fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဝိုင်နီသောက်ရင် ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ?

What are the health benefits of drinking wine?
907
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာမှ ယနေ့ထိတိုင် ဝိုင်ဆိုတဲ့အဖျော်ယမကာဟာ လက်ဆောင်ပေးတာ၊ ဧည့်ခံပွဲတွေမှာ တည်ခင်းဧည့်ခံတာအပြင် အပန်းဖြေအနားယူတဲ့ အချိန်မှာပါ သောက်လေ့ရှိတဲ့ ယမကာ အမျိုးအစား ဖြစ်ပါတယ်။ အနီရောင်ဝိုင်နှင့် အဖြူရောင်ဝိုင်ဆိုပြီး လူအများစု သိကြ သောက်ကြတဲ့ ဝိုင်အမျိုးအစား(၂)မျိုး ရှိတယ်။ အရက်ပါဝင်တဲ့ ယမကာဖြစ်ပေမယ့် ဝိုင်ကို သင့်တင့်သော ပမာဏမှီဝဲမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အချက်တွေရှိတယ်ဆိုတာ သုတေသနတွေ့ရှိချက်များအရ တွေ့ရှိပါတယ်။ ဝိုင်ဖြူ (white wine) နှင့် ဝိုင်နီ (red wine) နှစ်မျိုးမှာ ကျန်းမာရေးရှူထောင့်အရ ပိုကောင်းတာကတော့ ဝိုင်နီပဲဖြစ်ပါတယ်။

ဝိုင်နီကို သင့်တင့်သောပမာဏ သောက်သုံးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါ Coronary Heart Disease (CHD) ဖြစ်ပွားခြင်းကိုပါ လျှော့ချပေးနိုင်တယ်လို့ သုတေသနစာစောင်တွေမှာ ဖော်ပြလာကြပါတယ်။ ဝိုင်နီမှာပါဝင်တဲ့ ဒြပ်ပေါင်းများစွာအနက် စပျစ်သီးအခွံမှာရှိတဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိရှိ ဒြပ်ပေါင်းဖြစ်တဲ့ resveratrol ဟာ နှလုံးသွေးကြောရောဂါကို ကာကွယ်ပေးတဲ့ အဓိကဒြပ်ပေါင်းဖြစ်ပါတယ်။ ဝိုင်နီတွင်ပါသော ပိုလီဖီနောလ် polyphenols ဒြပ်ပေါင်းများ၏ ဓာတ်တိုးဆန့်ကျင်ခြင်း antioxidant နှင့် ရောင်ရမ်းမှုကို တားဆီးပေးတဲ့ anti-inflammatory အစွမ်းသတ္တိကြောင့် သွေးကြောပိတ်ခြင်း၊ ကျဉ်းခြင်းကဲ့သို့ အခြေအနေများကို ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုထိန်းဟော်မုန်း အင်ဆူလင်၏ဆောင်ရွက်မှုကို ပိုကောင်းစေတာကြောင့် အမျိုးအစား၂ ဆီးချိုရောဂါရှိသူများအတွက် အကျိုးရှိစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါနှင့် နှလုံးရုတ်တရက်ဖောက်သည့် အခြေအနေဖြစ်ခြင်းမှ လျော့နည်းစေနိုင်ပါတယ်။ သွေးတွင်းရှိ အဆီဓါတ်ကိုပြောင်းလဲစေပြီး low density lipoprotein LDL-C ကိုလက်စထရောကို ကျစေနိုင်ပြီး ခန္ဓာကိုယ်အတွက်ကောင်းသော အဆီဓါတ်ဖြစ်တဲ့ high-density lipoprotein (HDL) cholesterol ကို မြင့်တက်စေခြင်းဖြင့် ကိုလက်စထရောအဆီဓါတ်ကိုပါ ထိန်းညှိပေးပြီး သွေးခဲများဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။

ဝိုင်နီတွင်ပါတဲ့ ellagic acid အက်ဆစ်တစ်မျိုးက အမျိုးအစား၂ ဆီးချိုရောဂါ မဖြစ်ပွားအောင် ကာကွယ်မှုပေးနိုင်ပြီး အဆီဆဲလ်များမဖြစ်အောင် တားဆီးနိုင်စွမ်းလည်းရှိတယ်။ ထို့အပြင် လေ့လာတွေ့ရှိချက်အသစ်များအရ ဝိုင်နီတွင်ပါဝင်တဲ့ ellagic acid က ဆဲလ်များကို ဖျက်စီးပစ်ခြင်းဖြင့် (autophagy) အဆုတ်ကင်ဆာဆဲလ်များ ပွားလာခြင်းကို တားဆီးပေးကြောင်း Journal of Cellular and Molecular Medicine ဆဲလ်နှင့်မော်လီကျူး ဆေးပညာဂျာနယ်တွင် ဖော်ပြထားပါတယ်။

ဝိုင်သောက်တဲ့အခါ သွေးကြောများကိုကျယ်စေပြီး သွေးများပူနွေးလည်ပတ်ကာ တစ်ရှူးနှင့်ဆဲလ်များကို သွေးထောက်ပံ့မှု ကောင်းစေပါတယ်။ မျက်နှာရှိကြွက်သားများကို ပြေလျော့စေပြီး အရေပြားကို သွေးထောက်ပံ့မှုများစေကာ ပန်းရောင်သွေးကြွ ဆွဲဆောင်မှုရှိစေနိုင်တယ်။ ဝိုင်နီသောက်သူများဟာ မသောက်သူများထက် ပို၍ ညဖက်ကောင်းမွန်စွာ အိပ်ပျော်စေနိုင်သည်ကိုလည်း တွေ့ရပါတယ်။

ဝိုင်နီက နှလုံးနှင့်သွေးကြောအတွက် ကောင်းကျိုးများ ပေးပေမယ့် အရက်ပါဝင်မှုနှင့် အရက်စွဲပြဿနာကဲ့သို့ ဆိုးကျိုးများကြောင့် ဝိုင်ကိုနှလုံးရောဂါအတွက် ကာကွယ်သည့်အနေဖြင့် သောက်သုံးရန် မသင့်ဟု အမေရိကန် နှလုံးပညာရှင်များ အဖွဲ့အစည်းနှင့် တက္ကသိုလ်များက တားမြစ်ထားကြပါတယ်။ ကျန်းမာသော လူကြီးတစ်ယောက်အတွက် သောက်သုံးနိုင်တဲ့ သင့်တင့်သော ပမာဏဆိုတာ ဝိုင်နီပမာဏ ငါးအောင်စ သို့မဟုတ် ၁၄၈ မီလီလီတာခန့်ကို ဆိုလိုတာပါ။ ကျန်းမာရေးအရ ကောင်းကျိုးများရှိသော်လည်း ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ အရက်စွဲရောဂါရှိသူ သို့မဟုတ် အရက်စွဲရောဂါ မိသားစုရာဇဝင်ရှိသူများ သောက်သုံးရန်အတွက် မသင့်တော်ပါဘူး။

Author: Dr. Yee Mon

Previous Post

လှပကျန်းမာစေတဲ့ ငှက်ပျောသီး

Next Post

ကိုယ်နေဟန်ထားနှင့် အရိုးအဆစ်ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
posture and joint health

ကိုယ်နေဟန်ထားနှင့် အရိုးအဆစ်ကျန်းမာရေး

benefits of collagen

Collagen ရဲ့အကျိုးကျေးဇူးများ

what types of people are at risk for stroke

ဘယ်လိုလူတွေက လေဖြတ်နိုင်ခြေများလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.