အမာရွတ်တွေရှိနေခြင်းဟာ အလှအပအတွက်စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် မိမိကိုယ်ကိုယုံကြည်မှုကိုလျော့ကျစေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ထိခိုက်ဒဏ်ရာရပြီးတိုင်း အမာရွတ်တွေဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒဏ်ရာရဲ့အရွယ်အစား၊ အတိမ်အနက်ပေါ်မူတည်ပြီး အမာရွတ်ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် ဒဏ်ရာကအနာမြန်မြန်ကျက်သွားတဲ့အခါ အမာရွတ်တွေဟာ အချိန်ကာလကြာမြင့်တဲ့အခါ သိပ်မထင်ရှားတော့ဘဲပျောက်ကွယ်သွားတတ်ပါတယ်။ အနာကျက်ဖို့ကြာနေတဲ့ဒဏ်ရာတွေ၊ အလွန်နက်ရှိုင်းတဲ့ဒဏ်ရာတွေဆိုရင်တော့ ထင်ရှားတဲ့အမာရွတ်တွေအဖြစ် ကျန်ရစ်ခဲ့နိုင်ပါတယ်။
အမာရွတ်တွေများလို့ စိတ်ညစ်နေပြီဆိုရင် မြန်မြန်ပျောက်ချင်တတ်ကြပါတယ်။ တစ်ခုသတိထားရမှာကတော့ အမာရွတ်တွေပျောက်ကင်းသွားချင်တယ်ဆိုရင် စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းကာ ကုသရမှာဖြစ်ပါတယ်။ အမာရွတ်ဟောင်းတွေကုသနေစဥ်အတွင်း အမာရွတ်အသစ်တွေထပ်ပြီးဖြစ်မလာအောင် မိမိရဲ့အသားအရေကို ဂရုစိုက်ထိန်းသိမ်းပေးရမှာဖြစ်ပါတယ်။ အမာရွတ်တွေ မှေးမှိန်ကာပျောက်ကွယ်သွားစေနိုင်မယ့် နည်းလမ်းလေးတွေကတော့…
၁။ သဘာဝပစ္စည်းများ
အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ဖို့ဆိုရင် လွယ်ကူရိုးရှင်းပြီးအန္တရာယ်ကင်းတဲ့သဘာဝပစ္စည်းလေးတွေက ဦးစွာစဥ်းစားစရာဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်၊ အုန်းဆီ၊ ပျားရည်၊ သံလွင်ဆီ၊ သံပရာသီး၊ အာလူး၊ မုန့်ဖုတ်ဆော်ဒါ၊ Apple Cider Vinegar၊ Vitamin E စတာတွေဟာအရေပြားကိုရေဓါတ်ဖြည့်တင်းပေးနိုင်ခြင်း၊ Collagen ထုတ်လုပ်မှုကိုအားပေးခြင်း၊ နေလောင်ဒဏ်ကိုကာကွယ်ပေးနိုင်ခြင်း စတာတွေကြောင့် အသားအရေကို စိုပြည်နူးညံ့လာစေနိုင်ပါတယ်။ အထက်ပါသဘာဝပစ္စည်းလေးတွေထဲက တစ်မျိုးမျိုးကို အမာရွတ်တွေပေါ်မှာ ပုံမှန်လူးပေးသွားမယ်ဆိုရင် တဖြည်းဖြည်းအမာရွတ်တွေ မှေးမှိန်ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
၂။ Silicon Gel
Silicon Gel ကို ၃ လအကြာလောက်စွဲပြီး လိမ်းပေးမယ်ဆိုရင် အမာရွတ်တွေ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားနိုင်ပါတယ်။ Silicon Gel တွေဟာ ဒဏ်ရာအမာရွတ်တဝိုက်ယားယံခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိရဲ့အမာရွတ်အမျိုးအစားနဲ့သင့်တော်မယ့် Silicon Gel မျိုးကို ရွေးချယ်လိမ်းပေးရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
၃။ Steroid ဆေးများထိုးခြင်း
Corticosteroid ထိုးဆေးတွေဟာ Keloid Scar နဲ့ Hypertrophic Scar တွေကို ကုသဖို့တွက် အသုံးပြုလေ့ရှိပါတယ်။ အရွယ်အစားကြီးမားတဲ့အမာရွတ်တွေ ရောင်ရမ်းမှုလျော့ကျစေဖို့အတွက် Steroid ထိုးဆေးတွေကို အကြိမ်များစွာထိုးပေးရမှာဖြစ်ပါတယ်။ ဒီထိုးဆေးတွေဟာ အမာရွတ်ကို အရှင်းမပျောက်စေနိုင်ပေမဲ့ မှေးမှိန်ကာ ချပ်ရပ်သွားစေနိုင်ဖို့တော့ ကူညီပေးနိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ကုသမှုခံယူရမှာဖြစ်ပါတယ်။
၄။ လေဆာပစ်ခြင်း
လေဆာပစ်ခြင်းက အမာရွတ်တစ်သျှူးမှာရှိတဲ့ သွေးကြောတွေကို ပစ်မှတ်ထားခြင်းဖြင့် အမာရွတ်နီမြန်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် လေဆာရောင်ခြည်ဟာ အရေပြားရဲ့အပေါ်ဆုံးအလွှာကိုဖယ်ရှားနိုင်ပြီး ကော်လာဂျင်ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးခြင်းဖြင့် အမာရွတ်တွေကို မှေးမှိန်ဖျော့တော့လာစေပါတယ်။ လေဆာပစ်ခြင်းဟာ အရေပြားအတွက် အနည်းနဲ့အများအန္တရာယ်ရှိစေနိုင်တာမို့ ကျွမ်းကျင်တဲ့အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ကုသမှုခံယူသင့်ပါတယ်။
၅။ Liquid Nitrogen
Liquid Nitrogen နဲ့ကုသခြင်းကို Cryotherapy လို့ခေါ်ပြီး သိတဲ့သူရှားပါတယ်။ အထူးသဖြင့် Keloid အမာရွတ်တွေကိုကုသဖို့အတွက်သုံးပါတယ်။ Cryotherapy နဲ့စောစီးစွာကုသမှုခံယူမယ်ဆိုရင် Keloid အမာရွတ်တွေဆက်လက်မကြီးထွားအောင် တားဆီးပေးပြီး အရွယ်အစားသေးငယ်သွားစေမှာဖြစ်ပါတယ်။ Liquid Nitrogen ထိတွေ့တဲ့နေရာကတော့ မိမိရဲ့သာမန်အသားအရောင်ထက် မှေးမှိန်ဖျော့တော့သွားတတ်တာကိုတော့ သတိပြုရပါမယ်။
၆။ အရေပြားထိုးဆေးများ(Fillers)
ချိုင့်ဝင်နေတဲ့အမာရွတ်တွေကို အရေပြားပြန်တက်လာစေဖို့အတွက် Fillers တွေကို အသုံးပြုကြပါတယ်။ Fillers တွေဟာ အကုန်အကျများနိုင်ပြီး ရလဒ်ကလည်း တစ်ခဏတာအတွက်ပဲ ကောင်းနိုင်ပါတယ်။ ရလဒ်ကောင်းကို အမြဲထိမ်းသိမ်းနိုင်ဖို့ဆိုရင်တော့ မကြာခဏ Fillers ထိုးပေးရမှာဖြစ်ပါတယ်။
၇။ ခွဲစိတ်ဖယ်ရှားခြင်း
အမာရွတ်တွေခွဲစိတ်ဖယ်ရှားမယ်ဆိုရင် ကောင်းကျိုးလည်းရှိနိုင်သလို အမာရွတ်ကိုပိုပြီးဆိုးသွားစေတာမျိုးလည်း ရှိစေနိုင်လို့ သတိထားရပါမယ်။ Keloid အမာရွတ်တွေဖယ်ရှားဖို့ ခွဲစိတ်မယ်ဆိုရင်တော့ ခွဲစိတ်ပြီးနောက်ပိုင်းမှာ အမာရွတ်ပြန်လည်မကြီးထွားလာအောင် Steroid ထိုးဆေးတွေကို ဆက်လက်အသုံးပြုပေးရမှာဖြစ်ပါတယ်။
အထက်ပါနည်းလမ်းတွေမျိုးစုံရှိပေမယ့် အန္တရာယ်အကင်းဆုံးနည်းလမ်းကတော့ သဘာဝပစ္စည်းလေးတွေကို စိတ်ရှည်ရှည်နဲ့ပုံမှန်လိမ်းပေးခြင်းပဲ ဖြစ်ပါတယ်။ သဘာဝပစ္စည်းတွေကို ရှာဖွေဝယ်ယူဖို့အချိန်မရဘူးဆိုရင်တော့ အန္တရာယ်ကင်းပြီး Reviews ကောင်းတွေများတဲ့ Bio-Oil ကိုအသုံးပြုပေးလို့ရပါတယ်။ Bio-Oilမှာဆိုရင် သဘာဝအသီးအရွက်အဆီများ၊ အပင်များမှရရှိသော အဆီအနှစ်များနဲ့ရနံ့အဆီများ၊ ဗီတာမင်များနဲ့သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းများ စသဖြင့် ၁၀၀ရာခိုင်နှုန်း သဘာဝပစ္စည်းများသာပါဝင်လို့ အန္တရာယ်ကင်းပြီး အသုံးပြုရလည်းလွယ်ကူအဆင်ပြေစေပါတယ်။
Bio-Oil ဟာဆိုရင် အမာရွတ်များ၊ အရေပြားအကြောပြတ်ရာများ၊ အရေပြားအရောင်မညီညာမှု၊ အသားအရေအိုမင်းရင့်ရော်မှု၊ အသားအရေခြောက်သွေ့မှု စတာတွေကို သက်သာစေနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်းမှုအဆီပဲဖြစ်ပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ချွေးပေါက်တွေကိုလည်း မပိတ်စေပါဘူး။ ဓာတ်မတည့်မှုဖြစ်စေတဲ့ပစ္စည်းတွေမပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါမကျန် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။
Bio-Oil ကို တစ်နေ့ ၂ ကြိမ်နဲ့ အနည်းဆုံး ၃ လ လိမ်းပေးရပါမယ်။ ကိုယ်ဝန်ရှိစဥ်အချိန်အတွင်း အသုံးပြုလိုပါက ကိုယ်ဝန်ပထမသုံးလမှ မီးဖွားပြီးသည်အထိ တစ်နေ့ ၂ ကြိမ်လိမ်းပေးပါ။ တစ်ဦးချင်းပေါ် မူတည်၍ ရလဒ်တွေ ကွဲပြားနိုင်ပါတယ်။ အရေပြားဓာတ်မတည့်မှုဖြစ်တတ်သူတွေနဲ့ ထိခိုက်လွယ်သောအသားအရေပိုင်ရှင်များအတွက် အထူးသင့်လျော်ပါတယ်။ အလွယ်တကူအရေပြားတွင်းသို့ စိမ့်ဝင်နိုင်ပြီးစေးကပ်မှုလည်းမရှိတာကြောင့် လိမ်းရလွယ်ကူစေပါတယ်။ မကျက်သေးတဲ့ ဒဏ်ရာတွေပေါ်မှာတော့ မလိမ်းသင့်ပါဘူး။ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့သော နေရာတွင်သာ သိမ်းဆည်းသင့်ပါတယ်။
အမာရွတ်တွေကြောင့် စိတ်ညစ်နေရပြီဆိုရင် အမှန်တကယ်ရလဒ်ကောင်းများကိုသာ ပေးစွမ်းနိုင်တဲ့ Bio-Oil ကိုရွေးချယ်အသုံးပြုသင့်ပါတယ်။ Bio-Oil ကို တစ်နေ့ ၂ ကြိမ်ပုံမှန်လိမ်းပေးသွားမယ်ဆိုရင် အမာရွတ်တွေ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်လာတာကို လက်တွေ့မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
Author: Dr. Aye Myat