fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အစာအိမ်ကို ဒုက္ခပေးတဲ့ရောဂါပိုး  Helicobacter pylori

171
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/08/2020
in ရောဂါကြီးများ, အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ, အထွေထွေရောဂါများအကြောင်း
1 min read
A A

အစာအိမ်ဝေဒနာသည် လူအများစုနှင့်ရင်းနှီး‌သော ရောဂါတစ်မျိုးပင် ဖြစ်‌ပေသည်။ လူအများစု ခံစားရလေ့ရှိသော လက္ခဏာများဖြစ်သည့် ရင်ညွှန့်ရိုးအောက်တည့်တည့်ဗိုက် နေရာမှစူးအောင့်ခြင်း၊ အပူအစပ်များစားမိရာမှ ဗိုက်အောင့်ခြင်းတို့သည် အစာအိမ်ရောင်ရမ်းသည့်လက္ခဏာဖြစ်ပါသည်။ လူတချို့မှာ ဗိုက်အောင့်ဝေဒနာ ခံစားရသည့်အပြင် ဝမ်းမဲမဲအရောင်များသွားခြင်း၊ ကော်ဖီအနှစ်ရောင်ကဲ့သို့အ‌ညို‌ရောင်များအန်ခြင်း၊ မူးမေ့လဲ၍ ဆေးရုံတက်ကာ အရေးပေါ်ဆေးကုသမှုခံယူရသည်တို့လဲရှိပါသည်။ ဤကား အစာအိမ်အနာ၏ နောက်ဆက်တွဲလက္ခဏာပင်ဖြစ်ပါသည်။

 

အစာအိမ်အနာဖြစ်ခြင်းအကြောင်းများမှာ _

  • စိတ်ဖိစီးမှုများခြင်း၊
  • အပူ၊ အစပ်များအလွန်အကျွံစားသုံးလေ့ရှိခြင်း၊
  • ဆေးလိပ်သောက်ခြင်း၊
  • အကိုက်အခဲပျောက်ဆေးများကို ရက်ရှည်လများမှီဝဲတတ်ခြင်း၊

စသောအချက်များကြောင့် ပါဝင်ပါသည်။

 

အပူအစပ်၊ ဆေးလိပ်နှင့် အကိုက်အခဲပျောက်ဆေးများသည် အစာအိမ်ကိုအနာဖြစ်စေကာ ဒုက္ခပေးတတ်ခြင်းကို လူအများစု သိရှိသော်လည်း အစာအိမ်အနာကို အဓိကဖြစ်စေသည့် ရောဂါပိုးတစ်မျိုးအား သတိမထားမိတတ်ကြပါ။ ထိုရောဂါပိုးအား Helicobacter pylori (H.pylori) ဟုခေါ်တွင်ပါသည်။

 

အစာအိမ်အနာ‌ဖြစ်သူများ၏ ၇၀ရာခိုင်နှုန်းနှင့် အူသိမ်အနာဖြစ်ခြင်းများ၏၉၀ရာခိုင်နှုန်းသည် ထိုဘက်တီးရီးယားပိုးကြောင့် ဖြစ်သည်ဟု ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှ သိရှိရပါသည်။ Helicobacter pylori (H.Pylori) ဆိုသည်မှာ 1982ခုနှစ်တွင် ရှာဖွေတွေ့ခဲ့သော ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ကူးစက်မှုနှုန်းပိုများပါသည်။ မသန့်ရှင်း‌သောရေနှင့်အစားအစာများ စားသောက်မိရာမှ အစာအိမ်လမ်းကြောင်းထဲသို့ ရောက်ရှိကာ  အစာအိမ်၌ နှစ်ပေါင်းများစွာ ကပ်တွယ်မှီခိုနေထိုင်နိုင်ပါသည်။ ရောဂါပိုးရှိသူနှင့် ပန်းကန်၊ ဇွန်းခရင်းအတူတူ စားသောက်မိပြီး ထိုသူ၏တံတွေးမှတဆင့်လည်း ကူးစက်နိုင်ပါသည်။

ရောဂါပိုးသည် ကိုယ်ခန္ဓာထဲဝင်ရောက်ပြီးနောက်ပိုင်း ရောဂါလက္ခဏာမပြပဲနှင့်လည်း နှစ်ချီအောင်နေနိုင်ပါသည်။ အများစု ခံစားရသည့်လက္ခဏာများမှာ လေပွခြင်း၊ ဗိုက်ကယ်တတ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အစာမကြေခြင်း စသည်တို့ဖြစ်ပါသည်။

 

ဤသို့ဆိုလျှင် ရောဂါပိုးသည် မည်သို့သောနည်းဖြင့် အစာအိမ်ကို ဒုက္ခပေးနိုင်ပါသနည်း။

 

  • ဝက်အူရစ်ပုံသဏ္ဍာန်pylori ဘက်တီးရီးယားပိုးသည် မိမိစားသုံးမိသော အစားအသောက်နှင့်အတူ အစာအိမ်လမ်း‌‌ ကြောင်းထဲ ရောက်လာပြီး အစာအိမ်နံရံကို ထိုးဖောက်တွယ်ကပ်ကာ urease ဟုခေါ်သော အင်ဇိုင်းဓာတ်တစ်မျိုးကို ထုတ်လွှတ်လိုက်ပါသည်။
  • ထိုအခါတွင် အင်ဇိုင်းဓာတ်၏ နှောင့်ယှက်မှုကြောင့် အစာအိမ် နှင့်အူသိမ်တို့၌ ရှိသင့်ရှိထိုက်သော အက်စစ်ဓာတ်ကို မထိန်းညှိနိုင်‌တော့သည့်အတွက် အစာအိမ်နှင့်အူသိမ်ရောင်ရမ်းပြီး အနာဖြစ်လာခြင်းပင်ဖြစ်ပေသည်။
  • အနာဖြစ်ခြင်းမှတဆင့်လည်း ကင်ဆာရောဂါအထိပါ ကူးပြောင်းဖြစ်ပွားနိုင်သလို သာမန်အစာအိမ်အနာ မဟုတ်ပဲ တန်း၍အစာအိမ်ကင်ဆာဖြစ်ခြင်းလည်း ဖြစ်နိုင်ပါသေးသည်။

ထို့ကြောင့် မိမိတွင် အစာအိမ်အနာရှိနေသည်ဆိုပါက H.pylori ဘက်တီးရီးယားပိုး ရှိနေပြီဟုသတ်မှတ်ကာ အစာအိမ်အနာနှင့်အတူ ထိုရောဂါပိုးကိုပါ အမြစ်ပြတ်စေရန် ကုသရပါလိမ့်မည်။

 

ပိုးရှိမရှိ စစ်ဆေးနည်းများ

  • သွေးစစ်ခြင်း (H.pylori Antibody test)၊
  • ဝမ်းစစ်ခြင်း( Stool Antigen test)၊
  • အစာအိမ်အနာကို မှန်ပြောင်းနှင့်ကြည့်ရှုပြီး အသားစယူကာ စစ်ဆေးခြင်း (endoscopy and biopsy)
  • အသက်ရှုထုတ်ရာမှ ထွက်ပေါ်လာသောဓာတ်ကို စစ်ဆေးခြင်း (Urea breath test) စသည်တို့အနက် တစ်မျိုးမျိုးဖြင့် စစ်ဆေးပြီး ပိုးရှိမရှိ သေချာ‌အောင် စစ်ဆေးပါလိမ့်မည်။

ထို့နောက်တွင် ရောဂါပိုးအတွက် လိုအပ်သော ပိုးသတ်ဆေးဝါးများ၊ အစာအိမ်ဆေးများကို သက်ဆိုင်ရာဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း သောက်သုံးသင့်ပါသည်။ ကုသရန်ကြာမြင့်ချိန်မှာ ၂ပတ်ခန့် ဖြစ်ပါသည်။

 

အစာအိမ်အနာရှိသူများအပြင် H.pylori ပိုးကို ကုသသင့်သူများမှာ

  • မိသားစုမျိုးရိုးတွင် အစာအိမ်ကင်ဆာရှိသူ

 

  • Omeprazole (PPI) ကဲ့သို့ အစာအိမ်ဆေးများအား တစ်နှစ်မက စွဲသောက်သူများ

 

  • အကိုက်အခဲပျောက်ဆေး (NSAIDS)များ ရေရှည်စွဲသောက်တတ်သူများ

 

  • အစာအိမ်ကင်ဆာ အတွက် ခွဲစိတ်ကုသဖူးသူများ

 

  • အစာအိမ်ကင်ဆာရောဂါတစ်မျိုးဖြစ်သည့် MALT lymphomas

 

  • အစာအိမ်ရောဂါနှင့် မဆိုင်သော အချို့သောသွေးအားနည်းရောဂါများ တွင်လည်း ပျောက်ကင်းအောင် ကုသသင့်ပါသည်။

 

 

ထို့သို့ ကုသရာတွင် ပိုးသတ်ဆေးများ ပါဝင်မှုကြောင့် ဆိုးကျိုးအချို့လည်း ဖြစ်ပေါ်တတ်ပါသည်။ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊

အနီစက်များထွက်လာတတ်ခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ် နိုင်ပါသည်။

 

ကာကွယ်နည်းများ

H.pylori ရောဂါပိူး မကူးစက်စေရန် လမ်းဘေးစာနှင့် မသန့်ရှင်းသောရေများ သောက်သုံးမှုကို ရှောင်ခြင်း၊ ရေကိုသေချာကျိုချက်သောက်ခြင်း၊ အစာမစားမီ လက်ကို ဆပ်ပြာနှင့် ဆေးကြောပြီးမှ စားခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

 

အစာအိမ်ကင်ဆာအထိဖြစ်ပေါ်နိုင်သော ဘက်တီးရီးယားပိုး H.pylori ကို အထူးဂရုပြုနိုင်ကြရန် သတိပေးအပ်ပါသည်။

 

Author : Dr.AM

 

Previous Post

မေမေဖန်တီးပေးတဲ့ အာဟာရအပြည့်နဲ့ မိသားစု ထမင်းဝိုင်းလေး

Next Post

အစာအိမ်နှင့်အူလမ်းကြောင်းမှ အကျိုးပြုဘက်တီးရီးယားလေးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်နှင့်အူလမ်းကြောင်းမှ အကျိုးပြုဘက်တီးရီးယားလေးများ

စင်္ကာပူနိုင်ငံတွင် ပြည်တွင်း၌ပူးပေါင်းထုတ်လုပ်သော ကိုဗစ် 19 ကာကွယ်ဆေးကို စေတနာ၀န်ထမ်းများအား စမ်းသပ်ထိုးနှံပေး

ကလေးတစ်ယောက်ရဲ့ အနာဂတ်(သို့မဟုတ်)DHA

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.