fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သင်ဒါတွေဖြစ်နေရင် သံဓာတ်ချို့တဲ့နေလို့ပါ

687
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/12/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဒီလက္ခဏာတွေဖြစ်နေရင် သင်သံဓာတ်ချို့တဲ့နေလို့ဖြစ်ပါတယ်။ ဘယ်လိုလက္ခဏာတွေဖြစ်မလဲ ကြည့်ရအောင်။

၁။ ပုံမှန်မဟုတ်ဘဲ ပင်ပန်းနွမ်းနယ်​နေခြင်း

လွန်အမင်း ပင်ပန်းနွမ်းနယ်​နေတယ်လို့ခံစား​နေရခြင်းဟာ သံဓာတ်ချို့တဲ့ခြင်းအ​ခြေအ​နေမှာ အများဆုံး​တွေးရတဲ့ လက္ခဏာပဲဖြစ်တယ်။ ဒါဟာဘာ​ကြောင့်လဲဆို​တော့ ​​သွေးထဲမှာ ​အောက်စီဂျင်ကို သယ်​ဆောင်​ပေးတဲ့ ​ဟေမိုဂလိုဘင်ဆိုတဲ့ ​သွေးနီဥ ပရိုတင်း​လေး​တွေ သံဓာတ်မလုံ​လောက်မှု​ကြောင့် ပမာဏပြည့်မီ​အောင်မရှိလို့ဖြစ်တယ်။

ကြွက်သားများ၊ တစ်သျှူးများဆီသို့ ​အောက်စီဂျင်လုံလုံ​လောက်​လောက်မ​ရောက်တဲ့အခါ စွမ်းအင် ယုတ်​လျော့လာပါတယ်။ ဒါ့ပြင် ​​အောက်စီဂျင်ပိုမိုရရှိရန် ​နှလုံးမှ ​​အလုပ်ပိုလုပ်ပြီး ​သွေးလည်ပတ်မှုကို တင်​ပေးရပါတယ်။ နှလုံးအလုပ်ပိုလုပ်ရတဲ့အခါ ​ပင်ပန်းနွမ်းနယ်ခြင်းကိုဖြစ်​စေပါတယ်။

၂။ ဖြူ​ဖျော့​နေခြင်း

အသားအ​ရေဖြူ​ဖျော့​နေခြင်းနဲ့ ​အောက်မျက်ခမ်းအတွင်းဘက်ဖြူ​ဖျော့​နေခြင်းဟာ ​သွေးအာနည်းခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။ ဒါဟာ ဘာ​ကြောင့်လဲဆို​တော့ ​သွေးနီဥထဲမှာရှိတဲ့ ​ဟေမိုဂလိုဘင် ​ပရိုတင်း​များဟာ ​သွေးရဲ့အ​ရောင်ဖြစ်တဲ့ အနီ​ရောင်ကိုဖြစ်​စေတဲ့အတွက်ပဲဖြစ်တယ်။

ဖြူ​ဖျော့​နေခြင်း လက္ခဏာကို အလယ်အလတ်​သွေးအားနည်းခြင်းနဲ့ ဆိုးဆိုးရွားရွား ​သွေးအားတည်းခြင်း အ​ခြေအ​နေ​တွေမှာ ​တွေ့နိုင်ပါတယ်။ အများအားဖြင့် မျက်နှာ၊ အောက်မျက်ခန်းအတွင်းဘက်၊ သွားဖုံး၊ ​ခြေသည်းလက်သည်း၊ လက်ဖဝါးများ မှာ​တွေ့နိုင်ပါတယ်။

၃။ အသက်ရှူမဝခြင်း/​မော​နေခြင်း

-ဟေမိုဂလိုဘင် ​သွေးနီဥ ပရိုတင်း​လေးများဟာ ​အောက်စီဂျင်ကိုသယ်​ဆောက်​ပေးပြီး ကြွက်သားတွေနဲ့ တစ်သျှူးတွေဆီသို့ ပို့​ဆောင်​ပေးပါတယ်။

-​သွေးအားနည်းတဲ့အခါ ​ထို​အောက်စီဂျင်သယ်​သော ​ဟေမင်ဂလိုဘင်​လေးများ ​လျော့နည်း​နေသည့်အတွက် အသက်ရှူမဝခြင်း/​မော​နေခြင်းတို့ခံစားရပါတယ်။

၄။ ခေါင်းကိုက်ခြင်း

မကြာခဏ​ခေါင်းကိုက်ခြင်းဟာလည်း သံဓာတ်ချို့တဲ့ခြင်းနဲ့ ဆက်စပ်မှုရှိတယ်လို့စစ်တမ်း​တွေက ဆိုပါတယ်။ အထူးသဖြင့် အမျိုးသမီးများမှာ ပို​တွေ့ရပါတယ်။

၅။ ရင်တုန်ခြင်း

သံဓာတ်ချို့တဲ့တဲ့အခါ ​သွေးအားနည်းတဲ့အတွက် နှလုံးက အလုပ်ပိုလုပ်ရပါတယ်။ အဲဒီအခါ နှလုံးစည်းချက်/ခုန်ချက်မမှန်ခြင်း အ​ခြေအ​နေကို ဖြစ်​စေပါတယ်။ အဲဒီအတွက် ရင်တုန်ခြင်း​လက္ခဏာကို ခံစားရပါတယ်။

ဆိုးရွားစွာ ​သံဓာတ်ချို့တဲ့ ​သွေးအားနည်းလာလျှင် နှလုံးအရွယ်အစားကြီးလာခြင်း၊နှလုံးခုန်သံပုံမှန်မဟုတ်​တော့ခြင်းနဲ့ နှလုံးညှစ်အားကျခြင်းတို့ ဖြစ်လာပါလိမ့်မယ်။

၇။ ဆံပင်နဲ့ အသားအ​ရေ ​ခြောက်​သွေ့ပျက်စီးခြင်း

အ​ရေပြားနဲ့ ဆံပင်များဆီသို့ ​အောက်စီဂျင်လုံ​လောက်စွာမ​ရောက်ရှိခြင်းဟာ ဆံသားကျန်းမာ​ရေးနဲ့ အသားအ​ရေကျန်းမာ​ရေးကိုထိခိုက်​စေပါတယ်။ အသားအ​ရေ​​ခြောက်​သွေ့ခြင်း၊ ဆံသား​ခြောက်ခြင်းသာမက ဆံပင်ကျွတ်ခြင်းလက္ခဏာတွေပါ ခံစားရ​ပါလိမ့်မယ်။

၇။ လျှာနဲ့ ပါးစပ် ​ရောင်ရမ်းနာကျင်ခြင်း

တစ်ခါတလေ ပါးစပ်ဖွင့်၍ကြည့်ခြင်းဟာ သံဓာတ်ချို့တဲ့ခြင်းရှိမရှိကို ညွှန်ပြနိုင်ပါတယ်။ နာကျဥ်​ရောင်ရမ်း​နေ​တဲ့ပုံမှန်ထက်ပို၍​ချော​ပြောင်​နေ​သတဲ့လျှာ၊ ခံတွင်း​ခြောက်ခြင်း၊ ပါး​စောင်ကွဲခြင်း၊ ပါးစပ်မှာ အနာ​ပေါက်ခြင်းတို့ဟာ သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာ​တွေ ဖြစ်ပါတယ်။

၈။ ခြေ​ထောက်ရုတ်တရက်ထထလှုပ်ခြင်း

Restless Legs Syndrome လို့​ခေါ်ပါတယ်။ ညဘက်​တွေမှာပိုဖြစ်​လေ့ရှိပြီး အိပ်စက်ခြင်းကိုအ​နှောင့်အယှက်​ပေးပါတယ်။ သံဓာတ်ချို့တဲ့ ​သွေးအားနည်းများရဲ့ ၂၅ %မှာ ​ခြေ​ထောက်ရုတ်တရတ်ထထလှုပ်ခြင်း​လက္ခဏာကို ​တွေ့ရတယ်လို့ဆိုပါတယ်။

၉။ လက်သည်းများခွက်ခြင်းနဲ့ ကျိုးပဲ့လွယ်ခြင်း

-၅% ​ေသာသံဓါတ်ချို့တဲ့ ​သွေးအားနည်းသူတွေမှာ​တွေ့ရပါတယ်။ နောက်ဆုံးအဆင့် သံဓာတ်ချို့တဲ့ ​သွေးအားနည်းခြင်းအ​ခြေအ​နေတစ်ခုရဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီအ​ခြေအ​နေကို Koilonychia လို့လည်း​ခေါ်ကြပါတယ်။

၁၀။ အခြားလက္ခဏာများ

ထူးဆန်း​သော​တောင့်တမှုများ(Pica)
ထူးဆန်း​သောအစာတွေနဲ့ စားရတဲ့အရာမဟုတ်တာတွေကို စားချင်​နေတဲ့အာသီသဖြစ်ခြင်း အ​ခြေအ​နေတစ်ခုဖြစ်ပါတယ်။ (ဥပမာ-​ရေခဲ၊ရွှံ​စေး၊​မြေဖြူ၊စာရွက်များ) ကိုယ်ဝန်​ဆောင်မိခင်တွေမှာလည်း အဲဒီအ​​ခြေအ​နေကို ​တွေ့ရတတ်ပါတယ်။

စိတ်ဓာတ်ကျခြင်း
ကိုယ်ဝန်​ဆောင်မိခင်တွေသံဓာတ်ချို့တဲ့​သွေးအားနည်းလျှင် စိတ်ဓာတ်ကျခြင်းဖြစ်နိုင်​ခြေပိုများတယ်လို့​ဆိုပါတယ်။

​ခြေလက်​အေးခြင်း
ဒါဟာ ​သွေးထဲတွင် ​ဟေမိုဂလိုဘင်လို့​ခေါ်တဲ့ ​အောက်စီဂျင်သယ်​ပေး​တဲ့ ​​သွေးနီဥ ပရိုတင်း​လေးတွေ မလုံ​လောက်တဲ့အတွက် ​ခြေလက်ဆီသို့​အောက်စီဂျင်လုံလုံ​လောက်​လောက်မ​ရောက်ရှိတဲ့အတွက်ပဲဖြစ်ပါတယ်။

ကူးစက်​ရောဂါဖြစ်လွယ်ခြင်း
ကိုယ်ခံအားစနစ်​ကောင်းမွန်​စေရန် သံဓာတ်လိုအပ်ပါတယ်။

ဒါ​ကြောင့် သံဓါတ်ချို့တဲ့​သွေးအားနည်းတဲ့အခါ ကိုယ်ခံအားကျ​စေတဲ့အတွက် ကူးစက်​ရောဂါများကူးလွယ်ပြီး မကျန်းမမာဖြစ်ခြင်း နေထိုင်မ​ကောင်းခြင်းနဲ့ မကြာခဏဖျားခြင်းတို့ ဖြစ်​စေနိုင်ပါတယ်။

Author: ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

သွေးအားနည်းရောဂါ ဘာကြောင့်ဖြစ်ရလဲ

Next Post

ချွဲသလိပ်ကပ်ခြင်းကိုသက်သာစေမယ့်  အိမ်တွင်းနည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
854
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ချွဲသလိပ်ကပ်ခြင်းကိုသက်သာစေမယ့်  အိမ်တွင်းနည်းလမ်းများ

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ဘယ်လိုစပေါ်လာလဲ

အအေးမိတာနဲ့တုပ်ကွေး ဘာတွေကွာလဲ၊ ဖြစ်လာရင် ဘယ်လိုကုမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.