အောက်ဖော်ပြပါနည်းလမ်းများသည် ပြစ်မျိုးမှဲ့မထင်အသားအရေကို ရရှိရန်အတွက် ပျိုမေများ လိုက်နာသင့်သော နည်းလမ်းများဖြစ်ကြပါသည်။
( ၁ ) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်တွင် အရေပြားရှိဆဲလ်သေများကို ဖယ်ရှားပြီး အမာရွတ်များကို မှေးမှိန်သွားစေနိုင်သည့် အာနိသင်ရှိသော အက်ဆစ်အပျော့တစ်မျိုးပါဝင်ပါသည်။
ထို့ပြင် ပန်းသီးရှာလကာရည်သည် အရေပြား၏ pH ပမာဏကိုမျှတစေရန်လည်း ကူညီပေးနိုင်ပါသည်။
အသုံးပြုရန်နည်းလမ်းမှာ
– ပန်းသီးရှာလကာရည်နှင့် နှင်းဆီပန်းအရည်တို့ကို ရောနှော၍ မျက်နှာပေါ်ရှိ အမည်းစက်၊ အမည်းစက်ကွက်များ၊ အမာရွတ်များပေါ်တွင် လိမ်းပါ။
– ထို့နောက် ၁၀ မိနစ်ခန့် ထားပြီးလျှင် ရေဖြင့် သန့်စင်ပေးပါ။
( ၂ ) ရှားစောင်းလက်ပပ်။
ရှားစောင်းလက်ပပ်တွင် အရေပြားရောင်ရမ်းခြင်းကို လျော့ကျစေသော Bradykinase ဟူသော အင်ဇိုင်းတစ်မျိုး ပါဝင်ပါသည်။
ထို့ပြင် ၎င်းတွင် အရေပြားခြောက်သွေ့ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းအား ကာကွယ်နိုင်သော အကျိုးသက်ရောက်မှုကို ပေးနိုင်သော ဂုဏ်သတ္တိလည်းရှိကြောင်းတွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်းမှာ
– ရှားစောင်းလက်ပပ်၏အနှစ်ကို မျက်နှာပြင်ပေါ်တွင်လိမ်း၍ နှိပ်နယ်ပေးပါ။
– ထို့နောက် တစ်နာရီခန့်ထားပြီးမှ ရေနွေးဖြင့် မျက်နှာကို သန့်စင်ပေးပါ။
( ၃ ) အုန်းဆီ။
အုန်းဆီတွင်လည်း အရေပြားပိုးမွှားများကို သေစေနိုင်သော၊ ရောင်ရမ်းခြင်းကို လျော့နည်းစေသော ၊ ဓာတ်တိုးဆန့်ကျင်စေသော ၊ အရေပြားကို စိုပြည်စေသော အာနိသင်များရှိကြောင်းတွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်းမှာ
– မျက်နှာကို သန့်စင်ပြီး ခြောက်သွေ့အောင်ပြုလုပ်ပါ။
– ထို့နောက် မျက်နှာအရေပြားပေါ်တွင် အုန်းဆီလိမ်း၍ နှိပ်နယ်ပေးပါ။
– ညစဉ် အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးပါ။
– မနက်အိပ်ရာထသည့်အခါတွင်မှ မျက်နှာကို သန့်စင်ပေးပါ။
ကြက်ဆူဆီတွင် မျက်နှာအရေပြားကို အာဟာရဖြည့်ပေးသော Ricinoleic Acid ဟူသည့် အဆီဓာတ်တစ်မျိုးပါဝင်ပါသည်။
ထို့ပြင် ကြက်ဆူဆီသည် မျက်နှာရှိချွေးပေါက်များကို ပွင့်စေခြင်းဖြင့် အသားအရစိုပြည်လှပစေရန် လုပ်ဆောင်ပေးနိုင်သော ဂုဏ်သတ္တိလည်း ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်းမှာ
– မျက်နှာကို ရေနွေးငွေ့ဖြင့် ပေါင်းခံပါ။
– နှစ်မိနစ်၊ သုံးမိနစ်ခန့်ကြာသော် မျက်နှာကို ခြောက်အောင်သုတ်ပြီး ကြက်ဆူဆီဖြင့် လိမ်းပေးပါ။
– ထို့နောက်မျက်နှာကို နှိပ်နယ်ပေးပါ။
– ညအိပ်ထားပြီး မနက်အိပ်ရာမှထသည့်အခါတွင်မှ မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။
( ၅ ) ဗာဒံသီးအဆီ။
ဗာဒံဆီသည် အရေပြားစိုပြည်လှပခြင်းကို ဖြစ်စေသော အဆီတစ်မျိုးဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် အသားအရေကို တင်းရင်းလှပစေခြင်း၊ မျက်နှာပေါ်ရှိ အမည်းစက်များနှင့် အနာရွတ်များကို သက်သာပျောက်ကင်းစေခြင်းစသော အာနိသင်များလည်းရှိကြောင်း တွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်းမှာ
– ဗာဒံဆီအနည်းငယ်ကို မျက်နှာပေါ်တွင် လိမ်း၍ နှိပ်နယ်ပေးပါ။
– ထို့နောက် တစ်ညတာလုံးထားပြီး မနက်အိပ်ရာမှထသည့်အခါတွင်မှ မျက်နှာကို သန့်စင်ပေးပါ။
( ၆ ) Green Tea.
Green Tea တွင်ပါဝင်သော ( Antioxidants ) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ၎င်းတွင်ပါဝင်သော ရောဂါပိုးများကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် အစွမ်းအာနိသင်ကြောင့် ဝက်ခြံထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
အသုံးပြုရန်နည်းလမ်းမှာ
– Green Tea လက်ဖက်ရည်ကို အေးခဲသည်အထိ အအေးခံပါ။
– ထို Green Tea ရေခဲတုံးဖြင့် မျက်နှာကို ဖြည်းညင်းစွာ ပွတ်ပေးပါ။ ပြီးလျှင် မျက်နှာကို ခြောက်အောင်ထားပြီးမှ ရေဖြင့် ဆေးပေးပါ။
( ၇ ) ပျားရည်။
ပျားရည်တွင်လည်း ရောင်ရမ်းခြင်းကိုလျော့နည်းစေခြင်း၊ ပိုးမွှားများကို တိုက်ခိုက်နိုင်ခြင်းစသော ဂုဏ်သတ္တိများကြောင့် ဝက်ခြံများ၊ အပူလောင်သောအနာများ၊ အခြားဒဏ်ရာအနာတရများ၊ နှင်းခူနှင့် အခြားအရေပြားပြဿနာများကို သက်သာပျောက် ကင်းနိုင်ကြောင်း လက်ခံယုံကြည်ထားကြပါသည်။
အသုံးပြုရန်နည်းလမ်းမှာ
– မျက်နှာကို ပျားရည်ဖြင့် လိမ်းကျံပေးပြီးလျှင် နှိပ်နယ်ပေးပါ။
– ၅ မိနစ် ၊ ၁၀ မိနစ်ခန့်ထားပြီးနောက် မျက်နှာကို ရေဖြင့် ဆေးကြောသန့်စင်ပေးပါ။
– တစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။
( ၈ ) နနွင်း
နနွင်းတွင် ဓာတ်တိုးဆန့်ကျင်ခြင်း နှင့် ရောင်ရမ်းခြင်းကို လျော့ကျစေခြင်းစသော ဂုဏ်သတ္တိများရှိသောကြောင့် အသားအရေကို စိုပြည်လှပစေနိုင်သော အရာတစ်ခုအဖြစ် လက်ခံထားကြပါသည်။
အသုံးပြုရန်နည်းလမ်းမှာ
– နနွင်းမှုန့်များကို ဒိန်ချဉ်နှင့် သမအောင်ရောမွှေပါ။ ထို့နောက်မျက်နှာပေါ်တွင် လိမ်းပေးပါ။
-၁၅ မိနစ်ခန့် ကြာအောင် ထားပြီးနောက် မျက်နှာကို ရေဖြင့်ဆေးကြောသန့်စင်ပေးပါ။
ထိုသို့သောနည်းလမ်းများဖြင့် အသားအရေလှပအောင် ထိန်းသိမ်းနိုင်သည့်အပြင် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့်လည်း ပြစ်မျိုးမှဲ့မထင် အသားအရေကို ရရှိနိုင်မည် ဖြစ်ပါသည်။
– အာဟာရပြည့်၀သော အစားအစာများစားပါ။
– မျက်နှာကို အပြင်မှပြန်လာပြီးတိုင်း သို့မဟုတ် အိပ်ရာဝင်ခါနီးအချိန်တိုင်းတွင် သန့်စင်ဆေးကြောပေးပါ။
– ရေများများသောက်ပေးပါ။
– ဆံပင်ကိုလည်း သန့်ရှင်းအောင်ထားပါ။
– အရေပြားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် နေရောင်ကာခရင်မ် လိမ်းဆေးများလိမ်းပါ။
– အလှကုန်ပစ္စည်းများကို သတိထားရွေးချယ်ပြီးမှ သုံးစွဲပါ။
– အိပ်ရေး၀အောင် အိပ်စက်ပါ။
– စိတ်ဖိစီးမှုများခြင်းကို လျော့နည်းစေရန် ယောဂကျင့်ခြင်း နှင့် တရားထိုင်ခြင်းများကို ပြုလုပ်ပေးပါ။
ဖော်ပြပါ နည်းလမ်းများကို ပြုလုပ်ခြင်းအားဖြင့် ပြစ်မျိုးမှဲ့မထင်တဲ့ အသားအရေကို ပိုင်ဆိုင်ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။