fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

Slim Body လေး အမြန်ရဖို့ဆိုရင်

297
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/01/2022
in ကျန်းမာသော နေထိုင်မှုပုံစံ, အလှအပနှင့်ကျန်းမာရေး
1 min read
A A

ယနေ့ခေတ်လူနေမှုပုံစံအရ အမျိုးသားရော အမျိုးသမီးတွေမှာပါ အဝလွန်ခြင်းပြသာနာကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာသွယ်လျလှပတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေကို လူအများက အားကျအတုယူတတ်ကြပါတယ်။ နေ့စဉ်လူနေမှုဘဝမှာလည်း ကိုယ်ခန္ဓာသွယ်လျလှပတဲ့သူတွေမှာ မိမိကိုယ်ကို ယုံကြည်ကိုးစားမှုနဲ့ အောင်မြင်မှုများပိုမိုရရှိနိုင်ပါတယ်။ ဆက်လက်ပြီးတော့ ကိုယ်ခန္ဓာသွယ်လျလှပစေတဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးပါမယ်။

 

၁။ ရေဓာတ်ဖြည့်ပါ

နေ့စဉ်ဘဝမှာ ကျွန်တော်တို့ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့အခြေခံအချက်က ရေဓာတ်ဖြည့်ခြင်းပဲဖြစ်ပါတယ်။ သာမန်ကိုယ်အလေးချိန်ရှိတဲ့လူတစ်ယောက်အနေနဲ့ တစ်နေ့လျှင် ရေသုံးလီတာကနေ ငါးလီတာကြား သောက်သုံးသင့်ပါတယ်။ ကိုယ်ခန္ဓာသွယ်လျလှပချင်သူတွေအနေနဲ့ အစာမစားမီ နာရီဝက်ခန့်ကြို၍ ရေ ဒါမှမဟုတ် စွပ်ပြုတ်ကို သောက်သုံးပေးခြင်းဖြင့် အစာအလွန်အကျွံစားသုံးမှုကို တားဆီးပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာကို ရေဓာတ်အလုံအလောက်ဖြည့်ပေးခြင်းဖြင့် ဇီဝဖြစ်စဉ်ကို ၃၀ ရာခိုင်နှုန်းခန့်မြင့်တင်ပေးနိုင်ပီး‌တော့ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

 

၂။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ

အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ နေ့စဉ်စားသောက်ပေးခြင်းဖြင့် ဗိုက်ကိုအလွယ်တကူပြည့်စေပီး အစာအလွန်အကျွံစားသုံးခြင်းကို ဟန့်တားပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက ကြာကြာဝါးရတာမို့ ဗိုက်ခဏခဏပြန်ဆာတာကို သက်သာစေပါတယ်။

 

၃။ ပြည့်ဝဆီတွေစားသုံးခြင်းကို ရှောင်ကြဉ်ပါ

ပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေကိုစားသုံးခြင်းဖြင့် ကိုယ်ခန္ဓာရဲ့ကိုယ်တွင်းအဂါများနှင့် သွေးကြောများတွင်မလိုလားအပ်သော အဆီစုပုံခြင်းများ ဖြစ်စေပါတယ်။ ဒါကြောင့် နေ့စဉ်စားသောက်မှုပုံစံတွင် ပြည့်ဝဆီပါဝင်သော အစားအစာများကို ရှောင်ရှားသင့်ပါတယ်။ ဥပမာ-ဆီပြန်ဟင်း၊ ဆီကြော်မုန့်၊ အသင့်စားအစားအစာများတွင် ပြည့်ဝဆီပါဝင်တဲ့ ရာခိုင်နှုန်း များပြားတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။‌

 

၄။ အစာစားပြီးတိုင်း လမ်းလျှောက်ပါ

အစာစားပီးတိုင်း ၁၅ မိနစ်ခန့် လမ်းလျောက်ပေးခြင်းက အစာကိုမြန်မြန်ချေဖျက်နိုင်သလို မလိုလားအပ်တဲ့ သွေးတွင်းအဆီစုပုံခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားပုံမှန် မပြုလုပ်နိုင်တဲ့ လူတွေအနေနဲ့ အစာစားပြီးလမ်းလျှောက်ပေးခြင်းက ကိုယ်ခန္ဓာသွယ်လျလှပစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

 

၅။ အိပ်ရေး၀၀အိပ်ပီး စိတ်ဖိစီးမှုကို လျှော့ချပါ

လူတိုင်း၊ လူတိုင်းဟာ တစ်နေ့လျှင် ပျမ်းမျှ ၈ နာရီခန့် အိပ်စက်အနားယူသင့်ပါတယ်။သို့မှသာ စိတ်ရောကိုယ်ပါလန်းဆန်းပီး မိမိရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အိပ်ရေးမဝတဲ့ လူတွေနဲ့ စိတ်ဖိစီးမှုများတဲ့လူတွေမှာ သာမန်‌လူတွေထက် ပိုမိုပြီး အစာကို စားသောက်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာသွယ်လျလှပချင်တဲ့လူတွေအနေနဲ့ အိပ်ရေး၀၀အိပ်ပီး စိတ်ဖိစီးမှုကို လျှော့ချဖို့ လိုအပ်ပါတယ်။

 

၆။ ကိုယ်လက်လှုပ်ရှားအားကစား နေ့စဉ်ပုံမှန်ပြုလုပ်ပါ

ကိုယ်ခန္ဓာသွယ်လျလှပချင်တဲ့သူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုကို နေ့စဉ်ပုံမှန် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာရဲ့ မလိုလားအပ်တဲ့ အဆီပိုတွေက လေ့ကျင့်ခန်းကို စနစ်တကျပြုလုပ်မှသာ အလွယ်တကူချေဖျက်နိုင်ပီး လှပတဲ့ကိုယ်ခန္ဓာလေးကို အမြန်ဆုံး ရရှိစေမှာပါ။ အချိန်မပေးနိုင်တဲ့လူတွေအနေနဲ့ အိမ်မှာနေရင်း လမ်းလျောက်ခြင်း၊ ဒိုက်ထိုးခြင်း၊ အိပ်ထမတင်ပြုလုပ်ခြင်းနဲ့ ထိုင်ထလေ့ကျင့်ခန်းများ ပြုလုပ်လို့ရပါတယ်။

 

၇။ အရက်၊ ဘီယာနဲ့ အချိုဓာတ်လွန်ကဲတဲ့အချိုရည်တွေ ရှောင်ရှားပါ

အရက်၊ဘီယာ အလွန်အကျွံသောက်သုံးတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာ အချိန်ကြာလာတာနဲ့အမျှ ဝမ်းဗိုက်နေရာမှာ အဆီပိုတွေစုပုံလာပြီးတော့ ကိုယ်ခန္ဓာရဲ့အလှတရားကို ပျက်စီးစေပါတယ်။ အလားတူပဲ အချိုဓာတ်လွန်ကဲထားတဲ့ အသင့်သောက်အချိုရည်‌ တွေကိုနေ့စဉ်နဲ့အမျှသောက်သုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုမြှင့်တက်စေပြီး ကယ်လိုရီလည်း များပြားစွာပါဝင်တဲ့အတွက် ကိုယ်ခန္ဓာသွယ်လျလှပချင်သူ‌တွေအနေနဲ့ လုံဝရှောင်ရှားသင့်ပါတယ်။ ဒါကြောင့် အရက်၊ဘီယာနဲ့ အသင့်သောက်အချိုရည်တွေ အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

Author: Dr. KTZ

Previous Post

အ‌ရေပြားကျန်းမာရေးအတွက် Vitamin E က ဘာကြောင့်အ‌‌ရေးပါသလဲ

Next Post

အမာရွတ်တွေမပျောက်လို့ စိတ်ညစ်နေလား 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
583
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.3k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
132
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.2k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
853

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမာရွတ်တွေမပျောက်လို့ စိတ်ညစ်နေလား 

ဒဏ်ရာအမာရွတ်တွေကို သက်သာစေတဲ့ အဆီများ

 အမျိုးသားတွေစိုးရိမ်တဲ့ ပန်းသေပန်းညှိုးပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.