နေ့စဉ်လူနေထိုင်မှုဘ၀ ခေတ်မီတိုးတက်လာသည်နှင့်အမျှ အိပ်စက်ခြင်းရဲ့ အရည်အသွေးများသည်လည်း တဖြည်းဖြည်းကျဆင်းလာပါသည်။ ကာလရှည်ကြာစွာ ကောင်းမွန်သော အိပ်စက်ခြင်းကို မရရှိခဲ့ပါက ကိုယ်ခံအားစနစ်အပါအဝင် အခြားသော ခန္ဓာကိုယ်၏ စနစ်များသည်လည်း ထိခိုက်လာနိုင်ပါသည်။
ထို့ကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် အိပ်ရာဘေးက ပစ္စည်းများကို ဖယ်ရှားခြင်းအားဖြင့် ပြည့်၀သော အိပ်စက်ခြင်းကို ရရှိနိုင်ရန်အတွက် ကြိုးစားရမည်ဖြစ်ပါသည်။
၁။ ဖုန်း
အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသည့် အိပ်ရာဘေးကပစ္စည်းများတွင် ဖုန်းကို နံပါတ် ၁ အဖြစ် ပညာရှင်အများစုက သတ်မှတ်ယူဆထားကြပါသည်။ လေ့လာတွေ့ရှိချက်များအရ ဖုန်းသည်နည်းလမ်းမျိုးစုံဖြင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။
တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်စွာ အလုပ်များလုပ်ကိုင်ဆောင်ရွက်ပြီး၍ ညဘက်အိပ်စက်အနားယူမည့်အချိန်တွင် ဦးနှောက်နှင့်ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝအနားပေးမှသာ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် ဖုန်းကို ခပ်ဝေးဝေးတွင် ထားသင့်ပါသည်။
၂။ Blue light ထုတ်လွှတ်သောပစ္စည်းများ
ဖုန်းအပြင် Tablets၊ Laptop ကဲ့သို့သော ပစ္စည်းများမှထုတ်လွှတ်သော Blue light သည် ဦးနှောက်ကို နေ့နှင့်ညမှားယွင်းစေရန် လှည့်စားနိုင်စွမ်းရှိပါသည်။
ပုံမှန်အားဖြင့် ညဘက်အချိန်အခါတွင် အိပ်စက်ခြင်းကို အထောက်အကူပြုသည့် ဟော်မုန်းဖြစ်သော Melatonin ကို ဦးနှောက်မှထုတ်လွှတ်ပေးပါသည်။ Blue light များကြောင့် ဦးနှောက်သည် နေ့နှင့်ညခွဲခြားနိုင်စွမ်း လျော့နည်းသွားသည့်အတွက်ကြောင့် Melatonin ထုတ်လွှတ်မှုသည်လည်း လျော့ကျသွားကာ နှစ်ခြိုက်စွာအိပ်စက်နိုင်စွမ်းကိုလည်း အနှောင့်အယှက်ဖြစ်လာစေပါသည်။
တစ်ခါတစ်ရံ အလုပ်နှင့်ပတ်သက်သည့် ပစ္စည်းကိရိယာများ အိပ်ယာဘေးတွင်ရှိနေသည့်အခါ စိတ်၏တင်းအားများနှင့် ကြွက်သားပြေလျော့မှုများကို လျော့ကျမသွားစေဘဲ အိပ်စက်ခြင်းကိုအနှောင့်အယှက်ပေးနိုင်ပါသည်။
ထို့ကြောင့် တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်စွာ အလုပ်များလုပ်ကိုင်ဆောင်ရွက်ပြီးသည့်နောက် နောက်တစ်နေ့တွင် အင်ပြည့်အားပြည့်ဖြင့် အလုပ်များထပ်မံ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် နှစ်ခြိုက်စွာအိပ်စက်နိုင်စေရန် အလုပ်နှင့်ပတ်သက်သည့်ပစ္စည်းများကို အိပ်ယာဘေးတွင် မထားသင့်ဘဲ ရှောင်ရှားသင့်ပါသည်။
၄။ ရှုပ်ပွပြန့်ကျဲနေသောပစ္စည်းများ
တစ်ခါတစ်ရံအိပ်ရာဘေးတွင် ပစ္စည်းများရှုပ်ပွပြန့်ကျဲနေခြင်းကလည်း အိပ်စက်ခြင်း၏အရည်အသွေးကို ကျဆင်းစေပါသည်။
ထို့ကြောင့်မိမိ၏အိပ်ခန်း၊ အိပ်ရာနှင့် အိပ်ရာပတ်ဝန်းကျင်ရှိ ပစ္စည်းများကိုစနစ်တကျသန့်ရှင်းသပ်ရပ်စွာ စီရီထားရှိခြင်းအားဖြင့် စိတ်ဖိစီးမှု၊ စိတ်ရှုပ်ထွေးမှုများကို ပိုမိုလျော့ကျစေရန်အထောက်အကူပြုနိုင်သည့်အပြင် အိပ်စက်ခြင်းကိုလည်း ပိုမိုတိုးတက်စေနိုင်ပါသည်။
၅။ မီးအလင်းရောင်ထွက်သော ပစ္စည်းများ
Blue light မဟုတ်သော်လည်း မီးအလင်းရောင်ထွက်သောပစ္စည်းများသည်လည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ပြုနိုင်ပါသည်။
အထူးသဖြင့် မှိတ်တုတ်မှိတ်တုတ် မီးအလင်းရောင်ထွက်သောပစ္စည်းများသည် မျက်စိကို တုံ့ပြန်မှုများဖြစ်စေသောကြောင့် နှစ်ခြိုက်စွာအိပ်စက်၍မရစေရန် အနှောင့်အယှက်ပေးနိုင်ပါသည်။ ထို့ကြောင့် ထိုသို့သော မီးအလင်ရောင်ထွက်သည့် အရာဝတ္ထုပစ္စည်းများကိုလည်း အိပ်ခန်းအတွင်းမှ ဖယ်ရှားရမည်ဖြစ်ပါသည်။
၆။ အစားအစာများ
အိပ်စက်ခါနီးအချိန်တွင် အစားအစာများစားသုံးခြင်းသည် တစ်ညတာလုံးထိုအစားအစာများကို ခြေဖျက်ရန်နှင့် အာဟာရဓါတ်များကိုစုပ်ယူရန် ခန္ဓာကိုယ်၏ စနစ်များက ဆက်လက်လုပ်ဆောင်နေရသည့်အတွက် ခန္ဓာကိုယ်၏စနစ်များအပြည့်အဝ အနားရရှိလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် အိပ်စက်ခါနီးတွင် အစားအစာများစားသောက်ခြင်းမှ ရှောင်ကြဉ်ရပါမည်။
ထိုကြောင့် သရေစာများအပါအဝင် အစားအစာများကိုလည်း မိမိ၏အိပ်ရာအနီးတစ်ဝိုက်တွင် မရှိစေရန်သတိပြုရှောင်ကြဉ်ရမည်ဖြစ်ပါသည်။
အဆိုပါ အစားအစာများအစား မိမိ၏အိပ်ရာနံဘေးတွင် ရေဘူး သို့မဟုတ် ရေခွက်စသည်တို့ကို ထားရှိသင့်ပါသည်။ သို့မှသာ ညဘက်အချိန်တွင် ရေဆာ၊ ရေငတ်၍ နိုးလာသည့်အခါ ဝေးဝေးလံလံသို့သွား၍ ရေသောက်ရန်မလိုဘဲ အိပ်ရာနံဘေးမှပင် ရေသောက်၍ ပြန်လည်အိပ်စက်နိုင်မည် ဖြစ်ပါသည်။