fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အကုတ်လွန်ပြီးလက်သည်းပူလောင်လို့ အနာဖြစ်တဲ့အခါ

525
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/02/2022
in အထွေထွေရောဂါများအကြောင်း, အလှအပနှင့်ကျန်းမာရေး
1 min read
A A

ခန္ဓာကိုယ်အရေပြားပေါ်တွင် မတော်တဆထိခိုက်ဒဏ်ရာများနှင့် လက်သည်းဖြင့်အကုတ်လွန်ခြင်းတို့ကြောင့်  ဒဏ်ရာရရှိသည့်အခါ ခန္ဓာကိုယ်တွင် အနာကျက်စေရန် သဘာဝအတိုင်း လုပ်ဆောင်လေ့ရှိပါသည်။ လက်သည်းဖြင့် ကုတ်ခြစ်မိသည့်အနာများသည် အများအားဖြင့် အရေပြား အပေါ်ယံအလွှာကိုသာ ပွန်းပဲ့ပြီး (Epidermal Abrasion) အနာရွတ်ကျန်လေ့မရှိသော်လည်း အတွင်းထိနက်သော အနာများတွင် ဒဏ်ရာကျန်ခဲ့နိုင်ပါသည်။ ပုံမှန်အားဖြင့် အနာများသည် ၃-၇ ရက်အတွင်းသက်သာလေ့ရှိသော်လည်း အရွယ်အစားကြီးပြီး နက်သည့် အနာများသည် ၁-၂ ပတ်အထိ ရှိနေနိုင်ပါသည်။ လက်သည်းတွင် ခိုအောင်းနေသော ရောဂါပိုးမွှားများ ရှိနေနိုင်သောကြောင့် လက်သည်းပူလောင်ကုတ်ခြစ်မိသော အနာဖြစ်ခဲ့လျှင် မပေါ့ဆသင့်ပါ။

ကုတ်ခြစ်မိသောအနာဖြစ်သည့်အခါ လိုက်နာဆောင်ရွက်ရန် American Academy of Dermatology Association (AAD) အမေရိကန် အရေပြားအထူးကုပညာရှင် အဖွဲ့အစည်းမှ အောက်ပါအချက်များကို အကြံပြုထားပါသည်။ အဓိကအရေးကြီးသည့်အချက်မှာ ကုတ်ခြစ်မိသည့်နေရာရှိ ဒဏ်ရာကို သေချာသန့်စင်ပေးခြင်းဖြစ်သည်။ အနာကိုမကိုင်ခင် လက်ကိုအရင် ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်အောင်ဆေးကြောပေးပါ။ ဒဏ်ရာကို ရေစိုဝတ်သန့်သန့်ဖြင့် ၅မိနစ်ကြာခန့် ဖိထားပေးခြင်း၊ ရေခပ်နွေးနွေး၊ အပျော့စားဆပ်ပြာ၊ လိုအပ်ပါက အရက်ပြန်အသုံးပြု၍ မိနစ်အနည်းငယ်ကြာ  ဆေးကြောသန့်စင်ပေးပါ။ ဒဏ်ရာတစ်ဝိုက် ရောင်ရမ်းမှုရှိလျှင် ရေခဲကပ်ပေးနိုင်သည်။

အနာကိုနေ့စဉ်သန့်ရှင်ပေးပြီး အနာကျက်မြန်စေရန် Petroleum Jelly အခြေခံသော Vaseline ကဲ့သို့အဆီ သို့မဟုတ် လိမ်းဆေးအဆီတစ်မျိုးမျိုး၊ ပိုးသတ်ဆေးပါဝင်သည့် အနာလိမ်းဆေးတို့ကို ဒဏ်ရာပေါ်သို့လိမ်းပေးနိုင်ပါသည်။ အလွယ်တကူရရှိနိုင်သည့် အိမ်တွင်းပစ္စည်းများဖြစ်သည့် အုန်းဆီ၊ ရှားစောင်းလက်ပပ် သန့်စင်ပြီးအနှစ်၊ မုန့်ဖုတ်ဆိုဒါ၊ ပျားရည်စသည်တို့ကို အသုံးပြုပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါသည်။

အနာကို ပတ်ဝန်းကျင်ရှိ ပိုးမွှား၊အညစ်အကြေးနှင့် ဖုန်မှုန့်များဝင်ပြီးရောင်ရမ်းခြင်း မရှိအောင် အနာကပ်ပလာစတာ၊ ပတ်တီးစသည်တို့ဖြင့် သေချာဖုံးအုပ်ပေးပါ။ ဖုံးအုပ်ထားသည့်နေရာတွင် ရေစိုညစ်ပေလျှင် အနာကပ်ပလာစတာကို ပြန်လဲလှယ်ပေးပါ။ အနာကိုနေ့စဉ်သန့်ရှင်းပေးပြီး အနာပိုးဝင်ပြီးရောင်ရမ်းခြင်း၊ အနာတစ်ဝိုက်နီရဲခြင်း၊ ပြည်တည်ခြင်းရှိမရှိ စစ်ဆေးပေးရမည်။ လက်သည်းဖြင့် ကုတ်ခြစ်မိသည့် အနာသည်နက်လျှင် မသန့်ရှင်းလျှင် Contaminated Wound မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးရန် ATT လိုအပ်ပါသည်။ အနာပိုးဝင်ရောင်ရမ်း ပြည်တည်သည့် လက္ခဏာရှိလျှင် ပဋိဇီဝပိုးသတ်ဆေး၊ အရောင်ကျဆေးတို့ သောက်ရန်လိုအပ်နိုင်ပါသည်။

အနာကျက်သည့်အခါ အသားတင်းလာပြီး ယားယံခြင်းခံစားရလျှင် အနာကိုကုတ်ဖဲ့ခြင်း၊ အနာဖေးကို ဆွဲခွာခြင်းမလုပ်မိရန် သတိပြုပါ။ ဒဏ်ရာဖြစ်သောနေရာသည် နေရောင်ထိတွေ့မှုရှိသည့် နေရာဖြစ်လျှင် နေရောင်ခြည်ဒဏ်ကာကွယ်သည့် Sun Protection Factor- SPF ပါဝင်သော နေရောင်ကာလိမ်းဆေးကို အနာကျက်သည့်အခါ ဒဏ်ရာပေါ်သို့ လိမ်းပေးနိုင်သည်။ အနည်းဆုံး SPF 30 ပါသော နေရောက်ကာလိမ်းဆေး လိမ်းပေးခြင်း၊ ဗီတာမင်အီပါသော ခရမ်လိမ်းပေးခြင်းဖြင့် အသားရောင်ပြောင်းလဲခြင်း၊ အမာရွတ်ထင်ကျန်ခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ခြောက်သွေ့သော အရေပြားရှိသူ Dry Skin၊ ဆောင်းတွင်းအသားခြောက်သည့်အခါ အရေပြားတင်းပြီးယားယံတတ်သဖြင့် လက်သည်းဖြင့်ကုတ်ခြစ်မိရာမှ အနာဖြစ်နိုင်သည်။ ထို့ကြောင့်အရေပြား ခြောက်သွေ့မှုမရှိစေရန် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးခြင်း၊ အဆီလိမ်းပေးခြင်းတို့ ပြုလုပ်ပေးသင့်သည်။ မတော်တဆကုတ်ခြစ်မိခြင်းမဖြစ်အောင် လက်သည်းအရှည်ထားခြင်းကို ရှောင်သင့်ပါသည်။ အကယ်၍ ကုတ်ခြစ်မိပြီး အနာဖြစ်ခဲ့လျှင်လည်း အထက်ပါနည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါသည်။

Author: Dr. Yee Mon

Previous Post

သံဓာတ်စုပ်ယူမှုကိုအတားအဆီးဖြစ်စေတဲ့ အစားအစာများ

Next Post

ဇက်ကြောတက်ရင် ဒါလေးတွေမမေ့ပါနဲ့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
548
Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဇက်ကြောတက်ရင် ဒါလေးတွေမမေ့ပါနဲ့

သတိလက်လွတ်ဖြစ်တတ်တဲ့ အရေပြားကိုထိခိုက်စေတဲ့ နေ့စဉ်အမူအကျင့်များ

ချောမွတ်ဝင်းပတဲ့အသားအရေကို ထိန်းသိမ်းမယ်ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.