fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဗီတာမင်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ (Vitamin Deficiency Anemia)ဆိုတာ

590
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/02/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

Anemia ဆိုတာဟာ ​သွေးနီဥဆဲလ်​တွေနည်းပါးတာ ဒါမှမဟုတ် ​ကောင်းစွာအလုပ်မလုပ်နိုင်တာ​ကြောင့် ​သွေးအားနည်း​ရောဂါဖြစ်ခြင်းကို ဆိုလိုပါတယ်။ သံဓာတ်အားနည်းလို့ ​​သွေးအားနည်း​ရောဂါဖြစ်တတ်တာကို​တော့ လူတိုင်းသိကြပြီးဖြစ်ပါတယ်။ သံဓာတ်အပြင် Vitamin B12 နဲ့ Folic acid တို့ချို့တဲ့ရင်လည်း ​သွေးအားနည်း​ရောဂါ ဖြစ်လာတတ်ပါတယ်။ ၎င်းကို Vitamin Deficiency Anemia လို့​ခေါ်ပါတယ်။

 

Vitamin deficiency Anemia ဖြစ်​စေတဲ့အ​ကြောင်းအရင်း​များ

၁။ Vitamin B12 နဲ့ Folic Acid တို့ပါဝင်တဲ့ အစားအစာ​တွေ လုံ​လောက်စွာ မစားခြင်း

Vitamin B12 ကအဓိကအားဖြင့် အသား၊ နို့၊ ဥ စတာ​တွေမှာပါဝင်ပြီး Folic Acid က​တော့ အစိမ်းရင့်​ရောင်အရွက်​​တွေနဲ့ အသည်းစတာ​တွေမှာ ပါဝင်ပါတယ်။ ဒါ​ကြောင့် အသီးအရွက်ဘဲစားတဲ့ သက်သက်လွတ်သမား​တွေဆိုရင် Vitamin B12 ချို့ယွင်းတာမျိုးအဖြစ်များပြီး B12 deficiency Anemia ဖြစ်တတ်ပါတယ်။

 

၂။ မိမိအူလမ်း​ကြောင်းမှာ ချို့ယွင်းချက်ရှိတာ​ကြောင့် Vitamin B12နဲ့ Folic Acid တို့ ​ကောင်းစွာမစုပ်ယူနိုင်ခြင်း

Crohn’s Disease နဲ့ Celiac Disease တို့လို​ရောဂါ​တွေရှိရင် ဒါမှမဟုတ် အူလမ်း​ကြောင်းခွဲစိတ်မှု ပြုလုပ်ထားဖူးရင် Vitamin B12နဲ့ Folic Acid တို့ကို အူလမ်း​ကြောင်းမှ စုပ်ယူနိုင်မှု ​လျော့နည်းသွားတတ်ပါတယ်။

 

၃။ Pernicious Anemia

အူလမ်း​ကြောင်းမှ Vitamin B12 ကို စုပ်ယူနိုင်ဖို့ Intrinsic Factor လိုအပ်ပါတယ်။ မိမိရဲ့ကိုယ်ခံအားဆဲလ်​တွေက အစာအိမ်မှာရှိတဲ့ Intrinsic Factor ထုတ်လုပ်တဲ့ဆဲလ်​တွေကို တိုက်ခိုက်တဲ့အခါ Vitamin B12 ကိုလည်း ကောင်းစွာမစုပ်ယူနိုင်​တော့တဲ့အတွက် ​သွေးအားနည်း​ရောဂါ ​ခေါ်  Pernicious Anemia ကို ခံစားရ​စေပါတယ်။

Vitamin deficiency Anemia ဖြစ်ရင် ဘာ​တွေခံစားရနိုင်လဲ

Vitamin Deficiency Anemia ဟာ ချက်ချင်းထဖြစ်တာမျိုးမဟုတ်ဘဲ လ​ပေါင်းများစွာ နှစ်​ပေါင်းများစွာကြာမှ လက္ခဏာ​တွေ စတင်ခံစားရလာ​တာဖြစ်ပါတယ်။ အများဆုံးခံစားရနိုင်တဲ့ လက္ခဏာ​တွေက​တော့ ​မောပန်းလွယ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ မူး​ဝေခြင်း၊ အသားအ​ရောင်ဖြူ​ဖျော့ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ ​ခြေလက်​တွေထုံကျင်ခြင်း၊ ကိုယ်အ​​​လေးချိန် ​လျော့ကျခြင်း၊ ကြွက်သားအားနည်းခြင်း၊ ​မေ့​လျော့ခြင်း၊ စိတ်ရှုပ်​ထွေးခြင်းနဲ့ အကျင့်စရိုက်များ​​ပြောင်းလာခြင်း စတာ​တွေပဲ ဖြစ်ပါတယ်။

 

Vitamin Deficiency Anemia ဖြစ်ရင် ​နောက်ဆက်တွဲ ဘာ​တွေဖြစ်လာနိုင်လဲ

Vitamin B12 နဲ့ Folic Acid တို့ ချို့တဲ့ပြီး ​သွေးအားနည်း​ရောဂါကို မကုသဘဲ အချိန်ကြာမြင့်စွာ ထားမယ်ဆိုရင် ဆိုးရွားတဲ့ကျန်းမာ​ရေးပြဿနာ​တွေဖြစ်​ပေါ်လာနိုင်ပါတယ်။ အဖြစ်များတဲ့ ကျန်းမာ​ရေးပြဿနာ​တွေက​တော့-

  • ​မွေးရာပါချို့ယွင်းတဲ့ က​လေး​မွေးဖွားလာနိုင်ခြင်း

ကိုယ်ဝန်​ဆောင်​မိခင်နဲ့ နို့တိုက်မိခင်​တွေဟာ Folic Acid လိုအပ်မှု ပိုမိုများပြားတာ​ကြောင့် Folic Acid အား​ဆေး​တွေ ​သောက်သုံး​ပေးရခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်​ဆောင်ချိန်မှာ Folic Acid လုံ​လောက်စွာမရခဲ့ရင် ​မိခင်က Vitamin Deficiency Anemia ခံစားရနိုင်သလို ​မွေးလာမယ့်က​လေး​လေးမှာလည်း ချို့ယွင်းချက်​တွေပါလာနိုင်ပါတယ်။

 

  • အာရုံ​ကြောဆိုင်ရာရောဂါများ

Vitamin B12 ချို့တဲ့တာ အချိန်ကြာလာရင် ​အာရုံ​ကြောပြဿနာ​တွေဖြစ်တဲ့ ​ခြေလက်ထုံကျင်ခြင်း၊ ​မေ့​လျော့ခြင်း၊ စိတ်ရှုပ်​ထွေးခြင်း​တွေကို ခံစားလာရတတ်ပါတယ်။ ဦး​နှောက်နဲ့ အာရုံ​ကြောစနစ်​ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် Vitamin B12 က မရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်။

 

  • အစာအိမ်ကင်ဆာ ဖြစ်လာနိုင်ခြင်း

Vitamin B12 Deficiency or Pernicious Anemia ဟာ အစာအိမ်ကင်ဆာဖြစ်လာ​စေနိုင်တဲ့ အ​ကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။

 

Vitamin deficiency Anemia မဖြစ်​အောင် ဘယ်လိုကာကွယ်ရမလဲ

Vitamin B12 နဲ့ Folic Acid ချို့တဲ့ခြင်းဟာ လုံ​လောက်စွာမစားသုံးခြင်း​ကြောင့် အဖြစ်များပါတယ်။ ဒါ​ကြောင့် ​​သွေးအားနည်းခြင်းမဖြစ်ရ​အောင် ဗီတာမင်ပါဝင်တဲ့ အစားအစာ​တွေကို များများစားသုံး​ပေးဖို့ လိုအပ်ပါတယ်။

Vitamin B12 ပါဝင်တဲ့အစားအစာ​တွေက​တော့ ကြက်သား၊ အမဲသား၊ ငါး၊ အသည်း၊ ကြက်ဥ၊ နွားနို့၊ ချိစ်၊ ဒိန်ချဥ် တို့ဖြစ်ပါတယ်။Folic Acid ပါဝင်တဲ့အစားအစာ​တွေက​တော့ ပန်း​ဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကညွတ်၊ လိ​မ္မော်သီး၊ သံပရာသီး၊ ဌက်​ပျောသီး၊ စ​တော်ဘယ်ရီသီး၊ အသည်း၊ ​ကျောက်ကပ်၊ မှို၊ ​​မြေပဲ စတာ​တွေဖြစ်ပါတယ်။

လူတစ်​ယောက်ဟာတစ်​နေ့ကို Vitamin B12- 2.4 Micrograms နဲ့ Folic acid- 400 Micrograms ​လောက်လိုအပ်ပါတယ်။ ကိုယ်ဝန်​ဆောင်မိခင်နဲ့ နို့တိုက်မိခင်​တွေက​တော့ ဗီတာမင်လိုအပ်မှု ပိုမိုများပြားမှာဖြစ်ပါတယ်။

 

Vitamin deficiency Anemia ရှိမရှိဘာ​တွေစစ်​ဆေးရမလဲ

▪︎​သွေးနီဥဆဲလ်ရဲ့ အ​ရေအတွက်နဲ့ ပုံသဏ္ဍာန်စစ်​ဆေးခြင်း

▪︎​သွေးတွင်း Vitamin B12 နဲ့ folic Acid ပမာဏကိုစစ်​ဆေးခြင်း

▪︎Pernicious Anemia ရှိမရှိသိနိုင်ရန် Intrinsic Factor ကို တိုက်ခိုက်တဲ့ Antibody ရှိမရှိစစ်​ဆေးခြင်း စတာ​​တွေပြုလုပ်လို့ရပါတယ်။

 

ဘယ်လိုကုသရမလဲ

Vitamin B12 နဲ့ Folic Acid ကို အားဖြည့်​ဆေးဝါးအ​နေနဲ့ ​သောက်သုံး​ပေးရမှာဖြစ်ပါတယ်။ Pernicious Anemia ခံစား​နေရသူ​တွေက​တော့ Vitamin B12  ကို အမြဲမကြာခဏ ထိုးသွင်း​နေရမှာဖြစ်ပါတယ်။

မိမိက အစားအစာ​တွေလည်း စုံလင်စွာမစားသုံးတာ​ကြောင့် ဒါမှမဟုတ် သတ်သတ်လွတ်စားသူဖြစ်တာ​ကြောင့် ​သွေးအားနည်း​ရောဂါ  လက္ခဏာရပ်အချို့ကို ခံစား​နေရပြီဆိုပါက ဆရာဝန်နဲ့တိုင်ပင်ပြသရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

အဆစ်အမြစ်ရောင်တိုင်း လေးဖက်နာလား

Next Post

သင့်ကလေး အိုမီခရွန်ကူးစက်မခံရအောင် ဘယ်လိုကာကွယ်မလဲ ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်ကလေး အိုမီခရွန်ကူးစက်မခံရအောင် ဘယ်လိုကာကွယ်မလဲ ?

Delta နဲ့ Omicron ပေါင်းစပ်ထားတဲ့ Deltacron မျိုးကွဲသစ် တကယ်ရှိနေပြီလား ?

အိုမီခရွန်က တကယ်ပဲရောဂါမပြင်းထန်ဘူးလား ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.