မိုးတဖြိုက်ဖြိုက်နှင့် မိုးရာသီသို့ရောက်ရှိလို့လာတဲ့အခါ လေထုထဲတွင် စိုထိုင်းစမြင့်တတ်လာမှုများကြောင့် အသားအရေမွဲခြောက်ခြင်း၊ မှိုနှင့် ဘက်တီးရီးယားများပေါက်လွယ်ခြင်းကြောင့် ဝက်ခြံနှင့် အရေပြားယားယံခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ ရာသီဥတုအခြေအနေနှင့် စိုထိုင်းစပမာဏ အတက်အကျမြန်တာကြောင့် အပြောင်းအလဲများကို သင့်အသားအရေမှ လိုက်လံညှိယူပြောင်းလဲမှုလုပ်ပေးရန် ခက်ခဲတဲ့အတွက် အသားအရေမွဲခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် အဆီပြန်တဲ့ အသားအရေပိုင်ရှင်များနှင့် ဝက်ခြံထွက်တတ်သူများအတွက်လည်း မိုးရာသီတွင် အဆီပြန်မှုကို ထိန်းချုပ်ရတာ ခက်ခဲစေပါတယ်။
ဒါ့ကြောင့် မိုးရာသီတွင် သင့်အသားအရေစိုပြေကျန်းမာစေဖို့ အသားအရေထိန်းသိမ်းနည်းလေးများကို Bio-Oil ကို အသုံးပြုပြီး လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အသားအရေ ထိန်းသိမ်းနည်းလေးများကို မပြောခင် Bio-Oil ဆိုတာ ဘာလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်။ Bio-Oil ဆိုတာကတော့ အသားအရေထိန်းသိမ်းရာတွင်သုံးတဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ 100% သဘာဝမှရသော အသီးအရွက်နှင့် အပင်များမှရရှိသော အဆီအနှစ်များ (အထူးသဖြင့် lavender, rosemary, chamomile) တို့မှ ထုတ်လုပ်ထားပြီး ဗီတာမင် A,E နှင့် သဘာဝဓာတ်တိုးဆန့်ကျင်ဓာတ်များ များစွာပါဝင်တာကြောင့် အမာရွတ်များ၊ အကြောပြတ်ရာများ၊ အရေပြား အရောင်မညီညာမှုများ၊ အမဲစက်များ၊ အသားအရေအိုမင်းရင့်ရော်မှုနှင့် အသားအရေခြောက်သွေ့ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် သဘာဝအဆီများတွင် Bio-Oil ဟာ စေးကပ်မှု အလွန်နည်းပြီး ပေါ့ပါးတာကြောင့် ချွေးပေါက်များ မပိတ်စေတဲ့အတွက် ဘယ်အသားအရေပိုင်ရှင်မဆို သုံးနိုင်ပါတယ်။ ဘေးဥပါဒ်ကင်းရှင်းတာကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမီးဖွားပြီးတဲ့ နို့တိုက်မိခင်များပါ အသားအရေထိန်းသိမ်းရာတွင် အသုံးပြုနိုင်ပါတယ်။ တစ်နေ့ (၂)ကြိမ်နှင့် အနည်းဆုံး (၃)လကြာ အသုံးပြုပေးရင် အကျိုးအာနိသင် မြင်သာစေပါတယ်။
မိုးရာသီအတွက် Bio-Oil လေးသုံးပြီး ဘယ်လိုအသားအရေထိန်းသိမ်းမလဲဆိုတာ ဖတ်ကြည့်ကြမယ်နော် …
(၁) သင့်မျက်နှာသန့်စင်စေရန် မျက်နှာသေချာသစ်ခြင်း
အသားအရေ စိုပြေချောမွေ့စေဖို့၊ အဆီပြန်မှုထိန်းချုပ်နိုင်ဖို့နှင့် ချွေးပေါက်မပိတ်ဘဲ ဝက်ခြံထွက်ခြင်း သက်သာစေဖို့ မျက်နှာသန့်စင်မှုဟာ အရေးပါပါတယ်။ မိတ်ကပ်လိမ်းတတ်သူများအတွက် ပထမဆုံး မိတ်ကပ်ဖျက်ပေးရပါမယ်။ မိတ်ကပ်ဖျက်ဖို့အတွက် သဘာဝအဆီဖြစ်တဲ့ Bio-Oil လေးကိုသုံးပြီး ဖျက်ပေးနိုင်ပါတယ်။ ပြီးရင်တော့ မျက်နှာသစ်ဆေး အပျော့စားလေးကိုသာသုံးပြီး မျက်နှာသန့်စင်ပေးပါ။ သတိထားဖို့လိုတာကတော့ တစ်နေ့ကို မျက်နှာ (၂)ကြိမ် သို့မဟုတ် (၃)ကြိမ်ခန့်သာ မျက်နှာသစ်ပေးရုံဖြင့် လုံလောက်ပါတယ်။ တရားလွန် မျက်နှာသစ်မိခြင်းကလည်း အဆီတွေကို တန်ပြန်ပိုထွက်စေတာကြောင့် ဝက်ခြံထွက်စေပါတယ်။
(၂) Exfoliation ဟုခေါ်သော မျက်နှာအဆိပ်ထုတ် ချေးချွတ်ခြင်း
တစ်ပတ်လျှင် (၂)ကြိမ်ခန့် Scrubs သုံးပြီး မျက်နှာကို အဆိပ်ထုတ် ချေးချွတ်ပေးခြင်းက ဆဲလ်သေများကို သန့်စင်စေတာကြောင့် အသားအရေကို စိုပြေစေပါတယ်။ ဆဲလ်သေများ သန့်စင်သွားတဲ့အတွက် အသားအရေထိန်းသိမ်းပေးတဲ့ skin care များကို အသားအရေထဲ ပိုစိမ့်ဝင်စေပါတယ်။ သဘာဝအကောင်းဆုံး Scrubs များကတော့ ကော်ဖီ၊ သကြား၊ tea bags၊ မုန့်ဖုတ်ဆိုဒါ၊ ဒိန်ချဥ်၊ သင်္ဘောသီး နှင့် oatmeal တို့ဖြစ်ပါတယ်။ ထိုသို့ exfoliation လုပ်ပြီးရင် Bio-Oil လေးကို ထပ်မံလိမ်းပေးပါက အသားအရေခြောက်သွေ့သွားခြင်းမှ ကာကွယ်ပေးပြီး တင်းရင်းစိုပြေချောမွေ့စေပါတယ်။
(၃) ပေါ့ပါးသော အသားအရေအစိုဓာတ်ထိန်းပေးသော Moisturizer သုံးခြင်း
မိုးရာသီဖြစ်လျက်နှင့် Moisturizer သုံးရန် လိုအပ်လားလို့မေးရင် Moisturizer လိမ်းရန် လူတိုင်းအတွက် တစ်နှစ်ပတ်လုံး လိုအပ်ပါတယ်။ ပေါ့ပါးပြီး မစေးကပ်တဲ့ သဘာဝ moisturizer များ သုံးပေးရင် ပိုကောင်းပါတယ်။ ဥပမာ – ရှားစောင်းလတ်ပတ်၊ hyaluronic acid၊ Bio-Oil
(၄) နေရောင်ကာ Sunscreen နေ့စဥ်လိမ်းခြင်း
မိုးရာသီတွင် လူအများစု အလုပ်မိဆုံးအမှားတစ်ခုကတော့ နေရောင်ကာ Sunscreen ကို မလိုအပ်ဘူးထင်လို့ မလိမ်းခြင်းပဲဖြစ်ပါတယ်။ မိုးအုံ့နေပေမယ့် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် UV rays များဟာ သင်တို့အသားအရေအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပါသေးတယ်။ ဒါ့ကြောင့် အပြင်မထွက်ခင် SPF အနည်းဆုံး ၂၀ မှ ၃၀ ပါတဲ့ Suncreen ကို နာရီဝက်ခန့်ကြိုပြီး လိမ်းသင့်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် မနက် (၁၀)နာရီမှ နေ့လယ် (၃)နာရီအတွင်း သတိထားလိမ်းပေးပါ။
(၅) Toner သုံးပေးခြင်း
Toner သုံးပေးတာဟာ မိတ်ကပ်အကြွင်းအကျန်များကို ရှင်းစေရုံမက အသားအရေကို တင်းစေပါတယ်။ မျက်နှာသစ်ပြီးနောက် toner သုံးပေးခြင်းက ချွေးပေါက်များကို ပြန်ကျဥ်းစေပါတယ်။ Alcohol မပါသော toner များကို ပိုမိုရွေးချယ် သုံးစွဲသင့်ပါတယ်။
(၆) ရေဓာတ်ပြည့်အောင် နေထိုင်ခြင်း
ရေဓာတ်ပြည့်ဝနေခြင်းဟာ သင့်ကိုယ်တွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အတွက် အသားအရေကြည်လင်စေပြီး ဝက်ခြံသက်သာစေတယ်လို့ဆိုပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် (၇)ခွက်မှ (၈)ခွက် သောက်သုံးပေးရပါမယ်။
(၇) မိတ်ကပ်ခပ်ပါးပါးသာလိမ်းခြင်း
မိတ်ကပ်များဟာ ချွေးပေါက်များကို ပိတ်စေတာကြောင့် မိတ်ကပ်ခပ်ပါးပါးသာလိမ်းဖို့ သတိပေးပါရစေ။ ဖြစ်နိုင်ရင် မိတ်ကပ်လိမ်းခြင်းရှောင်ပါ။ ညအိပ်ယာမဝင်ခင်လည်း မိတ်ကပ်ကို သေသေချာချာဖျက်ပြီးမှ အိပ်ယာဝင်ပါ။ မိတ်ကပ်ဖျက်တဲ့အခါ သဘာဝ Bio-Oilလေးသုံးပြီး ဖျက်ပေးနိုင်ပါတယ်။
Author: Dr. Yin Yin Win