fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ခြောက်သွေ့တဲ့အသားအရေကို ဘယ်လိုထိန်သိမ်းမလဲ

861
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/10/2021
in ကျန်းမာသော နေထိုင်မှုပုံစံ, အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသားအရေခြောက်သွေ့ခြင်းဆိုတာ အရေပြားအက်ကွဲခြင်း၊ အရေပြားကွာခြင်း၊ ယားယံခြင်း စတဲ့ပြဿနာတွေကြောင့် နေရခက်တဲ့အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အသက်အရွယ်အရသော်လည်းကောင်း၊ ပတ်ဝန်းကျင်အခြေအနေတွေအရသော်လည်းကောင်း၊ အရေပြားရောဂါအခံအရသော်လည်းကောင်း အသားအရေခြောက်သွေ့ခြင်းပြဿနာ ဖြစ်ပေါ်တတ်ပါတယ်။ အဆီပြန်တဲ့အသားအရေရှိသူတွေတောင် တစ်ခါတစ်လေမှာ အသားအရေခြောက်သွေ့ခြင်းကို ခံစားရတတ်ပါတယ်။

အသားအရေခြောက်သွေ့ခြင်းက ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လက်၊ လက်မောင်း၊ ခြေထောက်၊ ခြေဖဝါးနဲ့ဖနောင့်တွေမှာ ပိုဖြစ်နိုင်ပြီး နှုတ်ခမ်းသားကိုလည်း အက်ကွဲစေနိုင်ပါတယ်။ ရေပူပူနဲ့ရေချိုးတာအပြင် လေထုခြောက်သွေ့တဲ့ရာသီဥတုဖြစ်တဲ့ ဆောင်းရာသီလိုအချိန်မျိုးမှာ အသားအရေခြောက်သွေ့ခြင်း ပိုဖြစ်တတ်ပါတယ်။

အရေပြားအက်ကွဲခြင်းကနေတစ်ဆင့် ရောဂါပိုးတွေဝင်ရောက်လာနိုင်တဲ့အတွက် အသားအရေခြောက်သွေ့ခြင်းပြဿနာကို မပေါ့ဆသင့်ပါဘူး။ ဒါကြောင့် ခြောက်သွေ့တဲ့အသားအရေကို ခံစားနေရသူတွေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေကို ဒီဆောင်းပါးကနေ လမ်းညွှန်ပေးလိုက်ပါမယ်။

 

(၁) အစိုဓာတ်ထိန်းခရင်မ် (Moisturizer) လိမ်းပါ

ခြောက်သွေ့တဲ့အသားအရေကို သက်သာစေဖို့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးဖို့ လိုပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကို ဈေးကြီးပေးဝယ်စရာမလိုပါဘူး။ Dimethicone နဲ့ Glycerin ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ရှာသုံးရင် ရပါတယ်။ ဒါ့ပြင် အစိုဓာတ်ထိန်းခရင်မ်ရဲ့ ပါဝင်ပစ္စည်းမှာ Hyaluronic Acid, Ceramides, Lanolin, Mineral Oil, နဲ့ Petroleum Jelly စတာတွေ ပါရင်လည်း ဝယ်လိမ်းနိုင်ပါတယ်။ ရေချိုးပြီး၊ မျက်နှာသစ်ပြီးတာနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးရပါမယ်။

နေပူထဲထွက်တဲ့အခါမှာ နေကာခရင်မ် လိမ်းဖို့ကိုလည်း မမေ့ပါနဲ့။ SPF ၁၅ နဲ့အထက် ပါဝင်တဲ့ နေကာခရင်ခ်ကို သုံးသင့်ပါတယ်။

(၂) အမွှေးနံ့ကင်းပြီး အသားအရေနဲ့ကိုက်ညီမယ့် အလှကုန်ပစ္စည်းကို သုံးပါ

ခြောက်သွေ့တဲ့အသားအရေနဲ့ ကိုက်ညီမယ့် အလှကုန်ပစ္စည်းကို သုံးဖို့လိုပါတယ်။ တစ်ချို့အလှကုန်ပစ္စည်းတွေက အသားအရေခြောက်သွေ့ခြင်းကို ပိုဆိုးစေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ အမွှေးနံ့ရဖို့ သုံးတဲ့ ဓါတုပစ္စည်းတွေကလည်း အသားအရေနဲ့ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်တဲ့အတွက် ရှောင်သင့်ပါတယ်။ Alcohol, Alpha-hydroxy Acid (AHA) နဲ့ Salicylic Acid စတာတွေပါတဲ့ အလှကုန်ပစ္စည်းတွေကို ရှောင်ပါ။ အသားအရေခြောက်ပြီး နှုတ်ခမ်းကွဲတတ်သူတွေအနေနဲ့ နှုတ်ခမ်းလိမ်းအဆီ (Lip Balm) ကို သုံးသင့်ပါတယ်။

 

(၃) လွယ်ကူတဲ့ အိမ်တွင်းနည်းလမ်းတွေ လုပ်ဆောင်ကြည့်ပါ

လွယ်ကူတဲ့ သဘာဝအိမ်တွင်းနည်းလမ်းတွေကလည်း ခြောက်သွေ့တဲ့အသားအရေကို သက်သာစေနိုင်ပါတယ်။

– အုန်းဆီ – အုန်းဆီကို အသားအရေခြောက်တဲ့နေရာမှာ နေ့တိုင်းလိမ်းပေးနိုင်ပါတယ်။ အုန်းဆီက အသားအရေခြောက်တာကို သက်သာစေနိုင်တဲ့အပြင် အရေပြားကိုလည်း ချောမွေ့စေနိုင်ပါတယ်။

– ပျားရည်– ပျားရည်မှာ အစိုဓmတ်ထိန်းပေးခြင်း၊ အနာကျက်စေခြင်း၊ အရောင်ကျစေခြင်း စတဲ့ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ပျားရည်ကို အရေပြားခြောက်သွေ့တဲ့နေရာမှာ တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။

– ရှားစောင်းလက်ပပ် – ရှားစောင်းလက်ပပ်က ခြောက်သွေ့တဲ့အသားအရေအတွက် အကျိုးရလဒ်ကောင်းတွေကို ပေးနိုင်ပါတယ်။ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပြီး အက်ကွဲနေတဲ့အသားအရေကိုလည်း ပြန်စိုပြည်လာစေပါတယ်။

– Petroleum Jelly အဆီ – Petroleum Jelly အဆီဟာ အသားအရေခြောက်ခြင်းကို သက်သာစေနိုင်ပြီး အနာကျက်စေတဲ့အပြင် အသားအရေကိုလည်း ပြန်စိုပြည်စေနိုင်ပါတယ်။

 

(၄) ဒီအချက်တွေကို ရှောင်ပါ

တချို့လူနေထိုင်မှုပုံစံတွေက အသားအရေခြောက်သွေ့ခြင်းကို ဖြစ်စေတတ်တဲ့အတွက် အောက်ကအချက်တွေကို ပြောင်းလဲပေးရပါမယ်။

  • ရေပူပူနဲ့ ရေချိုးတာ၊ ရေခဏခဏချိုးတာကို ရှောင်ပါ။
  • ရေချိုးချိန်ကို ၁၀ မိနစ်ထက် ပိုမကြာပါစေနဲ့။
  • အရေပြားကို ကုတ်ဖဲ့ခြင်း၊ အားနဲ့ပွတ်တိုက်ခြင်းကို ရှောင်ပါ။
  • မျက်နှာသုတ်ပုဝါနဲ့ ခပ်ကြမ်းကြမ်းရေသုတ်ခြင်းကို ရှောင်ပါ။
  • အိမ်မှာ အစိုဓာတ်ထိန်း Humidifier စက် သုံးပါ။ Aircon လျှော့သုံးပါ။
  • ချည်ထည်၊ ပိုးထည် ဒါမှမဟုတ် သိုးမွှေးနဲ့လုပ်ထားတဲ့ အဝတ်ကို ဝတ်ပါ။ အရေပြားကို ယားယံစေတဲ့ အဝတ်အစားကို ရှောင်ပါ။ အဝတ်အစားကို ချောင်ချောင်ချိချိ ဝတ်ပါ။
  • အပူနဲ့တိုက်ရိုက်ထိတွေ့ခြင်း (ဥပမာ – မီးလှုံခြင်း) ကို ရှောင်ပါ။
  • ရေများများသောက်ပါ။
  • Omega-3 Fatty Acids နဲ့ ဗီတာမင်အီး ပါဝင်တဲ့အစားအစာတွေကို စားပါ။ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးအမျိုးမျိုး၊ သစ်ကြားသီး၊ ထောပတ်သီး၊ အခွံမာအစေ့အဆန် စတဲ့အစားအသောက်တွေမှာ omega-3 အဆီဓာတ်တွေနဲ့ ဗီတာမင်အီးဓာတ် ပါဝင်ပါတယ်။

(၅) လိုအပ်ရင် ဆရာဝန်နဲ့ပြသပါ

အထက်က နည်းလမ်းတွေနဲ့ အသားအရေခြောက်သွေ့ခြင်းပြဿနာ မသက်သာသေးရင်တော့ အရေပြားရောင်ရမ်းခြင်းရောဂါတွေကြောင့် ဖြစ်နိုင်တဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့ ပြသင့်ပါတယ်။ အရေပြားတွေ အက်ကွဲတာ၊ အရေပြားကွာတာ ပိုဆိုးလာရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်က ရောဂါအရင်းခံပေါ်မူတည်ပြီး သင့်တော်တဲ့ ဆေးဝါးနဲ့ လိမ်းဆေးတွေကို ညွှန်ကြားပေးပါလိမ့်မယ်။

Author: ဒေါက်တာကောင်း (ဆေး – ၂)

 

Previous Post

အစာအိမ်အောင့်ရတဲ့ အကြောင်းရင်း

Next Post

မျက်ကွင်းညိုခြင်း ပျောက်ကင်းအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
553
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
815

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်ကွင်းညိုခြင်း ပျောက်ကင်းအောင်

ကိုယ်ဝန်ဆောင်ကာလ မကြာခဏငိုတတ်တဲ့အကြောင်းရင်း

အမျှင်ဓာတ်က အစာခြေစနစ်အတွက် ဘာကြောင့်အရေးကြီးတာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.