fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မျက်နှာပေါ်ကအမည်းစက်တွေကြောင့် စိတ်ညစ်နေရလား ?

415
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/02/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

မျက်နှာအရေပြားပေါ်ရှိ အမည်းစက်တို့သည် ပြစ်မျိုးမှဲ့မထင်အသားအရေ ဖြစ်နိုင်ဖို့အတွက် ကြီးမားသော အဟန့်အတားဖြစ်ပါသည်။ မျက်နှာပေါ်ရှိ အမည်းစက်များသည် ဝက်ခြံထွက်ပြီးနောက် အမာရွတ်အဖြစ်လည်ရကောင်း၊ နေလောင်ဒဏ်ကြောင့်သော်လည်းကောင်း၊ ခန္ဓာကိုယ်၏ ဟော်မုန်းအ​ပြောင်းအလဲဖြစ်သည့် ကိုယ်ဝန်ဆောင်ချိန်နှင့် သန္ဓေသားဆေးကဲ့သို့ ဟော်မုန်းဆေးများကြောင့် သော်လည်းကောင်း ထွက်ပေါ်လာနိုင်ပါသည်။

မျက်နှာ၏ အရေပြားကိုကာကွယ်ပေးသည့်အလွှာခံတပ် Skin Barriers ပျက်စီးခြင်းသည် နေဒဏ်၊ လေဒဏ်ကြောင့် အသားအရေပျက်စီးပြီးအမည်းစက်များဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် အရေပြားခံတပ် ပျက်စီးစေနိုင်သည့် စတီးရွိုက်ပါသော အလှကုန်များ၊ အရက်ပြန်ပါသော အလှကုန်ပစ္စည်းများ၊ ကြမ်းတမ်းသော Scrub ကဲ့သို့ မျက်နှာပွတ်တိုက်ရသည့် ပစ္စည်းများ Physical Exfoliants ရှောင်ပါ။ ဝက်ခြံထွက်လျှင် မသန့်ရှင်းသောလက်ဖြင့်ကိုင်တွယ်ခြင်း၊ ညှစ်ခြင်း၊ ကုတ်ဖဲ့ခြင်းများက အမာရွတ်အမည်းစက်ဖြစ်စေနိုင်သဖြင့် မပြုလုပ်သင့်ပါ။

နေရောင်ခြည်တွင်ပါသည့်အရမ်းလွန်ရောင်ခြည် UV ဓာတ်တွေက အသားအရေကို ပျက်စီးစေပြီး၊ အဆီပြန်ပြီး ဝက်ခြံပိုထွက်စေကာ၊ ဝက်ခြံအမာရွတ် အမည်းစက်များဖြစ်စေတတ်ပါသည်။။ နေရောင်ခြည်ပြင်းချိန် အပြင်မထွက်မီ အနည်းဆုံးနာရီဝက်အလို ကြိုလိမ်းပေးရုံမက အိမ်မှာနေစဉ်လည်းလိမ်းပေးရပါမည်။ အပြင်ထွက်လျှင် နေရောင်ကာကွယ်နိုင်စွမ်း Sun Protection Factor-SPF 30 ရှိသည့် နေရောင်ကာလိမ်းဆေးကို ၂ နာရီခြားတစ်ခါလိမ်းပေးရပါမည်။

နေ့စဉ်အသုံးပြုသော အလှကုန်ပစ္စည်းများတွင် ဗီတာမင်စီ ကြွယ်ဝသည့် သလဲသီးမှထုတ်သော (Pomegranate Extract)ပစ္စည်း၊ အသားအရေ ရောင်ရမ်းမှုလျှော့ချပေးပြီး တောက်ပစေသည့် Vitamin C ၊ Licorice၊ ဗီတာမင်အေ Beta Carotene၊ အမည်းစက်ထွက်ပေါ်မူကို ဟန့်တားပေးသည့် ဗီတာမင်ဘီ Vitamin B3- Niacinamide စသည့်တို့ကို အခြေခံသည့် အလှကုန်များကို အသုံးပြုပေးခြင်းကလည်း အမည်းစက်ကင်းသည့် အသားအရေကို ရရှိစေနိုင်ပါသည်။

အမေရိကန်အရေပြားပညာရှင်အဖွဲ့အစည်း American Academy of Dermatology (AAD) မှ မျက်နှာပေါ်ရှိအမည်းစက်များအတွက် အသုံးပြုရန် အောက်ပါတို့ကိုညွှန်ကြားထားပါသည်။

  1. 2% Hydroquinone Creams/ Serums ဟိုက်ဒရိုကွီနုံးပါသောမျက်နှာလိမ်းခရင်မ်များ
  2. Azelaic Acid, Glycolic Acid, Kojic Acid စသည့်အပျော့စားအက်ဆစ်အခြေခံမျက်နှာလိမ်းဆေးများ
  3. ဗီတာမင်အေ/ရက်တီနွိုက်အုပ်စုဝင်လိမ်းဆေးများ (Retinoids, Retinol, Tretinoin, Adapalene Gel, or Tazarotene)
  4. Vitamin C ပါဝင်သောအလှကုန်များ

AHA (Alpha Hydroxy Acid), BHA (Beta Hydroxy Acid)၊ လက်တစ်အက်ဆစ်၊ ဆယ်လီစလစ်အက်ဆစ်စသည့် ဒြပ်ပေါင်းပါဝင်သည့်အလှကုန်၊ ဆေးများသုံး၍ မျက်နှာအရေပြားအပေါ်ယံလွှာကို ဓာတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း Chemical Peeling ဖြင့်လည်း အမည်းစက်များကို ဖယ်ရှားနိုင်ပါသည်။

အထက်ပါ Peeling အရေပြားအပေါ်လွှာကို ခွာချသည့်အာနိသင်ရှိအလှကုန်များ အသုံးပြုပြီးလျှင် နေရောင်နှင့်တိုက်ရိုက်ထိတွေ့ခြင်း မရှိအောင် အထူးဂရုပြုသင့်ပါသည်။ Peeling အလွန်အကျွံ ပြုလုပ်ခြင်းသည် အရေပြားကိုကာကွယ်ပေးသည့်အလွှာကို ပျက်စီးစေပြီး အရေပြားအတွင်းလွှာကို နေရောင်နှင့်တိုက်ရိုက်ထိစေကာ အမည်းစက်၊ အမာရွတ်ပို၍ဖြစ်စေနိုင်သောကြောင့် သတိပြုသင့်ပါသည်။

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သည့် အမည်းစက်များအတွက် အ​ရေပြားအထူးကု၊ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါသည်။ ထို့ပြင် လေဆာရောင်ခြည်ဖြင့်ကုသခြင်း Laser Treatment နှင့် အရေပြားအပေါ်ယံလွှာဖယ်ရှားသည့် Microdermabrasion ၊ Cryotherapy စသည့် အခြားဝက်ခြံအမာရွတ်၊ အမည်းစက်ကုသမှုများဖြင့်လည်း ပျောက်ကင်းသက်သာအောင် ကုသနိုင်ပါသည်။

Author: Dr. Yee Mon

Previous Post

အစာအိမ်အချဉ်ပေါက်တာ သက်သာပျောက်ကင်းစေဖို့

Next Post

ရာသီသွေးဆင်းတာများလျှင် သွေးအားနည်းရောဂါဖြစ်နိုင်သလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
548
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
809

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီသွေးဆင်းတာများလျှင် သွေးအားနည်းရောဂါဖြစ်နိုင်သလား

အသားအရေမညီညာခြင်းကို သက်သာစေမယ့်ထိရောက်တဲ့နည်းလမ်း

သံဓာတ်စုပ်ယူမှုကိုအတားအဆီးဖြစ်စေတဲ့ အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.