fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အသည်းကင်ဆာ

149
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/05/2017
in ရောဂါကြီးများ, အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi ျဖင့္ဖတ္ရန္ )

အသည္းကင္ဆာေရာဂါသည္ ကမာၻေပၚတြင္ ျဖစ္ပြားမႈမ်ားေသာ ကင္ဆာေရာဂါမ်ား အနက္ ငါးခုေျမာက္ ျဖစ္ပြားမႈ မ်ားေသာ ကင္ဆာေရာဂါတစ္မ်ိဳးပင္ ျဖစ္ပါသည္။ ေသဆုံးမႈႏႈန္းအေနနဲ႔ ကေတာ့ တတိယ ေသဆုံးမႈ အမ်ားဆုံးေရာဂါ တစ္ခု လို႔ဆိုႏိုင္ပါတယ္။ အာရွတိုက္တြင္ အသည္းကင္ဆာ ျဖစ္ပြားမႈႏႈန္းမွာ ကမာၻေပၚတြင္ ျဖစ္ပြားေသာ ေရာဂါသည္မ်ား၏ ၇၅%ခန႔္ ပင္ရွိပါသည္။ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ အသည္းေရာင္အသားဝါ (ဘီ) ပိုးသည္ အသည္းကင္ဆာ ကိုျဖစ္ပြားေစေသာ အဓိက အေၾကာင္းအ၇င္း တစ္ခု ျဖစ္ပါသည္။ အသည္းကင္ဆာ ျဖစ္ပြားေစေသာ တျခားေသာ အဓိက အေၾကာင္းအရင္းမ်ားမွာ အသည္းေရာင္အသားဝါ (စီ) ပိုး ၊ အရက္ေသာက္ရာမွ အသည္းေျခာက္ၿပီး အသည္းကင္ဆာျဖစ္ျခင္း ႏွင့္ Aflatoxin ေခၚ မႈိအဆိပ္တစ္မ်ိဳးစားသုံးမိျခင္း ပင္ျဖစ္ပါသည္။ အသည္းေရာင္အသားဝါ (ဘီ)ပိုး (စီ) ပိုး ရွိသူမ်ားတြင္ Aflatoxin ေခၚ မႈိအဆိပ္စားသုံးမိျခင္း ျဖင့္ ေရာဂါျဖစ္ပြားမႈႏႈန္း  ျမန္ဆန္ေအာင္ အားေပးရာ ေရာက္ပါသည္။

အသည္းကင္ဆာသည္ ေရာဂါအစဦးပိုင္းမွာေတာ့ လကၡဏာအေနနဲ႔  ထူးထူးျခားျခား မျပတတ္ပါဘူး။ ကိုယ္အေလးခ်ိန္က်တာ၊ အစားအေသာက္ပ်က္တာ၊ ခဏခဏဖ်ားတာ၊ ေမာပမ္းလြယ္တာ စသျဖင့္ တိတိက်က် မေျပာႏိုင္ေသာ လကၡဏာမ်ားသာ ျပေလ့ရွိပါသည္။ ေနာက္ပိုင္းမွာေတာ့ ဗိုက္ထဲမွာ တခုခုေထာက္ေနသလိုမ်ိဳး၊ အစာနည္းနည္းဘဲစားၿပီး ဗိုက္ျပည့္အင့္ေနသလိုမ်ိဳး၊ ဗိုက္ေအာင့္တာ ဗိုက္နာတာမ်ိဳး၊ ဗိုက္ပူလာတာ၊ အသားဝါလာတာမ်ိဳး ခံစားရႏိုင္ပါတယ္။ ဒီလိုေရာဂါလကၡဏာေတြ ကို ဘယ္လိုသူေတြ အဓိကထား ဂ႐ုျပဳသင့္လဲ ဆိုေတာ့ အသည္းေရာင္အသားဝါ (ဘီ) ပိုး (စီ) ပိုးရွိသူမ်ား ျဖစ္ပါသည္။ ဒါေၾကာင့္ အသည္းေရာင္အသားဝါ (ဘီ)ပိုး (စီ) ပိုး ရွိသူမ်ားအေန နဲ႔ အနည္းဆုံး ၆လ တစ္ႀကိမ္ Ultrasound ႏွင့္ ေသြးေဖာက္ စစ္ေဆးႏိုင္ေသာ Biomarker ေခၚ α-fetoprotein (AFP) ကို စစ္ေဆးသင့္ပါသည္။

ဒါဆို အသည္းေရာင္အသားဝါ (ဘီ) ပိုး မျဖစ္ရေလေအာင္ ဘယ္လိုကာကြယ္ႏိုင္မလဲ ဆိုေတာ့ ကာကြယ္ေဆး ထိုးႏိုင္ပါတယ္။ ျမန္မာႏိုင္ငံ အပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္  ျဖစ္ပြားမႈႏႈန္း မ်ားလို႔ လူတိုင္း ကာကြယ္ေဆး ထိုးသင့္ပါတယ္။ အသည္းေရာင္အသားဝါ (စီ) ပိုး ကေတာ့ ကာကြယ္ေဆး မရွိေသးပါဘူး။ ဒါေၾကာင့္ မူးယစ္ေဆးဝါးထိုးသြင္းျခင္း၊ ေဆးမင္ေၾကာင္ထိုးျခင္း စသျဖင့္ တစ္ခါသုံးအပ္မဟုတ္ေသာ အပ္မ်ား သုံးစြဲျခင္းမွ ေရွာင္ၾကဥ္သင့္ပါတယ္။

Aflatoxin ေခၚ မႈိအဆိပ္တစ္မ်ိဳး ကို မႈိတက္ေနေသာ အေစ့အႏွံမ်ားတြင္ အဓိကေတြ႕ရပါတယ္။  င႐ုတ္သီး၊ ေျမပဲ၊ ေျပာင္း စသည္တို႔ကို သိမ္းဆည္းစဥ္၊ သိုေလွာင္စဥ္၊ ပို႔ေဆာင္စဥ္တြင္ Aflatoxin မႈိအဆိပ္ထုတ္လုပ္ႏိုင္ေသာ မႈိတစ္မ်ိဳး ေပါက္ပြားႏိုင္ပါသည္။ ထို Aflatoxin မႈိအဆိပ္ပါေသာ င႐ုတ္သီးမႈန႔္၊ ဆႏြင္းမႈန႔္၊ င႐ုတ္ေကာင္းမႈန႔္မ်ား စားသုံးမိပါက အသည္းကင္ဆာ ျဖစ္ပြားႏိုင္ပါသည္။ Aflatoxin မႈိအဆိပ္ပါေသာ အစားအစာမ်ားကို တာရွည္စြာ ႏွင့္ စားသုံးမႈ မ်ားသူတြင္ အသည္းကင္ဆာ အဓိက ျဖစ္ပြားႏိုင္ပါသည္။

Author: Dr.မိုးေဆြ

(Unicode)

အသည်းကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် ဖြစ်ပွားမှုများသော ကင်ဆာရောဂါများ အနက် ငါးခုမြောက် ဖြစ်ပွားမှု များသော ကင်ဆာရောဂါတစ်မျိုးပင် ဖြစ်ပါသည်။ သေဆုံးမှုနှုန်းအနေနဲ့ ကတော့ တတိယ သေဆုံးမှု အများဆုံးရောဂါ တစ်ခု လို့ဆိုနိုင်ပါတယ်။ အာရှတိုက်တွင် အသည်းကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ ကမ္ဘာပေါ်တွင် ဖြစ်ပွားသော ရောဂါသည်များ၏ ၇၅%ခန့် ပင်ရှိပါသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အသည်းရောင်အသားဝါ (ဘီ) ပိုးသည် အသည်းကင်ဆာ ကိုဖြစ်ပွားစေသော အဓိက အကြောင်းအ၇င်း တစ်ခု ဖြစ်ပါသည်။ အသည်းကင်ဆာ ဖြစ်ပွားစေသော တခြားသော အဓိက အကြောင်းအရင်းများမှာ အသည်းရောင်အသားဝါ (စီ) ပိုး ၊ အရက်သောက်ရာမှ အသည်းခြောက်ပြီး အသည်းကင်ဆာဖြစ်ခြင်း နှင့် Aflatoxin ခေါ် မှိုအဆိပ်တစ်မျိုးစားသုံးမိခြင်း ပင်ဖြစ်ပါသည်။ အသည်းရောင်အသားဝါ (ဘီ)ပိုး (စီ) ပိုး ရှိသူများတွင် Aflatoxin ခေါ် မှိုအဆိပ်စားသုံးမိခြင်း ဖြင့် ရောဂါဖြစ်ပွားမှုနှုန်း  မြန်ဆန်အောင် အားပေးရာ ရောက်ပါသည်။

အသည်းကင်ဆာသည် ရောဂါအစဦးပိုင်းမှာတော့ လက္ခဏာအနေနဲ့  ထူးထူးခြားခြား မပြတတ်ပါဘူး။ ကိုယ်အလေးချိန်ကျတာ၊ အစားအသောက်ပျက်တာ၊ ခဏခဏဖျားတာ၊ မောပမ်းလွယ်တာ စသဖြင့် တိတိကျကျ မပြောနိုင်သော လက္ခဏာများသာ ပြလေ့ရှိပါသည်။ နောက်ပိုင်းမှာတော့ ဗိုက်ထဲမှာ တခုခုထောက်နေသလိုမျိုး၊ အစာနည်းနည်းဘဲစားပြီး ဗိုက်ပြည့်အင့်နေသလိုမျိုး၊ ဗိုက်အောင့်တာ ဗိုက်နာတာမျိုး၊ ဗိုက်ပူလာတာ၊ အသားဝါလာတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလိုရောဂါလက္ခဏာတွေ ကို ဘယ်လိုသူတွေ အဓိကထား ဂရုပြုသင့်လဲ ဆိုတော့ အသည်းရောင်အသားဝါ (ဘီ) ပိုး (စီ) ပိုးရှိသူများ ဖြစ်ပါသည်။ ဒါကြောင့် အသည်းရောင်အသားဝါ (ဘီ)ပိုး (စီ) ပိုး ရှိသူများအနေ နဲ့ အနည်းဆုံး ၆လ တစ်ကြိမ် Ultrasound နှင့် သွေးဖောက် စစ်ဆေးနိုင်သော Biomarker ခေါ် α-fetoprotein (AFP) ကို စစ်ဆေးသင့်ပါသည်။

ဒါဆို အသည်းရောင်အသားဝါ (ဘီ) ပိုး မဖြစ်ရလေအောင် ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတော့ ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင်  ဖြစ်ပွားမှုနှုန်း များလို့ လူတိုင်း ကာကွယ်ဆေး ထိုးသင့်ပါတယ်။ အသည်းရောင်အသားဝါ (စီ) ပိုး ကတော့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးထိုးသွင်းခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း စသဖြင့် တစ်ခါသုံးအပ်မဟုတ်သော အပ်များ သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

Aflatoxin ခေါ် မှိုအဆိပ်တစ်မျိုး ကို မှိုတက်နေသော အစေ့အနှံများတွင် အဓိကတွေ့ရပါတယ်။  ငရုတ်သီး၊ မြေပဲ၊ ပြောင်း စသည်တို့ကို သိမ်းဆည်းစဉ်၊ သိုလှောင်စဉ်၊ ပို့ဆောင်စဉ်တွင် Aflatoxin မှိုအဆိပ်ထုတ်လုပ်နိုင်သော မှိုတစ်မျိုး ပေါက်ပွားနိုင်ပါသည်။ ထို Aflatoxin မှိုအဆိပ်ပါသော ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်များ စားသုံးမိပါက အသည်းကင်ဆာ ဖြစ်ပွားနိုင်ပါသည်။ Aflatoxin မှိုအဆိပ်ပါသော အစားအစာများကို တာရှည်စွာ နှင့် စားသုံးမှု များသူတွင် အသည်းကင်ဆာ အဓိက ဖြစ်ပွားနိုင်ပါသည်။

Author: Dr.မိုးဆွေ

Previous Post

လေးဖက်နာရောဂါဟာ သေစေနိုင်သတဲ့လား???

Next Post

နာတာရှည် (အလာဂျီ) နှင့် သန်ကောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
862
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နာတာရှည် (အလာဂျီ) နှင့် သန်ကောင်

နှာခေါင်းသွေးလျှံခြင်း

လိင်အင်္ဂါ ဆိုလေယေးဆစ် ရောဂါ လက္ခဏာနှင့် ကုသချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.