fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

နာတာရှည်အစာအိမ်ရောင်ရမ်းခြင်းဆိုတာ

3.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/12/2020
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ, အထွေထွေရောဂါများအကြောင်း
1 min read
A A

နာတာရှည် အစာအိမ်ရောင်ရမ်းခြင်းရောဂါဆိုသည်မှာ အစာအိမ်၏ အနားသတ်အမြှေးပါးများ အချိန်ကြာမြင့်စွာ ရောင်ရမ်းခြင်းဖြစ်ပေါ်နေသော အခြေအနေဖြစ်ပါသည်။

 

ရောဂါဖြစ်ပွားခြင်းအကြောင်းရင်းများ

          ရောဂါဖြစ်ပွားခြင်းအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

–  H. pylori ဘက်တီးရီးယားပိုးကူးစက်ခြင်းခံရခြင်းကြောင့် အစာအိမ်ရောင်ခြင်း။ (၎င်းအကြောင်းရင်းကြောင့်ဖြစ်သော နာတာရှည်အစာအိမ်ရောင်ခြင်းကို Type B အစာအိမ်ရောင်ခြင်းဟု ခေါ်ပါသည်)

–  အရက်၊ ဆေးလိပ်၊ အကိုက်အခဲပျောက်ဆေး အစရှိသော ဓာတုပစ္စည်းအချို့ကြောင့် အစာအိမ်အနားသားများကို ပျက်စီးစေခြင်းကြောင့် အစာအိမ်ရောင်ခြင်း။

–  ခန္ဓာကိုယ်၏ ခုခံအားစနစ် ပုံမှန်မဟုတ်ခြင်းကြောင့် အစာအိမ်ရောင်ခြင်း (၎င်းအကြောင်းရင်းကြောင့်ဖြစ်သော နာတာရှည်အစာအိမ်ရောင်ခြင်းကို Type A အစာအိမ်ရောင်ခြင်းဟု ခေါ်ပါသည်) စသည်တို့ ဖြစ်ကြပါသည်။

 

ရောဂါလက္ခဏာများ။

–  ဝမ်းဗိုက်အထက်ပိုင်းတွင် နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း

–  ရင်ပြည့်ရင်ကယ် ဖြစ်နေခြင်း

–  ဗိုက်ဆာစဉ်တွင် ဝမ်းဗိုက်အောင့်ခြင်း

–  အစာစားပြီးချိန်တွင် ဝမ်းဗိုက်အောင့်ခြင်း

–  ပျို့ခြင်း

–  အန်ခြင်း စသောလက္ခဏာများကို တွေ့ရှိရပါသည်။

 

အမျိုးအစား A အစာအိမ်ရောင်ခြင်း (Type A gastritis)

Type A gastritis အမျိုးအစားသည် ခုခံအားစနစ်ပုံမှန်မဟုတ်ခြင်းကြောင့် အစာအိမ်ရောင်ရမ်းခြင်း ဖြစ်ပါသည်။

ထို့အပြင် Type A gastritis အမျိုးအစား အစာအိမ်ရောင်သောသူများသည် အခြားအမျိုးအစား အစာအိမ်ရောင်သောသူများကဲ့သို့ ဝမ်းဗိုက်အောင့်ခြင်းဝေဒနာ ခံစားရခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

 

ရောဂါလက္ခဏာများ

Type A gastritis အစာအိမ်ရောင်ခြင်းအမျိုးအစား၏ အဖြစ်များသော ရောဂါလက္ခဏာများမှာ

  • အစာစားပြီးချိန်တွင် ဝမ်းဗိုက်အထက်ပိုင်း ရင်ပြည့်ရင်ကယ်ခံစားရခြင်း
  • ပျို့ခြင်း
  • အန်ခြင်း စသည်တို့ဖြစ်ပါသည်။

 

ထိုအစာအိမ်ရောင်ရမ်းခြင်းအမျိုးအစားတွင် အစာအိမ်ရောင်ခြင်းကြောင့် Vitamin B12 စုပ်ယူမှုကို လျော့နည်းစေပါသည်။ ထိုအခါ Vitamin B12  ချို့တဲ့လာခြင်းကြောင့်ဖြစ်ပွားသော  သွေးအားနည်းရောဂါကို ဖြစ်စေပါသည်။ ၎င်းသွေးအားနည်းရောဂါကို Pernicious Anaemia ဟု ခေါ်ပါသည်။

Pernicious Anaemia တွင်‌တွေ့ရသော ရောဂါလက္ခဏာများမှာ

–  ဝမ်းပျက်ဝမ်းလျှောခြင်း

–  မူးဝေခြင်း

–  မောပန်းနွမ်းနယ်ခြင်း

–  အသက်ရှူမ၀ခြင်း (အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီး အချိန်တွင် ပို၍ခံစားရပါသည်။)

–  လက်သည်းခြေသည်းများကျွတ်ဆတ်ခြင်း

–  အရေပြားခြောက်သွေ့ခြင်း

–  ထုံကျင်ခြင်း

–  သွားလာလှုပ်ရှားသည့် ပုံစံမူမမှန်ခြင်း

–  အာရုံစူးစိုက်မှုမရခြင်း

–  မှတ်ဉာဏ်ကျဆင်းခြင်း စသည်တို့ဖြစ်ပါသည်။

 

 

နာတာရှည်အစာအိမ်ရောင်ရမ်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ။

 

နာတာရှည်အစာအိမ်ရောင်ရမ်းခြင်းကို ကောင်းစွာကုသမှုခံယူခြင်းမပြုလျှင် အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။

 

( ၁ )     အစာအိမ်အနာရောဂါ

အစာအိမ်အက်ဆစ်နှင့် ထိတွေ့မှုများခြင်းကြောင့် အစာအိမ်အနားသတ်ပျက်စီးသည့်အခါ အနာဖြစ်လာနိုင်ပါသည်။

အစာအိမ်အနာဖြစ်လျှင် တွေ့ရသော လက္ခဏာများမှာ

–  အစာအိမ်တွင် ပူလောင်သော ဝေဒနာခံစားရခြင်း

–  အစာအိမ်အောင့်ခြင်း

–  ပျို့ခြင်း

–  အန်ခြင်း

–  ရင်ပြည့်ခြင်း

–  ရင်ပူခြင်း

–  အစာစားချင်စိတ်ပြောင်းလဲလာခြင်း

–  ခန္ဓာကိုယ်အလေးချိန်ကျဆင်းလာခြင်း

–  အသက်ရှူခက်ခဲခြင်း

–  သွေးအန်ခြင်း

–  သွေးဝမ်းသွားခြင်း

–  ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း စသည်တို့ဖြစ်ပါသည်။

အထက်ဖော်ပြပါ ရောဂါလက္ခဏာများသည် အစာအိမ်တွင်အစာမရှိသောအချိန်များတွင် ဖြစ်လေ့ရှိပြီး

မိနစ်ပိုင်း သို့မဟုတ် တစ်ခါတစ်ရံ နာရီပိုင်းခန့်ကြာမြင့် ခံစားရတတ်ပါသည်။

အစာအိမ်လေဆေးများသောက်ခြင်းဖြင့်လည်း ခေတ္တခဏသာ သက်သာပျောက်ကင်းကြောင်း တွေ့ရှိရပါသည်။

 

( ၂ )         အစာအိမ်တွင် အသားပိုပေါက်ခြင်း

အစာအိမ်တွင် အသားပိုပေါက်ခြင်း ရောဂါရှိသောသူများသည် ရောဂါလက္ခဏာ ပြသလေ့မရှိပါ။

သို့သော် သွေးအားနည်းရောဂါလက္ခဏာများတွေ့ရှိရခြင်း၊ အစာအိမ်နေရာတွင်ဖိ၍ စမ်းသပ်လျှင် နာကျင်ခြင်း စသော လက္ခဏာများကိုတွေ့ရှိရပါသည်။

အစာအိမ်အသားပိုများသည် ကင်ဆာမဟုတ်သော အဖုအကျိတ်များဖြစ်ကြပါသည်။ သို့သော် အချို့သည် ကင်ဆာအဆင့်သို့ ပြောင်းလဲနိုင်ကြောင်းတွေ့ရှိရပါသည်။

 

နာတာရှည်အစာအိမ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေများသောသူများ

နာတာရှည်အစာအိမ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေများသောသူများမှာ

–  အကိုက်အခဲပျောက်ဆေးဝါးများကို ကာလကြာရှည်စွာ မကြာခဏသောက်သုံးလေ့ရှိသူများ

–  အရက်အလွန်အကျွံသောက်သူများ

–  H.pylori ဘက်တီးရီးယားပိုးကြောင့် အစာအိမ်ရောင်သောသူများ စသောသူများဖြစ်ကြပါသည်။

 

ကုသခြင်းနည်းလမ်းများ။

နာတာရှည်အစာအိမ်ရောင်ခြင်းကို ကုသရာတွင် ရောဂါဖြစ်စေသော အခြေခံအကြောင်းရင်းများပေါ် မူတည်၍ ကုသရန်လိုအပ်ပါသည်။

အကယ်၍ အကိုက်အခဲပျောက်ဆေးများကြောင့် အစာအိမ် ရောင်ရမ်းခြင်း ဖြစ်သောသူများတွင် ဆေးဝါးများသောက်သုံးခြင်းကို ရပ်နားရမည်ဖြစ်ပါသည်။

ထို့အတူအရက်သောက်သောသူများတွင်လည်း အရက်ဖြတ်မှသာ ရောဂါသက်သာပျောက်ကင်းနိုင်မည် ဖြစ်ပါသည်။

 

H.pylori ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော အစာအိမ်ရောင်ခြင်းတွင် H.pylori ကို သေစေနိုင်သော ပဋိဇီဝပိုးသတ်ဆေးများကို သောက်သုံးစေခြင်းဖြင့် ကုသရန်လိုအပ်ပါသည်။

ခုခံအားစနစ်ပုံမှန်မဟုတ်ခြင်းကြောင့် အစာအိမ်ရောင်ခြင်း Type A  gastritis  အမျိုးအစားကို ပျောက်ကင်းအောင် ကုသနိုင်သောနည်းလမ်းမရှိသေးကြောင်း တွေ့ရပါသည်။

သို့သော် ထိုရောဂါအမျိုးအစားတွင်တွေ့ရသော Pernicious anaemia   ကိုသက်သာစေရန် Vitamin B 12 အားဆေးများသောက်ခြင်း၊ ထိုးနှံခြင်း စသည့်နည်းလမ်းများဖြင့် ကုသနိုင်ပါသည်။

ထို့ပြင် Type A  gastritis  အစာအိမ်ရောင်ခြင်းကြောင့် ဖြစ်လာနိုင်ခြေရှိသော အစာအိမ်ကင်ဆာကိုကာကွယ်ရန် အစာအိမ်မှန်ပြောင်းဖြင့် စမ်းသပ်ခြင်းကို ခြောက်လ သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အစာအိမ်ကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးခြင်းများကို ကာကွယ်လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။

Author : Dr. မွန်

Previous Post

သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဆိုတာ။

Next Post

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ စားသုံးသင့်သော အစားအစာများ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
862
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ စားသုံးသင့်သော အစားအစာများ။

ကလေးများတွင် တွေ့ရသော သွေးအားနည်းရောဂါအကြောင်းသိကောင်းစရာများ။

မီးယပ်သွေးဆုံးမှုကြောင့် ကိုက်ခဲနာကျင်မှုအကြောင်းသိကောင်းစရာများ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.