Kombucha (ဂျပန်လူမျိုးတို့သောက်သော ရေနွေးကြမ်းတစ်မျိုး)
  • Sauerkraut (အချဉ်ဖောက်ထားသည့် ခပ်ပါးပါးလှီးထားသောဂေါ်ဖီ)

Probiotic အကျိုးကျေးဇူးများ

အစာခြေစနစ်နှင့် အူလမ်းကြောင်း ကျန်းမာရေး

အစာခြေစနစ်အတွက် မရှိမဖြစ်အရေးကြီးပါတယ်။

2017 Cochrane စမ်းသပ်ချက်တွင် Antibiotic လို့ခေါ်တဲ့ ပဋိဇီဝပိုးသတ်ဆေး နှင့် တွဲ၍ Probiotic ပါသောဖြည့်စွက်ဆေးကို တွဲ၍သောက်သည့်အခါ ပိုးသတ်ဆေးကြောင့် ဝမ်းလျှောသည့် အခြေအနေကို 60% ခန့်လျော့ကျစေတယ်လို့ တွေ့ရှိရပါတယ်။
ဗိုက်ကယ်ခြင်း၊ လေပွခြင်းကို သက်သာစေပြီး ဝမ်းမှန်စေပါတယ်။
IBS လို့ခေါ်တဲ့ အူလှုပ်ရှားမှုပုံမှန်မဟုတ်သော ရောဂါဝေဒနာကို သက်သာစေပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို သက်သာစေပါတယ်။
“ဝမ်းတစ်လုံးကောင်းခေါင်းမခဲ” ဆိုသော စကားပုံပင်ရှိပါသေးတယ် မဟုတ်လော။

အထွေထွေ ကျန်းမာရေး

ကိုယ်ခံအားတက်စေခြင်း
ရောင်ရမ်းခြင်းကိုလျော့ပါးစေခြင်း
အသားအရည်ပိုကောင်းစေခြင်း
အစာဓါတ်မတည့်ခြင်းကို ကာကွယ်ပေးခြင်း
သွေးပေါင်ချိန်ထိန်းညှိပေးခြင်း
ဆီးချိုပိုထိန်းနိုင်ခြင်း
အရေးပြားရောင်ရမ်းခြင်း (Eczema) ကိုသက်သာစေခြင်း
အမျိုးသမီးမွေးလမ်းကြောင်း (Vagina) မှိုစွဲယားယံခြင်းကို သက်သာစေခြင်း
အသည်းအဆီဖုံးသက်သာစေခြင်း.. စသည့် အကျိုးကျေးဇူးများစွာတွေ့ရပါသည်။

Dr.Yin Yin Win

M.B, B.S (YGN)

Dip.Med.Sc (Family Medicine)

Previous Post

ဖော်မြူလာနို့ကိုဘယ်အရွယ်အထိသောက်ဖို့ တကယ်လိုတာလဲ?

Next Post

ကလေးတွေမှာ IQ က ပိုအရေးကြီးသလား EQ က ပိုအရေးကြီးသလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.4k

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

2 years ago
1.4k

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

2 years ago
1.8k

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

2 years ago
1.7k

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

2 years ago
815

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

2 years ago
426

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတွေမှာ IQ က ပိုအရေးကြီးသလား EQ က ပိုအရေးကြီးသလား

စံပြအမေတစ်ယောက်ဆိုတာ

အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်စေမယ့် COVID-19 စပါယ်ရှယ်မီနူး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.