fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကလေးများ အအေးမိချောင်းဆိုးသက်သာစေဖို့ဆိုရင်              

434
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/11/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အောက်ဖော်ပြပါအချက်များသည် သားသားမီးမီးတို့ အအေးမိချောင်းဆိုးဖြစ်သည့်အခါ မေမေတို့ အနေဖြင့် သိထားသင့်သော အချက်များဖြစ်ကြပါသည်။

 

(၁)     ခုခံအားစနစ်ကောင်းမွန်‌​စေရန် အာဟာရပြည့်၀သော အစားအစာများနှင့် ဗီတာမင်ဖြည့်စွက်အားဆေးများ တိုက်ကျွေးပါ

အအေးမိတုပ်ကွေးရောဂါဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ် ကျဆင်းသောအချိန်တွင် ရောဂါပိုးကူးစက်ခြင်းကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ကလေးများအအေးမိနှာစေးချောင်းဆိုးအမြန်သက်သာစေရန် အောက်ပါအစားအစာများကို ပိုမိုကျွေးမွေးသင့်ပါသည်။

–  အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ

–  ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ နာနတ်သီး၊ ပန်းသစ်တော်သီးအစရှိသော သစ်သီး အမျိုးမျိုး

–  ကြက်ဥ

–  နွားနို့

–  ထမင်း၊ ဆန်ပြုတ်၊ ပေါင်မုန့်စသော ကစီဓာတ်များသော အစားအစာများ

–  ကြက်စွပ်ပြုတ်ရည်

–  အုန်းရည် စသည်

 

ထို့ပြင် အောက်ပါ ဖြည့်စွက်အာဟာရများနှင့် ဗီတာမင်များကလည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါသည်။

Probiotics

အူလမ်းကြောင်းတွင်ရှိသော အကျိုးပြုဗက်တီးရီးယားများဖြစ်သည့် Probiotics သည် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သော အာနိသင်လည်းရှိသောကြောင့် အအေးမိချောင်းဆိုးနေသော ကလေးများ အမြန်သက်သာစေရန် တိုက်ကျွေးသင့်ပါသည်။

 

Vitamin C

ဗီတာမင်ဓာတ်များတွင် ဗီတာမင် စီ သည် ခုခံအားစနစ်ကိုကောင်းမွန်စေသော အစွမ်းအာနိသင် အပြည့်အ၀ရှိကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် တုပ်ကွေးရောဂါခံစားနေရသော ကလေးများအား ဗီတာမင် စီ ပါဝင်သော အားဆေးဖြည့်စွက်စာများ တိုက်ကျွေးရန်လိုအပ်ပါသည်။

 Zinc

ဇင့်ဓာတ်သည် ခန္ဓာကိုယ်၏ခုခံအားစနစ်ကို မြင့်တက်စေနိုင်သော အာဟာရသတ္တုဓာတ်တစ်မျိုး ဖြစ်သောကြောင့် ဖျားနာနေသော သားသားမီးမီးများအမြန်သက်သာပျောက်ကင်းစေရန် ဇင့်ဓာတ် ပါသော အားဆေးများတိုက်ကျွေးပေးပါ။

 

( ၂ )     အရည်များများတိုက်ကျွေးပါ

အရည်များများသောက်ခြင်းကြောင့် ရောဂါလက္ခဏာများသက်သာစေခြင်းမဟုတ်ပါ။

သို့သော် ဖျားနာသည့်အခါ ရေဓာတ်လျော့နည်းခြင်းတွဲ၍ ရှိနေတတ်သောကြောင့် ရေ၊ သို့မဟုတ် အာဟာရပြည့်၀သော အရည်များကို များများတိုက်ကျွေးပေးခြင်းဖြင့် ကလေးများအား ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်မည် ဖြစ်ပါသည်။

အာဟာရဓာတ်ပြည့်၀သော အရည်များမှာ

– အိုဗာတင်း

– မိုင်လို

– ‌ဟောလစ်

– ကြက်စွပ်ပြုတ်ရည်

– ဓာတ်ဆားရည် စသည်တို့ဖြစ်ပါသည်။

 

( ၃ )      အဖျားကျအောင် ပြုလုပ်ပါ

အဖျားကြီးသော ကလေးများအား ပြုစုရာတွင် အောက်ပါအချက်များကို သတိပြုရန်လိုအပ်ပါသည်။

–  ထူထပ်သော အဝတ်များဝတ်ဆင်ပေးခြင်းမပြုရပါ။

–  စောင်များထူထဲစွာ ခြုံပေးထားခြင်းမပြုရပါ။

–  အဖျားအမြန်ကျစေရန် ရေပတ်တိုက်ပေးပါ။

–  ကလေးများအားလေဝင်လေထွက်ကောင်းသော နေရာတွင်ထားပါ။

–  ကလေးများ အဖျားကြီးခြင်းကြောင့်  တက်ခြင်း၊ အာရုံကြောစနစ် ထိခိုက်ခြင်းမှ ကာကွယ်ရန် နဖူးကပ် အဖျားကျပလာစတာကို ကပ်ထားပေးပါ။

 

( ၄ ) ပျားရည်နှင့် ရေနွေး ရောတိုက်ပါ

ထို့ပြင် ပျားရည်ကို ရေနွေးနွေးဖြင့် ရော၍တိုက်ပေးခြင်းဖြင့်လည်း ကလေးများ ချောင်းဆိုးလည်ပင်းနာ ဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ကြောင်းတွေ့ရှိရပါသည်။

 

( ၅ ) အိပ်ရေးဝပါစေ

အအေးမိချောင်းဆိုးနေသော ကလေးများအား ပုံမှန်အချိန်ထက်ပို၍ အိပ်စက်အနားယူစေခြင်းဖြင့် ကိုယ်ခံစွမ်းအားကောင်းမွန်စေကာ ရောဂါအမြန်သက်သာပျောက်ကင်းစေနိုင်မည်ဖြစ်ပါသည်။

 

( ၆ )  အောက်ပါအစားအစာများကို ကျွေးမွေးခြင်းမှ ရှောင်ကြဉ်ပါ   

အအေးမိချောင်းဆိုးနေသော ကလေးများအား အောက်ပါအစားအစာများကို ကျွေးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

  • ရေခဲချောင်း၊ ရေခဲမုန့်နှင့် အေးသော အချိုရည်များ
  • ဆီကြော်မုန့်များ
  • ချိုလွန်းသော အစားအစာများ (ဥပမာ – သကြားလုံး၊ ချောကလက်၊ ဂျယ်လီ) စသည်တို့ကို ကျွေးခြင်းမပြုသင့်ပါ။

Author : Dr. CK

Previous Post

ကန်စွန်းရွက်က ကျန်းမာရေးအတွက်ဘာကောင်းလဲ

Next Post

ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ အစာအိမ်ပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ အစာအိမ်ပြဿနာများ

သွေးတွင်းသကြားဓာတ်တည်ငြိမ်စေရန် ထိန်းချုပ်ခြင်း

ဝမ်းဖောဝမ်းရောင်ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ကုသရေးနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.