(Zawgyi)
ဇီဝကတို႔တေတြ ငယ္ငယ္တုန္းက ဦးေခါင္းတယားယားနဲ႔ သန္းတြယ္ဖူးၾကမွာပါ ။သန္းဆိုသည္မွာ ႏွမ္းေစ့အ႐ြယ္ခန႔္သာရွိပါတယ္ ။အေရာင္အဆင္းအားျဖင့္ မီးခိုးေရာင္ ၊အမည္းေရာင္ ျဖစ္ပါတယ္ ။သန္းေတြက လူ႔ဦးေရျပား ဆံပင္ေတြၾကား ဥ ဥကာ ေပါက္ပြားၾကတယ္ ။ဆံပင္ရင္းမွာ သန္းဥေတြကို ေဗာက္သဖြယ္ေတြ႕ရတတ္တယ္ ။ မည္သူ မဆိုသန္းတြယ္ႏိုင္ပါတယ္ ။ဒါေပမယ့္ တစ္ကိုယ္ေရသန႔္ရွင္းမႈ ညံ့သူေတြ ၊ဆံပင္ေကာင္းစြာေဆးေၾကာသန႔္စင္ျခင္း မျပဳသူေတြ ၊ဆံေကသာ ရွည္သူေတြ ၊ကေလးနဲ႔ အမ်ိဳးသမီးေတြမွာ ပိုေတြ႕ရတတ္တယ္ ။
လူတစ္ဦးမွ တစ္ဦးကို ကူးတတ္တယ္ ။သန္းရွိလွ်င္ ေခါင္းယားတယ္။ ေခါင္းယားလို႔ ကုတ္ရာမွာ အနာျဖစ္လွ်င္ ပိုးဝင္ကာ ပိုယားတတ္တယ္ ။ သန္းတြယ္လွ်င္ ဘာလုပ္ရမလဲဆိုရင္ သန္းကို ဘီးခပ္စိပ္စိပ္ကေလးနဲ႔ တိုက္ရွာပါ။ေတြ႕လွ်င္ အတူေန က်န္မိသားစုဝင္မ်ားတြင္လည္း သန္းရွိ ၊မရွိရွာပါ ။လိုအပ္လွ်င္ သူတို႔ကိုပါ ကုသမႈေပးရပါ့မယ္ ။
Anti-Head liceလို႔ပါတဲ့ သန္းေပ်ာက္ေခါင္းေလွ်ာ္ရည္ ၊လိုးရွင္းမ်ား ကိုသုံးစြဲႏိုင္ပါတယ္ ။ကိုယ္ဝန္ေဆာင္ ၊ႏို႔တိုက္မိခင္ ၊ တစ္ႏွစ္ေအာက္ကေလးမ်ားကို ျပဳစုေနရသူ စသူတို႔တြင္ သန္းရွိပါက သန္းသန႔္ေဆးမ်ား မသုံးသင့္ ။ဘီးစိပ္နဲ႔သာ ေသခ်ာ တိုက္ခ်ပါ ။ေနာက္ထပ္မျဖစ္ေအာင္ ကာကြယ္ဖို႔က တစ္ကိုယ္ေရသန႔္ရွင္းမႈသည္ အေရးႀကီးပါတယ္ ။တဘက္ ၊မ်က္ႏွာသုတ္ပဝါ ၊ေခါင္းအုံးစြပ္မ်ားကို မွန္မွန္ေလွ်ာ္ပါ ။ေခါင္းကို အနည္းဆုံး တစ္ပတ္ ၃-၄ႀကိမ္ ေခါင္းေလွ်ာ္ရည္ ျဖင့္ ေသခ်ာေလွ်ာ္ပါ ။ေခါင္းၿဖီးတဲ့ဘီးကိုလည္း ကိုယ္ပိုင္သီးသန႔္ထားကာ သုံးစြဲျခင္းျဖင့္ သန္းေဝဒနာမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။
Author: ေခတ္သစ္ဇီဝက
(Unicode)
ဇီဝကတို့တတွေ ငယ်ငယ်တုန်းက ဦးခေါင်းတယားယားနဲ့ သန်းတွယ်ဖူးကြမှာပါ ။သန်းဆိုသည်မှာ နှမ်းစေ့အရွယ်ခန့်သာရှိပါတယ် ။အရောင်အဆင်းအားဖြင့် မီးခိုးရောင် ၊အမည်းရောင် ဖြစ်ပါတယ် ။သန်းတွေက လူ့ဦးရေပြား ဆံပင်တွေကြား ဥ ဥကာ ပေါက်ပွားကြတယ် ။ဆံပင်ရင်းမှာ သန်းဥတွေကို ဗောက်သဖွယ်တွေ့ရတတ်တယ် ။ မည်သူ မဆိုသန်းတွယ်နိုင်ပါတယ် ။ဒါပေမယ့် တစ်ကိုယ်ရေသန့်ရှင်းမှု ညံ့သူတွေ ၊ဆံပင်ကောင်းစွာဆေးကြောသန့်စင်ခြင်း မပြုသူတွေ ၊ဆံကေသာ ရှည်သူတွေ ၊ကလေးနဲ့ အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်တယ် ။
လူတစ်ဦးမှ တစ်ဦးကို ကူးတတ်တယ် ။သန်းရှိလျှင် ခေါင်းယားတယ်။ ခေါင်းယားလို့ ကုတ်ရာမှာ အနာဖြစ်လျှင် ပိုးဝင်ကာ ပိုယားတတ်တယ် ။ သန်းတွယ်လျှင် ဘာလုပ်ရမလဲဆိုရင် သန်းကို ဘီးခပ်စိပ်စိပ်ကလေးနဲ့ တိုက်ရှာပါ။တွေ့လျှင် အတူနေ ကျန်မိသားစုဝင်များတွင်လည်း သန်းရှိ ၊မရှိရှာပါ ။လိုအပ်လျှင် သူတို့ကိုပါ ကုသမှုပေးရပါ့မယ် ။
Anti-Head liceလို့ပါတဲ့ သန်းပျောက်ခေါင်းလျှော်ရည် ၊လိုးရှင်းများ ကိုသုံးစွဲနိုင်ပါတယ် ။ကိုယ်ဝန်ဆောင် ၊နို့တိုက်မိခင် ၊ တစ်နှစ်အောက်ကလေးများကို ပြုစုနေရသူ စသူတို့တွင် သန်းရှိပါက သန်းသန့်ဆေးများ မသုံးသင့် ။ဘီးစိပ်နဲ့သာ သေချာ တိုက်ချပါ ။နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့က တစ်ကိုယ်ရေသန့်ရှင်းမှုသည် အရေးကြီးပါတယ် ။တဘက် ၊မျက်နှာသုတ်ပဝါ ၊ခေါင်းအုံးစွပ်များကို မှန်မှန်လျှော်ပါ ။ခေါင်းကို အနည်းဆုံး တစ်ပတ် ၃-၄ကြိမ် ခေါင်းလျှော်ရည် ဖြင့် သေချာလျှော်ပါ ။ခေါင်းဖြီးတဲ့ဘီးကိုလည်း ကိုယ်ပိုင်သီးသန့်ထားကာ သုံးစွဲခြင်းဖြင့် သန်းဝေဒနာမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။
Author: ခေတ်သစ်ဇီဝက