ကျန်းမာရေးနှင့် အာဟာရပြည့်ဝမှုအတွက် အစာအိမ်နှင့် အူလမ်းကြောင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဆိုခြင်းကို လူတိုင်းလက်ခံပြီးသားဖြစ်ပါသည်။
အစာအိမ်နှင့် အူလမ်းကြောင်းသည်
- အစားအစာများကိုခြေဖျက်ခြင်း၊
- ခြေဖျက်ပြီးသော အာဟာရများကို စုပ်ယူခြင်း၊
- ရောဂါများကို ကာကွယ်ပေးနိုင်စွမ်းရှိခြင်း၊
- ကိုယ်ခံအားစနစ်ဆိုင်ရာ တုံ့ပြန်မှုများကို ပြုလုပ်ပေးနိုင်ခြင်း စသည့်ခန္ဓာကိုယ်အတွက် အရေးကြီးသည့်လုပ်ငန်းဆောင်တာများအားလုံးနှင့် ပတ်သက်ဆက်နွယ်နေပါသည်။
ထိုလုပ်ငန်းဆောင်တာများတွင် ခြေဖျက်ပြီးသော အာဟာရဓါတ်များကို စုပ်ယူခြင်းသည် အရေးတကာ့ အရေးအကြီးဆုံးတွေထဲက တစ်ခုဖြစ်ပါသည်။
မည်မျှပင် အာဟာရဓါတ်များစုံလင်အောင် စားပါစေ၊ ကောင်းစွာမခြေဖျက် မစုပ်ယူနိုင်ပါက စားထားသမျှသည် အလဟဿသာ ဖြစ်သွားမည်ဖြစ်ပါသည်။
အစာခြေဖျက်ခြင်းနှင့် စုပ်ယူခြင်းကို အထောက်အကူပေးသော အရာများစွာရှိပါသည်။ ၎င်းတို့အနက် probiotic ဟုခေါ်သော အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများသည်လည်း တစ်ခုအပါဝင်ဖြစ်ပါသည်။
အူလမ်းကြောင်းအတွင်းနေထိုင်ကြသော ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားပိုးမွှားများသည် ခန္ဓာကိုယ်၏ များစွာသောလုပ်ငန်းဆောင်တာများအပေါ်တွင် လွှမ်းမိုးမှုရှိပါသည်။ ၎င်းတို့သည်
- စားသောက်လိုက်သော အစားအစာများကို အူနံရံများက စုပ်ယူနိုင်သည့် အာဟာရပုံစံအဖြစ်သို့ ပြောင်းလဲစေရန် အင်ဇိုင်းများကို ထုတ်လွှတ်ပြီး ဝိုင်းဝန်းခြေဖျက်ပေးခြင်း၊
- ခြေဖျက်ပြီးသော အာဟာရဓာတ်များကို စုပ်ယူရာတွင် ကူညီပေးခြင်း၊
- အူနံရံ၏ အပေါ်ယံလွှာ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အူလမ်းကြောင်း၏ လုပ်ငန်းဆောင်တာများကို ကာကွယ်ပေးခြင်း၊
- အူလမ်းကြောင်းအတွင်းတွင် ခန္ဓာကိုယ်ကို အန္တရာယ်ပြုနိုင်သည့် ရောဂါပိုးမွှားများ ပေါက်ဖွားမှုကို တားဆီးကာကွယ်ပေးနိုင်စွမ်းရှိခြင်း၊
- ဝမ်းမချုပ်စေရန် ကာကွယ်ပေးခြင်း၊
- ဝမ်းပျက်၊ ဝမ်းလျှော မဖြစ်စေရန် ကာကွယ်ပေးခြင်း၊
- အကယ်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်နေပါက သက်သာစေခြင်း၊
- လေပွခြင်း၊ လေထခြင်းကို ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ပါသည်။
Probiotics များ၏ အကျိုးကျေးဇူးများကို ပိုမိုသိရှိလာကြသောကြောင့် မကြာသေးမီ နှစ်ပိုင်းများက အဆိုပါ probiotics များပါဝင်သော အစားအစာများ၊ ဖြည့်စွက်အာဟာရများကို အလေးထားဂရုပြု၍ ရွေးချယ်ဝယ်ယူစားသောက်လာကြပါသည်။
ထို့ကြောင့် ဉာဏ်ရည်ပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် သားသားမီးမီးများ ဖြစ်လာစေရန်အတွက် Prebiotic များပါဝင်သော အစားအစာများကို ရွေးချယ်စားသုံးခြင်းအားဖြင့် အာဟာရဓါတ်များကို ပြည့်ဝစွာ စုပ်ယူနိုင်စေရန် သေချာစေမည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။