fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် Omega-3 Fatty Acids

26
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/11/2020
in အထွေထွေရောဂါများအကြောင်း
1 min read
A A

 

ယနေ့ခေတ်တွင် လေ့လာစမ်းသပ်မှုများ ပိုမိုလုပ်ဆောင်လာသည်နှင့်အမျှ Omega-3 Fatty Acids များ၏ကောင်းကျိုးများကို ပိုမိုသိရှိလာကြပါသည်။

ခန္ဓာကိုယ်နှင့် ကျန်းမာရေးအပေါ် သက်ရောက်သည့် Omega-3 Fatty Acids များ၏ ကောင်းကျိုးများစွာအနက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးသည်လည်း တစ်ခုအပါအဝင်ပင်ဖြစ်ပါသည်။

 

စိတ်ပိုင်းဆိုင်ရာရောဂါများ

လေ့လာတွေ့ရှိချက်များအရ စိတ်ကျရောဂါခံစားနေရသူများ၏ သွေးအတွင်းတွင် Omega-3 Fatty Acids ပမာဏများ လျော့နည်းနေကြောင်း တွေ့ရှိရပြီး Omega-3 Fatty Acids များဖြစ်သော DHA နှင့် EPA လုံလောက်စွာရရှိနေမှုသည် စိတ်ကျဝေဒနာဖြစ်ပွားမှုကို များစွာလျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

DHA နှင့် EPA တို့သည် စိတ်၏အခြေအနေကို မျှတအောင်ထိန်းသိမ်းကူညီပေးနိုင်သည့် အာရုံကြော သတင်းပေးပို့သည့်ပစ္စည်းတစ်ခုဖြစ်သော Serotonin ကို အကူအညီပေးနိုင်ကြောင်းလည်း တွေ့ရှိရပါသည်။

ထို့အပြင် Omega-3 အဆီများ၏ ရောင်ရမ်းမှုကိုသက်သာစေသည့် ဂုဏ်သတ္တိများကလည်း စိတ်ကျဝေဒနာများကို လျော့ပါးသက်သာစေကြောင်း တွေ့ရှိ့ရပါသည်။

ထို့ပြင် သုတေသနများအရ Omega-3 အဆီ ဖြည့်စွက်အာဟာရများသည် Schizophrenia၊  Bipolar Disorder ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာရောဂါများတွင် စိတ်ခံစားမှုအပြောင်းအလဲများ ဖြစ်သည့်အကြိမ်အရေအတွက်ကို လျော့နည်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့် ကြမ်းတမ်းသည့်အပြုအမူများကို နည်းပါးစေခြင်း၊ ထိုရောဂါများနောက်ထပ်တစ်ဖန် ထပ်မံဖြစ်ပွားသည့် အခွင့်အလမ်းကိုနည်းပါးစေခြင်း စသည့်အကျိုးကျေးဇူးများပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပေါ်လာသော ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာပြဿနာများ

ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာလုပ်ငန်းဆောင်တာများ၏ အရည်အသွေးကျဆင်းခြင်းသည် အသက်အရွယ်ကြီးရင့်လာသည့်အခါ မရှောင်ရှားနိုင်သည့် ပြဿနာတစ်ရပ်ဖြစ်ပါသည်။

လေ့လာတွေ့ရှိချက်များအရ  Omega-3 အဆီများကို လုံလောက်အောင် စားသုံးခြင်းအားဖြင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာသည့် ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ အရည်အသွေးကျဆင်းခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းများကို နည်းပါးစေကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် အချို့သောလေ့လာမှုများတွင် Omega-3 အဆီများသည် အသက်အရွယ်ကြီးရင့်သော အဖိုးအဖွားများတွင် မှတ်ဉာဏ်ဆိုင်ရာအရည်အသွေးများကိုလည်း တိုးတက်စေကြောင်းတွေ့ရှိရပါသည်။

 

အိပ်စက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအရည်အသွေး

အိပ်စက်ခြင်းသည် ကျန်းမာရေးအတွက် အခြေခံလိုအပ်ချက်များထဲက အရေးပါဆုံးတစ်ခု ဖြစ်ပါသည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ အရည်အသွေးများနှင့်လည်း များစွာဆက်စပ်မှုရှိနေကြောင်း တွေ့ရှိရပါသည်။

ကောင်းမွန်ပြည့်ဝသော အိပ်စက်ခြင်းကို မရရှိခြင်းသည် စိတ်ကျရောဂါကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာအများအပြားကိုဖြစ်စေသလို အဝလွန်ခြင်း၊ ဆီးချိုရောဂါစသည့် ရောဂါများစွာကိုလည်း ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

Omega-3 Fatty Acids နည်းပါးခြင်းသည် အိပ်စက်ခြင်း၏အရည်အသွေးကို ကျဆင်းစေသည့်အပြင် ကလေးများတွင် အိပ်စက်ခြင်းဆိုင်ရာပြဿနာများနှင့် လူကြီးများတွင် အိပ်နေစဉ် အသက်ရှူခေတ္တခဏရပ်သွားသည့်ရောဂါများကိုလည်း ပိုမိုဖြစ်ပွားစေကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် နှစ်ခြိုက်စွာအိပ်စက်နိုင်စေရန် ကူညီပေးသည့် Melatonin ဟော်မုန်း၏ ပမာဏသည်လည်း DHA ပမာဏနည်းပါးလာသည့်အခါ လျော့နည်းလာတတ်ကြောင်းတွေ့ရှိရပါသည်။

ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ဦးနှောက်၏လုပ်ငန်းပိုင်းဆိုင်ရာ၊ အိပ်စက်ခြင်းဆိုင်ရာ အရည်အသွေးများတိုးတက်စေရန်အတွက် Omega-3 Fatty Acids များကို လုံလောက်အောင် ဖြည့်စွက်စားသောက်ရန် လိုအပ်ကြောင်း တင်ပြလိုက်ပါသည်။

Author: Dr. မွန်

Previous Post

ဘယ်လိုဆီးချိုအမျိုးအစားဆို  ခြေထောက်ဖြတ်ရတတ်လဲ

Next Post

ရောင်ရမ်းနာကျင်ခြင်းကိုသက်သာစေသော Omega-3 Fatty acids

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရောင်ရမ်းနာကျင်ခြင်းကိုသက်သာစေသော Omega-3 Fatty acids

ညဘက်ခြေသလုံးကြွက်သားနာကျင်တာ ဘာကြောင့်ဖြစ်ရလဲ

ပန်းနာရင်ကျပ်ခြင်းနှင့် DHA

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.